မျှမျှတတလုပ်
Vol. 007 Ch. 604
သူမ ဒီနေ့လုပ်လိုက်သောအပြုအမူသည် အားလုံးကို တုန်လှုပ်သွားစေမည်ကို ရှီမာယူယူသိသည်။ သို့သော် သူမတွင် ရွေးချယ်စရာမရှိပေ။ သူမသည် ကမ္ဘာမြေမျက်လုံးကိုရှာရန် အတွင်းဂိုဏ်းကိုဝင်ရမည်။
ထို့အပြင် ဂိုဏ်းမှအရည်အချင်းရှိသည်ဟု သတ်မှတ်ချင်းခံရပါက သတင်းလက်ခံရရန်ပို လွယ်ကူသွား မည်။
စင်ပေါ်မှကြည့်နေသော လူများသည် သူမ၏ ထူးချွန်သော လှုပ်ရှားမှုများကြောင့်မှင်တက်နေလေသည်။ သူမ ဆေးဖော်နေသည်ကိုကြည့်ရသည်မှာ လှပသည်။
ဝူလာလီသည် နေရာတစ်ခုရွေးပြီးထိုင်လိုက်သည်။ သူသည် လူကြားထဲမှ ထူးခြားသောအကြည့်ဖြင့် သူမအားဆက်ကြည့်နေလေသည်။ သူကြည့်နေရင်းနှင့် သူမ ပြောခဲ့သည့်စကားများကို တဖြည်းဖြည်းယုံကြည် လာသည်။
သူမသည် သူတို့အား အမှန်တကယ်ကူညီနိုင်တာဖြစ်လောက်သည်။
ရှီမာယူယူသည် ထိုဆေးပစ္စည်းများကို ဖော်စပ်ရန် အချိန်၁နာရီခွဲသုံးလိုက်သည်။ သူမ တခြားသော အမျိုးအစားများကို ဖော်စပ်ရသည်နှင့်တစ်ပြိုင်နက် စိတ်စွမ်းအင်ကို အနည်းငယ်ပိုထည့်လိုက်သည်။ ထို့ကြောင့် ပင် နောက်ဆုံးတွင် အားကင်ကုန်ခမ်းမှုကို ခံစားလိုက်ရသည်။
သူမတွင် ပြန်လုပ်ရမည့်အချိန်မရှိကာ တစ်ခါတည်းအပြီးအောင်မြင်အောင် လုပ်ရမည်။ သူမတွင် ခံနိုင် လောက်သည့် စိတ်စွမ်းအင်ရှိရန်အတွက် ဆေးတစ်လုံးထုတ်ကာ စားပြီးနောက် ဆက်ပြီး ဆေးဖော်လေသည်။
ဖော်စပ်ခြင်းလုပ်ငန်းစဉ်မှာ အချိန်ပေးရသည်။ သူမသည် ပျားရည်များထုတ်ကာ အနည်းငယ်ထည့်ပြီး ကြာစိမ်းဆေး၏ အရည်အသွေးကိုပိုကောင်းအောင် လုပ်လိုက်သည်။ ထို့ကြောင့်ပင် ဖော်စပ်ခြင်းလုပ်ငန်းစဉ်ကို ပိုတိုတောင်းသွားစေသည်။
၁နာရီကြာသောအခါ သူမသည် ပေါင်းစပ်ခြင်းလုပ်ငန်းစဉ်ပြီးသွားကာ နောက်ဆုံးအဆင့် ချုပ်နှောင်ခြင်း သာကျန်တော့သည်။
ထိုအချိန်တွင် လူတချို့သည် ဆေးဖော်ပြီးနေပြီ။ တချို့မှာ နောက်ဆုံးအဆင့်မှပင် ကျရှုံးကျသည်။
ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် ဆေးဖော်ပြီးနေလေပြီ။ ဆေးပေးရန် အလျင်မလိုသဖြင့် သူတို့သည် ကျန်နေခဲ့ကာ ရှီမာယူယူ ချုပ်နှောင်ခြင်းလုပ်ငန်းစဉ်လုပ်နေသည်ကို ကြည့်နေလိုက်ကြသည်။
သူမသည် မိုရှား သူမကိုပေးခဲ့သော ချုပ်နှောင်ခြင်းနည်းလမ်းကို သင်ယူခဲ့သော်လည်း အသားမကျသေး ပေ။
“ဒါက…” သတ်လတ်ပိုင်းအရွယ် အမျိုးသားသည် ထိုင်ရာမှ ထကာ တုန်လှုပ်သွားသော အမူအရာဖြစ် သွားလေသည်။
“အစ်ကိုဒူ ဘာဖြစ်လို့လဲ” တခြားသော အဂ္ဂိရတ်ဆရာများသည် ဒူဇီရှိ၏ လှုပ်ရှားမှုကိုတွေ့သောအခါ သိချင်နေလေသည်။
“သူ့ရဲ့ ချုပ်နှောင်ခြင်းနည်းလမ်းက….” ရှုဂျင်သည်လည်း ရှီမာယူယူအား မှင်တက်စွာ ကြည့်နေလေ သည်။ သူသည် ရင်ဘတ်ပေါ်လက်တင်ထားကာ သူမ ချိပ်ပိတ်နေသည်ကို ကြည့်နေလသည်။
သူနှလုံးခုန်နေသည်မှာ ရင်ဘတ်မှ ထွက်ကျမတတ်ဖြစ်နေသည်။
“အစ်ကိုဟော်က တကယ်ကို အရည်အချင်းရှိတဲ့လူကိုရှာတွေ့ထားတာပဲ မဟုတ်ဘူး လုံးဝကို ပါရမီရှင် ပဲ” သူလှည့်ကာ ဟော်လန်၏ လက်ကိုဆုပ်ကိုင်ကာ ပြောလေသည် “သူ့လိုလူကို ဘယ်လိုလုပ်ဆေးပညာမှာပဲ အာရုံစိုက်ခိုင်းထားတာလဲ၊ အတွင်းဂိုဏ်းမှာ ဆေးပညာဌာနမရှိလို့တော်သေးတယ် မဟုတ်ရင် အစ်ကို ကျွန်တော့် ကိုဒေါသထွက်နေမှာပဲ”
ဟော်လန်သည် မျက်လုံးပင့်ကာ ကောင်းကင်သို့ကြည့်လိုက်သည်။ ဒီကလေးသာ တကယ်ပဲ အတွင်း ဂိုဏ်းကိုရောက်မယ်ဆိုရင် မင်းကတော့ စောစောသေမှာလား နောက်ကျမှသေမှာလားပဲ။
အချိန်နီးလာသည်နှင့် ရှီမာယူယူ၏ နဖူးပေါ်တွင် ချွေးများသီးလာသည်။
“ရွှီး”
“ဘန်း”
မီးတောက်အသံထွက်လာပြီးနောက် ပေါက်ကွဲသံထွက်လာသည်။ ရှီမာယူယူသည် အနည်းငယ်မှ တုန်လှုပ်ခြင်းမရှိပဲ တည်ငြိမ်စွာ ဆေးဆက်ဖော်လေသည်။
“ဒူ…”
မောင်းသံထွက်ပေါ်လာရာ အားလုံးသည် လုပ်လက်စအလုပ်များရပ်သွားပြီး ဆေးဖိုအောက်မှ မီးတောက်များကို ငြှိမ်းလိုက်ကြသည်။
“အခု အတွင်းဂိုဏ်းအတွက် စာမေးပွဲရလဒ်ကို အစ်ကိုဒူကဦးဆောင်ပြီး စစ်ပေးဖို့ ဖိတ်ပါမယ်” ခုနက ဝင်ပေါက်တွင် စောင့်နေသော ဆရာသည် ပြောလေသည်။
ဒူဇီရှိသည် ရှုယင်နှင့်အတူ တခြားဆရာများကိုဦးဆောင်ကာ ပထမအတန်းမှစပြီးစစ်ရာ တစ်ယောက် ချင်းစီကို အကဲဖြတ်လေသည်။
ဆေးဖော်ရာတွင် အောင်မြင်သောလူများသည် သူတို့စားပွဲတွင် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရင်ဘတ်ကော့ကာ ရပ်နေလေသည်။ ကျရှုံးသူများသည် ခေါင်းငုံ့ထားကာ စိတ်ပျက်နေကြသည်။
သူတို့သည် ရာချီသောလူများကို လျင်မြန်စွာစစ်ဆေးပြီးသည့်အခါတွင် ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် လည်း အောင်မြင်သည့်စာရင်းတွင် ပါသါားသည်။ ရှီမာယူယူသည် နောက်ဆုံးကျန်သူဖြစ်သ်ည။
ဒူဇီရှိသည် ရှီမာယူယူရှေ့လျှောက်လာပြီး သူမအား ကြည့်ကာ ပြောလေသည် “မင်းက အရည်အချင်း ရှိတာပဲ”
“ချီးကျူပေးတဲ့အတွက် ကျေးဇူးပါ” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။
“မင်းစာမေးပွဲအောင်သွားပြီ” ဒူဇီရှိ ပြောလိုက်သည်။
“နှစ်သက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ဆရာ၊ ဒါပေမဲ့ စာမေးပွဲအောင်ဖို့အတွက် ဆေးကိုစစ်ရပါ ဦးမယ်၊ ကျွန်တော်က စာမေးပွဲကိုမရိုးမသား အောင်သွားတယ်လို့ တခြားသူတွေထင်သွားမှာ ဆရာလည်း လိုချင် မယ်မထင်ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
“မင်းသေချာရဲ့လား” ဒူဇီရှိသည် ရှီမာယူယူအား ကြည့်လိုက်သည် “မင်း ဒီဆေးဖိုကိုဖွင့်လိုက်တာနဲ့ ဆေးဖော်တာ မအောင်ဘူးဆိုရင် အတွင်းဂိုဏ်းကို ဝင်ခွင့်မရှိတော့ဘူးဆိုတာ သိလား”
သူတို့သည် ဆေးဖိုမှ ဆေးအနံ့မရသဖြင့် သူမသည် ဆေးဖော်မှုကျရှုံးသည်ကို သူတို့သေချာနေသည်။ ဒူဇီရှိပြောသည့်အတိုင်းဆိုလျှင် သူတို့သည် သူမအား အတွင်းဂိုဏ်းဝင်စေလိုသည့်ပုံပင်။
“သေချာပါတယ်” ရှီမာယူယူသည် လက်မြောက်လိုက်ပြီး ဆေးဖိုကိုဖွင့်လိုက်သည်။ ဆေးအနံ့သည် ချက်ချင်းပင်ထွက်လာသည်။
“ဆေးဖော်တာ အောင်မြင်တာပဲ” အနီးတွင် ရပ်နေသော ကျောင်းသားများသည် အပြေးရောက်လာကြ သည်။ သူတို့သည် ဆေးအနံ့ရသည်နှင့် ဆေးသည် အောင်မြင်သည်ကို သိလိုက်ကြသည်။ ထို့အပြင် အရည် အသွေးမှာ အနိမ့်ပေ။
“အဆင့်မြင့်ကြာစိမ်းဆေး” ရှုဂျင်သည် ဆေးအနံ့ရသည်နှင့် ဆေး၏အဆင့်ကို ပြောနိုင်သည်။
ရှီမာယူယူသည် ဆေးဖိုထဲမှ ဆေးကိုထုတ်ကာ လက်ဖဝါးပေါ်တင်ပြီး ဒူဇီရှိရှေ့သို့ ဆန့်ပေးလိုက်သည်။
“မဆိုးဘူး မဆိုးဘူး မင်းကအခု အတွင်းဂိုဏ်းရဲ့ ကျောင်းသားဖြစ်သွားပြီ” ဒူဇီရှိသည် ထိုမှတ်ချက်ကိုသာ ပေးပြီး လှည့်ထွက်ချိန်တွင် ပြုံးလိုက်သည်။
ရှုဂျင်သည် ရှီမာယူယူရှေ့သို့ အပြေးရောက်လာလေသည်။ သူသည် ပျော်ရွှင်နေသော မျက်နှာဖြင့် ရုတ်တရက်ပေါ်လာသဖြင့် လန့်သွားစေလေသည်။
ရှီမာယူယူသည် ရုတ်တရက်သူ၏ မျက်နှာကြီးကိုမြင်လိုက်ရသောအခါ မသိစိတ်မှ ရိုက်မိသွားလေ သည်။
“ဖြန်း”
ထိုရိုက်လိုက်သံသည် နေရာတစ်ခုလုံးကို ချက်ချင်းပင် ငြိမ်ကျသွားစေသည်။ အားလုံးကြည့်လိုက်ရာ ၂ယောက်သား နေရခက်သွားလေသည်။
“ကျွန်တော် ဆရာ့မျက်နှာမှာ ခြင်မြင်လိုက်လို့” ရှီမာယူယူသည် သူမလက်ကိုပြန်ရုတ်လိုက်ပြီး သူမ မျက်နှာချင်းဆိုင်တွင်ရှိနေသော လူကိုပြောလိုက်သည်။
“ငါ့မျက်နှာကဘာလို့ယားနေလဲလို့ထင်နေတာ ခြင်ဖြစ်နေတာကိုး” ရှုဂျင်သည် သူ့မျက်နှာကို ကိုင်ကြည့် လေသည်။ ဒီကောင်လေးက ချွတ်ယွင်းချက်တော့ရှိတာပဲ။
ရှီမာယူယူသည် ရိုးသားစွာဖြင့် မျက်တောင်ခတ်နေလေသည်။ သူမရှေ့ကို ရုတ်တရက်ရောက်သွားတာ သူ့အမှားပါလေ။
“ကောင်လေး မင်းက အရည်အချင်းရှိတာပဲ နောက်ကိုငါမင်းကို သင်ပေးဖို့လာခဲ့မယ်” ရှုဂျင်သည် သူမ အား ပြုံးပြပြီးနောက် “စိတ်ချပါ ငါ မင်းရဲ့ အရည်အချင်းကိုအကောင်းဆုံးဖြစ်အောင် လုပ်ပေးမှာ”
“ကျွန်တော့်ဆရာကို ကိုယ်တိုင်ရွေးလို့ရလား” ရှီမာယူယူ မေးလိုက်သည်။
“မရဘူး” ရှုဂျင်သည် ပြုံးပြီးပြောလိုက်သည် “ကျောင်းသားကောင်းလေး မင်းစောစော သတင်းပို့သင့် တယ်၊ မင်းကိုစောင့်နေမယ်နော် ဟားား”
ရှုဂျင်သည် ရယ်မောပြီးထွက်သွားရာ ရှီမာယူယူသည် သူထွက်သွားသည်ကို ကြည့်နေလသည်။ သူမ သည် သူမဘဝတွင် ဒီလိုဆရာမျိုးနှင့်တွေ့ပြီး ကြမ်းတမ်းလိမ့်မည်ဟု ထင်မထားပေ။
ရှုဂျင်၏ ကျောင်းသားရွေးသောအဆင့်မြင့်သည်ကို တခြားဆရာများမကျေနပ်သော်လည်း သူတို့သည် ဘာမှမပြောပေ။
“ဆရာဟော်” ရှီမာယူယူသည် ဟော်လန်အားကြည့်လိုက်သည်။
ဟောလန်သည် လျှောက်လာပြီး သူမပခုံးကိုပုတ်ပြီး ပြောလိုက်သည် “သူ့မှာက ကျောင်းသားကို အရင် ရွေးခွင့်ရှိတယ်၊ အဲဒါကကျောင်းအုပ်ကြီးက သူ့ကို ပေးထားတဲ့အာဏာပဲ၊ ပြီးတော့…. သူက အဂ္ဂိရတ်ပညာမှာ အရမ်းတော်တယ်၊ မင်း သူ့လက်အောက်မှာဆိုရင် တော်တော်များများသင်ရမှာပါ အင်း သေချာသင်ပေါ့”
သူသည် ပြောပြီးနောက်ထွက်သွားလေသည်။
ရှီမာယူယူသည် နေရာတွင်ပင် ကျန်နေကာ သူမအနာဂတ်သည် ခြောက်ကပ်တော့မည်ဟု ခံစားနေရ လေသည်။
***