DVD တွေ့ဆုံပွဲ (၂)
Vol. 43 Ch. 644
ဖုန်းယွီ မည်သည့်အတွက် ဤမျှ ငြိမ်နေသနည်း။ ထိုကဲ့သို့ အခြေအနေကို ပြောပြီးပါက ဤကိုယ်စားလှယ်များသည် ၎င်းတို့အဖွဲ့အစည်းတွင် အဖွဲ့ဝင်ဖြစ်ခွင့်ပေးရန် အတောင်းဆိုကြသေးချေ။ သူသည် ကိုယ်စားလှယ်များအကြား မင်းသားတစ်ယောက် ထည့်ထားခြင်းကြောင့်ပင်။
ထိုသရုပ်ဆောင်များသည် အရေးကြီးသည့် အချိန်တွင် အရေးပါပေသည်။ အချိန်မှန်ပါက လူစုလူဝေးကို ထိခိုက်စေနိုင်သည်။
“မစ္စတာဖုန်း.. ငါတို့ Microsofr က ဒီအဖွဲ့အစည်းနဲ့ ပူးပေါင်းမှာပါ..”
“ဟမ်….”
Microsoft ကိုယ်စားလှယ်မှ ဤအဖွဲ့အစည်းအတွင်း ပါဝင်လိုကြောင်း အမေရိကန်နိုင်ငံသား တစ်ယောက်အနေဖြင့် ကိုယ်စားပြုပြောဆိုခဲ့သဖြင့် ကိုယ်စားလှယ်များ အံ့အားသင့်သွားကြတော့သည်။
မိမိတို့အား နောက်နေသည်ကို ရပ်လိုက်သင့်ပေသည်။ Microsoft ဆိုသည်မှာ ဆော့ဖ်ဝဲ ကုမ္ပဏီ တစ်ခုဖြစ်သည်။ ဆော့ဖ်ဝဲ သည် DVD နှင့် မည်သို့ သက်ဆိုင်သနည်း။ မည်သည့်အတွက် ဤနေရာသို့ ရောက်နေသနည်း။
ဖုန်းယွီသည်လည်း ထိတ်လန့်တကြား အမူအရာဖြင့် တမင်ဟန်လုပ်ကာ..
“ခင်ဗျားက ဒု-ဥက္ကဋ္ဌ ဂျိမ်းလား.. DVD ဖိုရမ်မှာ ပါဖို့ Microsoft ကို ကိုယ်စားပြုချင်တာလား..”
“မှန်ပါတယ်.. DVD ဖိုရမ်မှာပါဖို့ မိုက္ခရိုဆော့ဖ် ကိုကိုယ်စားပြုဖို့ ဒါရိုက်တာ ဘုတ်အဖွဲ့ကနေလဲ ခွင့်ပြုချက် ရထားပြီးသားပါ.. လေနှင့်မိုး-ဖိလစ် လုပ်ငန်းစံနှုန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အကောင်အထည်ဖော်ဖို့ ကျန်လူတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာပါ..”
ဂျိမ်း အသံကျယ်ကျယ်နှင့် ပြန်ဖြေလိုက်သည်။
“မိုက္ခရိုဆော့ဖ် က DVD ကိစ္စကို ဘယ်အချိန်ကတည်းက ပါနေတာတုန်း..”
ပန်နက်စိုးနစ်၏ ဒု-ဥက္ကဋ္ဌ သံသယဖြင့် မေးလိုက်သည်။ ဖုန်းယွီသည် လူအားလုံး ဖိုရမ်တွင်ပါဝင်နိုင်ရန် မိုက္ခရိုဆော့ဖ် မှတစ်ယောက်ယောက် အယောင်ဆောင်ခိုင်းမည် မဟုတ်ကြောင်း သိနေသော်လည်း သဘောတူညီချက် လက်မှတ်ရေးထိုးနေချိန်တွင် ကုမ္ပဏီနှင့် ကိုယ်စားလှယ်က ဖော်ပြမည်ဖြစ်ပြီး တရားဝင် စာချုပ် ချုပ်ဆိုရမည် ဖြစ်သည်။
“ကျုပ်တို့က DVD စက်တွေ ထုတ်လုပ်မှာ မဟုတ်ပါဘူး.. ဒါပေမယ့် ကျုပ်တို့တွေ DVD ဝှက်စာရေးသွင်းနည်းပညာ ကိုတော့ စိတ်ဝင်စားတယ်လေ..”
ဂျိမ်း ပုံမှန်သာ ပြန်ဖြေလိုက်သည်။
ဖုန်းယွီသည် ဘီလီဂိတ်ထံ ဖုန်းခေါ်ကာ စည်းရုံးနိုင်ခဲ့သဖြင့် မိုက္ခရိုဆော့ဖ်မှ ဂျိမ်းသည် ဤနေရာတွင် ရှိနေခြင်းဖြစ်သည်။ ဖုန်းယွီသည် မိုက္ခရိုဆော့ဖ်၏ တတိယမြောက် ရှယ်ယာရှင် ဖြစ်ပေသည်။ မိုက္ခရိုဆောဖ်တွင် ပြောစရာမရှိသော်လည်း ဖုန်းယွီအနေဖြင့် ဘီလီဂိတ်၏ ဘဏ္ဍာရေးစွမ်းအား ပြသနိုင်ပေသည်။
ထို့အပြင် ဖုန်းယွီသည် DVD စက်များ တီထွင်ပြီးသည်နှင့် သူသည် မိုက္ခရိုဖော် စနစ်နှင့် ချိတ်ဆက်နိုင်မည် ဖြစ်ကြောင်း ဘီလီဂိတ်ကို ပြောထားပေသည်။ ထိုသို့ဖြင့် ကွန်ပျူတာတိုင်းသည် ကွန်ပျူတာစနစ်နှင့် ကွန်ပျူတာစက်များ သုံးနိုင်ပေလိမ့်မည်။ စုပေါင်းလုပ်ဆောင်နိုင်ပါက အမြတ်အစွန်း ပိုရပေလိမ့်မည်။
ဖုန်းယွီ ဘီလီဂိတ်ကို စည်းရုံးနိုင်ခဲ့သည်မှာ ဤပူးပေါင်းဆောင်ရွက်မှုမှ အမြတ်များ ဖြစ်နိုင်ပေသည်။ ဤအခွင့်အရေး ကို ဘီလီဂိတ် ငြင်းဆန်စရာ အကြောင်းမရှိချေ။
ထို့ကြောင့် ဂျိမ်းသည် ဤအစည်းအဝေးတွင် ပေါ်လာခြင်းဖြစ်သည်။ ဖုန်းယွီသည် မိုက္ခရိုဆော့ဖ်၏ တတိယအကြီးဆုံး ရှယ်ယာရှင်ဖြစ်ကြောင်း ဂျိမ်းသတိပုမိခဲ့ပြီး ပုံမှန်အတိုင်းပင် DVD ဖိုရမ် အဖွဲ့အစည်းတွင် ပါဝင်လိုကြောင်း ပထမဆုံး ထုတ်ဖော်ပြောဆိုခဲ့ခြင်းပင်။
မိုက္ခရိုဆောဖ်မှ အသံထွက်ပြီးနောက် ကျန်ကုမ္ပဏီများ၏ ကိုယ်စားလှယ်များသည် နက်နက်နဲနဲ တွေးတော နေကြပေသည်။ မိုက္ခရိုဆော့ဖ်သည် ကွန်ပျူတာ လုပ်ဆောင်မှု စနစ်တွင် ဦးဆောင်သူဖြစ်နေပေသည်။ ၎င်းတို့၏ ရှယ်ယာတန်ဖိုးသည် ပြီးခဲ့သည့် (၂)နှစ်အတွင်း အဆများစွာ မြင့်တက်လာပေသည်။ ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း အလျင်မြန်ဆုံး ကြီးထွားလာသည့် ကုမ္ပဏီဖြစ်သည်။ မိုက္ခရိုဆော့ဖ်သည် နောင်တွင် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီဖြစ်လာမည်ဟု လူများစွာ ခန့်မှန်းခဲ့ကြပေသည်။ ဤမျှအတိုင်းအတာရှိသော ကုမ္ပဏီတစ်ခု ပါဝင်လာပြီး ကျန်ကုမ္ပဏီများအနေဖြင့် ၎င်းတို့ကို ဖယ်ထုတ်ချင်သည် ဆိုပါက နှစ်ခါပြန် စဉ်းစားရမည် ဖြစ်သည်။
ထိုအချိန်တွင် ဒုတိယမြောက် ကိုယ်စားလှယ်တစ်ဦး မတ်တပ်ထရပ်ကာ…
“ကျုပ်က သွမ်ပ်ဆန် ကိုယ်စားပြုပြီး ဒီအဖွဲ့အစည်းထဲ ပါဝင်ချင်ပါတယ်..”
သွမ်ပ်ဆန်သည်လည်း ဤအဖွဲ့အစည်းအတွင်း ဝင်လိုသည်လာ။ ၎င်းသည် ပြင်သစ်အစိုးရပိုင် လုပ်ငန်းဖြစ်သည်။ အမေရိကန်တွင် အကြီးမားဆုံးသော ဈေးကွက်ဈေစုကို ပိုင်ဆိုင်ထားပြီး ဥရောပ၏ ဒုတိယအကြီးဆုံး လျှပ်စစ် ကုမ္ပဏီ ဖြစ်ပေသည်။ လူသုံး လျှပ်စစ်လုပ်ငန်းတွင် အလွန်နာမည်ကြီးပေသည်။ ဤဖိုရမ်တွင် ပါဝင်ချင်နေသည်လော။
သို့ရာတွင် သွမ်ပ်ဆန်သည် ကမ္ဘာ့ထိပ်တန်း TV နှင့် Video စက်များ ထုတ်လုပ်သူ ဖြစ်သည်။ သို့အတွက် DVD စက်များကို စိတ်ဝင်စားသည်မျာ ပုံမှန်သာပင်။
ထို့နောက် ထိုင်ဝမ်မှ BenQ နှင့် ကျန်ကုမ္ပဏီများသည် ဖိုရမ်တွင် ပါဝင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောဆိုလာကြ တော့သည်။ အခြား ဥရောပ ကုမ္ပဏီကြီးအချို့သည်လည်း ပါဝင်ရန် သဘောတူခဲ့ကြသည်။
ဂျပန်ကုမ္ပဏီများသည် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိရန် ပူးပေါင်း ဆောင်ရွက်လိုကြပေသည်။ ယခုမူ ဤဖိုရမ်တွင် မပါဝင်ပါက ဘေးရောက်ရပေတော့မည်။
“ပန်နက်ဆိုးနစ်လဲ ပူးပေါင်းမယ်..”
“JVC လဲ ပူးပေါင်းပါမယ်..”
“ကျုပ်တို့ NEC လဲ ပူးပေါင်းဖို့ သဘောတူပါတယ်..”
“မစ်ဆူဘီရှီလဲ ဒီဖိုရန်မှာ ပူးပေါင်းပါဝင်ပါမယ်..”
“ဆမ်ဆောင်း လဲ ဒီအဖွဲ့အစည်းမှာ ပါဖို့ သဘောတူပါတယ်..”
“ငါတို့ ဟီတာချီလဲ ဒီဖိုရမ်မှာ ပါဝင်ပါတယ်..”
********
ကုမ္ပဏီအသီးသီးမှ ကိုယ်စားလှယ် (၃၀)ကျော်သည် DVD ဖိုရမ်တွင် ပါဝင်ရန် သဘောတူညီခဲ့ကြသည်။ တက်ရောက်လာသည့် ကုမ္ပဏီများအားလုံး သဘောတူကြခြင်းပင်။ ထိပ်တန်း ကုမ္ပဏီများပင် ပါဝင်ရန် ဆုံးဖြတ်ထား သည့်အတွက် ကုမ္ပဏီငယ်များမှ ကန့်ကွက်စရာ အကြောင်းမရှိတော့ချေ။
ဖုန်းယွီ ကိုယ်စားလှယ်များကို ကြည့်ရင်း ပြုံးလိုက်သည်။ ဤသည်က အလွန်ရိုးရှင်းပေသည်။ မိုက္ခရိုဆော့ဖ်ကို ဖိတ်ခေါ်ကာ ဖိလစ်မှ သောမတ်စ်ကို အကူအညီတောင်းခဲ့သေးသည်။ ဖူကွမ်းကျန့်သည်လည်း ထိုင်ဝမ်ကုမ္ပဏီများနှင့် စကားပြောဖူးထားပေသည်။ ဤ DVD ဖိုရမ် မည်သို့ ပျက်နိုင်မည်နည်း။
ယခုအခါတွင် ကမ္ဘာ့လူသုံးကုန် လျှပ်စစ်ကုမ္ပဏီများ၏ ထက်ဝက်နီးပါးသည် DVD ဖိုရမ်တွင် ပါဝင်လာကြသည်။ ကျန်လူများသည် DVD လုပ်ငန်းတွင် မပါဝင်ဘဲ တိုရှီဘာ၊ ဆိုနီ၊ ပိုင်အိုနီးယား တို့နှင့် ဆက်နွယ်နေပေသည်။
ဤအခိုက်အတန့်မှစ၍ DVD လုပ်ငန်းတွင် မဟာမိတ် နှစ်ဖွဲ့သာ ရှိမည်ဖြစ်သည်။ ဖုန်းယွီ၏ DVD ဖိုရမ်သည် အဖွဲ့အစည်းပုံစံ စံနှုန်း တစ်ခုဖြစ်သည့်အတွက် ပိုမို အားကောင်းပေသည်။
တိုရှီဘာနှင့် ပိုင်အိုနီးယားတို့မှ မိတ်ဆက်ခဲ့သည့် စံနှုန်းများမှာ ကွဲပြားပေသည်။ ယခု ပူးပေါင်း ဆောင်ရွက်မှု ဆိုပါက နှစ်ဖက်စလုံးတွင် တစ်ဝက်တစ်ပျက် ရေးဆွဲထားသည့် စံစနစ်များ ရှိနေ၍ လက်လျှော့မည် မဟုတ်ချေ။
လုပ်ငန်းစဉ်များ ချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ကိုယ်စားလှယ်များအားလုံးသည် DVD ဖိုရမ်မှ သတ်မှတ်သည့် ပုံစံနှင့် စံချိန်စံညွှန်းများကို လိုက်နာဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြသည်။ အကယ်၍ မည်သည့် ကုမ္ပဏီမဆို သဘောတူညီချက်ပါ စည်းကမ်းများ ဖောက်ဖျက်ပါက DVD ဖိုရမ်၏ အဖွဲ့ဝင်အားလုံးကို လျော်ကြေးပေးရမည် ဖြစ်ပြီး ကုမ္ပဏီတစ်ခုစီအတွက် လျော်ကြေးမှာ ကန်ဒေါ်လာ (၁၀)သန်းကျော်ပေသည်။
ကန်ဒေါ်လာ(၁၀)သန်းဟူသည်မှာ များပြားလှသည် ထင်ရသော်လည်း ထိုကုမ္ပဏီကြီးများအတွက်မူ မပြောပလောက်ချေ။ သို့ရာတွင် ထိုပမာဏကို အဆ(၃၀)ဖြင့် မြှောက်လိုက်ပါက ကန်ဒေါ်လာ(၃၀၀)ဖြစ်သွား ပေလိမ့်မည်။ ကန်ဒေါ်လာ(၃၀၀)သည် အလွန်များပြားလှသော ပမာဏဖြစ်ပြီး ကုမ္ပဏီများအားလုံး ဖိုရမ်ကို သစ္စာဖောက်ရန် ဆုံးဖြတ်ပါက ဤအကျိုးဆက်ကို စဉ်းစားရပေလိမ့်မည်။
လေနှင့်မိုးလျှပ်စစ်၊ Aiwa ၊ AIWA လျှပ်စစ်၊ ဖိလစ်၊ မိုက္ခရိုဆော့ဖ်၊ သွမ်ပ်ဆင်၊ ဆမ်ဆောင်း၊ ပန်နက်ဆိုးနစ်နှင့် တာတာ တို့သည် ဖိုရမ်၏ ကော်မတီဝင် (၉)ဦးဖြစ်သည်။
ကော်မတီဝင်များကို ရွေးချယ်ပြီးနောက် အိုက်ဝါလျှပ်စစ်မှ DVD လုပ်ငန်းဆိုင်ရာ စံနှုန်းများသည် လေနှင့်မိုး-ဖိလစ် စံနှုန်းများ ဖြစ်နိုင်သည်ဟု ချက်ချင်း ပြောကြားခဲ့သည်။ သဘောတူပါက ချက်ချင်းပင် လက်မြှောက်ခိုင်း လိုက်သည်။
လေနှင့်မိုး လျှပ်စစ်၊ Aiwa ၊ AIWA လျှပ်စစ်၊ ဖိလစ်၊ မိုက္ခရိုဆော့ဖ်နှင့် သွမ်ပ်ဆင် တို့မှ ကိုယ်စားလှယ်များ ချက်ချင်း လက်မြှောက်ကြသည်။ ကျန်ကုမ္ပဏီ(၃)ခုမှ ကိုယ်စားလှယ်များ အချင်းချင်း ကြည့်နေကြတော့သည်။ လက်မ မြှောက်ခဲ့လျှင်ပင် အတည်ပြုနိုင်ပြီဖြစ်ကြောင်း သိနေကြပေသည်။ ကန့်ကွက်နေမည့်အစား ထောက်ခံမှုကိုသာ ပြသနိုင်ကြတော့သည်။ ၎င်းတို့သည်လည်း လက်မြှောကလိုက်ကြပြီဖြစ်၍ DVD ဖိုရမ်တွင် ပါဝင်သည့် ကုမ္ပဏီများ အားလုံးသည် လေနှင့်မိုး-ဖိလစ် DVD လုပ်ငန်းစံနှုန်းများကို အသုံးပြုရတော့မည် ဖြစ်ပေသည်။
DVD ဖိုရမ်မှ အဖွဲ့ဝင်များသည် DVD စံနှုန်းများ သတ်မှတ်ပြီးနောက် ဆွေးနွေးရန် မဖြစ်မနေ လိုအပ်သေးသည်ဟု ယူဆခဲ့ကြသည်။ အားလုံးသည် ဖုန်းယွီမှ အကျိုးခံစားခွင့် ပေးရန် စောင့်ဆိုင်းနေကြပေသည်။ DVD ဖိုရမ်တွင် ပါဝင်ပြီးနောက် VCD မူပိုင်ခွင့်များအတွက် တရားဝင်ခွင့်ပြုချက် အခငွေ လျော့ချပေးမည်ဟု သဘောတူညီချက်တွင် ဖော်ပြထားပေသည်။
သို့ရာတွင် AIWA မှ ဆွေးနွေးရန် နောက်ထပ် အကြောင်းအရာတစ်ခု တင်သွင်းခဲ့သည်။ ဤသည်မှာ Optical Drive (ကွန်ပျူတာတွင် တပ်ဆင်အသုံးပြုသည့် စက်ငယ်များ) အတွက် စံနှုန်းများ အကြောင်း ဖြစ်ပေသည်။ DVD Optical Drive များကို ပိုမိုတိကျစေရန်ဖြစ်ပေသည်။
ယခုအချိန်တွင်ပင် ထိုစက်ငယ်များ ရျိနေပြီဖြစ်သော်လည်း CD အတွက်သာဖြစ် ပေသည်။ ဈေးကွက်တွင် ရှိနေသည့် တစ်ခုတည်းသော CD Optical Drive ကို လေနှင့်မိုး လျှပ်စစ်မှ ပိုင်ဆိုင်ပြီး လီနိုဗိုသည် ၎င်းတို့၏ နောက်ဆုံးပေါ် ကွန်ပျူတာတွင် ဤနည်းပညာကို အသုံးပြုရန် ခွင့်ပြုချက် ရရှိထားပေသည်။
သို့ရာတွင် VCD စက်များသည် နိဂုံးချုပ်တော့မည် ထုတ်ကုန်များသာ ဖြစ်ပေသည်။ နောင်တွင် DVD Optical Drive များသည် ပင်မဆက်ဆပ် ပစ္စည်းများ ဖြစ်လာမည်ဖြစ်ပြီး အချိန်ကြာမြင့်စွာ သုံးနိုင်ပေလိမ့်မည်။ လေနှင့်မိုး လျှပ်စစ် သည် ဤနည်းပညာကို အထူပြုထားသဖြင့် ကျန်ကုမ္ပဏီများထက် သာလွန်ခဲ့သည်။
စံနှုန်းကို အကြံပြုသည်မှာ အံ့ဩစရာမရှိချေ။ ကော်မတီမှလည်း သဘောတူပေသည်။ နောက်ဆုံးတွင် ဖုန်းယွီ လိုချင်သည်များအားလုံး ရရှိသွားပေတော့သည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)