ကြော်ငြာ ဂယက်
Vol. 43 Ch. 641
ကျန်းဝမ်မင် ကြော်ငြာများမှ သိပ်မျှော်လင့်မထားချေ။ ကြော်ငြာသည် အမှတ်တံဆိပ် အမည်ကို သုံးစွဲသူများ မှတ်မိစေသည့် အရောင်းမြှင့်တင်ရေး ပုံစံတစ်ခုသာ ဖြစ်သည်။ ကြော်ငြာများမှ မည်သည်တို့ ထပ်မံရရှိနိုင်မည်နည်း။
သို့ရာတွင် ဖုန်းယွီ ရေးသားထားသည့် ကြော်ငြာဇာတ်ညွှန်း ဖတ်ပြီးသည့်အချိန်တွင် သူသည်လည်း ယုံကြည်လာ သည်။
“မန်နေဂျာဖုန်း.. ဒီကြော်ငြာ အရမ်းကောင်းတယ်.. ငါတို့ သေချာပေါက် နိုင်မှာပဲ..”
ဖုန်းယွီ ပျော်နေသော်လည်း မျက်နှာတွင်မူ လုံးဝ မပြခဲ့ချေ။ နှိမ့်ချသည့် ပုံစံသာ ရှိနေပေသည်။ မလှုပ်ရှားမီ မသိစေရ။
“ဒီကြော်ငြာ နိုင်ငံခြားမှာ ကြည့်ရှုတဲ့သူတွေအပေါ် ဘယ်လောက် သက်ရောက်မှုရှိမယ်ဆိုတာ ငါမသိသေးဘူး.. တရုတ်နိုင်ငံမှာတော့ ထိရောက်မှာ သေချာတယ်.. တခြား VCD တံဆိပ်တွေ နိဂုံးချုပ်အောင် လုပ်ရမယ်.. ခက်တာက အချိန်တော်တော် ယူရမယ့်ပုံပဲ.. ရုပ်မြင်သံကြားဌာနက ငါတို့ကြော်ငြာတွေကို စက္ကန့်(၃၀)လောက်ပဲ ကန့်သတ်ထားမယ် ထင်လား..”
ကျန်းဝမ်မင် ထပ်မေးလိုက်သည်။
“CCTV မျာတော့ စက္ကန့်(၃၀) ကန့်သတ်ချက် ရှိတယ်.. ဒါပေမယ့် ဒေသတွင်း ရုပ်မြင်သံကြားဌာန တွေကတော့ ငါတို့ကို (၂)မိနစ်ပေးနိုင်တယ်.. ဒီကြော်ငြာက (၂)မိနစ် တိတိပဲလေ..”
ဖုန်ယွီသည်လည်း ဤသည်ကို စဉ်းစားနေပေသည်။ တခြား VCD တံဆိပ်များသည်လည်း ပြည်တွင်း ရုပ်မြင်သံကြားလိုင်းများတွင် ကြောငြာကြပေလိမ့်မည်။
ဤသည်က သူတို့လမ်းကြောင်း ရပ်တန့်သွားပေလိမ့်မည်။
********
“လေနှင့်မိုး စွမ်းအားမြင့် VCD စက်.. အသံ လိုင်း (၄)ခုကို နဲ့ဆိုတော့ သင်တို့စိတ်ကြိုက် တရုတ်မှ ကန်တုံသို့ ပြောင်းလဲ နိုင်ပါတဘ်.. ရုပ်ရှင်ပြသမှုကိုလဲ စနစ် (၉)မျိုးပါဝင်ပါတယ်.. ကြည့်ရှုချိန် ထိန်းချုပ်နိုင်အောင် ထူးခြားတဲ့ အချိန်မှတ်ကိရိယာ.. လေနှင့်မိုး လျှပ်စစ်ဆိုတာ VCD တီထွင်သူဖြစ်ပြီး စက်မှုလုပ်ငန်းမှာ ရှေ့ဆောင် ထိပ်တန်း အမှတ်တံဆိပ်ပါ.. လေနှင့်မိုး စွမ်းအားမြင့် VCD ဝယ်သူသူတွေအနေနဲ့ ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး..”
ဤသည်မှာ အခြေခံဖြစ်သည့် စက္ကန့်(၃၀)စာတစ်ဖြတ်ပင်။ ကြော်ငြာတွင် လူမျက်နှာ ဖော်ပြမထားချေ။ ကြော်ငြာတွင် လက်တစ်စုံ၊ အဝေးထိန်းခလုပ်၊ စွမ်းအားမြင့် VCD နှင့် ရုပ်မြင်သံကြား မျက်နှာပြင် တစ်ခုသာ ပါဝင်ပေသည်။
စကားလုံး အနည်းငယ်ဖြင့် စွမ်းအားမြင့် VCD စက်၏ အင်္ဂါရပ်များကို ရှင်းပြထားပေသည်။ ‘တီထွင်သူ၊ ရှေ့ဆောင် နှင့် ထိပ်တန်း အမှတ်တံဆိပ်’ ဟူသည့် စကားလုံးများသည် လေနှင့်မို့ စွမ်းအားမြင့် VCD စက်နှင့် အခြားသော VCD စက်များအကြား ခြားနားချက်ကို ရှင်းလင်းသွားစေပေသည်။
ဤကြော်ငြာသည် တိုရှီဘာနှင့် အခြားသော VCD စက်တံဆိပ်များထက် လေနှင့်မိုး လျှပ်စစ်၏ သာလွန်မှုကို ပြသနေပေသည်။ အိုက်ဝါနှင့် ဖိလစ် ပင်လျှင် ပြန်လည် တုံ့ပြန်ရန် နည်းလမ်းမရှိချေ။ ကြော်ငြာစကားလုံးများသည် ပုံကြီးချဲ့ခြင်းမဟုတ်ချေ။ လေနှင့်မိုး လျှပ်စစ်သည် အမှန်တကယ်ပင် တီထွင်သူ၊ VCD စက်လုပ်ငန်း ဦးဆောင်သူ ဖြစ်ပေသည်။
(၂)မိနစ်စာ ကြော်ငြာတွင် အနည်းငယ် ကွာခြားပေသည်။ ကြော်ငြာအစတွင် မိသားစု တွေ့ဆုံပွဲနှင့် နန်ကဲ သည် ရုပ်မြင်သံကြားရှေ့တွင် မိုက်ကိုင်ကာ သီချင်းဆိုနေပေသည်။ ၎င်း၏ အံ့ဩစရာ တေးသံမှာ တွေ့ဆုံသူများ၏ လက်ခုပ်သံများကို ဆွဲဆောင်နိုင်ခဲ့ပေသည်။
ထို့နောက် နန်ကဲသည် အသံလိုင်းများ ရွေးချယ်ရန် စွမ်းအားမြင့် VCD စက်ရှိ ခလုပ် အနည်းငယ်ကိုကို နှိပ်လိုက်သည်။ သူသည် အနုပညာရှင်၏ မူရင်းအသံကို ပိတ်ခြင်း၊ မိုက်အသံ ချိန်ညှိခြင်းတို့ကို လုပ်ဆောင်ကာ သီချင်းဆိုမည့် ပုံကို ရည်ရွယ်ချက်ရှိရှိ ပြသထားပေသည်။
“VCD စက်လို့ ပြောလိုက်တာနြ့ လေနှင့်မိုး တံဆိပ်ကိုပဲ ရွေးရမှာ… သင်တို့ ယုံကြည်စိတ်ချရတဲ့ တရုတ်နိုင်ငံက နိုင်ငံတကာ အမှတ်တံဆိပ်လေ..”
နန်ကဲသည် ကြော်ငြာအနည်းငယ် ပြောပြီးနောက် မြင်ကွင်းတွင် စွမ်းအားမြင့် VCD စက်ကို အနီးကပ် ပြလိုက်သည်။ လေနှင့်မိုး၏ လိုဂိုနှင့် အမှတ်တံဆိပ် ဆောင်ပုဒ်တွင် အဆုံးသတ်လိုက်သည်။ အတုယူလေ့ရှိသော်လည်း မည်သည့် အခါတွင်မှ မလွန်ကျူး။
ဤကြော်ငြာ ဆောင်ပုဒ်သည် အခြား VCD စက် ထုတ်လုပ်သူများအားလုံးကို ဒေါသထွက်စေတော့သည်။
မိမိတို့သည် မူပိုင်ခွင့်အတွက် တရားဝင် ခွင့်ပြုချက် ဝယ်ယူထားပြီး ထုတ်လုပ်သည့် ယူနစ်တိုင်းအတွက် အခကြေးငွေ ပေးချေခဲ့ရပေသည်။ သို့တိုင်အောင် မလိမ့်တပတ်ဖြင့် မိမိတို့ ခေါင်းပေါ် နင်းတက်တော့မည်လော။
‘အတုယူလေ့ရှိသော်လည်း မည်သည့် အခါတွင်မှ မလွန်ကျူး’ မည်မျှ မိုက်မဲသည့် ဆောင်ပုဒ်နည်း။
သင့်တွင် မူပိုင်ခွင့်အကာအကွယ်မရှိပါက VCD စက်များတွင် ပိုကောင်းအောင်ပင် လုပ်ဆောင်နိုင်ပေသေးသည်။ ထို့အပြင် မိမိတို့သည် အတုယူနေသည်ဟု မည်သို့ ပြောသနည်း။ မိမိတို့၏ အပြင်ဘက် ဒီဇိုင်းများနှင့် အရောင်များသည်လည်း လုံးဝ မတူညီချေ။ မိမိတို့ အတုယူထားသည်ဟု မည်သို့ ပြောနိုင်သနည်း။
မည်သည့်အခါတွင်မှ မလွန်ကျူးခဲ့သည်လော။ မည်သည့် အဓိပ္ပါယ်နည်း။ လေနှင့်မိုး လျှပ်စစ်သည် အခြားသူများ ရှေ့တွင် ဦးဆောင်နိုင်မည်ဟု အမှန်တကယ် ထင်မြင်ထားသည်လော။ မိမိတို့သည် စက်မှုလုပ်ငန်း စံချိန်စံညွှန်းများ သတ်မှတ်ပြီး အစားထိုးလိုက်ပါက မည်သို့ဖြစ်မည်နည်း။ မည်သူ အရှုံးသမားဖြစ်မည်ကို စောင့်ကြည့်ရပေမည်။
မကြာမှီ အိုက်ဝါ စွမ်းအားမြင့် VCD စက်ကြော်ငြာများလည်း ပေါ်လာပေသည်။ စက္ကန့်(၃၀)ကြော်ငြာသည် တူညီသော်လည်း အသံအရည်အသွေးကို အလေးပေးထားသည်။ သို့ရာတွင် (၂)မိစာ ကြော်ငြာတွင် ကာရာအိုကေ ဆိုင်၌ ရိုက်ကူးထားပေသည်။ ယခု ကာလအထိ ကာရာအိုကေ အခန်းများ မရှိသေးချေ။ အနည်းဆုံး တရုတ်နိုင်ငံတွင် မရှိသေး။
နယင် သီချင်းဆိုနေပြီး အခန်းအတွင်းရှိ လူအားလုံး ဝိုင်းအော်နေကြပေသည်။
“အိုက်ဝါ စွမ်းအားမြင့် VCDစက် ကိုသုံးရတာ အသံသွင်း စတူဒီယိုထဲမှာလိုပဲ ခံစားရတယ်.. နောက်ဆို အိမ်မှာ သီချင်းဆို လေ့ကျင့်လို့ရပြီ.. အရည်အသွေးမြင့် အသံစနစ်နဲ့ VCD စက်… အရမ်းချစ်သွားပြီ အိုက်ဝါ..”
စွမ်းအားမြင့် VCD စက်အား ကင်မရာဖြင့် အနီးကပ် ဆွဲရင်း ကြော်ငြာ ဆောင်ပုဒ် ပေါ်လာတော့သည်။ အိုက်ဝါ လျှပ်စစ်။ တရုတ်ကို ချစ်သည်။
နိုင်ငံရပ်ခြား ကြော်ငြာများတွင်မူ မတူညီချေ။ သို့ရာတွင် စက္ကန့် (၃၀)စာ ကြော်ငြာများအားလုံး အတူတူသာပင်။ ဤသည်မှာ ထုတ်ကုန်အားလုံးကို ပြသခဲ့ပြီး လူမျက်နှာများ ပြသခြင်း မရှိချေ။ သို့ရာတွင် ကြော်ငြာရှည် များမှာမူ မတူညီချေ။ သရုပ်ဆောင်ကို ဟောင်ကောင်၏ အသံနတ်ဘုရားဖြစ်သော ဂျက်ကီချမ်းအဖြစ် ပြောင်းလဲထားပေသည်။ ဂျက်ကီချမ်းသည် လာမည့်နှစ် New York’s Madison Square Garden တွင် ဖျော်ဖြေပွဲ ကျင်းပတော့မည် ဖြစ်ခြင်းကြောင့်ပင်။ သူသည် တရုတ် အမျိုးသား အဆိုတော် တစ်ဦးလည်း ဖြစ်ပေသည်။
ဂျက်ကီချမ်းသည် ဤ(၂)နှစ်အတွင် သရုပ်ဆောင်ခြင်းကို ရပ်နားရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဤ၏ အနုပညာကြေးမှာ မမြင့်မားချေ။ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၁)သန်းသာ ရရှိပေသည်. သို့ရာတွင် ဖုန်းယွီသည် ထိုအကြောင်းပြချက်ကြောင့် ဈေးလျော့ချလိုက်သည်။ ထိုကြော်ငြာကို တစ်ကမ္ဘာလုံးတွင် ထုတ်လွှင့် ပြသမည်ဖြစ်ပြီး ဂျက်ကီချမ်း၏ နာမည်ကြီးမှုကို တိုးမြင့်စေမည်ဟု စောဒက တက်ခဲ့ပေသည်။ ဖုန်းယွီသည် နတ်ဆိုးလေးအတွက် ဂျက်ကီချမ်း၏ ထောက်ခံမှု အနုပညာကြေးကို နမူနာအဖြစ် သုံးလိုက်ပေသည်။ ဂျက်ကီချမ်းသည် တစ်နှစ်လျှင် ဟောင်ဒေါ်လာ (၅)သန်းဖြင့်သာ လက်ခံလိုက်သည်။
နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီးနောက် စာချုပ်ပါ စည်းကမ်းချက်များ ဆက်လက်ညှိနှိုင်းခဲ့ပေသည်။ (၅)နှစ်အတွက် ဟောင်ဒေါ်လာ သန်း(၃၀)။ ဂျက်ကီချမ်းသည် တစ်နှစ်လျှင် ကြော်ငြာ(၂)ခု၊ ပုံနှိပ်ကြော်ငြာ အနည်းငယ်နှင့် အရောင်းမြှင့်တင်ရေးပွဲ(၄)ခု၊ အခြားအထွေထွေ ပွဲအနည်းငယ် တက်ရောက်ရပေလိမ့်မည်။ ဂျက်ကီချမ်းသည် နိုင်ငံတကာ ဂီတအဖွဲ့အစည်းမှ နိုင်ငံတကာ ဂီတဆုချီးမြှင့်မည် ဖြစ်သည်။ သူ့သီချင်းခွေများသည်လည်း ရောင်းအား ကောင်းပေသည်။ သူသည် မိုက်ကယ်ဂျက်ဆင်၏ စံချိန်တင် ရောင်းချမှုကိုသာ ရှုံးနိမ့်ထားပေသည်။
ဤကြော်ငြာ အစီအစဉ်သည် ကြီးမားလွန်းပေသည်။ ဖုန်းယွီသည် ပုံမှန် VCD စက်များမှ ယခုနှစ် အမြတ်အစွန်း အားလုံးကို အစီအစဉ်အတွင်း ပုံထည့်ခဲ့ပေသည်။ ဖုန်းယွီအနေဖြင့် ဝင်ငွေအားလုံးကို အသုံးပြုခဲ့သော်လည်း မည်သည့် ဆုံးရှုံးမှုကိုမှ မပြုလုပ်ခဲ့ချေ။ သူ့အနြေဖင့် စွမ်းအားမြင့် VCD စက်များနှင့် ခွင့်ပြုချက်မှ အခကြေးငွေ အမြတ်များ ရနေသေးပေသည်။ အရေးအကြီးဆုံးမှာ သူ့အမှတ်တံဆိပ်တန်ဖိုး တိုးလာပေလိမ့်မည်။ ဤကိစ္စအားလုံးကို အချိန်တိုဖြင့် တိုင်းတာ၍မရချေ။ တန်ဖိုးတစ်ခု အဖြင့်သာ မြင်နိုင်ပြီး လေနှင့်မိုးကို စာရင်းသွင်းရပေလိမ့်မည်။
လေနှင့်မိုး၏ ကြော်ငြာဆောင်ပုဒ်ဖြစ်သည် ‘အတုယူလေ့ရှိသော်လည်း မည်သည့် အခါတွင်မှ မလွန်ကျူး’ ဆိုသည်မှာ VCD စက်များ၏ မူလရင်းမြစ် ဖြစ်ကြောင်း ပရိတ်သတ်များကို မြင်သာစေပေသည်။ ကျန်အမှတ်တံဆိပ် များသည် အတုအယောင်များပင်။ ဤသည်မှာ လေနှင့်မိုး လျှပ်စစ်၏ အဆင့်အတန်းမြှင့်ခြင်း တစ်ခု ဖြစ်ပေသည်။
အိုက်ဝါသည် ၎င်းတို့၏ ပုံစံအမှန်ကိုသာ ထိန်းသိမ်းထားသည်။ အသံအရည်အသွေးကိုသာ အာရုံစိုက်ထားပေသည်။ ၎င်းတို့၏ စွမ်းအားမြင့် VCD စက်များအတွက် ပြောရေးဆိုခွင့် ရှိသူမှာ လွန်ခဲ့သည့်နှစ်က လက်မှတ်ရေးထိုးခဲ့သူ သာပင် ဖြစ်ပေသည်။ ထိုသူမှာ နာမည်ကျော် အမျိုးသမီး အဆိုရှင် မက်ဒေါနားပင်။
မက်ဒေါနား၏ ထောက်ခံချက် အခကြေးငွေသည် အလွန်မြင့်မားသော်လည်း အိုက်ဝါ၏ ထုတ်ကုန် အားလုံးကို ထောက်ခံခဲ့ပေသည်။ အိုက်ဝါသည် ဂီတနှင့်ဆိုင်သည့် ထုတ်ကုန်အားလုံးအတွက် ကြော်ငြာများတွင် သူ့ကို သုံးနိုင်ပေသည်။ မက်ဒေါနားသည် တစ်နှစ်လျှင် ကြော်ငြာ (၂)ခု ရိုက်ကူးကာ၊ အရောင်းမြှင့်တင်ရေးပွဲ (၂)ပွဲ တက်ရောက်ရမည် ဖြစ်သည်။
ယခုနှစ် ပထမပိုင်း အိုက်ဝါသည် မက်ဒေါနားအား CDစက် ကြော်ငြာရိုက်ရန် ဖိတ်ကြားထားပြီး ရလဒ်ကောင်းများ ရထားပေသည်။ ယခုနှစ်အတွင်း ဒုတိယမြောက် ကြော်ငြာမှာ စွမ်းအားမြင့် VCD စက်အတွက် ဖြစ်သည်။
လေနှင့်မိုး၊ Aiwa(ပြည်တွင်း)၊ AIWA(ပြည်ပ)အမှတ်တံဆိပ်များသည် ကမ္ဘာတစ်ဝှမ်းရှိ ၎င်းတို့ကြော်ငြာ အစီအစဉ်၌ ငွေကြေးများစွာ သုံးစွဲလာကြသည်။ ဖိလိကိုလည်း သတိပေးခဲ့ပေသည်။ မဟာမိတ်ဖွဲ့ထားသော်လည်း စွမ်းအားမြင့် VCD စက်ရောင်းချမှုအတွက် အချင်းချင်း ယှဉ်ပြိုင်နေကြဆဲ မဟုတ်ပေလော။ အကယ်၍ ဖိလစ်သည် စွမ်းအားမြင့် VCD စက်များအတွက် ကြော်ငြာအစီအစဉ် အဆင့်မြှင့်တင်ခြင်း မပြုလုပ်ပါက ဖုန်းယွီထံတွင် ဈေးကွက်ဝေစု ဆုံးရှုံးမည် ဖြစ်ပေသည်။
ထို့ကြောင့် ဖိလစ်သည် ၎င်းတို့၏ ထုတ်ကုန်များကို ဈေးကွက်ချဲ့ထွင်ရန် ပြင်းပြင်းထန်ထန် စတင်တော့သည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)