← Chapters

မင်းဝင်လို့မရဘူး

Vol. 007 Ch. 602

မင်းဝင်လို့မရဘူး

Vol. 007 Ch. 602

ရှီမာယူယူသည် ဝူလာလီ၏ မေးခွန်းအပေါ်တွင် စိုးရိမ်မှုမရှိပေ။ သူမသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည် “ကျွန်တော့်ကို ယုံတာကလွဲရင် တခြားနည်းလမ်းရှိသေးလို့လား”

ဝူလာလီသည် မျက်ခုံးပင့်လိုက်သည်။ သူမ ယုံကြည်ချက်အပြည့်ဖြစ်နေသည်ကို သူ သဘောမကျပေ။

“ခင်ဗျား နည်းလမ်းပေါင်းများစွာကို စဉ်းစာပြီးတော့ ကူညီနိုင်မယ့်လူကိုလိုက်ရှာနေခဲ့တာမလား၊ ဒါပေမဲ့ ဖြေရှင်းလို့ရမယ့် နည်းလမ်းကိုမတွေ့ခဲ့ဘူး၊ မဟုတ်ရင် မျှော်လင့်ချက်အားလုံးကို ဒီ နိဗ္ဗာန်ဆေးတစ်ခုတည်းမှာပဲ ပုံမထားဘူး” ရှီမာယူယူ ထပ်ပြောလေသည် “ဒေါသမထွက်ပါနဲ့ သတ္တိရှိလွန်းတာကလည်း ဘုရင်တစ်ယောက်မှာ ရှိရမယ့် အရည်အချင်းမဟုတ်ဘူးလေ”

သူမ၏ စကားလုံးများသည် ဝူလာလီအား ပေါက်ကွဲစေသည် “ကျွန်တော်က ခင်ဗျားနဲ့ အလောင်းအစား လုပ်ရမယ်လို့ ပြောနေတာလား”

“အလောင်းအစားကတော့ ခင်ဗျားရွေးရမှာပဲ” ရှီမာယူယူ မှတ်ချက်ပေးလေသည် “ဒါပေမဲ့ ခင်ဗျား နိဗ္ဗာန် ဆေးရှာနိုင်တဲ့အချိန်ထိ လောင်းလို့ရတယ်၊ ကိစ္စမရှိဘူးမလား၊ ကျွန်တော်က အရံအနေနဲ့ရှိပေးတာပါ”

“အဲပစ္စည်းတွေ ကျွန်တော်ရှာနိုင်ရင်ရော”

“ဒါဆို ခင်ဗျားကိုကူညီမယ်လို့ ကတိပေးနိုင်တယ်”

“ခင်ဗျားကလား” ဝူလာလီသည် သူမအား ကြည့်လိုက်သည်။ ဒီကလေးက အရမ်းကို ယုံကြည်မှုလွန်ကဲ နေတာပဲ။

သူ့မျက်လုံးအဓိပ္ပာယ်ကို ရှီမာယူယူ နားမလည်ပေ။ “သခင်ကြီးဝူလာ ကျွန်တော်ပြောတာကြားလိုက် လား”

“ဘာလဲ”

“မုတ်ဆိတ်မွေးတွေနဲ့ အဘိုးကြီးကိုလိမ်တာထက်စာရင် လူငယ်လေးကိုလိမ်တာတော်ပါသေးတယ်၊ ကျွန်တော်က အခုအားအရမ်းနည်းနေသေးတယ်၊ ပြီးတော့ငယ်သေးတယ်၊ ဒါပေမဲ့ အနာဂတ်ကတော့ တောက်ပ နေတယ်၊ ပြီးတော့ ကျွန်တော့်မှာ အရည်အချင်းတွေရှိတယ်” ရှီမာယူယူ ပြုံးလိုက်သည်။

“ဟား…” ဝူလာလီသည် ဒီတစ်ကြိမ်တွင် ရယ်မိလေသည်။ သူသည် ဒီလောက်ကြွားဝါတာကို မမြင်ဖူးခဲ့ ပေ။ “ခင်ဗျားက ကျွန်တော်တွေ့ဖူးသမျှထဲမှာ ယုံကြည်ချက်အရှိဆုံးလူပဲ”

“ချီးကျူးတဲ့အတွက် ကျေးဇူးပါ” ရှီမာယူယူသည် တိုတောင်းစွာ ပြန်ဖြေလေသည်။

“ချီးကျူးတာမဟုတ်ဘူးထင်တယ်”

“ချီးကျူးနေတာပါ” ရှီမာယူယူ ပြန်တုန့်ပြန်လေသည် “လူသားအတွက်ကတော့ ပင်လယ်နက်သခွားက တကယ်ကိုရှားတဲ့ဆေးပါ ဒါပေမဲ့ ခင်ဗျားတို့လို ပင်လယ်မှာနေတဲ့လူတွေအတွက်ကတော့ မထူးခြားဘူးလေ၊ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒါက ကျွန်တော့်အတွက် အရမ်းအရေးကြီးတယ် ဒါပေမဲ့ ကြယ်ကိုးပွင့်သမုဒ္ဒရာက ကြီးလွန်းတယ်၊ အဲဒါရှိထားတဲ့လူကိုတွေ့တာနဲ့ အဆင်ပြေသွားမှာ၊ ဒါပေမဲ့ ခင်ဗျားကတော့ ကျွန်တော့်လို ယုံကြည်ချက်ရှိတဲ့ သမားတော်ကိုတွေ့ဖို့ကတော့ မလွယ်ဘူး၊ ဘယ်လိုလဲ သခင်ကြီးဝူလာ သဘောတူလား”

“ခင်ဗျားရဲ့ အားအစစ်မှန်ကိုသိဖို့လိုမယ်” ဝူလာလီ ပြောလေသည်။

“ခင်ဗျား ကတိပေးမယ်ဆိုရင် ချက်ချင်းပဲပြပေးမယ်” ရှီမာယူယူ ပြောလိုက်သည် “ဆွေးနွေးပြီးပြီဆိုတော့ ကျွန်တော့်ကို ပင်လယ်နက်သခွားကိုအရင်ပေးပါ”

ဝူလာလီသည် သူမအား ကြည့်ပြီးခေတ္တမျှစဉ်းစားလေသည်။ သူသည် သူမအားယုံမည်ဟု ယုံကြည်ချက် ရှိနေသည့်ပုံပင်။ သူသည် သေတ္တာတစ်လုံးထုတ်ကာ “ဒီမှာ ပင်လယ်နက်သခွားပါ၊ ပင်လယ်နက်သခွားက ပင်လယ်မှာမရှိတော့ဘူး ဒီထဲမှာပဲ၊ ခင်ဗျားအခု သက်သေပြလို့ရပြီလား”

ရှီမာယူယူသည် ပင်လယ်နက်သခွားကို သိမ်းလိုက်သည်။ သူမ စိတ်ထဲမှာ စိုးရိမ်မှုများကြီးလာသည်။

“ကောင်းပြီ ကျွန်တော်နဲ့လိုက်ခဲ့ပါ”

ဝူလာလီသည် သူမနှင့် လိုက်လာရာ သူမထွက်လာသည်နှင့် အလျင်စလိုဖြစ်နေသည်ကို သိလိုက်ရ သည်။

“သခင်လေးယူယူ မိစ္ဆာရထားလုံးပြင်ပြီးပါပြီ” ဆိုင်ရှင်သည် သူမအား အောက်ထပ်တွင် စောင့်နေလေ သည်။

“ကျေးဇူးတင်ပါတယ် သခင်ကြီးဝူလာက ကျွန်တော်နဲ့အတူ ဂိုဏ်းကိုသွားမှာ၊ ပြီးတာနဲ့ ကျွန်တော် သူ့ကို ပြန်ပို့ပေးမယ်” ရှီမာယူယူသည် ဝူလာလီအားဆွဲပြီး ရထားလုံးဆီသို့ ပြေးလေသည်။

ဝူလာလီသည် သူမနောက်လိုက်လာခဲ့သည်။ သေးငယ်သော လက်သည် သူ့အားဆွဲလိုက်သည်နှင့် သူ့ မျက်လုံးများတွင် အမှောင်ကျသွားလေသည်။

ဒီခံစားချက် ဒါက ယောက်ျားတစ်ယောက်ရဲ့ လက်ဖဝါးမဟုတ်ဘူး။

ရှီမာယူယူသည် ဝူလာလီအား လှည်းဆီသို့ ဆွဲခေါ်သွားပြီး ရထားသမားကိုအော်လိုက်လေသည် “ကောင်းကင်ဂိုဏ်းကို သွားတော့ မြန်မြန်”

“ကောင်းပြီ သခင်လေးယူယူ သေချာထိုင်ထားပါ” ရထားလုံးသမားသည် အော်ကာ ကောင်းကင်ဂိုဏ်း ဆီသို့ အလျင်အမြန်သွားလေသည်။

ဝူလာလီသည် ရှီမာယူယူ၏ စိုးရိမ်မှုအဖြစ်ပြောင်းသွားသော မျက်နှာကိုကြည့်နေလေသည်။ သူသည် မတတ်သာပဲမေးလိုက်သည် “ခင်ဗျားစိုးရိမ်နေတာလား”

“အင်း” ရှီမာယူယူ ခေါင်းညိမ့်လေသည်။ အချိန်အတော်များများ ကုန်သွားသဖြင့် သူမ အမှန်တကယ်ပင် စိုးရိမ်နေခဲ့သည်။ သူမ မှီပါ့မလားတောင်မသိပေ။

“ခင်ဗျား.. တကယ်ထူးဆန်းတာပဲ”

“ဟင်” ရှီမာယူယူသည် သူ့ကိုရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူမသည် သူ့စကားများကိုနားမလည်ပေ။

“ခုနက ကျွန်တော်နဲ့စကားပြောနေတုန်းတော့ တည်ငြိမ်နေတာ လုံးဝ စိုးရိမ်မှုမရှိဘူး ဒါပေမဲ့ အခု…” ဝူလာလီသည် သူမအား စိတ်ဝင်တစားကြည့်လိုက်သည်။

“ကျွန်တော်စိတ်မငြိမ်ရင် ခင်ဗျားနဲ့ ဘယ်လိုစကားပြောနိုင်မှာလဲ” ရှီမာယူယူ ပြုံးလိုက်သည် “ဘယ်လောက်ပဲ စိုးရိမ်နေပါစေ လုပ်စရာရှိတာကိုတော့ တည်တည်ငြိမ်ငြိမ်နဲ့လုပ်ရမယ်လေ”

“ကောင်းလိုက်တဲ့စိတ်ဓာတ်ပဲ” ဝူလာလီသည် ပြန်ဖြေလေသည် “ခင်ဗျားက ကျွန်တော့်ကို အရည် အချင်းပြပေးမယ်လို့ပြောထားတာလေ၊ အဲလောက် အလျင်လိုဖို့လိုလို့လား”

“အင်း ဒါကိုလုပ်နိုင်မယ်ဆိုရင် ကျွန်တော့်အရည်အချင်းကိုသိနိုင်မှာပါ” ရှီမာယူယူ ပြောလိုက်သည်။

သူမသည် လိုက်ကာကိုဖွင့်ပြီး ကြည့်လိုက်သည်။ မိစ္ဆာလှည်းသည် မြန်လွန်းသဖြင့် လမ်းတစ်ဝက်ကျိုးပြီ ဖြစ်သည်။

နောက်ပိုင်းတွင် သူတို့၂ယောက်လုံးသည် စကားမပြောကြတော့ပေ။ ရှီမာယူယူသည် ခေါင်းငုံ့ကာ သူမ ကိစ္စကိုစဉ်းစားနေလေသည်။ ထိုအချိန်တွင် ဝူလာလီသည် သူမအား အတွေးများဖြင့် ကြည့်နေလေသည်။

ဂိုဏ်းရှိ ကွင်းပြင်တွင် လူများပြည့်နေလေသည်။ ဒီနေ့မှာ အတွင်းဂိုဏ်းအတွက် ရွေးချယ်မှုပထမဆုံးနေ့ ဖြစ်ကာ အဂ္ဂိရတ်ဌာနအတွက်ရွေးချယ်မှုဖြစ်သည်။

လူထု၏ ကျေနပ်မှုရှိစေရန် ဌာနတစ်ခုစီ၏ ရွေးချယ်မှုကို တစ်ရက်စီလုပ်သည်။ ဒီနေ့တွင် အဂ္ဂိရတ်ပညာ ရှင်ဖြစ်ကာ မနက်ဖြန်အတွက် တည်ဆောက်မှုဖြစ်ကာ သဘက်ခါတွင် လက်နက်ပြိုင်ပွဲဖြစ်သည်။ မိစ္ဆာထိန်း ကျောင်းမှုအပြီး နောက်ဆုံးနေ့တွင် ဝိဉာဉ်သခင်များအတွက် စာမေးပွဲဖြစ်လေသည်။

ကွင်းပြင်ကို ပြိုင်ပွဲအား အာရုံစိုက်ကာကြည့်နေသော ကျောင်းသားများဝိုင်းနေလေသည်။

ကျောင်းသားရာချီ၍ အတူတကွ ဆေးဖော်သည်ကို မြင်ရသည်မှာ မြင်ရခဲသည်။ အချိန်တစ်ဝက်ကျော် လွန်သွားကာ ဆေးပစ္စည်းများကို သန့်စင်ပြီးသူများမှာ စတင်ပေါင်းစပ်နေလသည်။

ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် ခုံအနောက်တွင်ရှိနေလေသည်။ သူတို့၂ယောက်လုံးသည် သန့်စင်ခြင်း ပြီးဆုံးသွားကာ ပေါင်းစပ်ရန် အသင့်ဖြစ်နေလေသည်။

သူတို့ဘေးတွင် အသုံးမပြုရသေးသော ဆေးဖိုရှိကာ စားပွဲပေါ်တွင် ဆေးဖက်ဝင်ပစ္စည်း ၂ဖုံရှိနေလေ သည်။

စတင်ပေါင်းစပ်သော အဆင့်ရောက်သောအခါ သူတို့ ၂ယောက်သည် ထိုနေရာအားကြည့်ပြီးနောက် တစ်ယောက်နှင့် တစ်ယောက်ကြည့်မိကြလေသည်။ စိုးရိမ်မှုများ သူတို့မျက်လုံးများတွင် စိုးရိမ်မှုများဖြစ်မိ လေ သည်။

“နှစ်ခုတောင်ပြီးသွားပြီ ယူယူကဘာလို့မလာသေးတာလဲ” ဖက်တီးကျူသည် စိုးရိမ်စွာ မှတ်ချက်ပေးလေ သည်။

“၃နာရီခွဲပဲကျန်တော့တယ် အဆင့် ၅ဆေး၊ အောင်မြင်မှုရာခိုင်နှုန်းက…”

“မဟုတ်ဘူး ညီလေး ၅က လက်လျော့မမှာမဟုတ်ဘူး” ရှီမာယူလီသည် လက်သီးဆုပ်လိုက်သည်။ ရှီမာယူယူ လက်လျော့မည်ဟု သူမယုံပေ။

“ငါလည်း သူမကိုယုံတယ်” ရှီမာယူလင်း သဘောတူလေသည်။

လူတစ်ယောက်ပျောက်နေသည်ကို ကြည့်နေသောလူများလည်း သိကြသည်။ အစပိုင်းမှာ ထိုလူသည် နောက်ကျနေသည်ဟုသာ အားလုံးကတွေးကြသည်။ အခုတော့ ဒီလူက အခွင့်အရေးကိုလက်လျော့လိုက်သည့် ပုံပင်။

“အဲဒါ အဘိုးကြီးဟော်ပြောတဲ့ကျောင်းသားလး” စင်မြင့်ပေါ်တွင် ဆရာတစ်ယောက်သည် ဟော်လန် အား ပြောလေသည် “ဆရာချီးကျူးထားတဲ့ ကျောင်းသားကဘယ်လိုမျိုးလဲဆိုတာ ကြည့်ချင်နေတာ၊ ကျွန်တော့် မှာအခွင့်အရေးမရှိဘူးထင်ပါတယ်”

သူ၏ ဒေါသထွက်စရာကောင်းသော အပြုံးကိုမြင်သောခါ ဟော်လန်သည် အေးစက်စွာကြည့်လိုက် သည်။ သူသည် နေရာလွတ်အားကြည့်ကာ စိတ်ပူမိသည်။

ဒီကလေးက အတွင်းဂိုဏ်းကိုသွားချင်တာ သေချာတာကို အခုဘာလို့ ပျက်ကွက်ရတာလဲ။ တစ်ခုခု ဖြစ်လို့လား။ ဒါပေမဲ့ သူ့သူငယ်ချင်းတွေနဲ့ မိသားစုတွေက အကုန်ဒီမှာရှိနေတာပဲ။ သူတစ်ခုခုဖြစ်ရင် သူတို့လည်း ဒီမှာရှိမှာမဟုတ်ဘူးလေ။

ထိုအချိန်တွင် ဝင်ပေါက်တွင် လှည်းပေါ်လာလေသည်။ အားလုံးကြည့်လိုက်ရာ မိစ္ဆာလှည်းသည် တံခါး ဆီသို့ မောင်းလာသည်ကို တွေ့လိုက်သည်။

“ခင်ဗျားနေရာရှာပြီးထိုင်လိုက်တော့” ရှီမာယူယူသည် လှည်းပေါ်မှ ခုန်ဆင်းကာ အထဲသို့ ပြေးသွားလေ သည်။

“ရပ်လိုက် မင်းဘာလုပ်တာလဲ” စာမေးပွဲခန်းမ အပြင်မှ ဆရာသည် သူမအားတားလိုက်လေသည်။

“ဆရာ ကျွန်တော် ရွေးချယ်မှုစာမေးပွဲကို ဖြေဖို့လာတာပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“မရဘူး မင်းဝင်လို့မရဘူး” ဆရာသည် ဟန့်တားလေသည်။

***

All Chapters