← Chapters

ပုံစံနှစ်မျိုးခေတ်

Vol. 43 Ch. 645

ပုံစံနှစ်မျိုးခေတ်

Vol. 43 Ch. 645

ကုမ္ပဏီအားလုံးသည် ဖုန်းယွီ၏ တောင်းဆိုချက်များကို သဘောတူခဲ့ကြပြီး ဖုန်းယွီသည်လည်း ပုံမှန်အတိုင်းပင် ၎င်းတို့အား အကျိုးခံစားခွင့်ပေးရပေလိမ့်မည်။ သို့မဟုတ်ပါက နောက်နောင်တွင် ဖုန်းယွီနှင့် ပူးပေါင်းဆောင်ရွက် လိုသော အခြားကုမ္ပဏီများ ရှိတော့မည် မဟုတ်ချေ။ အကယ်၍ ဤကုမ္ပဏီများအားလုံး DVD ဖိုရမ်မှ တစ်ပြိုင်နက်တည်း နှုတ်ထွက်ပါက ၎င်းတို့ တစ်ခုစီသည် ကန်ဒေါ်လာ သန်း(၄၀)သာ လျော်ကြေးပေးရမည် ဖြစ်သည်။ အကယ်၍ ထိုကုမ္ပဏီများသည် လေနှင့်မိုး လျှပ်စစ်ကို လက်စားချေရန် ကြိုးပမ်းလာကြပါက တိုရှီဘာနှင့် ဆိုနီတို့သာ အကျိုးအမြတ်ရသွားကြပေလိမ့်မည်။

“လာမယ့် လကစပြီး ခွင့်ပြုချက် အခငွေကို (၅၀)ရာခိုင်နှုန်း လျော့ချမှာ ဖြစ်ပြီး နှစ်တိုင်း (၅)ဒေါ်လာနှုန်း လျော့ချ ပေးသွားမှာ ဖြစ်ပါတယ်..”

ဖုန်းယွီ ကြေငြာလိုက်တော့သည်။

ခွင့်ပြုချက်အခငွေကို ထက်ဝက် လျှော့ချခဲ့သော်လည်း ၎င်းသည် တစ်ယူနစ်လျှင် (၂၅)ဒေါလာ ကျန်နေသေးပြီး ကုမ္ပဏီများသည် ဖုန်းယွီအား နောက်ထပ် (၅)နှစ်အထိ ပေးဆောင်ရမည် ဖြစ်သည်။ အမှန်တကယ်တွင် ထိုကုမ္ပဏီများသည် ဖုန်းယွီအား နောက်ထပ် (၅)နှစ်ထိ ပေးဆောင်စရာမလိုဘဲ (၃)နှစ်အတွင်းမှာပင် DVD စက်များသည် VCD စက်များကို အစားထိုးနေရာယူသွားမည် ဖြစ်သည်။

ဤအခြေအနေသည် ထိုကုမ္ပဏီများအတွက် အကျိုးရှိပုံရသော်လည်း အသုံးမဝင်သေးချေ။ ဖုန်းယွီမှ တရားဝင် ခွင့်ပြုချက်အခငွေ ထက်ဝက်လျှော့ချပြီး နှစ်စဉ် (၅)ဒေါ်လာ လျော့ပေးမည်ဟု ကြေငြာလိုက်သဖြင့် ကုမ္ပဏီများဘက်မှ မည်သို့ စောဒကတက်နိုင်အုံးမည်နည်း။ ထပ်လျော့ချင်ကြသေးသည်လော။ ကနဦးစော၍ ခွင့်ပြုချက် အခငွေ လျော့ပေါ့ရန် မည်သည့်အတွက် မတောင်းဆိုခဲ့ကြသနည်း။ ထိုသို့ တောင်းဆိုလျှင်ပင် မည်သို့သော လူမိုက်မှ သဘောတူမည်နည်း။

အကယ်၍ ဤကုမ္ပဏီများသည် တောင်ဆိုမှု ပြုလုပ်ပါက ပူးပေါင်းဆောင်ရွက်ရန် ရိုးသားမှုမရှိကြောင်း ပြသရာ ရောက်သွားပေတော့မည်။

ဤကြေငြာချက်ကို ကုမ္ပဏီ တော်တော်များများ လက်ခံနိုင်ဆေသာ်လည်း ဂျပန်ကုမ္ပဏီအချို့က မကျေနပ်ကြသေးချေ။ နောက်ထပ် တောင်းဆိုမှု တစ်ခု လုပ်ကြတော့သည်။ VCD စက်ဈေးနှုန်းကို ယခုနှစ်အတွင်း ထပ်မံလျော့ချခြင်း မပြုလုပ်ရန်ပင်။ ထပ်မံလျော့ချပါက ၎င်းတို့အားလုံး အမြတ်အစွန်း မရှိနိုင်တော့ဘဲ ဆုံးရှုံးသွား နိုင်ပေသည်။

ယခုအချိန် ခွင့်ပြုချက် အခငွေ လျော့ချပြီးနောက် VCD စက်တိုင်းအတွက် ၎င်းတို့၏ အမြတ်ငွေမှာ ကန်ဒေါ်လာ (၂၀)ခန့် ရှိသေးသည်။ နည်းလွန်းသည်ဟု ယူဆရပေလိမ့်မည်။

သို့အတွက် ဖုန်းယွီမှလည်း တောင်းဆိုချက်ကို သဘောတူလိုက်သည်။ VCD စက်ကို ထပ်မံဈေးချက်ပါက သူ့အမြတ်အစွန်း ထိခိုက်တော့မည် မဟုတ်ပေလော။ သူ့အနေဖြင့် DVD စံနှုန်းများ အတည်ဖြစ်ရန် ထိုသူများကို လိုအပ်နေသေးသည်။ ထို့ကြောင့် ယခုနှစ်အတွက် ဈေးနှုန်းများ ထိန်းသိမ်းထားရန် သဘောတူလိုက်သည်။ ဆန္ဒရှိပါက နောက်နှစ်တွင် ဈေးနှုန်း လျော့ချနိုင်ပေသည်။

ထို့အပြင် ဖုန်းယွီ၏ လက်ရှိ အာရုံစိုက်မှုသည် စွမ်းအားမြင့် VCD စက်များဖြစ်သည်။ စွမ်းအားမြင့် VCD စက်များမှ အမြတ်အစွန်းများသည် သာမန် VCD စက်ထက် အစများစွာသာကာ ရောင်းအား ကောင်းခဲ့ပေသည်။ ဒုတိယမျိုးဆက် စွမ်းအားမြင့် စက်များသည် လာမည့်နှစ်အတွင်း ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ပြီး VCD စက်များ အသုံးပြုကြတော့မည် မဟုတ်ချေ။

ဖုန်းယွီအနေဖြင့် ထိုကုမ္ပဏီများကို သင်ခန်းစာပေးလိုပါက သူ့အနေဖြင့် စွမ်းအားမြင့် VCD စက်များ၏ ဈေးနှုန်း လျော့ချနိုင်ပေသည်။ ထိုကုမ္ပဏီများ သွေးပင် အံရပေအုံးမည်။

သို့တိုင်အောင် ယခုမူ အချိန်မတန်သေးချေ။ ဆိုနီနှင့် ကျန်ကုမ္ပဏီများ အားကောင်းနေဆဲ ဖြစ်ပေသည်။

DVD ဖိုရမ်ဖြင့် စည်းရုံးမှုကြောင့် ကမ္ဘာ့အကြီးဆုံး လူသုံး လျှပ်စစ်ပစ္စည်း ကုမ္ပဏီ(၃၀)ကျော်သည် တရုတ်တွင် သူတို့၏ စုပေါင်းရုံးချုပ်တည်ဆောက်ရန် ဖြစ်လာသဖြင့် ဆိုနီနှင့် ကျန်ကုမ္ပဏီများ အထိတ်တလန့် ဖြစ်သွား တော့သည်။

DVD ဖိုရမ်အတွက် ဖိတ်ကြားစာ မည်သည့်အတွက် လက်ခံမရရှိခဲ့သနည်း။ ၎င်းတို့သည် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး လူသုံးလျှပ်စစ် ကုမ္ပဏီများအတွင်း ပါဝင်နေပေသည်။ ဤဖိုရမ်ကို မည်သည့် ကုမ္ပဏီ စီစဉ်သနည်း။

ဌာနချုပ်ကို တရုတ်နိုင်ငံ ဟာဖေးတွင် တည်ထားသည်လော။ ဆိုလိုသည်မှာ ဤအဖွဲ့အစည်းကို စတင်ခဲ့သည်မှာ လေနှင့်မိုး လျှပ်စစ် ဖြစ်ပေသည်။ အနှီ ကုမ္ပဏီငယ်လေးသည် သူ၏ မူပိုင်ခွင့်လေးဖြင့် ဦးဆောင်နိုင်မည် ထင်နေသည်လော။ ထိုကုမ္ပဏီများ မိုက်မဲလွန်းကြသည်လော။ မည်သည့်အတွက် ထိုအဖွဲ့အစည်းတွင် ပါဝင်ကြသနည်း။

ဆိုနီနှင့် ကျန်ကုမ္ပဏီများသည် ထိုဖိုရမ်တွင် ပါဝင်သည့် အဖွဲ့ဝင်စာရင်းကို စစ်ဆေးသည့်အခါ မိုက္ခရိုဆော့ဖ်နှင့် တာတာ တို့ပင် ပါဝင်ကြောင်း သိလိုက်ကြသည်။ DVD သည် ဆော့ဖ်ဝဲ ကုမ္ပဏီများနှင့် မည်သို့ သက်ဆိုင်သနည်း။ မည်သည့်အတွက် ပါဝင်လာခဲ့ကြသနည်း။

ဆိုနီနှင့် ကျန်ကုမ္ပဏီများ ဝန်မခံချင်ကြသော်လည်း ထိုကုမ္ပဏီများသည် DVD ဖိုရမ်ကို ဖွဲ့စည်းပြီးနောက် ၎င်းတို့မှာ သင်းကွဲများ ဖြစ်သွားပေပြီ။

DVD ဝှက်စာအမျိုးအစား (၃)မျိုးနှင့် သတ်မှတ်ချက် (၅)ခု ရှိပေသည်။ DVD R/RW (R= အခွေဖတ်သီးသန့်၊ RW=အခွေဖတ်ခြင်း၊ ရေးမှတ်နိုင်ခြင်း) သည် လေနှင့်မိုးမှ ဖြစ်ပေသည်။ DVD R/RW ကို ပိုင်အိုနီးယားမှ မိတ်ဆက်ခဲ့ပြီး တိုရှီဘာ၏ စနစ်မှာ DVD-RAM ဖြစ်သည်။ RW ဆိုသည်မှာ သီအိုရီအဆင့်တွင်သာ ရှိနေဆဲဖြစ်ပြီး တီထွင်နေဆဲသည့်သည့်အတွက် နောင်တွင် RAM ကို ROM ဖြင့် အစားထိုးမည် ဖြစ်သည်။

အမှန်တကယ်တွင် AIWA ကုမ္ပဏီသည် DVD-Audio ကိုတီထွင်နေဆဲ ဖြစ်သည်။ DVD-Audio optical drive ပြီးနောက် DVD-Video ကို သုတေသန ပြုလုပ်ခဲ့ပေသည်။ ထိုနည်းပညာများသည် ဖွံ့ဖြိုးတိုးတက်မှုအဆင့်တွင် ရှိနေဆဲဖြစ်ပြီး ဈေးကွက်သို့ မိတ်ဆက်နိုင်ခြင်း မရှိသေးချေ။

ထို့ကြောင့် DVD+R၊ DVD-R နှင့် DVD-RAM တို့သည် စက်မှုလုပ်ငန်း ပုံစံများဖြစ်ပြီး ကုမ္ပဏီများသည် ၎င်းတို့၏ ပုံစံများကို စက်မှုလုပ်ငန်း စံအဖြစ် ပြုလုပ်ရန် ပြိုင်ဆိုင်နေကြခြင်းပင်။ အစပိုင်း၌ DVD+R သည် အညံ့ဆုံးဖြစ်ပြီး ထိုပုံစံကို ပံ့ပိုးသည့် ကုမ္ပဏီ အနည်းဆုံး ဖြစ်ပေသည်။ တိုရှီဘာ၏ RAM ပုံစံကို ထောက်ခံသူ အများဆုံး ဖြစ်ပေသည်။

သို့ရာတွင် ယခုမူ အရာအားလုံး ပြောင်းလဲသွားချေပြီ။ DVD+R သည် ပင်မပုံစံ ဖြစ်လာမည်ဖြစ်ပြီး ကျန် ပုံစံနှစ်ခုသည် ၎င်းတို့၏ ပံ့ပိုးမှု တဖြည်းဖြည်း ဆုံးရျုံးသွားမည် ဖြစ်သည်။

ဆန့်ကျင်ဘက် ကုမ္ပဏီများသည် လေနှင့်မိုး လျှပ်စစ်နှင့် မဟာမိတ်ဖွဲ့ထားပြီး ဖြစ်သည်။ အစပိုင်းတွင် ၎င်းတို့ ဦးဆောင်နေသော်လည်း ရုတ်တရက် အခြေအနေ ပြောင်းလဲသွားပေသည်။

တစ်ခုတည်းသော ဖြေရှင်းချက်မှာ ကုမ္ပဏီ(၂)ခုပူးပေါင်းကာ ပုံစံတစ်ခုတည်ကို မိတ်ဆက်ရန်ဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့ကို လေနှင့်မိုး လျှပ်စစ်၏ ဖိနှိပ်ခြင်း ခံရပေတော့မည်။

သို့ရာတွင် ပြဿနာတစ်ခု ရှိနေသေးသည်မှာ လုပ်ငန်းစံနှုန်းကို မည်သည့် ပုံစံအသုံးပြုသင့်သနည်း။

နှစ်ဦးနှစ်ဖက် လက်တွဲဆောင်ရွက်ခဲ့ကြသော်လည်း ဤပူးပေါင်းဆောင်ရွက်မှုကို အကောင်အထည်ဖော်ရန် တရားမျှတမှုရှိရမည် ဖြစ်သည်။ ကုမ္ပဏီ နှစ်ခုစလုံးသည်လည်း ကုမ္ပဏီကြီးများဖြစ်ပြီး နည်းပညာကောင်းများ ရှိကြပေသည်။ ကျန်ကုမ္ပဏီကို ပံ့ပိုးရန် မိမိကိုယ်ပိုင်ပုံစံကို စွန့်လွှန်ရန် အကြောင်းမရှိချေ။

ထို့ကြောင့် တိုရှီဘာ၊ ဆိုနီ၊ ပိုင်အိုနီးယား၊ HP နှင့် ကျန်ကုမ္ပဏီများ တွေ့ဆုံဆွေးနွေးခဲ့ကြ ပေသည်။ ၎င်းတို့အားလုံး တွင် ရည်ရွယ်ချက် တစ်ခုသာ ရှိပေသည်။ အခြားကုမ္ပဏီများသည်လည်း သူတို့ပုံစံကိုသာ သုံးစေချင်ကြပေသည်။

ထိုကုမ္ပဏီများသည် သီးသန့် လျှောက်လှမ်းသွားမည် ဆိုပါက ကျရှုံးမည်ကို နားလည်ထားကြပေသည်။ ပူးပေါင်း ဆောင်ရွက်ပါက လေနှင့်မိုး လျှပ်စစ်ကို တွန်းလှန်နိုင်မည် ဖြစ်သည်။ ဆုံးနိမ့်သည့် အဖွဲ့သည် ကျရှုံးသွားရ ပေလိမ့်မည်။

တိုရှီဘာနှင့် ဆိုနီတို့သည် အတူပူးပေါင်းခဲ့ကြပြီး ဆိုနီတွင် အစီအစဉ်ကြီးတစ်ခုဖြင့် ထုတ်လုပ်ရေး စက်ရုံတစ်ခု ရှိပေသည်။ ထို့အပြင် တိုရှီဘာသည်လည်း Warner Bros ၏ရှယ်ယာရှင်တစ်ဦး ဖြစ်ပြီး ဆိုနီသည် ကိုလံဘီယာ ရုပ်ရှင်ကို ပိုင်ဆိုင်ထားပေသည်။

ပိုင်အိုနီးယားသည် အခွေထုတ်လုပ်သည့် စက်ရုံကြီးတစ်ခုရှိပြီး၊ HP သည် ကမ္ဘာ့ထိပ်တန်း ကွန်ပျူတာ ကုမ္ပဏီ ဖြစ်ပြီး DVD Drive များလိုအပ်ပေသည်။

နှစ်ဖက်ညှိနှိုင်းမှုများ စတင်ခဲ့တော့သည်။ DVD ဖိုရမ်ရှိ ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရန်အတွက် နှစ်ဖက်စလုံးမှ ပုံစံနှင့် စံနှုန်းအပေါ် ဆုံးဖြတ်ရန် လိုအပ်ကာ ဤပူးပေါင်းဆေင်ရွက်မှု အမြန်အဆုံးသတ်နိုင်မှ ဖြစ်ပေလိမ့်မည်။

နောက်ဆုံးတွင် HP သည် DVD Drive နည်းပညာကို အခမဲ့ခွင့်ပြုပေးရမည်ဟူသည့် တောင်းဆိုချက် ပေးခဲ့သည်။ ပိုင်အိုနီးယားတွင် ရွေးချယ်စရာ မရှိတော့ချေ။

ကစားပွဲမှ ထုတ်ပယ်ခံရခြင်းကို ကာကွယ်ရန် ပိုင်အိုနီးယားသည် DVD-RAM ပုံစံကို မိတ်ဆက်ရန် သဘောတူပြီး DVD-R မိတ်ဆက်ခြင်းကို ခြေတစ်လှမ်းလျော့နိုင်ပေသည်။ သို့ရာတွင် ပိုင်အိုနီးယားသည် သုတေသနပြုလုပ်မှုအား DVD-R တွင် ဆက်လက် လုပ်ဆောင်နေမည် ဖြစ်သည်။

ဤကုမ္ပဏီများသည် နောက်ဆုံး၌ DVD ဖိုရမ် ကိုတိုက်ခိုက်ရန်သာ ဆုံးဖြတ်ခဲ့သည်။ ကုမ္ပဏီများ၏ မဟာမိတ် အဖွဲ့ကိုလည်း ထူထောင်ပြီး ထိုမဟာမိတ်အဖွဲ့ကို DVD Alliance ဟု အမည်ပေးထားပေသည်။ ဤကုမ္ပဏီ အနည်းငယ်သည် ကျန်လျှပ်စစ်ကုမ္ပဏီများအား ဤအဖွဲ့တွင် ပူးပေါင်းရေး ဖိတ်ကြားရန် အဆက်အသွယ်များကို သုံးခဲ့ကြသည်။ ၎င်းတို့သည် ဤနည်းပညာကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် DVD ဖိုရမ်ကို တိုက်ဖျက်ရန် ပူးပေါင်း လုပ်ဆောင်သွားကြမည် ဖြစ်သည်။

သို့ရာတွင် ကုမ္ပဏီအများစုသည် DVD ဖိုရမ်တွင် ပါဝင်ထားကြသည်။ ၎င်းတို့သည် ဒုတိယအဆင့် ကုမ္ပဏီ အနည်းငယ်ကိုသာ ဖိတ်ကြားနိုင်ပေသည်။ သို့ရာတွင် ၎င်းတို့သည် မဟာမိတ်အဖွဲ့ကို ထူထောင်နိုင်ခဲ့ကြပေသည်။

DVD Alliance ကိုတည်ထောင်ပြီးနောက် ၎င်းတို့သည် ဆက်လက် သုတေသန ပြုကာ DVD-RAM ပုံစံကို မိတ်ဆက်မည် ဖြစ်ကြောင်း ချက်ချင်း ကြေညာခဲ့သည်။ DVD-RAM သည် စက်မှုလုပ်ငန်းတွင် အကောင်းဆုံး ပုံစံဖြစ်ပြီး DVD+R ပုံစံသည် ၎င်းတို့ကဲ့သို့ မကောင်းကြောင်း အခိုင်အမာ ပြောဆိုခဲ့ကြသည်။

DVD ဖိုရမ်မှလည်း ချက်ချင်း တုန့်ပြန်ခဲ့ပေသည်။ ပုံစံနှစ်ခုအကြား နှိုင်းယှဉ်မှု တစ်ခုပြုလုပ်ခဲ့ပေသည်။ DVD+R ၏ သိုလှောင်နိုင်မှု ပမာဏမှာ (2.8)G ဖြစ်ပြီး DVD-RAM ၏ သိုလှောင်နိုင်စွမ်းမှာ (2.58)G ရှိပေသည်။ မည်သည့် ပုံစံက ပိုမိုကောင်းမွန်ကြောင်း အဖြေရှင်နေပေသည်။

သို့ရာတွင် ထိုကိန်းဂဏန်းများသည် သီအိုရီများနှင့် သုတေသနမှ ဆင်းသက်လာခြင်း ဖြစ်ပေသည်။ အစုလိုက် အပြုံလိုက် မထုတ်လုပ်နိုင်သေးချေ။ နှစ်ဖက်စလုံး၏ နည်းပညာများ အပြီးမသတ်ရသေးချေ။ သုံးစွဲသူများအကြား ပို၍ ရေပန်းစားသည့် ပုံစံသည် ဦးဆောင်သူဖြစ်ကာ နောင်တွင် အမြတ်အစွန်း အများဆုံး ဖြစ်လာမည် ဖြစ်သည်။

ထိုသို့ဖြင့် DVD လုပ်ငန်းတွင် ပုံစံ နှစ်မျိုး ခေတ်သို့ ရောက်ရှိလာတော့သည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters