← Chapters

ပုရွဲဆိတ်အဆင့်တောင်မရှိဘူး

Vol. 9 Ch. 107

ပုရွဲဆိတ်အဆင့်တောင်မရှိဘူး

Vol. 9 Ch. 107

ပင်လယ်နဂါးဘုရင်မသည် သူမ၏ လှပသော အပြာရောင် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

“ဟို သန့်စင်ပုရောဟိတ်မပဲမလား သူငါတို့၏ တံခါးဝသို့ ထပ်ရောက်ရှိလာပြန်ပြီလား အဲ့ဒီအရူးမက ယခု ငါတို့လူ ဘယ်နှစ်ယောက်တေင် သတ်ပြီးပြီလဲ”

ဟု ပျင်းရိသော အသံဖြင့် မေးလိုက်သည်။

“အဲ့ဒီကိစ္စမဟုတ်ပါဘူး အရှင်မ ခင်ဗျား ခုက အရှင်မရဲ့…မောင်...”

“ငါ့မောင်က ဘာလုပ်နေလို့လဲ”

နဂါးဘုရင်မသည် သူမ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

ရှင်းပြနေသော ထိုလက်အောက်ငယ်သားသည် ရုတ်တရက် သူ့ပခုံးပေါ်တွင် တောင်ကြီးတစ်လုံး ပြုတ်ကျလာသကဲ့သို့ ခံစားလိုက်ရလေသည်။

“သူ…သူ သေဆုံးသွားပါပြီ သူ့ရဲ့ ဝိညာဉ်ကျောက်စိမ်း ကွဲသွားပြီ...”

“ဘာ…”

ဘုရင်မသည် ထရပ်လိုက်ပြီး လက်တင်ခုံနေရာကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ နန်းတော်တစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

“ပင်လယ်မြွေရိုးရိုးလေးတစ်ကောင်က ငါ့အစ်ကိုကို သတ်နိုင်တယ်လို့ မင်းကပြောချင်နေတာလား လိမ်လည်မှုရဲ့ အကျိုးဆက်တွေကို မင်းသိရဲ့လား”

သူမ၏ မောင်လေးသည် ပင်လယ်မြွေတစ်ကောင်ကြောင့် သေဆုံးနိုင်စရာ အကြောင်းမရှိပါ။

၎င်းသည် သူ့အတွက် အန္တရာယ်မရှိသလောက် လွယ်ကူလွန်းသော စမ်းသပ်မှုလေး တစ်ခုသာဖြစ်လေသည်။

ထို့အပြင် သူ့တွင် အရေးပေါ်အခြေအနေများတွင် ထွက်ပြေးရန်အတွက်လည်း လွတ်မြောက်ခြင်းလက်ဝတ်တန်ဆာတစ်ခု ရှိနေသေးသည်။

သူ၏ အသက်သည် အမှန်တကယ် အန္တရာယ်ရှိနေလျှင်ပင် သူသည် လွယ်လွယ်ကူကူ ထွက်ပြေးနိုင်ရမည်ဖြစ်လေသည်။

ဤသမုဒ္ဒရာအတွင်း သူ၏မောင်လေးအား သတ်ရန် မည်သူ့တွင်မှ နည်းလမ်း သို့မဟုတ် ထိုသို့လုပ်ဝံ့သည့် ရဲရင့်မှုမျိုးရှိနိုင်မည်မဟုတ်ပါ။

“အလိမ်အညာတစ်ခုဖြစ်ခဲ့ရင် တကယ်ကောင်းမှာပဲလို့ ဆုတောင်းမိပါတယ် အရှင်မ ဒါပေမယ့် ဘုရားကျောင်းမှာ ကျွန်တော် ရှိနေတဲ့အချိန်မှာ သူ့ရဲ့ ဝိညာဉ်ကျောက်စိမ်း ကွဲသွားတာကို ကျွန်တော်ကိုယ်တိုင် မြင်ခဲ့ရတာပါ”

ထိုလူသည် သူ၏ ဦးခေါင်းကို ငုံ့ထားလိုက်သည်။

သူသည် သူ့ကိုယ်သူ ထိန်းချုပ်ရန် ကြိုးစားသော်လည်း သူ၏ လက်များမှာ သိသိသာသာ တုန်ယင်နေဆဲဖြစ်လေသည်။

“သူသေဆုံးတဲ့နေရာကို စစ်သည်တော်တွေကို ကျွန်တော် စေလွှတ်ထားပြီးပါပြီ မကြာခင်မှာ ကျွန်တော်တို့ အဖြေသိရပါလိမ့်မယ်”

ထိုလူသည် ဘုရင်မ၏ အမူအရာများကို ခိုးကြည့်ရင်း သူ၏ ခေါင်းကို ဂရုတစိုက် မော့လိုက်သည်။ ဘုရင်မ မရှိတော့သည်ကို တွေ့လိုက်ရသောအခါ သူသည် အံ့အားသင့်သွားလေသည်။

သူမ ထွက်ခွာသွားပြီဖြစ်သည်။

သူသည် ချွေးများရွှဲနစ်စွာဖြင့် နောက်သို့ လဲကျသွားလေသည်။

“အရှင်မက ဒေါသတကြီးနဲ့ င့ါကို သတ်တော့မယ်လို့ ထင်ထားတာ ကြည့်ရတာ ငါကံကောင်းသွားတယ်ထင်တယ်”

“အရှင်မ ကိုယ်တိုင် အဲဒီနေရာကို သွားနေပြီဆိုတော့ မင်းသားကို သတ်တဲ့သူဟာ အခု သေခြင်းထက် ဆိုးတဲ့အဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ရတော့မှာ အသေအချာပဲ”

................

အာရန်သည် ပင်လယ်နဂါးမင်းသားကို သတ်နိုင်လိုက်ပြီးဖြစ်လေသည်။

အာရန်သည် ထိုအခိုက်အတန့်တွင် မည်သို့မည်ပုံလုပ်လိုက်သည်ကိုပင် သူကိုယ်တိုင်ပင် သတိမထားမိခဲ့ပါ။

ထိုအခိုက်အတန့်တွင် ဓားဧကရာဇ်၏ အော်ရာသည် အဆိပ်လည်ဆွဲနှင့် အတူ ထူးဆန်းသည့် ပေါင်းစပ်မှုတစ်ခုကို ဖန်တီးလိုက်သကဲ့သို့ပင်ဖြစ်သွားခဲ့လေသည်။

ထိုတိုက်ခိုက်မှုသည် ထိုအခိုက်အတန့်အတွင်း သူ့ထံသို့ သဘာဝကျကျပင် အချိန်ကိုက် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ခံစားလိုက်ရသည်။

ထိုတိုက်ခိုက်မှုမတိုင်မီတွင် သူသည် ထိုအစီအစဉ်မှာအောင်မြင်နိုင်ပ့ါမလား ဆိုသည်ကို မသိနိုင်ခဲ့သော်လည်း ဤအရာသည် သူလုပ်သင့်သည့်အရာတစ်ခုဟူ၍ သူ၏ အတွင်းစိတ်မှ ခံစားမိနေခဲလေသည်။

ဤတိုက်ခိုက်မှုသည် မည်မျှထိရောက်သည်ကို မြင်ရသောအခါ သူကိုယ်တိုင်ပင် အံ့အားသင့်သွားရလေသည်။

ကံမကောင်းစွာဖြင့် အာရန်သည် ထိုတိုက်ခိုက်မှုအတွင်း သူ၏ သွေးများစွာကို ဆုံးရှုံးလိုက်ရသောကြောင့် သူသည် အလွန်ပင် ပင်ပန်းနွမ်းနယ်သွားခဲ့လေသည်။

သူ၏ ခန္ဓာကိုယ်မှာ အမြင့်မှ ပြုတ်ကျနေစဉ်တွင်ပင် သူ၏ အမြင်အာရုံများမှာ အနည်းငယ် ဝေဝါးလာခဲ့လေသည်။

ထိုအချိန်တွင် အတောင်ပံများ ဒဏ်ရာရနေသော ဖီးနစ်ငှက်သည် တဟုန်ထိုး ပျံဆင်းလာခဲ့လေသည်။

အာရန်၏ ခန္ဓာကိုယ်သည် ဖီးနစ်ငှက်၏ ကျောပေါ်သို့ ရောက်ရှိသွားသော်လည်း ဖီးနစ်ငှက်သည် ဆက်လက်၍ ပျံသန်းနိုင်ခြင်း မရှိတော့ပါ။

သူမသည် ထိုဆင်းသက်မှုကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း သူမ၏ အတောင်ပံများတွင် သွေးများစွာယိုစီးကျလျက်ပင် မြေပြင်ပေါ်သို့ ပုံပျက်ပန်းပျက်ဖြင့် ကျဆင်းသွားလေတော့သည်။

အာရန်သည် ပြင်းထန်စွာ ဒဏ်ရာရလျက်ရှိနေသော ဖီးနစ်ငှက်ကို မြင်လိုက်ရလေသည်။

သွေးများသည် ထိုဖိးနစ်ငှက်၏ ခန္ဓာကိုယ်မှ ဆက်တိုက်ပင်မတိတ်ပဲ စီးဆင်းလျက်ရှိပြီး ထိုငယ်ရွယ်၍ ဒဏ္ဍာရီဆန်သော သူ၏ထိုငှက်ကို ကူညီရန် ဆေးဝါးများလည်း သူ့တွင်ရှိမနေခဲ့ပေ။

အာရန်သည် သွေးများအလွန်အကျွံ ဆုံးရှုံးမှုကြောင့် ခေါင်းများမူးမိုက်နေခဲ့သော်လည်း သူ၏ ဖီးနစ်ငှက်ကို ကာကွယ်ရန် နည်းလမ်းများကို စဉ်းစားနေခဲ့လေသည်။

“မင်းကို ဘာမှမဖြစ်စေရဘူး”

သူသည် ဖီးနစ်ငှက်၏ ကျောပေါ်သို့ သူ၏ လက်ကို တင်ထားလိုက်ပြီး သူမကို သူ၏ စနစ်သိုလှောင်ခန်းအတွင်းသို့ ပြန်ပို့ထားလိုက်လေသည်။

သူ့ရဲ့ စနစ်သိုလှောင်ခန်းထဲတွင် အပြင်ဘက်အချိန်၏ စီးဆင်းမှုဥပဒေသများ သက်ရောက်မှု ရှိမနေခဲ့ပါ။

ယခုအချိန်တွင် ၎င်း၏ သွေးထွက်လွန်ခြင်းကို ရပ်တန့်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ထိုဖီးနစ်ငှက်ကို ဤနေရာတွင်ထည့် ထားလိုက်ခြင်း တစ်ခုသာရှိတော့လေသည်။

ဂိုဏ်းသို့ ပြန်ရောက်ပြီးမှသာ သူမကို ကူညီရန် လူတစ်ယောက်ကို ရှာဖွေနိုင်မည်ဖြစ်သည်။

ဖီးနစ်ငှက် ပျောက်ကွယ်သွားသောအခါမှသာ အာရန်သည် မြေပြင်ပေါ်မှ ကျိုးစာ၍ ထရပ်လိုက်သည်။

သူသည် ဝေဝါးနေသော အမြင်အာရုံကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ကြိုးစားရင်း သူ၏ ခန္ဓာကိုယ်ကို မနည်း အားယူ၍ ထရပ်လိုက်ရလေသည်။

ကံမကောင်းစွာဖြင့် သူ့ခြေထောက်များသည် သူ့အမြင်အာရုံထက်ပင် ပိုမိုဆိုးရွားနေခဲ့လေသည်။

ထိုစဉ် အာရန်၏ အနီးအနားသို့ ဧရာမ နဂါးတစ်ကောင် ၏ ခန္ဓာကိုယ်သည် ကောင်းကင်မှ ပြုတ်ကျလာကာ ကျွန်းတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့လေသည်။

အာရန်သည် သူ၏ သွေးမျက်ရည်များကို သုတ်လိုက်ပြီး ပင်လယ်နဂါးမင်းသား၏ ခန္ဓာကိုယ်အနီးသို့ လျှောက်သွားလိုက်သည်။

သူသည် ပင်လယ်နဂါး၏ ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို သူ၏ စနစ်သိုလှောင်ခန်းအတွင်းသို့ ထည့်ထားလိုက်လေသည်။

သူ့တွင် ယခုအချိန်တွင် ပင်လယ်နဂါး၏ ကိုယ်ထဲသို့ ဝင်ကာ နှလုံးကို ရှာဖွေရန် အချိန် မလုံလောက်နေပါ။

အချိန်ရှိလျှင်ပင် ဤနေရာတွင် ထိုသို့မလုပ်ချင်ပါ။

သူသည် ပင်လယ်နဂါးမင်းသားကို ယခုလေးတင်မှ သတ်နိုင်ခဲ့ခြင်းဖြစ်သည်။

သူလုပ်လိုသော ပထမဆုံးအရာမှာ ဤနေရာမှ ထွက်ခွာပြီး ကုန်းမြေပေါ်သို့ ပြန်လည်ထွက်ခွာရန်ဖြစ်လေသည်။

ထိုသို့လုပ်ဆောင်ပြီးနောက်တွင် ပင်လယ်နဂါးများသည် ဤတိုက်ကြီးသို့ ဝင်ရောက် တိုက်ခိုက်ခဲ့လျှင်ပင် ထိုအရာသည်ကျောင်းအုပ် မစ်ထ် ၏ တာဝန်သာဖြစ်ပေလိမ့်မည်။

ပင်လယ်နဂါးမင်းသား၏အလောင်းကို သူ၏စနစ်သိုလှောင်ခန်းအတွင်းသို့ ထည့်သွင်းပြီးနောက် မြေပြင်ပေါ်တွင် လက်ကောက်နှင့်တူသော လက်ဝတ်တန်ဆာလေးတစ်ခုကို တွေ့လိုက်ရလေသည်။

“ဒါက...”

သူသည် ထိုလက်ကောက်ကို ကောက်ယူလိုက်ပြီး ခွဲခြားသတ်မှတ်ခြင်းစွမ်းရည်ကို အသုံးပြုလိုက်သည်။

[လွတ်မြောက်ခြင်းလက်ဝတ်တန်ဆာ : အသုံးပြုသူသည် ယခင်က မြင်ဖူးသော နေရာတစ်ခုသို့ ရွေးချယ်ကာ နေရာလွှဲပြောင်းပေးနိုင်သည်။ သို့သော် တစ်ကြိမ်သာ အသုံးပြုနိုင်သော ထူးခြားသည့် အဆောင်တစ်မျိုးဖြစ်သည်]

“ဘယ်လောက်မိုက်လိုက်တဲ့ပစ္စည်းလဲ ဒါနဲ့သာဆို ငါ.....”

“ဟင်”

အာရန်သည် စကားကို တစ်ဝက်မှာပင် ရပ်လိုက်မိပြီး ဖော်ပြချက်မြင်ကွင်း သည် သူ၏ ရှေ့မှ ရုတ်တရက်ပျောက်ကွယ်သွားလေသည်။

ထိုနေရာတွင် သွေးနီရောင် မျက်နှာပြင်တစ်ခု ထပ်မံပေါ်ပေါက်လာလေသည်။

[ရွေးချယ်မှု (၁) : တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးပါ။

ဆုလာဘ်: ကမ္ဘာမြေမှ အံ့အားသင့်ဖွယ်လက်ဆောင်တစ်ခု]

[ရွေးချယ်မှု (၂): ဤနေရာတွင်ဆက်လက်နေထိုင်၍ ကြုံလာမည့်ကပ်ဘေးကို ရင်ဆိုင်ပါ။

ဆုလာဘ်: ကျပန်း ဝိညာဉ်ကူးပြောင်းခြင်း]

[ရွေးချယ်မှု (၃) : နာကျင်မှုကို ရှောင်လွှဲနိုင်ရန် ကိုယ့်ကိုယ်ကို သတ်သေလိုက်ပါ။

ဆုလာဘ်: ရှုယင်ထံသို့ မျိုးဆက်သွေးလက်ဆင့်ကမ်းခြင်း]

[ရွေးချယ်မှု (၄) : ပုန်း၍ ဆက်လက်အသက်ရှင်ပါ။

ဆုလာဘ်: ကျင့်ကြံခြင်းအဆင့် +၅]

“ဒါက...”

အာရန်၏ မျက်နှာအမူအရာများသည် မည်းမှောင်သွားလေသည်။

ရွေးချယ်မှုများသည် အရာတစ်ခုတည်းကိုသာ ညွှန်ပြနေသည်။ သေခြင်းသည် ချဉ်းကပ်လာနေပြီဖြစ်သည်။

“ရှုယင်က ဘယ်မှာလဲ ကိုယ်တို့ ထွက်ပြေးမှရတော့မယ်”

သူသည် ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း လှမ်းအော်ပြောလိုက်လေသည်။

ကံမကောင်းစွာဖြင့် ထိုအချိန်တွင် ရေထဲမှ ရုတ်တရက်ထွက်ပေါ်လာသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာအမူအရာများ ပိုမို၍ ဆိုးရွားသွားခဲ့လေသည်။

အာရန်သည် ထိုအမျိုးသမီးဆီမှ ဒူးထောက်ရန် အတင်းအကျပ် တွန်းအားပေးသော ဖိနှိပ်မှုအရှိန်အဝါတစ်ခုကို ခံစားလိုက်ရပြီး သူသည် တတ်နိုင်သမျှ အားအင်အကုန်သုံးကာ ခုခံလိုက်လေသည်။

အမျိုးသမီးသည် အာရန်ကို သေစေလိုသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်လေသည်။

“မင်းက ငါ့မောင်လေး ကို သတ်ခဲ့တဲ့တစ်ယောက်လား”

“ကျုပ်က အရမ်းအားနည်းနေတာခင်ဗျားမမြင်ဘူးလား ကျုပ်ရဲ့ခုလိုအခြေအနေမျိုး နဲ့ ပုရွက်ဆိတ်တစ်ကောင်တောင် သတ်နိုင်မယ်လို့ တကယ်ထင်နေတာလား”

အာရန်သည် ဘာမှမသိသလိုဟန်ဆောင်လိုက်ကာ ပြန်မေးလိုက်သည်။

သို့သော် သူ၏စကားဆုံးသည်နှင့်တပြိုင်နက် အမျိုးသမီးသည် ကြောက်စရာကောင်းသော အရှိန်ဖြင့် သူ၏ ရှေ့တွင် ပြန်ပေါ်လာခဲ့လေသည်။

ဓားသွားကဲ့သို့ ချွန်ထက်နေသော လက်သည်းတစ်ချောင်းသည် သူ၏ ရင်ဘတ်ဆီသို့ တည့်တည့် ထိုးဖောက်ဝင်ရောက်သွားကာ သူ့အား လုံးဝ အံ့အားသင့်စေခဲ့လေသည်။

ခဏတာအတွင်းမှာပင် ထိုအမျိုးသမီးသည် မဆိုင်းမတွပင် တိုက်ခိုက်လာသောကြောင့် ညှိနှိုင်းဆွေးနွေးခြင်းသည် သူမ၏ အစီအစဉ်တွင် မပါဝင်ကြောင်း ထင်ရှားလေသည်။

ထို့ကြောင့်အာရန်သည် လျင်မြန်စွာတုံ့ပြန်မှုတစ်ခုပြုလိုက်ကာ ထိုတိုက်ခိုက်မှုကို ကာကွယ်ရန် သူ့လက်နှစ်ဖက်ကို အတူတကွ ပေါင်းစပ်ကာ ခုခံကာကွယ်သည့် လက်ဝါးကပ်တိုင်ပုံစံတစ်ခုကို ဖန်တီးလိုက်မိလေသည်။

#Catfoot

All Chapters