← Chapters

ဓားဧကရာဇ် ၏ အဆိပ်အော်ရာ

Vol. 9 Ch. 106

ဓားဧကရာဇ် ၏ အဆိပ်အော်ရာ

Vol. 9 Ch. 106

မီးလျှံတိုင်ကြီးတစ်ခုသည် ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေခဲ့ပြီး ကောင်းကင်ပေါ်မှ မီးတောက်မီးလျှံများဖြင့်မီးနဂါးတစ်ကောင် ဆင်းသက်လာကာ ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဝါးမြိုဖျက်ဆီးနေသကဲ့သို့ပင် တူညီသောအဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့လေသည်။

အာရန်သည် ထိုမီးလျှံတိုင်ဆီသို့ ပြေးသွားလိုက်ပြီး ထိုအရာသည် သူထင်ထားသည်ထက် ပို၍လွယ်ကူနေခဲ့ပုံရလေသည်။

ဤအရှိန်အတိုင်းသာ ဆက်လက်လုပ်ဆောင်နိုင်လျှင် သူသည် ဤတိုက်ပွဲကို မျှော်လင့်ထားသည်ထက် စော၍ အဆုံးသတ်နိုင်မည်ဖြစ်လေသည်။

သူလုပ်ရန်လိုသည်မှာက ပင်လယ်နဂါးမင်းသား၏နှလုံးသားကို ဆွဲထုတ်ရန်သာ ဖြစ်လေသည်။

သို့သော် အာရန်သည် မကြာမီ မီးလျှံတိုင်ရှိရာဆီသို့ရောက်ရှိသွားခဲ့သော်လည်း အတွင်းသို့ဝင်ရောက်တော့မည့်အချိန်တွင် နဂါးတစ်ကောင်၏ ဟိန်းသံတစ်ခုကို ကြားလိုက်ရသည်။

ထို့နောက် ဧရာမအမြီးကြီးတစ်ခုသည် ထိုမီးလျှံတိုင်ကြီးဆီမှ ထွက်လာကာ အာရန် ၏ရင်ဘတ်ကို ရိုက်ခတ်မိပြီး လွင့်စင်သွားစေခဲ့သည်။

ထိုမီးလျှံတိုင်ကြီးဆီမှ လှပသော အပြာရောင်နဂါးတစ်ကောင် ထွက်ပေါ်လာခဲ့လေသည်။

ထိုနဂါး၏ခန္ဓာကိုယ်တစ်ခုလုံးသည် မဖောက်ထွင်းနိုင်သော အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဧရာမပင်လယ်မြွေကြီး တစ်ကောင်နီးပါး ရှည်လျားနေခဲ့လေသည်။

အရွယ်ရောက်ပြီး ပင်လယ်နဂါးများနှင့် နှိုင်းယှဉ်ပါက ယခုပုံစံသည် အလွန်သေးငယ်နေသေးသည်ဟုဆိုနိုင်လေသည်။

သို့သော် ကောင်းကင်ရှိ ဖီးနစ်ငှက်နှင့် နှိုင်းယှဉ်ကြည့်ပါမူ သူသည် ဧရာမနဂါးတစ်ကောင်ပင်ဖြစ်နေဆဲဖြစ်သည်။

နဂါးမင်းသားသည် သူ၏အစစ်အမှန် မျိုးဆက်သွေး၏ ပုံသဏ္ဍာန်အမှန်ဆီသို့ ပြန်လည်အသွင်ပြောင်းလိုက်ပြီဖြစ်လေသည်။

သူသည် ကောင်းကင်သို့ တစ်ချက်ဟိန်းဟောက်လိုက်ပြီး ထိုဟိန်းဟောက်သံသည် ကျွန်းတစ်ခုလုံးကိုပင် တုန်ခါသွားစေခဲ့လေသည်။

..............

“အရှင်မင်းသား”

မင်းသားနှင့်အတူ လိုက်ပါလာသော အစောင့်သည် မင်းသား၏ဟိန်းဟောက်သံကို ကြားပြီးနောက် ကြက်သေးသေသွားခဲ့လေသည်။

သူသည် သူ၏နဂါးမင်းသားမှာ ထိုလူသားအား အလွယ်တကူပင် ကိုင်တွယ်နိုင်ခဲ့လိမ့်မည်ဟု ထင်ထားမိခဲ့ပြီး အကယ်၍မနိုင်ခဲ့လျှင် ထိုရတာကိုအသုံးပြု၍ ထွက်ပြေးလိမ့်မည်ဟုသာ ထင်မှတ်ထားခဲ့လေသည်။

သို့သော် မင်းသားသည် သူ၏အစစ်အမှန်ပုံစံကို ထုတ်ဖော်ရန် အတင်းအကျပ် စေခိုင်းခံခဲ့ရပုံပေါ်လေသည်။

ဤပြောင်းလဲထားသောပုံစံဖြင့်ဆိုပါမူ နဂါးမင်းသားသည် သူတတ်နိုင်လျှင်ပင် ထွက်ပြေးတော့မည်မဟုတ်ကြောင်း အစော့နဂါးမှ သေခြာသိလိုက်လေသည်။

သူသည် နဂါးမင်းသား၏လုံခြုံရေးအတွက် အလွန်စိုးရိမ်ပူပန်လာပြီဖြစ်လေသည်။

သူသည် ထိုအမျိုးသမီးကို အလွယ်တကူ သတ်ပြီး မင်းသားထံသို့ခဏအတွင်း ပြန်သွားနိုင်လိမ့်မည်ဟု တွေးထင်ခဲ့မိသော်လည်း ထိုအမျိုးသမီးသည် သူမျှော်မှန်းထားသည်ထက် များစွာပို၍ဒုက္ခပေးနိုင်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။

သူမ၏ခွန်အားသည် သူ့ထက် အားနည်းနေသော်လည်း သူမ၏အမြန်နှုန်းမှာမူ သူ့ထက် တစ်ဆင့်ပို၍ မြင့်မားနေခဲ့လေသည်။

ဤအမျိုးသမီးကို အမှန်တကယ် သတ်နိုင်ရန်မှာ အချိန်မည်မျှကြာနိုင်မည်ကို သူ အမှန်တကယ် မသိနိုင်ချေ။

သို့သော် တစ်ခုတော့သေချာနေလေသည်။

သူသည် ဤနေရာတွင် ဆက်လက်ဖြုန်းတီးရန် အချိန်မရှိတော့ချေ။

သူသည် မင်းသားထံ ပြန်ရောက်ပြီး သူ့ကို ပြန်လည် ခေါ်ဆောင်သွားရမည်ဖြစ်လေသည်။

“ရှင်က ခုမှဘယ်ထွက်သွားချင်နေတာလဲ”

အစောင့်နဂါးသည် အစောပိုင်းကျွန်းဆီသို့ ပြန်သွားရန် ကြိုးစားလိုက်သော်လည်း အားကောင်းသော စွမ်းအင်စီးကြောင်းတစ်ခုသည် သူ့အား ဖြတ်ကျော်သွား၍ သမုဒ္ဒရာကို နှစ်ခြမ်းခွဲလိုက်ကာ သူ့အား လမ်းတစ်ဝက်တွင်ပင် ရပ်တန့်စေလိုက်လေသည်။

“မင်းကာကွယ်နေတဲ့သူလည်း မလုံခြုံနေဘူးနော် ဒီတိုက်ပွဲကို အခုပဲ အဆုံးသတ်လိုက်တာကောင်းမယ်”

အစောင့်က အော်ဟစ်ပြောဆိုလိုက်သည်။

ထိုလူသားသေသွားခြင်းသည် ကိစ္စမရှိချေ။

သို့သော် သူ၏ မင်းသားငယ်သာထိခိုက်သွားပါက သူသည် အကျိုးဆက်များကို မမှန်းဆဝံ့တော့ပေ။

ဤတိုက်ပွဲကို ဤနေရာတွင်သာ အဆုံးသတ်ပြီး ပြစ်ဒဏ်တစ်ခုအပေးခံလိုက်ရခြင်းကသာ သာ၍ကောင်းမွန်နေဦးမည်ဖြစ်သည်။

ရှုယင်သည် ကျွန်း၏ တည်ရှိရာဘက်သို့ ကြည့်လိုက်လေသည်။

ထိုနဂါး၏ ဟိန်းဟောက်သံသည် အန္တရာယ်များနေသည်ဟု ခံစားမိနေသည်။

အာရန်သည် ပင်လယ်နဂါးတစ်ကောင်အား သတ်နိုင်ရန် မည်မျှ စိတ်အားထက်သန်ကြောင်း သူမသိနေခဲ့လေသည်။

ဤသည်မှာ ၎င်းတို့၏နောက်ဆုံးအခွင့်အရေးလည်း ဖြစ်သွားနိုင်လေသည်။

သူမသည် သူ၏လမ်းကြောင်းအတွက် အတားအဆီးတစ်ခုဖြစ်သွားခဲ့ပါက သူမကိုယ်သူမ ဘယ်တော့မှ ခွင့်လွှတ်နိုင်မည်မဟုတ်ပေ။

“ကျွန်မက သူ့ကို ယုံကြည်ဖို့ ရွေးချယ်မယ် ရှင်သာတကယ်လို့ ဒီတိုက်ပွဲကို အဆုံးသတ်ချင်ရင် ကျွန်မဓားနဲ့ ခုချက်ချင်းအသေခံလိုက်ပါ”

သူမသည် အဆုံးသတ်တွင် အာရန်အား ယုံကြည်ရန်သာရွေးချယ်ခဲ့လေသည်။

အာရန်သည် သူမထင်ထားသည်ထက် များစွာ ပို၍အားကောင်းကြောင်း ယုံကြည်နေခဲ့သည်။

သူသည် သူမအတွက် မဖြစ်နိုင်ဘူးဟုထင်ခဲ့ရသော အရာအချို့ကိုပင် အောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့ကြောင်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီးဖြစ်လေဖြစ်သည်။

“သူက အချိန်ကိုလိုအပ်နေတယ်ဆိုရင် ငါက သူ့အတွက် အချိန်ကိုရအောင်ယူပေးရမှာပေါ့”

..............

နဂါးမင်းသား၏ ဟိန်းသံသည် ဝေးလံခေါင်သီသောနေရာများဆီသို့ပင် ပျံ့နှံ့သွားခဲ့လေသည်။

သို့သော် ၎င်းသည် နဂါးအင်ပါယာထံသို့ ရောက်ရှိရန်အထိတော့ လုံလောက်စွာ အားမကောင်းသေးပေ။

အခြားယှဉ်ပြိုင်သူများမှာလည်း မတူညီသော ဦးတည်ရာများသို့ တစ်ဦးချင်းစီသာ သွားခဲ့ကြရလေသည်။

၎င်းတို့အထဲမှ အများစုသည်လည်း ထိုဟိန်းသံကို မကြားခဲ့ကြရသလို ကြားခဲ့ကြရသူများကလည်း လျစ်လျူရှုရန်သာ ရွေးချယ်ခဲ့ကြလေသည်။

သူတို့သည် သူတို့ထဲမှ တစ်စုံတစ်ယောက်မှ ပင်လယ်မြွေတစ်ကောင်နှင့် တိုက်ခိုက်ရင်းဖြင့် အခက်အခဲတစ်စုံတစ်ရာရှိနေသောကြောင့် ဟုသာ တွေးထင်ခဲ့ကြသည်။

ထို့ပြင် သူတို့သည် ၎င်းကို စစ်ဆေးအတည်ပြုရန်ပင် မတွေးမိခဲ့ကြပါ။

ဤစမ်းသတ်မှုသည် ၎င်းတို့အား မိမိတို့ကိုယ်ကိုာ်သာ အားကိုးရမည်ဟူ၍ သတ်မှတ်ထားသော စမ်းသပ်မှုတစ်ခု ဖြစ်နေခဲ့လေသည်။

သူတို့သည် အခြားသူများကို ကူညီရန်အတွက်ထိုစည်းမျဉ်းကို ပျက်ကွက်ခံမည်မဟုတ်ပေ။

ထို့ကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ပင်လယ်နဂါးမင်းသားငယ် ဆီသို့ အကူအညီပေးရန် ရောက်မလာခဲ့ကြခြင်း ဖြစ်လေသည်။

ကံမကောင်းစွာဖြင့် နဂါးမင်းသားသည်လည်း မိမိကိုယ်ကိုယ် အခြာသူ၏ အကူအညီလိုအပ်သည်ဟု ထင်နေသည့်ပုံ မပေါ်ခဲ့ချေ။

အာရန်သည် သစ်ပင်တစ်ပင်နှင့် တိုက်မိသွားပြီး နာကျင်မှုဝေဒနာတစ်ခုကို ခံစားလိုက်ရလေသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏အရိုးများသည် ကျိုးမသွားခဲ့ပေ။ အာရန်သည် သူ၏ ခြေထောက်ပေါ်သို့ သွေးများကို အန်ထုတ်လိုက်မိသည်။

“ငါက အနီရောင်အလံကို ကိုင်မြှောက်မိခဲ့တာလား” အာရန်သည် သွေးတစ်လုတ်ကို ထပ်မံထွေးထုတ်လိုက်သည်။

ထိုစဉ် အာရန်သည် ကောင်းကင်တွင် မီးတောက်မီးလျှံများဖြင့် စဉ်ဆက်မပြတ် တိုက်ခိုက်ခံရမှုကြောင့်စိတ်အနှောင့်အယှက်ဖြစ်သွားဟန်ရသော ထိုပင်လယ်နဂါးမင်းသားသည် သူ၏ဖီးနစ်ငှက်ဆီသို့ တိုက်ခိုက်ရန် တည့်တည့်ပျံသန်းသွားနေသည်ကို မြင်လိုက်ရသည်။

ဖီးနစ်ငှက်သည် သူ၏ မျိုးရိုးစဉ်ဆက်သဘာ၀ ရန်သူတစ်ဦးကို ရင်ဆိုင်လိုက်ရသည့်အလားခံစာလိုက်ရလေသည်။

သူမသည် ထိုတိုက်ခိုက်မှုမှ ရှောင်တိမ်းရန်အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ပင်လယ်နဂါးမင်းသားသည် သူမအတွက် အလွန်မြန်ဆန်လွန်းနေခဲ့သည်။

ဖီးနစ်ငှက်သည် မရွေ့လျားနိုင်မီမှာပင် လူငယ်နဂါးသည် သူ၏ချွန်ထက်လွန်းသော သွားများဖြင့် သူမ၏ မီးများတောက်လောင်လျက်ရှိသော အတောင်ပံများအတွင်းသို့ နက်ရှိုင်းစွာ ကိုက်ခဲလိုက်လေသည်။

ဖီးနစ်ငှက်သည် နာကျင်စွာ အော်ဟစ်လိုက်လေသည်။

သူမသည် မိမိကိုယ်ကိုယ် လွတ်မြောက်ရန် အသဲအသန်ကြိုးစားလိုက်မိသဖြင့် သူမ၏ မီးတောက်များမှာလည်း ပိုမိုပြင်းထန်လာခဲ့လေသည်။

သူမ၏မီးတောက်များသည် ထိုပင်လယ်နဂါးမင်းသားကိုပင် လောင်မြိုက်ပစ်နိုင်ခဲ့သော်လည်း ၎င်းတို့သည် သူ့အားများစွာထိခိုက်ပျက်စီးစေနိုင်ခြင်း မရှိခဲ့ချေ။

နဂါးမင်းသား၏ နဂါးအကြေးခွံများသည်အလွန်မာကြော၍ သူ့အား ထိုမီးလျှံများ၏ ဒဏ်မှ ကာကွယ်ပေးနေခဲ့လေသည်။

နဂါးမင်းသားသည် သူ၏ယခုအစစ်အမှန်အသွင်သဏ္ဍန်ဖြင့် ထိုမီးတောက်များသည် သူ့အား လုံးဝမထိခိုက်စေနိုင်သည့်အပြင် ဤမီးတောက်များမှ အဖျက်စွမ်းအားများကိုပါ လျှော့ချပစ်နိုင်သေးလေသည်။

နဂါးသည် ဖီးနစ်ငှက်ကို မရွေ့လျားနိုင်အောင် ထိုနေရာတွင်ပင် ထိန်းချုပ်ထားလိုက်လေသည်။

သူသည် ဖီးနစ်ငှက်၏အတောင်ပံများကို ဆွဲဖြဲရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေခဲ့သည်။

ထို့ပြင် သူ၏လက်သည်းများသည်လည်း ဖီးနစ်ငှက်၏ခန္ဓာကိုယ်ကို ကုတ်ခြစ်ရန် ကြိုးစားနေခဲ့ကြပြီး သူမကို နာကျင်စွာ အော်ဟစ်စေခဲ့သည်။

ပင်လယ်နဂါးမင်းသားသည် ငယ်ရွယ်သေးသည်ဟုဆိုနိုင်သော်လည်း နဂါးအင်ပါယာတွင် နေထိုင်ကြီးပြင်းခဲ့သူဖြစ်ပြီး တိုက်ခိုက်နည်းများစွာကို သိနေခဲ့လေသည်။

တစ်ဖက်တွင် ဖီးနစ်ငှက်မှာမူ ပို၍ပင်ငယ်ရွယ်သေးပြီး သူမသည် သင့်လျော်သော တိုက်ခိုက်နည်းလမ်းညွှန်မှုများကိုလည်း မရရှိခဲ့ဖူးပေ။

ထို့ကြောင့် သူမသည် ဤတိုက်ပွဲတွင် တစ်ပန်းရှုံးနေကာ နဂါးမင်းသားနှင့်ယှဉ်ပါက သိသိသာသာ အားနည်းနေခဲ့ခြင်း ဖြစ်လေသည်။

အာရန်သည် ကောင်းကင်ရှိ သူ၏ ဖီးနစ်ငှက် အဖြစ်ကိုမြင်နေခဲ့ရပြီး သူ၏အမူအရာများသည်လည်း အလားတူပင် ညှဉ်းပန်းနှိပ်စက်မှုများခံနေရဟန် ဖြစ်သွားခဲ့လေသည်။

“ငါ့ကို အပေါ်ကိုခေါ်သွားပေး”

သူသည် ဖီးနစ်ငှက်အား အော်ဟစ်အမိန့်ပေးလိုက်လေသည်။

ဖီးနစ်ငှက်၏ လေစွမ်းအင်ဖြင့်သာ သူသည် ကောင်းကင်တွင်ပျံသန်းကာ သူမကို ကူညီနိုင်မည်ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူ၏အမိန့်ပေးသံသည် သူမ၏ နာကျင်စွာအော်ဟစ်သံများကြားတွင် နစ်မြုပ်သွားခဲ့ရလေသည်။

ဖီးနစ်ငှက်သည် သူမ၏အသက်ဆက်လက်ရှင်သန်နိုင်ရေးအတွက် တိုက်ပွဲတွင်ပင် အလုံးစုံနှစ်မြုပ်ထားခဲ့လေသည်။

“အား”

အာရန်သည် အမှန်တကယ် ပျံသန်းနိုင်ခြင်းမရှိသေးသောကြောင့် သူသည် ဖီးနစ်ငှက်မှ လေစွမ်းအင်များကိုသာ အားကိုးရယူနိုင်ခဲ့သော်လည်း သူမသာမကူညီပါက သူမည်သို့မျှတတ်နိုင်မည်မဟုတ်ပေ။

“ဓားဧကရာဇ်ရဲ့အော်ရာ”

အာရန်သည် ဓားဧကရာဇ်၏အော်ရာကို ထုတ်လွှတ်လိုက်ပြီး ၎င်းသည် စွမ်းအင်လှိုင်းများအဖြစ်သို့ အသွင်ပြောင်းသွားကာ ခပ်ဝေးဝေးဆီသို့ ပျံ့နှံ့သွားစေခဲ့သည်။

အာရန်၏ ဓားဧကရာဇ်အော်ရာမှ ပြင်းထန်သည့်ဖိအားအချို့သည် အလွန်အမင်း အရှိန်အဝါကြီးသောကြောင့် လူငယ်နဂါးနှင့် ဖီးနစ်ငှက်တို့ကိုပင် ခဏတာခန့် ရပ်တံ့သွားစေခဲ့လေသည်။

အာရန်သည် ယခင်က ထိုဓားဧကရာဇ်၏ အော်ရာကို လှည့်စားရန် အတွက်သာ အသုံးပြုနိုင်ခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ ထိုအော်ရာသည်သိသိသာသာ ကွဲပြားသွားသည်ဟု ခံစားမိလိုက်လေသည်။

ဤအော်ရာသည် ရာစုနှစ်ပေါင်းများစွာကတည်းက သူ၏ ခန္ဓာကိုယ်အတွင်း အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ဘူးသလို ဖြစ်သွားခဲ့ကာ ယခင်လှည့်စားသည့် အစွမ်းတစ်ခုနှင့်မတူတော့ပဲ ခံစားချက်အသစ်တစ်ခုကို ခံစားမိလိုက်ရသည်။

ထိုစဉ် အာရန်သည် သူ၏ ရတနာလည်ဆွဲတစ်ခုသည်လည်း တစ်ချိန်တည်းတွင် မှိန်ဖျော့ဖျော့ အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေခဲ့သည်ကိုမူ သူသည်သတိမထားမိခဲ့ချေ။

“ ငါ့ကို အပေါ်ကိုခေါ်သွားပေး “ အာရန်သည် နောက်တစ်ကြိမ်ထပ်မံ အော်ဟစ်လိုက်သည်။

ထိုခဏတာအတွင်းမှာပင် ဖီးနစ်ငှက်သည် အာရန်၏အသံကို ပြန် ကြားလိုက်ရပြီးနောက် သူမ၏အာရုံများကို တဖန်ပြန်လည်ရရှိသွားခဲ့သည်။

သူမသည် အာရန်အား သူမ၏လေစွမ်းအင်များဖြင့် ဝန်းရံကာ လေထဲသို့ ပျံသန်းစေလိုက်သည်။

သို့သော် နဂါးသည် သူ၏အာရုံများကို ပြန်လည်ရရှိသွားချိန်တွင် ဖီးနစ်ငှက်၏ ခဏတာ တုံ့ဆိုင်းသွားမှုကြောင့် ၎င်း၏အားသာချက်သည် ခဏတာသာရရှိခဲ့လေသည်။

သူမသည် သူမ၏လေစွမ်းအင်ထိမ်းချုပ်နိုင်မှုကို ခဏအတွင်းပြန်လည် ဆုံးရှုံးသွားခဲ့ရလေသည်။

အာရန်သည် ထိုစဉ်တွင် သူသည်ရုတ်တရက်အောက်သို့ ပြုတ်ကျသွားတော့မည်ကို သဘောပေါက်မိလိုက်သောကြောင့် သူ့တွင်ကျန်ရှိနေသေးသော အဆောင်ပစ္စည်း အကြွင်းအကျန်အချို့ကို အသုံးပြုလိုက်သည်။

သူ၏ လျှင်မြန်မှုနှင့် ခွန်အားသည် ချက်ချင်း မြင့်တက်သွားလေသည်။

အာရန်သည် ဖီးနစ်၏ လေစွမ်းအင်အကြွင်းအကျန် အနည်းငယ်ကို တစ်ချက် အားယူ၍ နင်းလိုက်ကာ အမြင့်သို့ ခုန်တက်လိုက်လေသည်။

သူ၏ ရတနာလည်ဆွဲတစ်ခုသည် ပို၍ပင် တောက်ပသော အလင်းရောင်များကို ထုတ်လွှတ်လာခဲ့လေသည်။

သူ၏ နှုတ်ခမ်းဆီမှ စီးကျလာသော သွေးများသည် ပို၍မဲနက်လာပြီး သူ၏ဓားဆီသို့ စီးဆင်းသွားလေသည်။

လည်ဆွဲသည် သူ၏သွေးများကို အတင်းအကျပ် စုတ်ယူနေသကဲ့သို့ သူ၏ မျက်လုံးများ၊ နှာခေါင်းပေါက်၊ နှုတ်ခမ်းများနှင့် သူ၏ဒဏ်ရာများဆီမှ သွေးများ သည် ပို၍ပို၍ ထွက်လာခဲ့လေသည်။

အာရန်သည် သူ၏မျက်လုံးများဆီမှ သွေးမျက်ရည်များ စီးကျလာပြီးနောက် သူ၏မျက်ဝန်းများသည် သမုဒ္ဓရာကြမ်းပြင်ကဲ့သို့ နက်ရှိုင်းသောအနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဓားဧကရာဇ်၏အော်ရာသည်လည်း ပိုမို၍ အားကောင်းလာခဲ့ပြီး ပို၍ပင် ဝေးဝေးသို့ ပျံ့နှံ့သွားစေခဲ့လေသည်။

အာရန်၏ဓားသည် ပို၍ရှည်လျားလာခဲ့ပြီး အဆိပ်သွေးများဖြင့် ဖုံးလွှမ်းသွားခဲ့လေသည်။

အဆိပ်၏ ရနံ့သည် လေထဲတွင် ပြည့်နှက်လျက်ရှိနေကာ လူငယ်နဂါးမင်းသားကို အန္တရာယ်တစ်ခုအား ခံစားမိစေခဲ့သည်။

နဂါးမင်းသားသည် ဖီးနစ်ငှက်အားကိုက်ခဲထားသော သူ၏ပါးစပ်ကိုဖွင့်လိုက်ကာ နောက်ဆုတ်ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း ဓားသွားသည် သူ၏ ဇက်ပိုးပေါ်သို့ပြုတ်ကျလာခဲ့ပြီးဖြစ်လေသည်။

ခဏတာအတွင်း သူ၏ကမ္ဘာတစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့ပြီး ဧရာမခေါင်းကြီးတစ်လုံးသည် ထိုနဂါးမင်းသား၏ခန္ဓာကိုယ်အတွင်းမှ ထွက်ခွာသွားခဲ့လေသည်။

....

ထိုအချိန်တွင် ပင်လယ်နဂါးတော်ဝင်နန်းတော်တစ်နေရာ၌ အင်ပါယာဘုရင်မသည် အနားယူနေသကဲ့သို့ မျက်လုံးများကိုမှိတ်ကာ ပလ္လင်ပေါ်တွင် ထိုင်နေခဲ့လေသည်။

ထိုစဉ် ခန်းမ၏တံခါးသည် ရုတ်တရက် ပွင့်လာကာ လူတစ်ဦးသည် အလျင်အမြန် ပင် ပြေးဝင်လာခဲ့သည်။ သူ၏မျက်နှာသည် လုံးဝ ဖြူဖျော့နေခဲ့လေသည်။

“အရှင်မ … အရှင်မ ခင်ဗျာ…ကြောက်မက်ဖွယ်ရာ တစ်ခုခု ဖြစ်ပျက်ခဲ့ပါတယ်”

အင်ပါယာဘုရင်မသည် သူမ၏မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

#Catfoot

All Chapters