← Chapters

အခန်း (၆၁၆)

Vol. 42 Ch. 616

အခန်း (၆၁၆)

Vol. 42 Ch. 616

ရီရှင်းချန်သည် သေမျိုးစာရင်းသို့ ယှဉ်ပြိုင်နေတုန်းမှာပဲ ပြိုင်စံရှားဂိုဏ်းတွင်တော့ ဒုတိယမြောက် ဂိုဏ်းပြိုင်ပွဲ စတင်နေတော့သည်။

လွန်ခဲ့သည့် နှစ် စာရင်းများ အရ ဒီနှစ်ယှဉ်ပြိုင်ပွဲတွင်လည်း အဖွဲ့လေးဖွဲ့ ခွဲခြားထားသည်။ အဖွဲ့ (က) သည် သံသယဖြစ်စရာ မလိုအောင်ပင် အားနည်းနေပြီဖြစ်၏။

သိုပေမဲ့ ယခုနှစ်တွင် အားလုံးသည် သိုင်းစစ်သူကြီးအဆင့်ကို ရောက်ရှိ သွားကြပြီဖြစ်သောကြောင့် တိုက်ပွဲမှာ အလွန်ကြမ်းတမ်းလွန်းသည်။

လက်ရှိ ပြိုင်စံရှားဂိုဏ်း၏ တပည့်များ အနေနှင့် တခြားသောဂိုဏ်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီဆိုပါက ကျိန်းသေပေါက် ဗိုလ်ဆွဲမှာ သေချာသည်။

ရီရှင်းချန်သည် သေမျိုးအဆင့်၏ ပါရမီရှင်များကို ကိုးဆယ့်ကိုးယောက်လုံး အနိုင်ယူခဲ့၏။

သို့ပေမဲ့ ထို ကိုးဆယ့်ကိုးယောက်တို့သည် ပြိုင်စံရှား ဂိုဏ်း၏ အပြင်စည်းမှ လူတစ်ယောက်ချင်းစီနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ပေ။

အဘယ့်ကြောင့်နည်း။

အဘယ့်ကြောင့်ဆိုသော် ဤပါရမီရှင် ကိုးဆယ့်ကိုးယောက်တို့သည် တစ်ချက်တည်း တိုက်ခိုက်၍ ရှုံးနိမ့်ခဲ့ခြင်းပင် ဖြစ်၏။ စိတ်လှုပ်ရှားစရာပင် တစ်ချက်လေးမှ မရှိခဲ့ပေ။

တစ်ခြား တစ်ဖက်တွင် ရှိသော အုပ်စု (က) မှာ ရှိသော တပည့်များမှာတော့ တစ်ယောက်ပြီးတစ်ယောက် အပြိုင်အဆိုင်ယှဉ်ပြိုင်တိုက်ခိုက်လျက်ရှိသည်။

၎င်းတို့အားလုံးသည် သိုင်း၏ နည်းစနစ်များအားလုံးနှင့် ရင်းနှီးကြပြီး ဖြစ်သောကြောင့် တိုက်ခိုက်လိုက်သည့် အချိန်တိုင်းတွင် မီးတောက်များနှင့် ဖွေးလျက်ရှိနေတော့သည်။

ဆိုးရွားသည်မှာ ဂိုဏ်းအတွင်းသိုင်းပြိုင်ပွဲဖြစ်သည်မို့ လူများ လာရောက်ကြည့်ရှုခြင်း မရှိပေ။ မဟုတ်ပါက ထိုသူများအားလုံးသည် မည်သို့ ပြောရမှန်းမသိအောင်ပင် ထိတ်လန့်တုန်လှုပ်နေပေလိမ့်မည်။

အဆင့်အမြင့်ဆုံး အဖွဲ့ (က) ပင် ဖြစ်သည်။

ဤအဖွဲထဲသို့ ဝင်ရောက်ကြသူများအားလုံးသည် သိုင်းဘုရင် ဆေးလုံးကို အသုံးပြု၍ သိုင်းဘုရင် အဆင့်သို့ ရောက်ရှိ လာခဲ့သော သူများ အားလုံးပင် ဖြစ်၏။

ဂိုဏ်း၏ သိုင်းပြိုင်ပွဲသည် သိုင်းဘုရင် ပြိုင်ပွဲဟုပင် ဆိုရမည်။

ဤအရာသည်သာ ပျံ့နှံ့သွားပြီဆိုပါက အရှေ့တောင်ရန်ကျူးရှိ ရှိရှိသမျှသော လူများအားလုံးသည် ပါးစပ် အဟောင်းသား ဖြစ်သွားကြမှာ သေချာ၏။

လီထျန်းထျန် ၊ လင်းကျန့်ဟန် ၊ စီမာကျုံးတနှင့် တစ်ခြားသောတပည့်များအားလုံးသည် အဖွဲ့ (က) ထဲတွင် ရောက်ရှိနေကြသည်။ ၎င်းတို့သည် ၎င်းတို့၏ အားအင်အဆင့်များကို ထုတ်ဖော်ပြသလျက်ရှိသည်။

သို့ပေမဲ့ ယခုနှစ်တွင် အဖွဲ့ (က) အတွက် ဗိုလ်ဆွဲခဲ့သူမှာတော့ ဟယ်ဝူတီပင် ဖြစ်တော့၏။

"အရမ်းကို အားကောင်းလွန်းတယ်။သူ့ကို တစ်ယောက်မှ အနိုင်မယူနိုင်ဘူး။"

လီထျန်းထျန်း ၊ စွေ့ပုကျန်းနှင့် တစ်ခြားသောသူများအားလုံးသည် အရှုံးပေးလိုက်၏။

ယခင်ဂိုဏ်း၏ သိုင်းပြိုင်ပွဲဝင် သူတို့အားလုံးသည် အဖွဲ့ (က) တွင် ဝင်ရောက် မယှဉ်ပြိုင်ရဲချေ။ အဘယ့်ကြောင့်ဆိုသော် လုံကျိရန်နှင့် တစ်ခြားသူများသည် အလွန်တရာ အားကောင်းသောကြောင့် ဖြစ်၏။

လက်ရှိ အခြေအနေမှာတော့ ထိုသူများအားလုံးသည် အတွင်းစည်းတပည့်များ အဖြစ် အဆင့်တိုးမြှင့် ရောက်ရှိသွားခဲ့ပြီဖြစ်သောကြောင့် ၎င်းတို့အားလုံးသည် ယ‌ခု‌နှစ်တွင် ဗိုလ်ဆွဲခဲ့မည်ဟု ကျိန်းသေပေါက် ခန့်မှန်းထားခဲ့ကြသည်။

သို့သော်ငြား ဘယ်က ပေါ်လာမှန်းမသိသော ဟယ်ဝူတီသည် ဒုတိယမြောက် ဗိုလ်ဆွဲသူအဖြစ် တက်လှမ်းသွားနိုင်ခဲ့၏။

ဗိုလ်ဆွဲသူသည် များပြားလှသည့် ဆုလာဘ် များကို လက်ခံရရှိသည်။

သို့ပေမဲ့ ရရှိခဲ့သလို စွမ်း‌ဆောင်ရည်‌ကောင်းကို ပြသခဲ့သော လီထျန်းထျန်းနှင့် တစ်ခြားသူများအားလုံး သည်လည်း အတွင်းစည်းတပည့်များအဖြစ် လျင်မြန်စွာ ရောက်ရှိသွားခဲ့၏။

ပြောရလျှင် ပြိုင်စံရှား ဂိုဏ်း၏ အတွင်းစည်း တပည့်များသည် နှစ်ဆယ့်တစ်ယောက်မှသည် ကိုး‌ဆယ့်သုံး‌ယောက်ထိသို့ပင် တိုးတက်ရောက်ရှိသွားပြီ ဖြစ်သည်။

သိုင်းဘုရင် ဆေးလုံးကို အမှီပြု၍ သိုင်းဘုရင် အဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့သော အပြင်စည်း ဂိုဏ်းတပည့်များအားလုံးသည် အတွင်းစည်း တပည့်များ အဖြစ်သို့ ခေါ်ယူခြင်းကို ခံလိုက်ရသည်ဟု ဆိုရမည်။

ဟယ်ဝူတီမှာတော့ အတွင်းစည်း တပည့်ဖြစ်မလာခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သူသည် နောက်ဆုံးတပည့် ဖြစ်သောကြောင့်ပင်။

အစတုန်းက ဟာသလုပ် နောက်ပြောင်ခဲ့ခြင်း ဖြစ်သော်လည်း ၎င်း၏ ကြီးကျယ်ခမ်းနားလှသော ပါရမီကို ထုတ်ဖော်ပြသပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ၎င်းသည် နောက်ဆုံး တပည့်ဆိုသည့်နေရာနှင့် ထိုက်တန်လှသူဖြစ်ကြောင်း နားလည်လိုက်ရပြီဖြစ်၏။

……....

ဒင်။

“တပည့်ရီရှင်းချန်သည် သူရဲကောင်း စာရင်း၏ ပထမနေရာကို ရရှိခဲ့သည်။ ဂိုဏ်းစုဆောင်းမှတ် ၅၀၀၀ အား လက်ခံရရှိခဲ့သည်။”

ဒင်။

“ဂိုဏ်းစုဆောင်းမှတ် ၈၂၁၁/၂၀၀၀၀”

ဂိုဏ်း၏ သိုင်းပြိုင်ပွဲ ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ သတိပေးသံတစ်ခု သည် ကျွင်းချောင်ရှောင်း၏ နားထဲသို့ ရောက်ရှိလာသည်။

"ချီးတဲ့မှ …. ဒီကောင်လေးက တကယ့်ကို သေမျိုးစာရင်းရဲ့ ပထမနေရာကို ရောက်သွားတာပဲ။ငါ ရရှိခဲ့တဲ့ ဂိုဏ်းစုဆောင်းမှတ်ကလည်း အရမ်းကို များတာပဲ"

စနစ်က ပြောလိုက်သည်။ "ရီရှင်းချန်က လက်ခံသူကြောင့် ဒီလိုမျိုး ဖြစ်လာခဲ့တာလေ။ဒါကြောင့် အဆင့်မြင့် ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ရင် ဒီလိုပဲ ဆုလာဘ်တွေ ရရှိလာနိုင်တယ်။"

"အဲဒါက အံ့အားသင့်စရာပဲ" ကျွင်းချောင်ရှောင်းသည် သွားဖြီးကာ ပြောလိုက်သည်။

တစ်နေ့တည်းမှာပဲ လီလိုရှူသည် အဓိက ဟောခန်းထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်၏။ "ရီရှင်းချန်တစ်ယောက်က စွန်းဟယ်ယုနဲ့ စိန်ခေါ်တိုက်ခိုက်ခဲ့တယ်တဲ့။ပြီးတော့ သူက သေမျိုးစာရင်းရဲ့ ပထမနေရာကို ရရှိခဲ့တယ်။"

"တကယ်လား"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ဆုလာဘ် များ ရရှိပြီးသည့်နောက်မှာတော့ ရီရှင်းချန် အ‌နိုင်ရရှိသည်ကို သူ သိရှိပြီး ဖြစ်သည်။ သို့ပေမဲ့ ၎င်း၏ ပြိုင်ဘက်သည် မည်သူ ဖြစ်သနည်းနှင့် မည်သို့ တိုက်ခိုက်အနိုင်ယူခဲ့သည်ကို သူ သေချာမသိပေ။

လီလိုရှုသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ "စွန်းဟယ်ယုက စင်ပေါ်ကို မတက်ခင်တော့ တော်တော်လေး မောက်မာခဲ့တယ်။ဒီအရာက ရီရှင်းချန်ကို ဒေါသထွက်စေတယ်နဲ့တူတယ်။ဒီတော့ အညှာအတာကင်းမဲ့စွာနဲ့ အားလုံးရဲ့ အရှေ့မှာ အရိုက်နှက်ခံလိုက်ရတာပေါ့"

သူမဆီ ရောက်ရှိလာကြသော သတင်းအချက်အလက်အရ ဆိုလျှင် ရီရှင်းချန်နှင့် စွန်းဟယ်ယုတို့သည် တိုက်ပွဲစပြီဆိုသည်နှင့် မည်သည့် တိုက်ခိုက်ရေး နည်းစနစ်ကိုမှ ထုတ်ဖော်မပြောကြဘဲ တစ်ယောက်နှင့် တစ်ယောက် မြေပေါ်သို့ လဲကျအောင် တစ်ယောက်တစ်ချက် ထိုးနှက်ကြခဲ့သည်ဟု ဆို၏။

ဖြစ်စဉ်ကို ကြည့်ရှုနေကြသော ကျင့်ကြံသူတစ်သိန်းတို့ အားလုံးသည် ထိတ်လန့် တုန်လှုပ်မိပြီး ကျောရိုးမကြီး တစ်ခုလုံး စိမ့်တက်သွားသည်အထိ အံ့အားသင့် ထိတ်လန့်ခဲ့ကြ၏။ ကြမ်းတမ်းလွန်းသည်။ အလွန့် အလွန်ကို ကြမ်းတမ်းလွန်းလှသည်။

စွန်းဟယ်ယု၏ အမျိုးသမီး ပရိတ်သတ်များ အားလုံးသည်လည်း ဤကဲ့သို့ တိုက်ခိုက်ရေး နည်းစနစ်ကို မြင်ရချိန်မှာတော့ ပါးစပ်ကို လက်နှင့် အုပ်ကာ အံ့အားသင့်လျက် တွေတွေကြီး ရပ်ကြည့်နေမိကြ၏။

၎င်းတို့၏ ချမ်းသာသမျှကို သခင်လေး စွန်းပေါ်တွင် ပုံအပ်ထားကြသော ကျင့်ကြံသူများအားလုံးသည် မျက်ရည် ဝိုင်းသည်အထိ စိတ်ပျက် ဝမ်းနည်းလျက်ရှိနေကြတော့သည်။

ထို့အပြင် သူတို့ အနေနှင့် သည်းမခံနိုင်ဆုံး ကိစ္စရပ်ကလည်း ရှိနေသေး၏။ အပြင်းအထန် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ရီရှင်းချန်သည် စွန်းဟယ်ယူအား စင်မြင့်ပေါ်မှ ကန်ချလိုက်ပြီး ခပ်တည်တည်ဖြင့် ပြောခဲ့၏။ "ဒီလို အမှိုက်မျိုးက ဘယ်လိုဖြစ်ပြီး သေမျိုးအဆင့်ရဲ့ ထိပ်ဆုံးကို ရောက်နေရတာလဲ"

ချီးတဲ့မှ

ဤကောင်လေးသည် အမှန်ပဲ မောက်မာလွန်းလှ၏။

"ကောင်လေး"

အနောက်ဘက် လူအုပ်ထဲတွင် ရှိနေ‌သော သိုင်းဘုရင် ကျွမ်းကျင်သူ တစ်ယောက်သည် လေးလေးနက်နက် ပြောလိုက်သည်။ "မင်း ငါ့ကို တိုက်ခိုက်ရဲလား"

ဤလူသည် စွန့်ဟယ်ယုကို မသိပေ။

သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှ တပည့်သည်အလွန်တရာ မောက်မာသည်ကို မြင်ရချိန်မှာတော့ မည်သို့မှ သည်းမခံနိုင်တော့ဘဲ မျက်စိ ဆံပင်မွှေးစူး သည်မို့ ဤကဲ့သို့ ရှေ့သို့ ထွက်လာစိန်ခေါ်ခြင်းပဲ ဖြစ်တော့သည်။

"ကောင်လေး ကြောက်သွားပြီလား မင်းမှာ သတ္တိရှိရင် သူ စိန်ခေါ်တာကို မြန်မြန်လက်ခံလိုက်"

ဘုရင်မြို့တွင် ရှိနေကြသော သိုင်းကျင့်ကြံသူများအားလုံးသည်လည်း မီးလောင်ရာလေပင့် ဝိုင်းဝန်းပြောဆိုကြတော့သည်။ စွန့်ဟယ်ယုသည် ဆိုးဆိုးဝါးဝါးအရိုက်နှက် ခံခဲ့ရသည်။ ထိုအရာသည် အနောက်မြောက် ဟယ်ကျူးမှ လူများအားလုံး၏ မျက်နှာကို ပိတ်ရိုက်ခြင်းနှင့် ပင် ဆင်တူသည်။

"လာခဲ့လေ"

ရီရှင်းချန်သည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

ဤအတောအတွင်း သူသည် သိုင်းစစ်သူကြီးအဆင့် ငပေါများအား နင်းချေ အနိုင်ယူခဲ့ရသည်ကို ပျင်းရိနေပြီဖြစ်သည်။ ထို့ကြောင့် အဆင့်မြင့် ပြိုင်ဘက်တစ်ယောက်နဲ့ စိန်ခေါ်ခွင့် ရရှိရခြင်းသည် ကောင်းမွန်သည့် အရာပင် ဖြစ်တော့၏။

သိုင်းဘုရင်သည် ‌ခုန်၍ စင်မြင့်ပေါ်သို့ လှမ်းတက်သွားသည်။

ဝှစ်။

၎င်းသည် ဟန်ချက်ကို မထိန်းလိုက်နိုင်‌ချိန်မှာဘဲ ရီရှင်းချန်သည် လက်ကိုယမ်းခါလိုက်တော့၏။

အလွန်တရာ တောက်ပလှသော မီးတောက်များ ထွက်ပေါ်လာပြီးသည့်နောက် ချက်ချင်းဆိုသလိုပဲ စည်းတစ်ခုအနေနှင့် ခုတ်ပိုင်းလာသည်။

"မဟုတ်ဘူး"

သိုင်းဘုရင်သည် ထိတ်လန့် တုန်လှုပ်သွား၏။

ဂျိမ်း

တစ်စက္ကန့်အတွင်းမှာပဲ ၎င်းသည် အနောက်သို့ လွင့်စင်၍ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူ၏ ရင်ဘတ်တစ်ခုလုံးတွင် မီးတောက်လောင်လျက်ရှိပြီး ထိခိုက်မိသော ဒဏ်ရာကြောင့် ချက်ချင်းပင် မေ့မျောသွားတော့သည်။

သူသည် မြန်မြန်ဆန်ဆန်ပဲ စင်မြင့်ပေါ်သို့ တက်လာပြီး မြန်မြန်ဆန်ဆန်ပဲ ထွက်သွားခဲ့၏။

သိုင်းဘုရင်ဘက်မှ အကြီးအကျယ် အားပေးရန် ပြင်နေသော သိုင်းကျင့်ကြံသူများအားလုံးသည်လည်း ပါးစပ်အဟောင်းသားနှင့် ဖြစ်မိနေကြသည်။

သိုင်းဘုရင်တစ်ယောက် ချက်ချင်းအရှုံးပေးရသည်ဆိုလျှင် ၎င်း၏ အားအင်သည် မည်မျှအားကောင်းနေသနည်း။

ရီရှင်းချန်သည် သူ၏ မီးတောက်များကို ပြန်လည်ရုပ်သိမ်းပြီး ကျင့်ကြံသူများဘက်သို့ လှည့်ကာ ကြည့်လိုက်တော့သည်။ ပြီးနောက် မောက်မာစွာ ဆိုလိုက်သည်။

"ဘယ်သူက မကျေနပ်ဘူးလဲ။"

"ငါ မကျေနပ်ဘူး”

“ငါလည်း မကျေနပ်ဘူး"

ဘုရင့်မြို့တွင် ရှိသော သိုင်းဘုရင် အနည်းငယ်တို့သည် ဝင်ရောက်တိုက်ခိုက်ရန် စိတ်အား ထက်သန်လျက်ရှိကြသည်။

ဤမောက်မာလှသော လူငယ်ကို သူတို့အနေနှင့် အနိုင်မတိုက်ခိုက်နိုင်ပါက သူတို့၏ ဒေါသတရားများကို မည်သည့်နေရာတွင် ပုံချရတော့မည်နည်း။

...

ပြိုင်စံရှားဂိုဏ်း

ထုံးစံအတိုင်း ကျွင်းချောင်ရှောင်းသည် တပည့်များ၏ ကျင့်ကြံခြင်း အဆင့်အား အထူးကြည့်ရှုလျက်ရှိနေသည်။

တစ်ခါတစ်ရံ အနေဖြင့် သူသည် အကြီးအကဲဝေ၏ ဆေးဥယျာဉ်ဆီသို့ သွားကာ လက်ဖက်ရည် သောက်သုံးတတ်၏။

သူ၏ ဘဝသည် အလွန်တရာ ချောမောနေသည်။

"ဂိုဏ်းချုပ်"

ထိုအချိန်မှာပဲ လီလိုရှုသည် အလျင်အမြန်ပဲ ရောက်ရှိလာပြီး ပြောလိုက်သည်။ "တစ်ခုခုတော့ဖြစ်ပြီ"

"ဘာဖြစ်လို့လဲ" ကျွင်းချောင်ရှောင်း မေးလိုက်သည်။

လီလိုရှုသည် တည်ငြိမ်စွာပဲ ပြန်ပြောလိုက်၏။ "ရီရှင်းချန်က ဘုရင်မြို့မှာရှိတဲ့ လူပေါင်းများစွာကို အပြစ်ပြုမိခဲ့ပြီ။ ဒါကြောင့် သူနဲ့ ရှောင်ကျီတို့ ဘုရင်မြို့က ထွက်ခွာတာနဲ့ တစ်ပြိုင်နက် သိုင်းအုပ်စိုးသူ အနည်းငယ်က နောက်ကလိုက်ပြီးတော့ ပစ်မှတ်ထားတယ်လို့ ပြောကြတယ်။"

"ချီးတဲ့မှ"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "သူတို့က ငါ့တပည့်ကို မနိုင်တာကို ဘာလို့ လူတွေလွှတ်ပြီး ချောင်းမြောင်း တိုက်ခိုက်ရဲရတာလဲ။အနောက်မြောက် ဟယ်ကျူးက လူတွေက ဒီလောက် အရှက်မဲ့တာလား"

ဘုရင့်မြို့တွင် ရီရှင်းချန် ဘယ်လောက် မောက်မာခဲ့သနည်းဆိုသည်ကို သူ မသိချေ။

"ရှောင်ကျီက အကူအညီတောင်းလာတယ်။သူတို့နှစ်ယောက် က ယင် တောင်ရိုးထဲမှာ ပိတ်မိနေတယ်လို့ဆိုတယ်" လီလိုရှုက ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် အဓိက ဟောခန်းထဲမှ ထွက်လျှောက်လာပြီးသည့်နောက်မှာ သူ၏ စက်အတောင်ပံကို ချက်ချင်းပင် ဝတ်ဆင်လိုက်၏။

ပြီးနောက် အေးစက်စက် ပြောလိုက်၏။ "ဘယ်သူက ငါ့ရဲ့ ပြိုင်စံရှား ဂိုဏ်းကို အနိုင်ကျင့်ရဲလဲဆိုတာကို သိချင်တယ်"

ဝှစ်။

ပြောပြီးသည့်နောက် အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲကာ အနောက်မြောက်ဒေသဆီသို့ ဦးတည်ပျံသွားတော့သည်။

လီလိုရှုသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “လုချင်းချင်းတစ်ယောက် အရှေ့မြောက် လုကျိုးမှာ အနိုင်ကျင့်ခံရတယ်ဆိုတော့ ဂိုဏ်းထဲက လူတွေ အကုန်လုံးကို ခေါ်ပြီးသွားတိုက်တယ်။အခု ရှီရှင်းချန်နဲ့ ရှောင်ကျီတို့ ပိတ်မိနေတယ်ဆိုတော့ ဘယ်သူ့ကိုမှတောင် မခေါ်ဘူးတစ်ယောက်တည်း ထွက်သွားတယ်။ဘာလို့ အဲလောက်ထိ ခြားနားရတာလဲ"

သူမပြောသလိုဆိုလျှင် ဂိုဏ်းချုပ်ကျွင်းသည် တကယ်ပဲ ဘက်လိုက်သူတစ်ယောက် ဖြစ်နေသည်။

All Chapters