← Chapters

DVD တွေ့ဆုံပွဲ (၁)

Vol. 43 Ch. 643

DVD တွေ့ဆုံပွဲ (၁)

Vol. 43 Ch. 643

ဖုန်းယွီသည် ထိုကုမ္ပဏီများ၏ ကိုယ်စားလှယ်များအား လေနှင့်မိုး လျှပ်စစ် ရုံးချုပ်တွင် အရေးကြီးသော ကြေငြာချက် တစ်ခု ပြုလုပ်မည်ဖြစ်ပြီး ထိုနေရာတွင် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောလိုက်သည်။ ဤသည်ကို နောက် (၃)ရက် အကြာတွင် ကျင်းပမည် ဖြစ်သည်။

အကြောင်းကြားစာ ရရှိပြီးနောက် ကုမ္ပဏီ အသီးသီး၏ အဆင့်မြင့် စီမံခန့်ခွဲမှုများမှ ချက်ချင်း တုံ့ပြန်လာကြသည်။ ပန်နက်စိုးနစ်သည် လေနှင့်မိုး လျှပ်စစ်နှင့် တွေ့ဆုံရန် ၎င်းတို့၏ ဒု-ဥက္ကဋ္ဌကို စေလွှတ်ကြောင်း ကြားသိပြီးနောက် ထိုကဲ့သို့ အဆင့်အတန်းတူ စေလွှတ်သင့်ကြောင်း သိကြပေသည်။ ဒု-ဥက္ကဋ္ဌ သို့တည်းမဟုတ် ဥက္ကဋ္ဌ စေလွှတ်ကြသည်။ အချို့မှာ ဒါရိုက်တာများပင် စေလွှတ်ကြသည်။

သောမတ်စ်ကိုလည်း ပုံမှန်အတိုင်း ဖိတ်ကြားခဲ့ပေသည်။ သို့ရာတွင် ဖုန်းယွီ ဘာလုပ်မည်ကို မသိကြချေ။ ဖုန်းယွီမှ ဤတွေ့ဆုံမှုသည် ကောင်းသည့် ကိစ္စတစ်ခု ဖြစ်ကြောင်းသာ ပြောထားပေသည်။

သောမတ်စ် ဖုန်းယွီနှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က မဟာမိတ်ဖွဲ့ခဲ့ကြပြီး ဖြစ်သဖြင့် ဖိလစ်တွင် သောမတ်စ်၏ အဆင့်အတန်းသည် ချက်ချင်း မြင့်တက်လာသည်။ ယခု ကုမ္ပဏီတွင် ပြောစရာများ ရျိလာပေသည်။ သူသည် ဖိလစ်၏ ရှယ်ယာတစ်ချို့ ပိုင်ဆိုင်ထားသော်လည်း ဘုတ်အဖွဲ့ဝင်တစ်ဦး မဟုတ်ချေ။

အကယ်၍ သောမတ်စ်သည် ၎င်း၏ စွမ်းဆောင်ရည်များကို အစုရှယ်ယာရှင်များအား ပြသရန် ဤအချိန်၌ ကောင်းကောင်း လုပ်ဆောင်နိုင်ပါက ကုမ္ပဏီ၏ ပင်မစီမံခန့်ခွဲရေးအဆင့်သို့ ဝင်ရောက်နိုင်မည့် အခွင့်အရေး ရရှိပေလိမ့်မည်။

သူသည် အဆင့်မြင့် စီမံခန့်ခွဲမှုရေးသို့ မဝင်နိုင်ခဲ့သော်လည်း အခွင့်အာဏာ ပိုရနိုင်ပြီး ကုမ္ပဏီရှယ်ယာများ ပိုမို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

ဖုန်းယွီသည် သူတွေ့ဆုံရမည့် ကုမ္ပဏီ စာရင်းကို ကြည့်လိုက်သည်။ ဆိုနီ၊ တိုရှီဘာ၊ HP နှင့် ပိုင်အိုနီးယာတို့သည် လေနှင့်မိုး လျှပ်စစ်နှင့် ယှဉ်ပြိုင်ရန် ၎င်းတို့၏ DVD စံချိန်စံညွှန်းများကို ပထမဆုံး သတ်မှတ်ခဲ့သောကြောင့် ဖိတ်ကြားခြင်း မံခကြရချေ။ ကျန်ကုမ္ပဏီများအားလုံးကို ဖိတ်ခေါ်ထားသဖြင့် ပေါ်လာပေသည်။

“လေနှင့်မိုး လျှပ်စစ်က စီစဉ်ကျင်းတဲ့ ဒီ DVD တွေ့ဆုံဖလှယ်ပွဲမှာ ခင်ဗျားတို့အားလုံးကို တွေ့ရလို့ ဝမ်းသာပါတယ်.. ဒါက DVD ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဖို့ပါပဲ.. VCD ဆိုတာ လှေကားထစ် တစ်ခုပါပဲဆိုတာ ဒီနေရာက လူတွေအားလုံး သိမှာပါ.. နောင်ဆို အိမ်တွင်း ရုပ်ရှင်ပြစက်တွေကို ထိန်းချုပ်မှာက DVD စက်တွေပဲ ဖြစ်ပါလိမ့်မယ်.. ဒီနေရာမှရှိတဲ့ သူတွေအားလုံးလဲ DVD နည်းပညာ တီထွင်ကြိုးစားနေကြပြီ မို့လား.. ဒါပေမယ့် DVD ဝှက်စာစနစ်ဆိုင်ရာ မူပိုင်ခွင့်က ကျုပ်တို့ လက်ထဲမှာ ရှိနေတဲ့အပြင် ကျုပ်တို့က DVD စနစ်အတါက် လုပ်ငန်း စံနှုန်းတွေ မိတ်ဆက်ဖို့အတွက် ဖိလစ်နဲ့ ပူးပေါင်းလုပ်ဆောင်လျှက် ရှိပါတယ်..

VCD စက်တွေရဲ့ တိုးတက်မှုအတွက် အားလုံး ဒီကိုရောက်နေတာ ကျုပ်သိပါတယ်.. ဒါပေမယ့် တစ်ကြိမ်ကျရှုံးမှုဟာ တစ်သက်လုံး ကျရှုံးမှုမဟုတ်ပါဘူး.. ဒီက ကုမ္ပဏီတွေ အားလုံးလဲ ကျုပ်တို့ကို အစားထိုးနိုင်အောင် DVD နည်းပညာ သုတေသနတွေ လုပ်နေကြတယ်မို့လား…”

ဖုန်းယွီသည် ကုမ္ပဏီများ၏ ကိုယ်စားလှယ်များ မျက်နှာပေါ်တွင် မတူညီသော အမူအရာများကို မြင်ရသည့်အခါ သူ့မျက်နှာပေါ်တွင် လိမ္မာပါးနပ်သည့် အပြုံးတစ်ခု ပေါ်လာပေသည်။ မိမိတို့ကို အစားထိုချင်နေသည်လော။ နောက်ဘဝတွင်သာ ဖြစ်နိုင်ပေလိမ့်မည်။

“အခုဆို CD ဝှက်စာ နည်းပညာက အရမ်းကို ခိုင်မာလာတယ်ဆိုတာ အားလုံး သိထားပြီး ဖြစ်မှာပါ.. VCD ဝှက်စာ သွင်းတဲ့ နည်းပညာကို CD ဝှက်စာ နည်းပညာရ ပြောင်းလဲလာတာပါ.. ဒါပေမယ့် DVD ဝှက်စာ နည်းပညာကတော့ တော်တော်လေး ကွဲပြားပါတယ်.. အခု DVD စံချိန်စံညွှန်းတွေနဲ့ စနစ်က တစ်ပြေးညီမဟုတ်သေးတော့ DVD နည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့ကို ထိခိုက်စေပါတယ်.. ဒီနေ့ ရည်ရွယ်ချက်ကတော့ အဲ့ဒါပါပဲ.. ဒီလုပ်ငန်းစဉ် အမြန်ဆုံး တိုးတက်လာဖို့အတွက် တူညီတဲ့ စံနှုန်းတစ်ခု ချမှတ်ချင်ပါတယ်..”

ကုမ္ပဏီ ကိုယ်စားလှယ်များအားလုံး၏ မျက်နှာပေါ်တွင် ‘ငါသိသားပဲ’ ဟူသည့် ပုံရိပ်များ ပေါ်လာပေသည်။ လေနှင့်မိုး လျှပ်စစ်သည် စံနှုန်းတစ်ခု သတ်မှတ်ရန် ၎င်းတို့အား ဖိတ်ခေါ်ခဲ့သည်ကို သိထားကြပေသည်။ လေနှင့်မိုး လျှပ်စစ်သည် စက်မှုလုပ်ငန်းအား ၎င်းတို့၏ စနစ်ဖြစ်သည့် လေနှင့်မိုး-ဖိလစ် စံနှုန်းများကို သုံးစေလိုခြင်းပင်။

ဤသည်မှာ ကုမ္ပဏီများအတွက် ပြဿနာမဟုတ်သော်လည်း လေနှင့်မိုးလျှပ်စစ်မှ ၎င်းတို့အား အကျိုးခံစားခွင့် အနည်းငယ် ပေးခဲ့ရသည်။ သို့မဟုတ်ပါက ၎င်းတို့သည် အခြားသော ဝှက်စာစနစ်တစ်ခုကို ပံ့ပိုးကြမည် ဖြစ်ပေသည်။ ဤကုမ္ပဏီအားလုံးသည် ပြဿနာများ ဖန်တီးနေသဖြင့် လေနှင့်မိုးလျှပ်စစ်နှင့် ဖိလစ်တို့သည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာနိုင်မည် မဟုတ်ချေ။

“DVD လုပ်ငန်းရဲ့ တိုးတက်မှုနဲ့ ကျုပ်တို့ရဲ့ အနာဂတ်အတွက် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု တည်ထောင် သင့်ပါတယ်.. အဲ့ဒီ အဖွဲ့အစည်းကိုလဲ DVD ဖိုရမ်လို့ ခေါ်ပါတယ်.. လေနှင့်မိုး လျှပ်စစ်၊ ဖိလစ်၊ Aiwa နဲ့ AIWA တို့က ဒီဖိုရမ်ရဲ့ အဓိက တည်ထောင်သူ အဖွဲ့ဝင်တွေပါ.. အားလုံးကိုလဲ ဒီဖိုရမ်မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ ဖိတ်ခေါ်ချင်တဲ့ အပြင် နောင်ဆို DVD ပုံစံအသစ်တိုင်းကို DVD ဖိုရမ်က စိစစ်အတည်ပြုသွားမှာ ဖြစ်ပါတယ်.. ပိုပိုကောင်းလာမယ့် အနာဂတ်အတွက် အတူတူ လုပ်ဆောင်သွားကြမှာပါ..”

ဖုန်းယွီ စကားဆုံးသည်နှင့် လက်ခုပ်သံများ မကြားရသဖြင့် မျက်မှောင်ကြုတ်သွားမိသည်။

ကျန်းဝမ်မင်သည် ဖုန်းယွီ၏ တုံ့ပြန်မှုကို မကျေနပ်ကြောင်းသိကာ ချက်ချင်း လက်ခုပ် ထတီးလိုက်သည်။ မကြာမီပင် ကျန်လူများလည်း လိုက်ပါ လက်ခုပ်တီးလိုက်ကြသည်။ ထိုကိုယ်စားလှယ်များသည် မချီးကျူးချင်ချေ။ လုပ်ငန်းဆိုင်ရာ စံနှုန်းများကို မိတ်ဆက်ရန် အဖွဲ့အစည်းတစ်ခု တည်ထောင်လိုသည်လော။ မိမိတို့မှာ မည်သို့ စံနှုန်းများ ရှိနေသနည်း။ မိမိတို့အားလုံးသည် စံနှုန်းများ လိုက်နာကြသူများသာပင်။ ဤအဖွဲ့အစည်းသည် ၎င်းတို့အား စုဆောင်ကာ စံနှုန်းများကို မိတ်ဆက်ရန် ကြိုးစားနေကြောင်း ထင်ရှားပေသည်။

ဖုန်းယွီ အချိန်ခဏစောင့်နေသော်လည်း မည်သူမှ စကားမဟခဲ့ကြချေ။ စိတ်မရှည်တော့ဘဲ..

“ဘာဖြစ်လို့လဲ.. ခင်ဗျားတို့တွေ ကျုပ်အကြံပြုချက်ကို အကြိုက်မတွေ့လို့လား..”

ထိုင်ဝမ်မှ BenQ ကိုယ်စားလှယ် လက်မြှောက်ကာ မတ်တပ်ရပ်လိုက်ပြီး..

“မစ္စတာဖုန်း.. အတည်ပြုမယ့် လုပ်ငန်းစဉ်က ဘာလဲ.. အတည်ပြုချက်ကို ဘယ်သူကပေးမျာလဲ.. ခွင့်ပြုချက် မပေးသူတွေကို ပြောင်းလဲမှာ ဒါမှမဟုတ် အဖွဲ့ဝင် အလှည့်ကျ စနစ်လား..”

ဖုန်းယွီ သူ့ကို တစ်ချက်ကြည့်ကာ..

“အဲ့ဒီအတွက် အလှည့်ကျအနေနဲ့ ပြောင်းလဲပေးရမှာပါ.. တည်ထောင်တဲ့ ကုမ္ပဏီ(၄)ခုက အတည်ပြုရေး ကော်မတီမှာ နေရာသတ်မှတ်ပေးမှာပါ.. ကော်မတီမှာ ကျန်တဲ့ အဖွဲ့ဝင် (၅)ယောက်ကို တခြားအဖွဲ့ဝင်တွေအကြား နှစ်တိုင်း အလှည့်ကျစနစ် လုပ်ပေးရမှာပါ.. ကော်မတီမှာ လူ(၉)ယောက် ရှိမှာဖြစ်ပြီး ကော်မတီဝင် (၅)ယောက် သဘောတူမယ်ဆို စံနှုန်းအတည်ပြုပြီး ဖိုရမ်က ကုမ္ပဏီတွေအားလုံး ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမှာပါ..”

ဖုန်းယွီ ယခင်ဘဝတွင် ထိုသို့သော အဖွဲ့အစည်းတစ်ခု ရှိခဲ့ပေသည်။ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ၎င်းတို့သည် တရုတ်နိုင်ငံ၏ DVD ထုတ်လုပ်သူများထံမှ မူပိုင်ခွင့် ခွင့်ပြုချက် အခကြေးငွေများ ကောက်ယူသူများ ဖြစ်ပေသည်။ သို့ရာတွင် ဖုန်းယွီ၏ ဘဝတွင် ဤအဖွဲ့အစည်းသို့ ဝင်ရောက်ခြင်းမှာ မဖြစ်မနေလုပ်ဆောင်ရမည့် အရာမဟုတ်သဖြင့် DVD စနစ်အတွက် စံနှုန်းများ သတ်မှတ်ရန် အပြိုင်အဆိုင် ဖြစ်လာရခြင်းဖြစ်သည်။ ယခုမူ ဖုန်းယွီအနေဖြင့် ဤသည်ကို မဖြစ်မနေ လိုအပ်ပေသည်။ စိတ်မဝင်စားပါက ဤအဖွဲ့အစည်းအတွင်း မပါဝင်ရန် ဆုံးဖြတ်နိုင်ပေသည်။

ကုမ္ပဏီ (၄)ခုမှ တည်ထောင်မည်လော။ AIWA၊ Aiwa နှင့် လေနှင့်မိုးလျှပ်စစ် တို့သည် ဖုန်းယွီ၏ ကုမ္ပဏီများ ဖြစ်ကြောင်း အားလုံး သိထားပေသည်။ ဖုန်းယွီသည် အရှက်ကင်းလွန်းလှပေသည်။ အတည်ပြုချက် ကော်မတီတွင် အမြဲတမ်း (၃)နေရာ ကိုင်ထားချင်ပေသည်။

ဖိလစ်နှင့်အတူ ၎င်းတို့သည် ကော်မတီတွင် နေရာ(၉)နေရာအနက် (၄)နေရာလက်ကိုင် ရှိနေပေမည်။ ၎င်းတို့သည် နောက်ထပ် ကုမ္ပဏီတစ်ခုသာ ခေါ်ယူနိုင်ပြီး ၎င်းတို့လိုချင်သည့် စက်မှုလုပ်ငန်းစံနှုန်းများ အကောင်အထည် ဖော်နိုင်ပေလိမ့်မည်။ ဤသည်က မတရားချေ။

ဖုန်းယွီသည် ဤ BenQ ကုမ္၌ဏီအပေါ် လေးလေးနက်နက် မှတ်ထားလိုက်သည်။ ဤကုမ္ပဏီသည် စာအုပ်စင် ထိန်းသိမ်းခြင်းဟူသည့် နည်းပညာ တီထွင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤနည်းပညာသည် DVD ရေးဖတ် ခြင်းအား DVD Rom စနစ်သို့ ပြောင်းလဲနိုင်ပေသည်။ ဤသည်က မတူကွဲပြားသည့် အခွေများအားလုံးကို ဖတ်နိုင်ခဲ့ပေသည်။

သို့ရာတွင် ယခု ဤနည်းပညာကို လေနှင့်မိုး လျှပ်စစ်မှ ပိုင်ဆိုင်ပေတော့မည်။ ဖုန်းယွီသည် ကျန်းဝမ်မင်းကို ဤနည်းပညာ သုတေသန ပြုလုပ်ကာ တီထွင်ရန် ညွှန်ကြားထားပြီးဖြစ်သည်။ ဖုန်းယွီအနေဖြင့် မည်သို့မည်ပုံ အလုပ် လုပ်သည်ကို မသိသော်လည်း ကျန်းဝမ်မင်သည် သူလိုချင်သည့်ကိစ္စအတွက် သုနေသန ရန်ပုံငွေ အမြောက်အများနှင့် ရင်းနှီးမြုပ်နှံထားနိုင်ပေသည်။ လေနှင့်မိုးလျှပ်စစ်သည် BenQ ထက် ခြေတစ်လှမ်းသာနေပြီး လေနှင့်မိုး သုတေသနစွမ်းရည်များသည် BenQ ထက်ပိုကောင်းပေသည်။ လေနှင့်မိုး လျှပ်စစ်မှ တီထွင်ထားသည့် နည်းပညာသည် ၎င်းတို့၏ DVD စက်များကို DVD အခွေအမျိုးအစားအားလုံးကို ဖတ်နိုင်စေမည် ဖြစ်သည်။ ဤနည်း အားဖြင့် ၎င်းသည် စက်မှုလုပ်ငန်းစံနှုန်း ပြိုင်ပွဲကို ရပ်တန့်သွားမည် ဖြစ်သည်။

မှန်ပေ၏။ ဖုန်းဘွီ ဤအကြောင်း မည်သူ့ကိုမှ မပြောမိချေ။ သူသည် တိုရှီဘာနှင့် ဆိုနီတို့ကို စက်မှုလုပ်ငန်း စံနှုန်းများ သတ်မှတ်ပြီး လေနှင့်မိုး-ဖိလစ် စံနှုန်းကို အစားထိုးခြင်းကိုသာ ထင်မြင်ထားစေသည်။

ဖုန်းယွီ အတည်ပြုချက်ပေးသည့် လုပ်ငန်းစဉ်ကို ပြောပြီးနောက် ကိုယ်စားလှယ်များ အချင်းချင်း ပြန်ကြည့်နေ ကြသည်။ ၎င်းတို့အားလုံး သဘောမတူချင်သော်လည်း ဤအဖွဲ့အစည်းတွင် မပါဝင်ပါက အခွင့်အရေး ရှိတော့မည် မဟုတ်မှန်း သိနေကြပေသည်။ ၎င်းတို့သည် စည်းဝိုင်းအတွင်းမှ ထွက်ခွာရမည် ဖြစ်ပြီး DVD ဟူသော ကိတ်မုန့်တစ်ချပ် ရရှိမည့် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။

သို့ရာတွင် ထိုကုမ္ပဏီများ သဘောတူမည်ဆိုလျှင်ပင် သူတို့အနေဖြင့် ပထမဆုံး ထုတ်ဖော်ပြောဆိုသူများ မဖြစ်လိုချေ။ ပထမဆုံးလူသည် သူရဲဘောကြောင်သူအဖြစ် ရှုမြင်ထားကြ၍ဖြစ်သည်။ ဤအဖွဲ့အစည်းသည် အလုပ်မလုပ်ဘဲ ကုမ္ပဏီများအားလုံးအတွက် ငွေမရှာနိုင်ပါက ပထမဆုံးသူကို ဝိုင်း၍ အပြစ်တင်ကြပေလိမ့်မည်။

စကားစမပြောလိုသော ကိုယ်စားလှယ်များကို တွေ့ရ၍ ဖုန်းယွီလည်း အသိတိတ်သွားတော့သည်။ သူသည် ထိုင်ခုံတွင် ထိုင်ကာ ကိုယ်စားလှယ်များကို တည်ငြိမ်စွာသာ ကြည့်နေလိုက်တော့သည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters