← Chapters

အရာတစ်ခုသည် အခြားတစ်ခုသို့ ဦးတည်နေသည်

Vol. 43 Ch. 642

အရာတစ်ခုသည် အခြားတစ်ခုသို့ ဦးတည်နေသည်

Vol. 43 Ch. 642

ဖိလစ်သည် မည်သည့် နာမည်ကြီး တစ်ယောက်ကိုမျှ ထောက်ခံရန် ငှားရမ်းထားခြင်း မရှိချေ။ သူတို့သည် ထိပ်တန်း အဆိုတော် တစ်ဦး ငှားရမ်းလိုသော်လည်း မပြေလည်ခဲ့ချေ။ ဖိလစ်သည် မိုက်ကယ်ဂျက်ဆင်ကို ငှားရမ်းလိုပြီး မိုက်ကယ်ဂျက်ဆင်သည် ဆိုနီလက်အောက်တွင် ဖြစ်သည်။ ဆိုနီသည် ဖိလစ်၏ ထုတ်ကုန်များအား ထောက်ခံခွင့် ပေးမည် မဟုတ်ချေ။

နောက်ဆုံးတွင် ဖိလစ်သည် ရိုးရာပုံစံကိုသာ သုံးရန် ဆုံးဖြတ်ခဲ့သည်။ လေနှင့်မိုး၏ နည်းပညာကို အသုံးချရပေလိမ့်မည်။ ၎င်းတို့သည် ထုတ်ကုန်နှင့် အမှတ်တံဆိပ် နည်းပညာဆိုင်ရာ ဂုဏ်ပုဒ်များကိုသာ ပြသမည် ဖြစ်သည်။

ဖိလစ်သည် ၎င်းတို့၏ ကြော်ငြာလှုပ်ရှားမှုအတွက် သုံးစွဲသည့် ပမာဏမှာလည်း များပြားလှပေသည်။ အထူးသဖြင့် ဥရောပတိုက်ရှိ နေရာတိုင်းလိုလိုတွင် တွေ့နိုင်ပေသည်။

စွမ်းအားမြင့် VCD စက်များသည် ဈေးကွက်တွင် အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး ရောင်းအား တဖြည်းဖြည်း တိုးလာသည်။ ပုံမှန် VCD စက်များ ရောင်းချသည့် ဈေးနှုန်းများ ပို၍ပင် လျော့ကျခဲ့ပြီး တခြားVCD စက်တံဆိပ်များ ရောင်းအား ကျဆင်းခဲ့သည်။

ထို လျှပ်စစ် ကုမ္ပဏီကြီးများကိုပင် မဝယ်ယူကြချေ။ ဆိုနီ၊ တိုရှီဘာ၊ ဟေလက်ပါကနှင့် ပိုင်အိုနီးယာမှ လွဲ၍ ကျန်အမှတ်တံဆိပ်များသည် လေနှင့်မိုး လျှပ်စစ်နှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ကြတော့သည်။

*****

“NEC ကုမ္ပဏီရဲ့ တရုတ်ကိုယ်စားလှယ် ဖုန်းဆက်လာတယ် မန်နေဂျာဖုန်း.. DVD စက် စံချိန်စံညွှန်းတွေ အကြောင်း ပြောချင်နေတယ်..”

ကျန်းဝမ်မင် သတင်းပို့လိုက်သည်။

ဖုန်းယွီ မျက်ခုံးပင့်လိုက်တော့သည်။ အချိန်ရောက်လာပြီလော။

ဖုန်းယွီ လုပ်ဆောင်ခဲ့သမျှသည် ထိုလျှပ်စစ် ကုမ္ပဏီများ ကြောင့်ပင်။

အစပိုင်း၌ ဖုန်းယွီသည် ထိုကုမ္ပဏီများအား မူပိုင်ခွင့်များ ခွင့်ပြုပေးခဲ့ပြီး VCD စက်များ ထုတ်လုပ်ခွင့် ပေးခဲ့သည်။ ထို့နောက်တွင် ထိုကုမ္ပဏီများက သူတို့၏ ရောင်းဈေး လျော့ချလိုက်သည့်အခါ သူ့ VCD စက်ဈေးနှုန်းကို ထိန်းသိမ်း ပေးထားခဲ့သည်။ ထိုကုမ္ပဏီများအား ဈေးကွက်ဝေစုအနည်းငယ်ကို ရည်ရွယ်ချက် ရှိရှိ ပေးခဲ့ခြင်းပင်။

ထိုကုမ္ပဏီများသည် ဈေးကွက်ပိုကောင်းလာသည်ကို တွေ့ရသည့်အခါ ထုတ်လုပ်မှုနှင့် အရောင်းမြှင့်တင်ရေးများ ကြိုးစားလာကြတော့ည်။ ၎င်းတို့အားလုံး သိသာထင်ရှားသည့် ဈေးကွက်ဝေစုနှင့် အမြတ်ငွေများ ပိုလိုချင်ကြခြင်းပင်။

သို့ရာတွင် ယခုအချိန်၌ ဖုန်းယွီသည် ၎င်းတို့၏ ပုံမှန် VCD စက်များ လက်လီဈေးနှုန်းများ လျော့ချခဲ့သည်။ အမြတ်အစွန်း အနည်းငယ် ကျန်နေသေးသဖြင့် ထိုကုမ္ပဏီများ အကြပ်ရိုက်မည်ဟု မယူဆချေ။

အမြတ်ကျန်သေးကာ ထုတ်လုပ်မှု တိုးလာသည့်အတွက် ကုမ္ပဏီများ ဒေဝါလီ ခံရလိမ့်မည် မဟုတ်ချေ။ ထိုကုမ္ပဏီ များမှာ လနည်းနည်းကြာပါက ကုန်ပစ္စည်းအသစ်ဖြင့် သူတို့ပစ္စည်းများကို စင်ပေါ်မှ ဖယ်ရှားလိုက်ပါက အမှတ်တံဆိပ် ပုံရိပ် ထိခိုက်လာမည် ဖြစ်သည်။

အချို့ ကုမ္ပဏီငယ်များသည် လက်ရှိ လက်ကျန်ရောင်းကုန်များ ရောင်းချပြီး ထုတ်လုပ်မှု ရပ်တန့်လိုက်ကြသည်။ ထို ကုမ္ပဏီငယ်များသည် လေနှင့်မိုး လျှပ်စစ်နှင့် ၎င်းတို့၏ စာချုပ်တွင် ပါရှိသည့် အနိမ့်ဆုံး ထုတ်လုပ်မှု ပမာဏ ယူနစ်(၁၀၀၀၀)သာ ဖြည့်ဆည်းတော့သည်။ ထိုကုမ္ပဏီများသည် စတင်ချိန်တွင် ငွေအနည်းငယ် ရှာနိုင်သော်လည်း နောက်ပိုင်းတွင် အရှုံးပေါ်ခဲ့ကြသည်။ သာမန်အားဖြင့် ၎င်းတို့သည် သေးငယ်သည့် ကန့်သတ်ချက်များ ချိုးဖျက်နိုင်ခဲ့ပေသည်။ VCD စက်များကို ဆက်လက် ထုတ်လုပ်နေပါက ကြီးကြီးမားမား ဆုံးရှုံးမှုကို မလွဲမသွေ ကြုံတွေ့ရပေတော့မည်။

မကြာမှီပင် စွမ်းအားမြင့် VCD စက်များ ဈေးကွက်ဝင်လာသည်။ ပုံမှန် VCD စက် ရောင်းချမှု ဈေးကွက် လျော့ကျ သွားတော့သည်။ လေနှင့်မိုး၊ အိုက်ဝါနှင့် ဖိလစ်တို့သည် ဖြန့်ဖြူးရေးလမ်းကြောင်းများ စတင်ဝေမျှချိန် ဖြစ်သည်။ ၎င်းတို့၏ လက်လီဆိုင်များသည် ကုန်ပစ္စည်းမျိုးစုံကို စတင်ရောင်းချပြီး အခြားကုမ္ပဏီများကို ဆိုးရွားစွာ ထိခိုက်စေ တော့သည်။

အစပိုင်းတွင် ထိုကုမ္ပဏီများ၏ ရောင်းအား တိုးတက်လာပြီး အကျပ်အတည်း ပြီးသွားပြီဟု ထင်မှတ်ထားကြသည်။ သို့ရာတွင် လေနှင့်မိုး၊ အိုက်ဝါနှင့် ဖိလစ်တို့သည် စွမ်းအားမြင့် VCD စက်များကို အရှိန်အဟုန်ဖြင့် ဈေးကွက်တင်လာကြသည်။ ၎င်းတို့၏ ကြော်ငြာ အစီအစဉ်များမှာလည်း အင်းအားကြီးမားလွန်း လှပေသည်။

ကြော်ငြာတွင် အများအပြား အကုန်အကျခံကာ အမြတ်ထုတ်နိုင်သည်လော။ သာမန် VCD စက်တစ်လုံးအတွက် အမြတ်ငွေများ ကြီးမားပေသည်။ စွမ်းအားမြင့် VCD စက်သုံးစွဲသူများအတွက် ဝင်ငွေများသော်လည်း အများဆုံးမှာ ဒေါ်လာ(၂၀၀)ဝန်ကျင်သာ ဖြစ်ပေလိမ့်မည်။ ယူနစ်(၁၀၀၀၀)အတွက် အမြတ်ငွေမှာ ခန့်မှန်းချေအားဖြင့် ကန်ဒေါ်လာ (၂)သန်းသာ ရှိသေးသည်။

ဤအကြီးကြား ကြော်ငြာအစီအစဉ်သည် တစ်နှစ်လျှင် ကန်ဒေါ်လာ (၁၀)သန်းကျော် ကုန်ကျပေသည်။ တစ်နှစ်တွင် VCD စက် မည်မျှ ရောင်းချနိုင်မည်နည်း။ ဤကုမ္ပဏီအနည်းငယ်(ဖုန်းယွီတို့)၏ ပိုင်ရှင်များ အားလုံးသည် မိုက်မဲ လွန်းပေသည်။ တွက်ချက်နည်းပင် သိကြပါ၏လော။

သို့ရာတွင် ကုမ္ပဏီများသည် ထိုကုမ္ပဏီပိုင်ရှင်များ ရူးခဲ့ခြင်းမဟုတ်ကြောင်း မကြာမီ သဘောပေါက်သွား တော့သည်။ အဘယ့်ကြောင့်ဟူမူ ထိုထုန်ကုန်များမှ အမှန်တကယ် ငွေရှာနိုင်ခဲ့ခြင်းကြောင့် ပင်။

ကြော်ငြာ အစီအစဉ်များပြီးနောက် စွမ်းအားမြင့် VCD စက်သီးသန့် အလုံးရည် (၅၀၀၀၀၀)ကျော် ရောင်းချခဲ့ ရပေသည်။ ဤဈေးကွက်တွင် အမှတ်တံဆိပ် (၄)ခုသာ ယှဉ်ပြိုင်ကြပြီး တစ်ခုစီသည် အနည်းဆုံး ယူနစ်(၁၀၀၀၀၀) ကျော်ရောင်းချခဲ့ရသည်။ အမြတ်ငွေသည် ကန်ဒေါ်လာ သန်း(၂၀)ကျော်ပေသည်။ ကြော်ငြာတွင် သုံးစွဲခဲ့သည့် ပမာဏ ပြန်လည် ရယူနိုင်ခဲ့ပေသည်။

အရေးအကြီးဆုံးမှာ၊ လေနှင့်မိုး၊ အိုက်ဝါ အပါအဝင် ပုံမှန် vcd စက်များအတွက် ရောင်းအားသည် သိသိသာသာ ကျဆင်းလာသည်။ ပုံမှန် VCD စက်ဈေးကွက် ပြိုကျလုနီးပါး ဖြစ်နေပေပြီ။

ကုမ္ပဏီကြီးများ၏ တွက်ချက်မှုများအပေါ် အခြေခံ၍ ပုံမှန် VCD စက်များအတွက် စုစုပေါင်း ရောင်းချမှုသည် ယခုနှစ်အတွင် ယူနစ် (၁၀၀၀၀၀၀)ကျော်နိုင်ပေသည်။ ၎င်းတို့သည် အနည်းဆုံး ဤကိန်းဂဏန်း၏ ထက်ဝက်ကို ရနိုင်ပြီး ကျန်ထက်ဝက်ကို လေနှင့်မိုး၊ အိုက်ဝါမှ ရလောက်ပေသည်။ သာမန် VCD စက်များမှ အမြတ်ငွေမှာ နည်းနည်း နောနော မဟုတ်ချေ။

ကုမ္ပဏီများ စိတ်အနှောက်အယှက် အဖြစ်ဆုံးအပိုင်းမှာ ဈေးကွက်ဖွင့်လှစ်ပြီးသည်နှင့် ၎င်းတို့၏ လုပ်အားအသီး အပွင့်များ ရိတ်သိမ်းခံလိုက်ရခြင်းပင်။

အမှန်တကယ်တွင် ထိုကုမ္ပဏီများသည် အနာဂတ် VCD စက်ရောင်းချမှုသည် ပမာဏကြီးမားသည့် ကိန်းဂဏန်းကြီး တစ်ခု ဖြစ်လာမည်ကို မသိဘဲ၊ ထိုအမြတ်ငွေများသည် နိုင်ငံအတွက်ပင် အထောက်အကူပြုနိုင်မည် ဖြစ်သည်။ ပျမ်းမျှအားဖြင့် အိမ်ထောင်စု(၂)စုလျှင် VCD စက်တစ်လုံး ပိုင်ဆိုင်ကြမည်ဖြစ်ည်။ ဈေးကွက်တွင် VCD စက်များ၏ စုစုပေါင်း ပမာဏသည် လုံးရေ သန်း (၁၀၀)ကျော်ပေသည်။

DVD စက်များ ဈေးကွက်အတွင်း ရောက်ရှိလာသည့်အခါ စက်နှစ်မျိုးစလုံး၏ ရောင်းအားသည် (၁)ဘီလီယံ ကျော်ပေသည်။

ဤသည်မှာ (၁၉၉၇)ခုနှစ်၌ ဖုန်းယွီ ယခင်ဘဝတွင် စခဲ့ပြီး (၁၉၉၉)ခုနှစ်တွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပေသည်။ သို့ရာတွင် အရာအားလုံးသည် ရှေ့သို့ရောက်ရှိခဲ့ပြီး ဖုန်းယွီသည် လာမည့်နှစ်သည် အရှိန်အဟုန်ဖြင့် အထိတ်အထိပ်သို့ ရောက်ရှိမှု စောနိုင်မည်ဟု ခန့်မှန်းထားပေသည်။

လေနှင့်မိုး လျှပ်စစ်သည် အရန်ငွေ အမြောက်အများရှိပြီး လေဆာခွေများကို ပိုမိုမြန်ဆန်စွာ တီထွင်နိုင်စေရေး ရင်းနှီးမြုပ်နှံရပေမည်။

ဖုန်းယွီသည် ဤကုမ္ပဏီများကို ခေါင်းဖြင့်သာ ဦးဆောင်ခဲ့သည်။ ဖုန်းယွီသည် ဈေးကွက်ဖွင့်ရန် အကူအညီ ရခဲ့ပြီး ရရှီသည့် ငွေအများစုသည် သူ့အိပ်ကပ်ထဲသို့ ရောက်သွားတော့သည်။ ယခုအခါ ထိုကုမ္ပဏီများသည် သေတွင်းသို့ တိုးဝင်နေမိကြသည်။ ယခုအတိုင်း ဆက်သွားနေပါက ထိုကုမ္ပဏီများ အကြီးအကျယ် ဆုံးရှုံးမှု ကြုံရပေတော့မည်။

ထိုကုမ္ပဏီများထဲမှ တစ်ချို့မှာ ကြာကြာ တောင့်မခံနိုင်တော့ချေ။ ထိုကုမ္ပဏီများသည် လေနှင့်မိုး လျှပ်စစ်နှင့် ပတ်သက်၍ အငြိုးထားခြင်း မရှိချေ။ ကုမ္ပဏီကြီး နှစ်ခုနှင့် သိသာထင်ရှားသည့် ဈေးကွက်ဝေစု ပိုင်ဆိုင်ရေး မယှဉ်ပြိုင်သင့်ချေ။ လေနှင့်မိုး လျှပ်စစ်နှင့် ဖိလစ် တို့ကဲ့သို့ ဈေးကွက် လက်ဝါးကြီးအုပ်ရေး ပူးပေါင်း ဆောင်ရွက်သင့် ပေသည်။

ကုမ္ပဏီများသည် DVD လုပ်ငန်း စံနှုန်းများအတွက် အခြားအဖွဲ့ကို ပံ့ပိုးရန် ရွေးချယ်ထားသဖြင့် လေနှင့်မိုး လျှပ်စစ်နှင့် ပူးပေါင်းလုပ်ဆောင်ရန် အခွင့်အရေး မရခဲ့ချေ။ ယခုမူ အချို့သော ကုမ္ပဏီများ စိတ်ပြောင်းလာပြီး လေနှင့်မိုးလျှပ်စစ်၏ DVD လုပ်ငန်းဆိုင်ရာ စံနှုန်းများ၊ လေနှင့်မိုး၊ ဖိလစ် လုပ်ငန်းစံနှုန်းများကို ပံ့ပိုးပေးချင်လာ ကြသည်။ ဤကုမ္ပဏီများသည် နောင် DVD လုပ်ငန်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ရယူလိုကြခြင်းပင်။

NEC သည် လေနှင့်မိုး လျှပ်စစ်ထံ ချဉ်းကပ်ခဲ့သည့် ပထမဆုံး ကုမ္ပဏီ ဖြစ်သည်။ ၎င်းသည် ဆိုနီနှင့် တိုရှီဘာအကြား ဆက်ဆံရေး ဆိုးရွားခြင်းကြောင့်လည်း ဖြစ်ပေသည်။

သို့ရာတွင် ဖုန်းဘွီသည် NEC ၏ တရုတ်ကိုယ်စားလှယ်နှင့် မတွေ့ဆုံခဲ့ချေ။ ကိုယ်စားလှယ်ငယ်လေးမှ သူ့အား မည်သို့ တွေ့ဆုံနိုင်မည်နည်း။ အနည်းဆုံး ကုမ္ပဏီ ဥက္ကဋ္ဌ သို့တည်းမဟုတ် ဒု-ဥက္ကဋ္ဌ ဖြစ်သင့်ပေသည်။

ကျန်းဝမ်မင်း ဆုံးဖြတ်ချက်ချနိုင်မည် ထင်ထားသည့်အတွက် ထိုလူသည် ကျန်းဝမ်မင်အား ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ကျန်းဝမ်မင်က သူသည် အထွေထွေ မန်နေဂျာဖြစ်ကာ ရှယ်ယာရှင် တစ်ဦးဖြစ်သော်လည်း ကုမ္ပဏီတွင် ထိန်းချုပ်ထားသည့် ရှယ်ယာရှင် တစ်ဦးရှိကြောင်း ဖြေကြားလိုက်သည်။ ဤရှယ်ယာရှင်သည် လေနှင့်မိုး လျှပ်စစ်တွင် နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်သူဖြစ်သည်။

ထို့ကြောင့် ဖုန်းယွီကို တွေ့လိုသူများ ဆက်တိုက် ပေါ်ပေါက်လာသည်။ လေနှင့်မိုး လျှပ်စစ်သို့ အကြောင်းကြား လာသူများ၏ အဆင့်အတန်းလည်း မြင့်မားလာလေသည်။

ထိုလူများအားလုံး အလိုရှိသည်မှာ အတူတူသာပင်။ ၎င်းတို့အားလုံးသည် လေနှင့်မိုး-ဖိလစ် DVD စံနှုန်းများကို ဦးစွာ ပံ့ပိုးပေးလိုကာ ခွင့်ပြုချက်ကို သက်သာသော အခကြေးဖြင့် ပြန်လည် လိုချင်ခြင်းပင်။ အမြတ်အစွန်း အနည်းငယ် ရလိုကြခြင်းသာ ဖြစ်သည်။

ဤကုမ္ပဏီများသည် မည်သည့်ကုမ္ပဏီမှ စက်မှုလုပ်ငန်း စံနှုန်းများကို အခမဲ့ ပံ့ပိုးပေးခြင်း မရှိချေ။ သူတို့သည် စက်မှုစံနှုန်းကို ပထမနေရာမှ စတင်ခဲ့ကြသူများလည်း မဟုတ်ချေ။ စီးပွားရေး လောကတွင် မိတ်ဆွေ၊ ရန်သူ မရှိချေ။ အကျိုးကျေးဇူးများသာ ရှိပေသည်။

ပန်နက်စိုးနစ် ဒု-ဥက္ကဋ္ဌ ကိုယ်တိုင်ရောက်လာသည့်အခါ နောက်ဆုံး၌ ဖုန်းယွီကိုယ်ထင်ပြရတော့သည်။ သူသည် ဆိုနီနှင့် ထိုနေရာတွင် အကြပ်ရိုက်နေပေသည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters