ဒီကျောင်းသားကိုလိုချင်တယ်
Vol. 007 Ch. 603
“ဘာလို့လဲ ဒီမှာက ကျောင်းသားရွေးချယ်ပဲမဟုတ်ဘူးလား” ရှီမာယူယူသည် မှင်တက်သွားကာ မေး လိုက်သည်။
“မင်းဝင်လို့မရဘူးဆိုတဲ့ အချိန်ကိုသတ်မှတ်ထားတာတော့မရှိဘူး၊ ဒါပေမဲ့ စာမေးပွဲပြီးဖို့ ၃နာရီခွဲပဲကျန် တော့တယ်၊ ဒီလောက်အချိန်တိုအတွင်းကို အဆင့်၆ဆေးဖော်ဖို့ မင်းအတွက် လုံးဝမဖြစ်နိုင်ဘူး၊ အဲတော့ မင်းဝင် သွားလည်း အကျိုးမရှိတဲ့အပြင် တခြားကျောင်းသားတွေကိုတောင် အနှောင့်အယှက်ဖြစ်စေဦးမယ် မင်းပြန်သွား သင့်တယ်”
“မဟုတ်ဘူး ကျွန်တော်ပြီးအောင်လုပ်ချင်တယ်” ရှီမာယူယူသည် ခိုင်မာစွာပြောလေသည် “ကျွန်တော် ပြီးအောင်လုပ်ရမယ်”
“မရဘူး အိမ်ကိုသာပြန်လိုက်ပါ၊ နောက်တစ်ခါရွေးချယ်မှုကိုတော့ စောစောလာခဲ့လိုက်၊ နောက်ထပ် အခွင့်အရေးကိုတော့ လက်မလွတ်စေနဲ့” ဆရာသည် လက်ရမ်းပြကာ သူမအားထွက်သွားခိုင်းလေသည်။
“ဆရာ ဒီ်ရွေးချယ်ပွဲက ကျွန်တော့်အတွက် အရမ်းအရေးကြီးလို့ပါ ဝင်ခွင့်ပေးပါ” ရှီမာယူယူသည် အသနားခံလေသည်။
“ငါ ဝင်ခွင့်ပြုတာ မပြုတာနဲ့မဆိုင်ဘူး၊ မင်းအခုဝင်သွားလည်း အချိန်မှီမှာမဟုတ်ဘူး၊ ဝင်သွားပြီး ရုတ်ရုတ်သဲသဲဖြစ်အောင် မလုပ်နဲ့” ဆရာသည် အေးစက်လွန်းသည်တော့မဟုတ်ပေ။ ဒီလိုလူငယ်လေး တစ် ယောက်မှ တောင်းဆိုနေသဖြင့် သူအနည်းငယ်တော့ တွေဝေသွားသည်။
အတွင်းနှင့် အပြင်ဂိုဏ်းကြားတွင် ကွာခြားချက်ကြီးမားသည်ကို သူ နားလည်သည်။
“ဘာတွေဖြစ်နေတာလဲ” ဟော်လန်သည် အနောက်မှ လျှောက်လာကာ မေးလေသည်။
“ဆရာဟော်”
“ဆရာဟော် ဒီကျောင်းသားက စာမေးပွဲဝင်ဖြေချင်တယ်လို့ ပြောနေတယ်” ဆရာပြန်ဖြေလေသည်။
“သူ့ကိုဝင်ခွင့်ပေးလိုက်ပါ” ဆရာဟော် ပြောလေသည်။
“ဒါပေမဲ့ အခုက အချိန်မရှိတော့ဘူး သူ…”
“သူ့ကို ဝင်ခွင့်ပေးလိုက်ပါ” ဆရာဟော်သည် ထပ်ပြောပြီးနောက် လှည့်ကာ ထွက်သွားလေသည်။
ဟော်လန် ဘာကြောင့် သူ့ကိုဝင်ခိုင်းသည်ကို အပြင်တွင် စောင့်နေသောဆရာသည် နားမလည်တော့ ပေ။ သို့သော် သူသည် သူမအားဝင်ခိုင်းလေသည်။
“ကျေးဇူးပါ ဆရာ” ရှီမာယူယူသည် သူ့အားပြုံးပြပြီး စာမေးပွဲနေရာသို့ပြေးသွားလေသည်။
ဘေဂုံထန်နှင့် တခြားသူများသည် သူမ နေရာအားပြောပြပြီးသဖြင့် ထိုနေရာသို့သာ တိုက်ရိုက်ပြေးသွား လိုက်သည်။ သူမ သူတို့အားမြင်သောအခါ ပြုံးပြပြီးနောက် စာပွဲပေါ်ရှိ ပါဝင်ပစ္စည်းများကို စစ်ဆေးတော့သည်။
သူမ ဝင်လာသည်ကိုတွေ့တော့မှပင် ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် သက်ပြင်းချနိုင်ပြီး ပေါင်းစပ်ခြင်း လုပ်ငန်းစဉ်ကို ဆက်လုပ်နေလေသည်။
ရှုဂျင်သည် ထိုင်ခုံတွင် ပျင်းရိစွာမှီနေပြီး ဟော်လန်ပြန်လာသည်ကို တွေ့လိုက်သည် “သူလား” သူသည် ပြုံးပြီးမေးလိုက်သည်။
ဟောလန်သည် ပြန်မဖြေပဲ ရှီမာယူယူ ဆေးဖော်နေသည်ကို လုံးဝအာရုံစိုက်ထားသည်။
ရှုဂျင်သည် သူ၏ အကျင့်ကိုသိပြီးသားဖြစ်၍ ဒေါသမဖြစ်တော့ပဲ ရှီမာယူယူဆေးဖော်နေသည်ကိုသာ ကြည့်နေလေသည်။
“အချိန်မရှိတာကို ပါဝင်ပစ္စည်းတွေကို သေချာစစ်နေတယ်၊ သူ့ရဲ့နှစ်မြုပ်ထားနိုင်စွမ်းကတော့ မဆိုးဘူး ပဲ၊ ဒါပေမဲ့ အစ်ကိုဟော် ဒီလောက်အချိန်တိုအတွင်းမှာ သူ ကြာစိမ်းဆေးကို ဖော်နိုင်မယ်လို့ထင်လား”
ဟော်လန်သည် ဒီတစ်ခေါက်တွင် အမှန်ပင် စိတ်ရှုပ်သွားသည်။ သူပြုံးလိုက်သော်လည်း ရှုဂျင် လန့်သွား သည်။
“အဆင်ပြေမှာပါ သူ့အတွက်တော့ အချိန်များရင်များနေမှာ”
ရှုဂျင်သည် သူ့အပြုံးကိုကြည့်ပြီး လန့်နေမိရာ ပြောဆိုမိလေသည် “သေစမ်း မဖြစ်နိုင်တာ အစ်ကိုဟော် ပြုံးလိုက်တာလား၊ ကောင်းကင်ကြီးရေ ဒီရေခဲတုံးကြီးက ပြုံးတတ်သေးတယ်”
သူအော်လိုက်သောအခါ တခြားဆရာများသည် သူတို့အား ကြည့်မိကြလေသည်။ သူတို့သည် အစပိုင်း တွင် အော်လိုက်သောဆရာကို ကြိမ်းမောင်းရန်ဖြစ်သော်လည်း အော်လိုက်သူမှာ ရှုဂျင်ဖြစ်သည်ကို သိသောအခါ ပြန်လှည့်သွားကြလေသည်။
ဒီလူက ရူးသွပ်နေတဲ့လူပဲ။ သူတို့က သူနှင့်ပတ်သတ်လိုခြင်းမရှိကြပေ။
ရှုဂျင်သည် သူတို့အား ဂရုမစိုက်ပဲ ဟော်လန်နှင့် စကားဆက်ပြောလေသည်။ သို့သော် ဟော်လန်သည် သူ့အား လျစ်လျူရှုကာ ပြန်မဖြေပေ။
“ဟော်လန် ဘာလို့သူ့ကိုပဲကြည့်နေတာလဲ၊ အခု ၃နာရီပဲကျန်တော့တယ် ကြာစိမ်းဆေးကို ဖော်ဖို့က မဖြစ်နိုင်တော့ဘူး.. သေစမ်း ငါမြင်နေရတာက သူ တကယ်ပဲ…”
ရှုဂျင်၏ မျက်နှာထားသည် ခုနက ဟော်လန်ပြုံးလိုက်သည်ကို တွေ့သည်ထက်ပင် ပိုထိတ်လန့်နေ သည်။ သူသည် ရှီမာယူယူအား ညွှန်ပြပြီး တုန်ယင်နေကာ စကားဆက်မပြောနိုင်တော့ပေ။
သူ၏ တုန့်ပြန်မှုကို တခြားဆရာများတွေ့သောအခါ ရှီမာယူယူကို ကြည့်လိုက်ကြသည်။ သူမသည် ပါဝင်ပစ္စည်းများကို ဆေးဖိုထဲသို့ တပြိုင်နက်ထဲထည့်လိုက်သည်ကို တွေ့သောအခါ သူတို့သည် အလွန်အံ့သြမိ ကြလေသည်။
“သူရူးနေတာလား၊ ပါဝင်ပစ္စည်းတွေကို ဘယ်လိုလုပ်တစ်ခါတည်းထည့်ရတာလဲ၊ သူ အဲလိုပုံနဲ့ ကြာစိမ်း ဆေးကို ဘယ်လိုလုပ်ဖော်နိုင်မှာလဲ ဖြုန်းတီးလိုက်တာပဲ ဖြုန်းတီးတာ” ဆရာတစ်ယောက် အော်လိုက်သည်။
“အဲဒါ ဘယ်သူ့ကျောင်းသားပဲ၊ ပါဝင်ပစ္စည်းတွေကို ဘယ်လိုလုပ်ဒီလိုဖြုန်းတီးတာလဲ၊ အပြင်ဂိုဏ်းက ဆရာတွေက ကျောင်းသားတွေကို ဒီလိုပဲသင်ထားတာလား”
“သူက ကျွန်တော့်ကျောင်းသားမဟုတ်ဘူး”
“ကျွန်တော့်ကျောင်းသားလည်းမဟုတ်ဘူး”
“မဟုတ်ဘူးဆိုရင်တောင် သူ့ကို ပါဝင်ပစ္စည်းတွေကိုဒီလိုမျိုး အလေအလွင့်မဖြစ်စေချင်ဘူး၊ ဒီလိုမျိုး ဆေးပါဝင်ပစ္စည်းတွေရဲ့ တန်ဖိုးကိုမသိတဲ့ကျောင်းသားကို ဂိုဏ်းကအပြစ်ပေးသင့်တယ်”
“အဲဒါ အခုလေးတင်ဝင်လာတဲ့ ကျောင်းသားမလား၊ ဒီလိုကျောင်းသားကိုဘာလို့ အဝင်ခံတာလဲ”
“ကျွတ်”
သူတို့ အပူတပြင်းဆွေးနွေးနေချိန်တွင် ရှီမာယူယူသည် နောက်ထပ် ပါဝင်ပစ္စည်းတချို့ကို ပစ်ထည့်ကာ ဆေးဆက်ဖော်နေလေသည်။
“ဘုရားရေ ဘုရားရေ သူက ဆေးဖက်ဝင်ပစ္စည်းတွေကို ဘယ်လိုလုပ်ဒီလိုဖော်ရတာလဲ၊ သူ့ကို နှုတ်ထွက်ခိုင်းပြီး နှင်ထုတ်လိုက်”
“ဟုတ်တယ် သူ့ကိုဆက်ပြီးဆေးမဖော်ခိုင်းနိုင်တော့ဘူး၊ ဆေးဖက်ဝင်ပစ္စည်းတွေကို တန်ဖိုးထားရ ကောင်းမှန်းမသိတဲ့သူက အဂ္ဂိရတ်ပညာရှင်ကောင်းကောင်းဖြစ်မလာနိုင်ဘူး”
“သဘောတူတယ်”
“…..”
“ခင်ဗျားတို့က တုံးတာလား” သူတို့ဆွေးနွေးမှုကို ထိုးဖောက်လာသော အသံကိုကြားလိုက်သည်နှင့် ဆရာအားလုံးသည် တုန်လှုပ်သွားကြလေသည်။
“ရှုဂျင် မင်းဘာလုပ်တာလဲ” သူ၏ စော်ကားသောအပြုအမူကို ဆရာအားလုံး မကျေနပ်ကြပေ။
“ကျွန်တော်ပြောတဲ့အတိုင်းပဲလေ၊ ဒီဟာကို နားမလည်နိုင်ဘူးဆိုတာ ခင်ဗျားတို့ တုံးတယ်ဆိုတာကို သက်သေပြနေတာပဲ” ရှုဂျင်သည် ပျင်းရိစွာပြောလေသည်။
“ရှုဂျင် မင်းမှာ အခွင့်ထူးခံရာထူးရှိတယ်ဆိုပြီး တခြားလူတွေကို တွေ့ကရာကျိန်ဆဲလို့မရဘူးလေ” ဆရာ တစ်ယောက်သည် မတ်တပ်ရပ်ပြီး စောဒကတက်လေသည်။
“ကျွန်တော်က ဘယ်တုန်းက တွေ့ကရာကျိန်ဆဲလို့လဲ” ရှုဂျင်သည် သူတို့အား စောင်းကြည့်ပြီး “ခင်ဗျား တို့က ဆေးဖော်နည်းမတူတာကို မသိပဲနဲ့ ကျောင်းသားကို ဖြုန်းတီးတယ်လို့ ပြောချင်သေးတယ်၊ အဲဒါ တုံးတာ မဟုတ်ရင် ဘာလဲ”
“မင်းဘာပြောလိုက်တာလဲ” ထိုဆရာသည် တုန်လှုပ်သွားကာ နောက်သို့ ခြေတစ်လှမ်းဆုတ်သွားလေ သည်။ “မတူညီတဲ့ဆေးဖော်နည်းဟုတ်လား၊ သူက ဘယ်လိုလုပ်မတူညီတဲ့ဆေးဖော်နည်းကို သိမှာလဲ၊ ဒီလို ဆေးနည်းမျိုးကို ကိုင်တွယ်နိုင်တဲ့ အဆင့်မဟုတ်သေးဘူးလေ”
“ခင်ဗျားရဲ့ နောက်ဆုံးမေးခွန်းက အဓိကအချက်ပဲ” ရှုဂျင်ပြောလိုက်သည် “ဒါပေမဲ့ သူဘယ်လို ကိုင်တွယ်နိုင်လဲဆိုတာ ကျွန်တော် ဂရုမစိုက်ဘူး၊ အဓိကက သူလုပ်နိုင်နေတာလဲ၊ သူဆေးဖော်နေတုန်း ထွက် လာတဲ့ ရောင်ဝါကိုကြည့်လိုက်”
“လုံးဝကို ဖြူစင်နေတယ်” လူငယ်တစ်ယောက်သည် တစ်ချိန်လုံးနှုတ်ဆိတ်နေရာမှ ပြောလေသည် “ဟုတ်သားပဲ ဘာလို့အားလုံး ရန်ဖြစ်နေကြတာလဲ ကြည့်နေတဲ့ကျောင်းသားတွေအများကြီးပဲ ကျောင်းသားတွေ ဆေးဖော်တာကို အားလုံးတိတ်တိတ်လေးကြည့်သင့်တယ်”
“အင်း”
သူပြောလိုက်သည်နှင့် အားလုံးသည် ငြိမ်ကျသွားကာ ထပ်ပြီးအထွန့်မတက်ကြတော့ပေ။ သို့သော် အားလုံးသည် သူမအား ဆက်ကြည့်နေကြသည်။ သူမ ဘယ်လိုလုပ် မတူညီတဲ့နည်းလမ်းကို သိသလဲဆိုသည် ကို အားလုံးက အလွန်သိချင်နေကြသည်။
“သူဒီနည်းလမ်း သိထားတာကို အစ်ကိုသိထားလား” ရှုဂျင်သည် ဟော်လန်အားပြောလေသည် “အဲဒါ ကြောင့် သူ့ကိုပြိုင်ပွဲဝင်ခိုင်းတာကိုး၊ သူဆေးဖော်ဖို့အချိန်လောက်တယ်ဆိုတာကို အစ်ကိုသိပြီးသားပဲ”
ဟော်လန်သည် သူ့အားကြည့်ပြီးပြောလေသည် “သိရင်လည်း ဘာလို့မေးနေသေးလဲ”
“သေစမ်း အစ်ကိုဟော် တကယ်ပဲသိထားတာပဲ၊ ဒါကိုတမင်လုပ်တာမလား” ရှုဂျင်သည် သူ့အား မုန်းတီး စွာကြည့်လိုက်လေသည်။
“သူက ဆေးပညာမှာ အရည်အချင်းရှိတယ်လို့ပဲအစ်ကိုပြောခဲ့တာလေ၊ အခု အဂ္ဂိရတ်ပညာလည်း ကောင်းကောင်းလုပ်နိုင်နေတယ်၊ သူက မတူညီတဲ့နည်းလမ်းကို သိနေတယ်ဆိုတာကို တစ်ခါမှလည်းမပြောဖူး ဘူး” ရှုဂျင် စောဒကတက်လေသည်။
“မင်းကိုပြောလိုက်ရင် ကိုယ်တိုင်မြင်တဲ့အချိန်ကျ ဘယ်အံ့သြတော့မလဲ” ဟော်လန်သည် တမင်လုပ် ခြင်းဖြစ်ကြောင်းကို အခုမှပင်ဝန်ခံတော့သည်။ ဒါသည် သူ၏ စကားများမှုကို လက်စားချေခြင်းဖြစ်သည်။
အမှန်ပြောရလျှင် သူမ မတူညီသည့်ဆေးနည်းလမ်းသုံးသွားသည်ကို သူကိုယ်တိုင်ပင် နစ်မြောနေခဲ့ သည်။ သူတောင် မှင်တက်နေမှတော့ ဒီလူလည်း အတူတူလောက်ပင်။
ရှုဂျင်သည် နှုတ်ခမ်းတွန့်လိုက်ကာ ပြောလေသည် “ဒီကျောင်းသား… ငါလိုချင်တယ်”
***