← Chapters

မီးတောက်၏ ကောင်းချီးပေးမူ

Vol. 20 Ch. 286

မီးတောက်၏ ကောင်းချီးပေးမူ

Vol. 20 Ch. 286

အချိန်တစ်ချို့ကြာပြီးနောက်မှာတော့ သူတို့ ခြောက်ယောက်ဟာ အပျက်အစီးထဲကနေ ထွက်ခွာပြီးတော့..ရဲတိုက်ကြီးဆီကို ချီတက်လာခဲ့ကြတယ်..။အနက်ရောင်မြို့တော်က တိတ်ဆိတ် ငြိမ်သက် နေပြီး ..လမ်းကြားတွေကလည်း လှုပိရှားမူ ကင်းမဲ့ကာ အသက်မဲ့နေခဲ့ပါတယ်။ဒီနေ့မှာတော့ အိပ်မက်ဆိုး သားရဲ တွေတောင်မှ လေထုမှာဖြစ်ပေါ်နေတဲ့ အန္တရာယ်အငွေ့အသက်တွေကြောင့် သူတို့အသိုက်မှာပဲ ​နေကြတဲ့ ပုံပါပဲ..။

ကျိန်စာသင့် မြို့တော်ရဲ့ အထက် ကောင်းကင်ပေါ်မှာ..အထီးကျန်နေတဲ့ ကြယ်တစ်စင်းက တောက်ပလာတော့မှာပါ..။

နစ်ဖီက မာဗယ်ပေါင်းကူးရဲ့ အောက်ကို ဝင်ပြီး..အပြင်ဘက် အိမ်ရာကို ဦးတည်တဲ့လမ်းကို ပထမဆုံး ခြေချလိုက်တဲ့ သူပါ..။သူမရဲ့ မျက်နှာက တည်ငြိမ်ကာ ခံစားချက်မဲ့နေပြီး..ခါတိုင်းလို့ ဂရုမစိုက်တဲ့ အမူအရာနဲ့ ခံစားချက်တွေကို ထိန်းထားခဲ့ပါတယ်..။

သူမရဲ့ မျက်လုံးတွေမှာတော့..စိတ်လွင့်ပါးနေတဲ့ အကြည့်တွေ ရှိနေခဲ့တယ်..။

ဆန်နီ ကတော့ ခါတိုင်း နေနေကြ အဖွဲ့ရဲ့ နောကိဆုံးမှာ မနေတော့ပဲ..သူမနဲ့ ဘေးချင်းယှဥ်ပြီး လမ်းလျောက်နေခဲ့ပါတယ်..။ဒါက ရုတ်တရက် ခံစားချက်ဆိုပေမယ့်..သူက သူမလျောက်တဲ့ ခြေလှမ်းတွေ အတိူင်း လိုက်ပြီး မလျောက်ချင်သလို ခံစားနေခဲ့ရတယ်..။

သူတို့ တောင်ကုန်းပေါ်ကို တက်တဲ့ အချိန်မှာတော့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်က ရုတ်တရက် မေးလိုက်တယ်..။

"ဆန်နီ..နင့်ရဲ့ ပထမဆုံး အိပ်မက်ဆိုးကို မှတ်မိလား.."

သူမရဲ့ အသံက အေးဆေးပြီး တက်ကြွမူ မရှိခဲ့ပါဘူး..။

သူက သူမကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး တွေဝေသွားခဲ့တယ်..။ပြီးမှ သာမန် လေသံနဲ့ ပြန်ဖြေလိုက်ပါတယ်..။

" မနေ့တနေ့က လိုပဲ.."

သူမက အနည်းငယ် ပြုံးလိုက်ပြီး..

"အဲတာက ခက်ခဲလား.."

ဖြည်းညှင်းစွာပဲ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာခဲ့တယ်..။

"ခက်ခဲတာလား..။ဟင့်အင် ခက်ခဲတာမဟုတ်ဘူး..။မဖြစ်နိုင်တာ..။ဒါက ကြောက်ဖို့ကောင်း ၊ ရက်စက်ပြီး နိပ်စက်တဲ့ စမ်းသပ်ချက်တစ်ခုပဲ..။အိပ်မက်ဆိုး ဆိုတဲ့ အရာတွေချည်းပဲ..။ခက်ခဲတယ်လို့ ပြောတာက မျှတမူ မရှိရာ ကျလိမ့်မယ်..!

ပုခုံးတွန့်လိုက်ပြီး..ဆန်နီဟာ အနက်ရောင် တောင် မှာရှိခဲ့တဲ့ မှတ်ဥာဏ်တွေကို မောင်းထုတ်လိုက်ပါတယ်..။

"...နင်ကရော.."

နစ်ဖီ တစ်ခုခုကို မှတ်မိသွားပြီး အဝေးကို ကြည့်လိုက်တယ်..။အတော်ကြာပြီးကာမှ သူမ ပြောလိုက်ပါတယ်။

"ငါ့ဟာက တကယ်ကိုတော့ သိပ်မဆိုးဘူး.."

သူက သူမကို မယုံကြည်စွာ ကြည့်လိုက်တယ်..။

"ဘာလို့လဲ..နင်က ကြီးမြတ်ခြင်း အဆင့် တိုက်တန် တစ်ထောင်လောက်ကိုပဲ လက်ဗလာနဲ့ သတ်ခဲ့ရတာလား..။အဲလိုမျိုးလား..။သိတယ်မလား 'သိပ်မခက်ဘူး ' ဆိုတာက တကယိကို ကြောက်လန့်စရာ အခြေအနေမျိုးတွေကို ဆိုလိုတာလေ.."

သူမ ခေါင်းခါယမ်းလိုက်တယ်..။

"..ဟင့်အင်..ငါ အတည်ပြောတာ..။ငါ တကယ်ပဲ ဘယ်သူ့ကိုမှ မတိုကိခိုက်ခဲ့ရဘူး..။အဆုံးပိုင်းနား မရောက်ခင် အထိပေါ့.."

ဆန်နီ မျက်တောင်ခတ်လိုကိတယ်..။

"ခနလေး တကယ်ကြီးလား.."

သူမရဲ့ နှုတ်ခမ်းမှာ ထူးခြားပြီး ဝမ်းနည်းတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။

"ငါ့ရဲ့ ပထမဆုံးအိပ်မက်ဆိုးမှာ..ငါက မီးပြတိုက် ထိမ်းသိမ်းသူ ရဲ့ သမီးပဲ..။ငါ့မိသားစုက လှပတဲ့ ပင်လယ်ကြီး ထဲမှာ နေထိုင်ခဲ့ကြတာ..။မနက်ခင်းတိုင်းမှာ..နေလုံးကြီးက..မိုးကုတ်စက်ဝန်းကနေ ထွက်ပေါ်လာပြီး အဆုံးမရှိတဲ့ အဇူရာလှိုင်းလုံးတွေမှာရေချိုးရင်း အလင်းရောင်ကို ဖြန့်ကျတ်လာခဲ့တယ်..။လေထု တွေက နူးညံ့ပြီး ကမ္ဘာကြီးက သိမ်မွေ့တယ်..။အဲဒီမှာ ငါရယ် ၊ ငါ့ မိဘတွေရယ် ၊ ငါ့ရဲ့ မောင်နှစ်မတွေရယ် နေထိုင်ကြတာ..။ငါတို့က အတူတူ ပျော်ရွှင်စွာ နေထိုင်ကြပြီး..လိူအပ်တာဆိုလို့ ဘာမှ မရှိခဲ့ဘူး.."

သူ မျက်မှောင်ကျုတ်လိုက်တယ်..။

"ပြီးတော့ ဘာဆက်ဖြစ်သွားလဲ..။ပင်လယ်မြွေတစ်ကောင်က မီးပြတိုက်ကို ဖျက်ဆီးလိုက်တာလား..။ပင်လယ်ထဲကနေ တစ်ခြား သတ္တဝါတစ်ကောင်ကောင် ထွက်လာတာလား.."

ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ မျက်လုံးတွေက စတင်ပြီး အသိစိတ်လွင့်လာခဲ့တယ်..။အချိန်ခနလောက် ကြာပြီးသွားတဲ့ အချိန်မှာ သူမ ပြောလိုကိပါတယ်..။

"ဟင့်အင်..ဘာမှမဖြစ်ခဲ့ဘူး..။အဲတာက ငါတွေးနေခဲ့တဲ့ အချကိပဲ..။ငါ့ အိပ်မက်က..အဲတာက တကယ်ကို နိဗ္ဗာန်ဘုံ လိုပဲ..။အဲဒီမှာ ငါ ငယ်ငယ်လေးထဲက အိပ်မက်မက် ခဲ့ရတဲ့ အရာတွေ အားလုံးရှိနေခဲ့တယ်..။ငါ စိတ်ကူးယဥ်ထားခဲ့တာတွေထက်တောင် ပိုပျော်ဖို့ကောငိးပြီး..လူသားဆန်သေးတယ်.."

ဆန်နီ သူမကို အံ့ဩစွာကြည့်လိုက်တယ်..။သူကြည့်နေတုန်းမှာပဲ..နစ်ဖီရဲ့ မျကိနှာပေါ်က ဝမ်းနည်းမူ အရိပ်အယောင်တွေက ပျောက်ကွယ်သွားပြီး ကြမ်းတမ်းမူတွေ အစားထိုးဝင်ရောက်လာခဲ့ပါတယ်..။

"ဒါပေမဲ့..အဲတာကပဲ ကျော်ဖြတ်ဖို့ ခက်ခဲနေတဲ့ အရာပဲ..။မဖြစ်နိုင်တဲ့အရာ လိူ့တောင်ပြောရမယ်..။နင်ပြောခဲ့သလိုပဲပေါ့..။ဘာလို့လဲဆိုတော့ အိပ်မက်ဆိုးကို ကျော်ဖြတ်ဖို့အတွက် ငါလုပ်ဖို့ လိုအပ်တာဆိုလို့..အရာအားလုံးကို ထားခဲ့ပြီး ထွက်ပြေးသွားဖို့ပဲ..။ငါ အဲဒီ နိဗ္ဗာန်ဘုံလေးမှာ ထာဝရနေသွားလို့ ရတယ် ဆိုတာကို သိနေတာတောင် မှပဲပေါ့.."

သူ အတော်ကြာအောင် တွေဝေနေပြီးကာမှ သိချင်စွာ မေးလိုက်တယ်..။

"ဒီတော့ နင်ဘာလုပ်ခဲ့လဲ.."

နစ်ဖီ ရဲ့ နှုတ်ခမ်းကနေ သက်ပြင်းချတဲ့ အသံထွက်ပေါ်လာခဲ့တယ်..။

"...ငါက အိပ်မက်ဆိုးရဲ့ ထွက်ပေါက်ကို အချိန်အတော်ကြာအောင် ရှာဖွေခဲ့တယ်..။ဒါပေမဲ့ ငါ ဘယ်လောက်ပဲ ကြိုးစားပြီး ရှာဖွေပါစေ မတွေ့ခဲ့ဘူး..။တစ်နေ့ပြီးတစ်နေ့..တစ်ညပြီးတစ်ည..အချိန်တွေက ကုန်လာခဲ့တဲ့အချိန်မှာ..ဆက်ပြီးရှာဖွေဖို့အတွက် ကိုယ့်ကိုကို တွန်းအားပေးဖို့က ခက်ခဲလာခဲ့တယ်လေ..။ငါက အဲဒီ နွေးထွေးပြီး လှပတဲ့ ဘဝကြီးမှာ အသားကျလာခဲ့တာ..။ပြီးတော့..ငါက..ငါက ရပ်တန့် လိုက်သင့်ပြီလား ဆိုတဲ့ နေ့ရက်မျိုးတောင် ရောက်လာခဲ့တယ်..။ငါက..ဒီတိုင်းပဲ..နေလိုက်ရတော့မလားပေါ့.."

သူမက အနည်းငယ်စဥ်းစားပြီးမှ ထပ်ပြောလိုက်တယ်..။သူမရဲ့ အသံက သူ့ရဲ့ အတွင်းဆုံး ၊ နှလုံးသားရဲ့ အနက်မှောင်ဆုံးနေရာကိုတောင် ဝင်ရောက်သွားခဲ့ပါတယ်..။

"...အဲဒီနေ့မှာပဲ..ငါက မီးပြတိုက်ရဲ့ အပေါ်ဆုံးကို တက်သွားခဲ့တယ်..။နင် သိတယ်မလား ဆန်နီ။မီးတောက်ရဲ့ ကောင်းချီးပေးမူ ကို ဖယ်ရှားဖို့ ဆိုရင် နင်က ကိုယ့်ကိုကို မီးရှို့ပစ်ဖို့လိုအပ်တယ်လေ..။အဲတာက ငါ့အဖွား အမြဲ ပြောနေကြစကားပဲ..။ဒီတော့ ငါက အဲလိုပဲ လုပ်ခဲ့လိုက်တယ်..။ငါက ကိုယ့်ကိုကို ဆီ နဲ့လောင်းပြီး မီးရှို့ခဲ့တာ.."

အဖြူရောင် မီးတောက်တွေက ရုတ်တရက် သူမရဲ့ လက်တွေကနေ ထွက်လာခဲ့တယ်..။ယင်းနောက် သူမက မီးတောက်တွေကို ဖြူဖျော့တဲ့ မျက်နှာနဲ့ ကြည့်ပြီး မျက်လုံးတွေထဲမှာတော့ ဆိုးဝါးတဲ့ နာကျင်မူကို ပြန်ပြီး အမှတ်ရနေခဲ့ပါတယ်..။သူမရဲ့ ဆင်စွယ်ရောင် အရည်ပြားက ဆူပွက်လာတယ်၊ နက်မှောင်သွားတယ် ပြီးတော့ မူလအတိုင်း ပြန်ဖြစ်သွားတယ် ဆိုတဲ့ အရာတွေကို သူမက ပုံမှန်အတိုင်းပဲ ပြောလိုက်ပါတယ်..။

"ပြီးတော့ ငါ လောင်ကျွမ်းသွားခဲ့တယ်.."

ရုတ်တရက် မီးတောက်တွေ ပျောကိကွယ်သွားတဲ့ အချိန်မှာ သူမက လက်သီးဆုပ်လိုက်ပါတယ်..။သူမရဲ့ အသံကတော့..အားစိုက်ထုတ်နေခဲ့ပြီး..

"အချ်ိန် အတော် ၊ အတော်ကြာပြီး အရာအားလုံး ပြီးဆုံးသွားတဲ့ အချိန်မှာတော့...ငါကိုယ်ငါ ဂူတစ်လုံးထဲက..အနက်ရောင် ပိုးချည်တွေနဲ့ ပိုးအိမ်ထဲကို ရောက်နေတာ တွေ့လိုက်ရတယ်..။ငါ့ပတ်ဝန်းကျင်မှာတော့ ထောင်ပေါင်းများစွာသော လူတွေက ပိုးချည်အိမ်တွေထဲမှာ မျက်လုံးမှိတ်ထားခဲ့ကြတယ်လေ..။သူတို့ရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်မူ အရိပ်အယောင်တွေ ရှိနေကြတယ်..။ပြီးတော့ ငါတို့ရဲ့ အပေါ်မှာတော့..​ထိပ်လန့်ပြီး ရွံ့စရာကောင်းတဲ့ သတ္တဝါကြီးတစ်ကောင်ရှိနေပြီး..ဒီနေ့အထိတောငိ ဘယ်လို ပြန်​ဖော်ပြရမလဲ ဆိုတာ မသိခဲ့ဘူး..။သူက ငါတို့ရဲ့ အိပ်မက်တွေကို စားသုံးနေခဲ့တာ.."

သူမ ခနလောက်တိတ်ဆိတ်သွားပြီး ထပ်ပြောလိုက်တယ်..။

"ဒီ သတ္တဝါကြီးက ငါခံစားခဲ့ရတဲ့ ဝေဒနာကို မျှဝေမိသွားသလိုမျိုး..သူလည်း နာကျင်နေခဲ့တယ်လေ..။ငါက တစ်နည်းနည်းနဲ့ ပိုးချည်အိမ်ထဲကနေ လွတ်မြောက်လာခဲ့တယ်..။ပြီးတော့..သူ အသိစိတ် အပြည့်အဝ ပြန်ဝင်မလာခင်မှာ သူ့ကို သတ်ပစ်လိုက်တာပဲ.."

သူမက သူ့ကို ကြည့်ပြီး ပြုံးလိုက်တယ်..။သို့ပေမယ့် ဒီအပြုံးမှာ နွေးထွေးမူတွေ ရှိမနေခဲ့ပါဘူး..။

"..အဲတာက ငါ့ရဲ့ ပထမဆုံး အိပ်မက်ဆိုးကို ကျော်ဖြတ်ခဲ့တဲ့ ပုံပဲ.."

ဆန်နီဟာ သူမရဲ့ မျက်လုံးတွေကို အချိန်အတော်ကြာအောင် တိတ်ဆိတ်ပြီး ကြည့်နေခဲ့တယ်..။ယင်းနောက် သူက အဝေးကို ဖြည်းညှင်းစွာ လှည့်သွားခဲ့ပြီး..

"..ငါ ပြောခဲ့သလိုပဲ..။တကယ်ကို အိပ်မက်ဆိုး အဖြစ်အပျက်တွေပဲ..။ငါတို့ အိပ်မက်ဆိုးလို့ ခေါ်နေကြတာ အကြောင်းပြချက်တော့ ရှိရမယ်.."

ပြောင်းလဲနေတဲ့ ကြယ်ပွင့်က ရယ်မောလိုကိတယ်..။

"အဲလိုထင်တာပဲ..။ဒါပေမဲ့ သတ္တဝါကြီးနဲ့ တိုက်ခိုက်က အခက်ခဲဆုံး အပိုင်းမဟုတ်ဘူး..။ပိုးအိမ်ထဲမှာဟပိတ်လှောင်ခံရတာလည်း အခက်ခဲဆုံး အပိုင်းမဟုတ်ဘူး..။ပြီးတော့ ကိုယ့်ကိုကို မီးရှို့ရတာကတောင်ဟအခက်ခဲဆုံးအရာ မဟုတ်သေးဘူး..."

သူမ ခနလောက် တိတ်ဆိတ်သွားပြီးမှ..သူတို့ရဲ့ ခြေထောက် အောက်မှာ ရှိနေတဲ့ အဖြူရောင်လမ်းကိုကြည့်ပြီး ပြောလိုက်ပါတယ်..။

"အခက်ခဲဆုံး အရာက..မီးပြတိုက်ရဲ့ ထိပ်ဆုံးကို တက်ခဲ့တုန်းက ခြေလှမ်းတွေပဲ..။အနာဂတ်မှာ ငါ့ကို စောင့်ကြိုနေမယ့် အရာကြောင့် မဟုတ်ဘူး..။ဒါက အတိတ်မှာ ငါ ထားခဲ့ရမယ့် အရာတွေကြောင့်ပဲ.."

မကြာခင်မှာပဲ..ရင်းနှီးတဲ့ အပြင်ဘက် ဆင်​ခြေဖုံး ရပ်ကွက် ရဲ့ မြင်ကွင်းက သူတို့ရဲ့ မြင်ကွင်းထဲမှာ ပေါ်လာခဲ့တယ်..။

နောက်ဆုံးတော့ သူတို့က ရဲတိုက် ဆီကို ပြန်ရောက်လာခဲ့ကြပါပြီ..။

All Chapters