← Chapters

အပြန်အလှန် အကျိုးခံစားခွင့်များ

Vol. 43 Ch. 639

အပြန်အလှန် အကျိုးခံစားခွင့်များ

Vol. 43 Ch. 639

သောမတ်စ် ရှန်ပိန်တစ်ခွက်မြှောက်လိုက်ပြီး ဖုန်းယွီကို ဂုဏ်ပြုလိုက်သည်။

စွမ်းအားမြင့် VCD စက်ကို ဩဂုတ်လ(၁)ရက်နေ့တွင် စတင်ရောင်းချခဲ့ပြီး ထိုင်ဟွာ ကုန်တိုက်တွင်သာ ရောင်းချခဲ့သည်။ ဤသည်မှာ ကုန်တိုက် အသစ်ဖြစ်၍ သောမတ်စ် စိုးရိမ်နေခဲ့သည်။

သို့ရာတွင် တစ်ပတ်အကြာ၌ အကျိုးရလဒ်ကို သောမတ်စ်မြင်လိုက်ရသည်။

ထိုင်ဟွာ ကုန်တိုက်လုပ်ငန်းစုတွင် အရည်အချင်းများစွာ ရှိပေသည်။ ကုန်တိုက်များ၏ တည်နေရာမှ စင်ပေါ်ရှိ ကုန်ပစ္စည်းများထိ အသေးစိတ် အချက်အလက်များကိုပင် ဂရုစိုက်ခဲ့ကြသည်။

ကုန်စည် နေရာချထားမှုသည် အခြားသော ဈေးဝယ် စင်တာများနှင့် မတူချေ။

သောမတ်စ်သည် ကုန်ပစ္စည်းများကို ထိုနည်းဖြင့် ပြသရန် ပြောကြားခဲ့သူမှာ ဖုန်းယွီမှန်း မသိချေ။ ဖုန်းယွီသည် ခေတ်သစ်တွင် အနှစ်(၂၀)ကျော် နေထိုင်ခဲ့ပြီး အရောင်းစင်တာများတွင် ကုန်ပစ္စည်းအမျိုးအစား မျိုးစုံ မိတ်ဆက်ပြသသည်ကို တွေ့ထားခဲ့ပေသည်။ ဖောက်သည်များကို ဆွဲဆောင်ရန် အကောင်းဆုံးနည်းလမ်းများ သူသိပေသည်။

စွမ်းအားမြင့် VCD စက်ကို သမရိုးကျ မပြသခဲ့ချေ။ အိမ်တွင်းသုံး ပစ္စည်းများစနစ်၏ အစိတ်အပိုင်း တစ်ခုအနေဖြင့် မိတ်ဆက်ပေးထားသည်။ TV ကြီးတစ်လုံးရှိပြီး စွမ်းအားမြင့်VCD စက်ကို ၎င်းနှင့် ချိတ်ဆက်ထားသည်။ ပြပွဲကို မြင်သည့် ဖောက်သည်များသည် အစုံလိုက် ဝယ်ယူလိုချင်ကြသည်။

“မစ္စတာဖုန်း.. မင်း ကုန်တိုက်က ဥရောပနဲ့ အမေရိကန်က ငါမြင်ဖူးသမျှထဲမှာ အကောင်းဆုံး ကုန်တိုက်ပဲ.. ငါတို့ ထုတ်ကုန်တွေဆို အရောင်းကိုယ်စားလှယ်တွေထက် မင်းကုန်တိုက်မှာ ပိုရောင်းအားကောင်းတယ်.. အရမ်းသဘောကျတယ်ကွာ..”

ဖိလစ်သည် တရုတ်ဈေးကွက်သို့ (၂)နှစ်ကျော် ဝင်ရောက်ထားသည်။ တရုတ်နိုင်ငံတွင် ဖက်စက် စက်ရုံများနှင့် ကုမ္ပဏီပေါင်း (၁၀)ကျော်ပေသည်။ တရုတ်နိုင်ငံတွင် လက်လီ ဆိုင်ပေါင်း (၁၀၀)ကျော်တွင် ၎င်းတို့ထုတ်ကုန်များ ရောင်းချနေသော်လည်း သူတို့ထုတ်ကုန်များမှာ ထိုင်ဟွာကုန်တိုက်များသည် ထိုလက်လီဆိုင်အားလုံးထက် ပို၍ ရောင်းချနိုင်ခဲ့ပေသည်။

ထိုင်ဟွာ ကုန်တိုက်တိုင်းတွင် လျှပ်စစ်ပစ္စည်း ကဏ္ဍတစ်ခုရှိပြီး ဖိလစ်သည် စွမ်းအားမြင့် vcd စက်များနှင့် မုတ်ဆိတ်ရိတ်စက်များ၊ TV ကဲ့သို့သော အခြားထုတ်ကုန်များ ကြော်ငြာရန် အရောင်းမြှင့်တင်ရေးကိုယ်စားပြု (၂)ယောက် စေလွှတ်ခွင့်ပြုထားပေသည်။

ဖိလစ်သည် အိမ်တွင်းသုံး ပစ္စည်းစနစ်သည် လေနှင့်မိုး၊ အိုက်ဝါ အမှတ်တံဆိပ်တို့ထက် ပိုမို ရောင်းကောင်းခဲ့သည်။ ဖိလစ်သည် စနစ် တစ်စိတ်တစ်ဒေသအဖြစ် (၂၁)လက်မ TV ကို ထည့်သွင်းထားခြင်းကြောင့် ဖြစ်သည်။ လေနှင့်မိုး၊ အိုက်ဝါသည် အခြားသော TV အမှတ်တံဆိပ်ကို အသုံးပြုထားသည်။

လေနှင့်မိုး လျှပ်စစ်သည် ဖိလစ်ထံမှ TV နည်းပညာများကို ရယူထားသော်လည်း ၎င်းတို့သည် နည်းပညာများကို နားလည်ရန်နှင့် ထုတ်လုပ်ခြင်းမပြုလုပ်မှီ စက်ရုံများ တည်ဆောက်ရန် အချိန်လိုအပ်သေးသည်။

ထို့ကြောင့် ဖုန်းယွီသည် တရုတ်နိုင်၍့၏ နာမည်ကြီး ပြည်တွင်းဖြစ် TV အမှတ်တံဆိပ် ချောင်းဟို နှင့် လက်တွဲရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဝယ်ယူသူများသည် အိုက်ဝါ သို့တည်းမဟုတ် လေနှင့်မိုး စွမ်းအားမြင့် VCD စက်များနှင့် အိမ်တွင်း သုံးပစ္စည်း ဝယ်ယူလိုပါက TV အမျိုးအစားမှာ ချောင်းဟို (၂၁)လက်မ တီဗွီ ဖြစ်ပေသည်။

ဤသည်မှာ ချောင်းဟို၏ ထုတ်ကုန်များကို ဈေးကွက်ချဲ့ထွင်ရန် ကူညီပေးခဲ့ခြင်းပင်။ သို့ရာတွင် ချောင်းဟိုသည် တရုတ်နိုင်ငံ၏ ထိပ်တန်း TV အမှတ်တံဆိပ်တစ်ခု ဖြစ်ပြီးသားဖြစ်သည့်အတွက် ၎င်းတို့၏ အမှတ်တံဆိပ် ထင်ပေါ်စေရန် အိုက်ဝါနှင့် လေနှင့်မိုး အကူအညီ မလိုအပ်ချေ။

ဖုန်းယွီသည် ချောင်းဟိုအား လေနှင့်မိုး သို့တည်းမဟုတ် အိုက်ဝါအတွက် တီဗွီ အသစ်ထုတ်လုပ်ရန် အကူအညီ တောင်းခဲ့သေးသည်။ သို့ရာတွင် ချောင်းဟို၏ တောင်းဆိုချက်များမှာ အလွန်မြင့်မားနေပြီး အခြားစက်ရုံငယ်များမှာ ကျွမ်းကျင်မှု နည်းပါးပေသည်။ ဖုန်းယွီသည် သူ့အတွက် တီဗွီများ ထုတ်လုပ်ရန် ထိုစက်ရုံငယ်များနှင့် ချိတ်ဆက်ပါက အရည်အသွေး မကောင်းနိုင်သလို စွမ်းအားမြင့် VCD စက်များ၏ နာမည်ထိခိုက်စေမည် ဖြစ်သည်။

စွမ်းအားမြင့် VCD အမှတ်တံဆိပ်(၃)ခု၏ ရောင်းအားမှာ အတူတူသာဖြစ်သည်။ လေနှင့်မိုး အမှတ်တံဆိပ်များ ရောင်းအား အနည်းငယ် မြင့်မားသော်လည်း အိမ်တွင်းရုပ်ရှင်စနစ်များနှင့် ပတ်သက်၍ ဖိလစ်သည် ရလဒ်အကောင်းဆုံးဖြစ်သည်။ VCD စက်ဈေးကွက်သို့ ဝင်ရောက်မှု နောက်ကျသူ တစ်ယောက် အနေဖြင့် ဖိလစ်သည် စွမ်းအားမြင့် VCD စက်ဖြင့် ဈေးကွက်ဈေစု (၄၀)ရာခိုင်နှုန်း ရခဲ့ပေသည်။ လေနှင့်မိုး၊ အိုက်ဝါ ပေါင်းစပ်မှုထက် မပိုသော်လည်း ဖိလိအနေဖြင့် ထိုရလဒ်ကို ကျေနပ်ခဲ့ပေသည်။

ထို့အပြင် ဖိလစ်နှင့် လေနှင့်မိုး လျှပ်စစ်တို့သည် အခြားသော နည်းပညာများကို ဖလှယ်ခဲ့ကြပြီး အခြားသော ထုတ်ကုန်အသ်စများ ဈေးကွက်သို့ စတင်ရောင်းချတော့မည် ဖြစ်သည်။ ဤသည်မှ ဈေးကွက်ဝေစုနှင့် အမြတ်ငွေများ တိုးမြှင့်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် သောမတ်စ် ဂုဏ်နေပေသည်။ မိမိတို့သည် သင့်နည်းပညာများကို အသုံးပြုထားရသော်လည်း မိမိတို့ အမှတ်တံဆိပ်မှာ သင့်ထက် သာလွန်နေပေသည်။ မိမိတို့ ကုမ္ပဏီသည် ပိုကြီးသည့်အတွက် ထပ်ခါတစ်လဲလဲ လုပ်ဆောင်နိုင်ပေသည်။ ဤပူးပေါင်းဆောင်ရွက်မှုတွင် မိမိတို့သည် အောင်နိုင်သူများ ဖြစ်ပေသည်။

“မစ္စတာသောမတ်စ်.. အခု စွမ်းအားမြင့် VCD စက်တွေ ဈေးနှုန်းကြီးနေပေမယ့် ရောင်းအား ကောင်းနေတုန်းပဲ ဆိုတာ ယုံသွားပြီလား.. ဒါတောင် တရုတ်ဈေးကွက်ပဲရှိသေးတယ်.. ဖွံ့ဖြိုးဆဲ နိုင်ငံလေ… ဖိလစ်ရောင်းအားက ဥရောပဘက်မှာ ပိုကောင်းမယ်ထင်တယ်..”

ဖုန်းယွီ ရယ်မောရင်း မေးလိုက်သည်။

“ငါတို့ရောင်းအားက အိုက်ဝါနဲ့ လေနှင့်မိုးကို မယှဉ်နိုင်သေးပါဘူး.. ဒါပေမယ့် မျှော်လင့်ထားတာထက်တော့ ရောင်းအားပိုကောင်းတာ ဝန်ခံရမှာပဲ.. သာမန် VCD စက်တွေ ရောင်းအား တဖြည်းဖြည်းကျသွားပြီး ကျုပ်တို့ စွမ်းအားမြင့် VCD စက်တွေ ဈေးကွက်ကို သိမ်းပိုက်သွားလိမ့်မယ်.. နောက်ထပ် (၁)နှစ် ဒါမှမဟုတ် (၂)နှစ်အတွင်း ဈေးကွက်ထဲမှာ သာမန်VCD စက်တွေ ရှိတော့မှာ မဟုတ်လောက်တော့ဘူး ထင်တယ်..”

ဖိလစ်၏ ရောင်းအားသည် အမှတ်တံဆိပ် နှစ်ခု ပေါင်းနှင့် နှိုင်းယှဉ်မရနိုင်ကြောင်း သောမတ်စ်ပြောခဲ့သော်လည်း အမှတ်တံဆိပ်များ သီးခြားခွဲ၍ နှိုင်းယှဉ်ပါက ဖိလစ်၏ ရောင်းအားမှာ အတူတူသာဖြစ်သည်။ နေနှင့်မိုး လျှပ်စစ်ထက်ပင် ရောင်းအား ပိုများနိုင်သေးသည်။

စွမ်းအားမြင့် VCD စက်များကို ထိုင်ဟွာ ကုန်တိုက်များတွင်သာ ပထမဦးစွာ ရောင်းချခဲ့ခြင်းကြောင့် လူအများအပြားကို ဆွဲဆောင်နိုင်ခဲ့ပေသည်။ စွမ်းအားမြင့် VCD စက်များကို ဝယ်ယူရန် ကုန်တိုက်သို့ လူအများအပြား လာရောက်ခဲ့ကြသော်လည်း အခြားထုတ်ကုန်များကို ဈေးနှုန်းချိုသာစွာ ရောင်းချနေကြောင်း တွေ့ရသည့်အခါ ဝယ်ယူသွားကြသည်။

စွမ်းအားမြင့် VCD စက်သည် ကုန်တိုက်အတွင်း စတင်ရောင်းချသည့် တစ်ခုတည်းသော ထုတ်ကုန် မဟုတ်ချေ။ စောင်ကျင်းမောတာ၏ တတိယမျိုးဆက် ဆိုင်ကယ်များဖြစ်သော Songjiang-Light ၊ (၅၀)စီစီ စတူတာများကိုလည်း ထိုင်ဟွာကုန်တိုက်ရှိ ဆိုင်များတွင် ပထမဆုံး စတင်ရောင်းချခဲ့သည်။ ဤသည်ကိုလည်း လူအများအပြား ဆွဲဆောင်ခံရပြီး ရောင်းအားကောင်းခဲ့ပေသည်။

ဈေးဝယ်သူ တစ်ချို့သည် စကူတာများ ဝယ်ရန် ထိုနေရာသို့သွားကာ သူတို့ ပစ္စည်းများ ပြန်သယ်ရန် သုံးခဲ့ကြပေသည်။

နောက်ဆုံးပေါ် အိုက်ဝါပေဂျာများနှင့် အိုက်ဝါ စတော့ ပေဂျာများလည်း ရှိပေသည်။ ထိုပေဂျာအတွက် သီးသန့် ကောင်တာတစ်ခုရှိကာ ပေဂျာရောင်းအား ကောင်းမွန်ခဲ့ပေသည်။

အိုက်ဝါပေဂျာကောင်တာများတွင် လေနှင့်မိနုး ဘက္ထရီများလည်း ရောင်းချခဲ့သည်။ ထိုဘက္ထရီများကို ဖုန်းယွီနှင့် ပမ့်မြို့တော် လေကြောင်း ကုမ္ပဏီတို့ ပိုင်ဆိုင်သော ဘက္ထရီစက်ရုံမှ ထုတ်လုပ်ခဲ့သည်။ ဤသည်မှာ အဆင့်မြင့်ကာ ကြာရှည်ခံသည့် ဘက္ထရီလည်း ဖြစ်ပေသည်။

ထိုဘက္ထရီများသည် ပျမ်းမျှထက် ပို၍ ကြာရှည်ခံသော်လည်း ဈေးနှုန်းများလည်း မြင့်မားပေသည်။ လက်လီဈေးကြီး မြင့်နေသဖြင့် ယခင်က ရောင်းအား နိမ့်ကျခဲ့ပေသည်။

သို့ရာတွင် ယခုမူ ဘက္ထရီများကို အိုက်ဝါပေဂျာနှင့် တွဲဖက်ထားသဖြင့် ရောင်းအား တိုးတက်လာခဲ့သည်။ ယွမ်ငွေ ထောင်ဂဏန်းတန် ပေဂျာဝယ်ယူနိုင်သူများသည် ဘက္ထရီတစ်လုံးအတွက် (၁၀)ယွမ် သုံးရမည်ကို စိတ်ထဲ မထားတော့ချေ။

လီဟဟ၏ ထုတ်ကုန်များဖြစ်သည် ပြန်လည်အားဖြည့် ကာဗွန်နိတ်အချိုရည်များနှင့် လက်ဖက်ရည် အဖျော်ယမကာများသည် ထိုင်ဟွာကုန်တိုက်များအတွင်း ရောင်းအားကောင်းခဲ့ပေသည်။

ဤအချိုရည်များကို ကုန်တိုက်များအတွင်း ရောင်းချခဲ့သော်လည်း အမြတ်နည်းကာ ရောင်းအားပမာဏ များစွာ တိုးလာပေသည်။ ထို့အပြင် ၎င်းတို့၏ အမှတ်တံဆိပ်အတွက် နာမည် ပိုကောင်းစေပေသည်။ လူအားလုံးသည် ကုန်တိုက်သို့ မကြာခဏ လာရောက်လေ့မရှိကြချေ။ သို့ရာတွင် လီဟဟ၏ အံ့ဩဖွယ် အဖျော်ယမကာများကို မြင့်တွေ့ရသည့်အခါ ဈေးဝယ်သူများ စပ်စုချင်စိတ်ဖြင့် အချိုရည်အရသာ မည်သို့ရှိမည်ကို စမ်းကြည့်ချင်ကြသည်။ သောက်ကြည့်ပြီးနောက် အရသာကောင်းကြောင်း ခံစားမိသဖြင် ထပ်မံ ဝယ်ယူကြပြန်တော့သည်။

ထိုင်ပေဝက်သား၊ ထိုင်ဟွား ဝက်ပေါင်ခြောက်နှင့် အခြားသော အသင့်စား စားသောက်ကုန်များ ထိုင်ဟွာ ကုန်တိုက်အတွင်း ကိုယ်ပိုင် ကောင်တာများ ရှိပေသည်။ ၎င်းတို့ကိုလည်း ဖောက်သည်များ ကောင်းကောင်း လက်ခံပေသည်။

ထိုင်ဟွာကုန်တိုက်နှင့် ဤအမှတ်တံဆိပ်များသည် အပြန်အလှန် အကျိုးအမြတ်အတွက် ပူးပေါင်း ဆောင်ရွက်ခဲ့ကြ သည်။ ထိုင်ဟွာ ကုန်တိုက်များသည် လူစုလူဝေး ဖြစ်စေကာ ထိုထုတ်ကုန်များ ရောင်းအားတိုးစေပေသည်။ ဤပစ္စည်းများကို ဝယ်ယူလိုသူများသည် ထိုင်ဟွာကုန်တိုက်သို့ သွားကြပေလိမ့်မည်။ အများစုမှာ ကုန်တိုက်အတွင်းရှိ အခြားပစ္စည်းများကိုလည်း ဝယ်ယူသွားကြသည်။

ဖုန်းယွီ ဤသို့ဖြစ်လာမည်ကို ခန့်မှန်းထားသော်လည်း ထိုအဆင့်အထိ ရောက်လာမည်ဟု မျှော်လင့်မထားမိချေ။ ထိုင်ဟွာ ကုန်တိုက်တွင် ပထမဆုံး ဝင်ရောက်ခဲ့သည့် ပမ့်မြို့တော် ထုတ်ကုန်များသည်လည်း ရောင်းအား ကောင်းခဲ့ပေသည်။

ပမ့်မြို့တော် လုပ်ငန်းများသည် ကျန်းလွေ့ချန်း နှင့် ဆက်ဆံရေးကြောင်း ဖုန်းယွီကို ယုံကြည်ခဲ့ကြသည်။ ပမ့်မြို့တော် လုပ်ငန်းရှင်များသည် ၎င်းတို့၏ မြို့တော်ဝန်ကို ယုံကြည်ကြပြီး ထိုယုံကြည်မှုကြောင့်ပင် မြင့်မားသော အမြတ်အစွန်းများ ရသွားကြတော့သည်။

တစ်ပတ်ကျော်သည်အထိ ကုန်တိုက်များတွင် စည်ကားနေဆဲပင်။ တံခါးဖွင့်သည်မှ ညဘက် ပိတ်ချိန်အထိ ကုန်တိုက်အပြင်ဘက်တွင် လူအများ လာရောက်နေကြဆဲ ဖြစ်ကြောင်း တွေ့ကြရလေသည်။ ကုန်တိုက်များမှ လက်ဗလာဖြင့် ထွက်သွားသူ မရှိကြချေ။

ဖုန်းယွီသည် သောမတ်စ်နှင့် ခဏကြာ စကားပြောပြီးနောက် နောက်ဆုံးအဆင့်အတွက် စွမ်းအားမြင့်VCD စက် ဈေးကွက်ရှာဖွေရေး အစီအစဉ်များ ဆုံးဖြတ်ချက် ချခဲ့သည်။ အခြား အမှတ်တံဆိပ်များ ငိုရန် အချိန်တန်လေပြီ။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters