← Chapters

အထီးကျန် ကြယ်ပွင့်

Vol. 20 Ch. 287

အထီးကျန် ကြယ်ပွင့်

Vol. 20 Ch. 287

အပြင်ဘက် ဆင်ခြေဖုံး က ဆန်နီ နောက်ဆုံး မြင်ခဲ့ရတဲ့ အနေအထားနဲ့ အတော်​လေးကို ပြောင်းလဲသွားခဲ့ပါပြီ..။

အဖြူရောင် လမ်းမဟာ..ဆင်ခြေဖုံးရပ်ကွက်ရဲ့ ပလက်ဖောင်းဆီကို ကျယ်ပြန့်လာတဲ့ အချိန်မှာတော့ ကြီးမားတဲ့ ကျောက်တုံး အတားအဆီး တစ်ခုကို တည်ဆောက်ထားခဲ့ပြီး..ကင်းတပ်သားတွေက..တောင်ကုန်းဆီကို နီးကပ်လာတဲ့ အရာမှန်သမျှ ကို စောင့်ကြည့်နေကြပါတယ်..။သူတို့ တစ်ယောက်ချင်းစီ တိုင်းက လက်နက်တွေ ကိုင်ဆောင်ထားပြီး..မာကျောတဲ့ အကာအကွယ်တွေကို ဝတ်ဆင်ထားကာ..သူတို့ရဲ့ မျကိနှာတွေက ဆုံးဖြတ်ချက် ပြတ်သားနေခဲ့ကြတယ်..။

လက်လုပ် ကင်းမျှော်စင်တစ်ခုကို နစ်ဖီရဲ့ အိမ်ခေါင်မိုးပေါ်မှာ ဆောက်လုပ်ထားခဲ့ကြပြီး..လေးသည်တော်တစ်ချို့က အိပ်မက်ဆိုးသားရဲ တွေ နီးကပ်လာတဲ့ အချိန်မှာ ပစ်ဖို့ ..အဆင်သင့်စောင့်နေခဲ့ကြပါတယ်..။

ဆင်ခြေဖုံး ရပ်ကွက် ကိုယ်တိုင်ကတော့ နဂိုမူလ အတိုင်းရှိနေဆဲပါပဲ..။သို့ပေမယ့် ဒီမှာနေထိုင်ကြတဲ့ လူတွေရဲ့ ဟန်ပန်တွေကတော့ ကွဲပြားသွားပုံရပါတယ်..။သူတို့အများစုမှာ ဒဏ်ရာတွေ ၊ ပတ်တီး တွေ ရှိနေကြပေမယ့်..သူတို့ရဲ့ မျက်လုံးတွေ ထဲမှာတော့ အရင်တုန်းက မရှိခဲ့ဖူးတဲ့ မျှော်လင့်ချက်တွေ အပြည့်ပါပဲ..။မျှော်လင့်ချက်တွေက လေထုထဲမှာ ပေါ်ထွက်နေတဲ့ စိုးရိမ်းမူပူပန်မူတွေကိုတောင် ကျော်လွန်နေခဲ့တယ်..။မကြာခနဆိုသလိုပဲ..လူတစ်ချို့က ရဲတိုကိကြီးကို နက်မှောင်တဲ့ အမူအရာနဲ့ ကြည့်နေတတ်ကြပါသေးတယ်..။

ဆန်နီ ကို အံ့ဩသင့်စေတဲ့ နောက်ထပ် အသေးစိတ်အချက်အလက် တစ်ချို့လည်း ရှိနေပါသေးတယ်..။ဆင်ခြေဖုံးမှာ နေထိုင်ကြသူတွေရဲ့ လက်မောင်းမှာ အဖြူရောင် အဝတ်စ တွေကို ချည်နှောင်ထားခဲ့ကြတယ်..။ဒါက ..နတ်ဘုရားတွေ ၊ နတ်ဘုရားမ တွေအပေါ် မှာ သူတို့ရဲ့ ယုံကြည်မူကို ကြေညာနေတာနဲ့တောငိ တူနေပါသေးတယ်..။

ပြီးခဲ့တဲ့ လအနည်းငယ် ၊ ဒီနေရာကနေ သူ ထွက်လာခဲ့တုန်းက ဆိုရင် ဒီဟာတွေတစ်ခုမှ မရှိကြသေးပါဘူး..။

တစ်ချို့ အဆောက်အဦးတွေရဲ့ နံရံတွေပေါ်မှာ ရုပ်ပုံတွေကိုလည်း ရေးဆွဲထားကြပါသေးတယ်..။တစ်ချို့ပုံတွေက..တောက်ပနေတဲ့ ကြယ်တစ်ပွင့်ကို ထွင်းထု ထားခဲ့ပြီး..တစ်ချို့ပုံတွေက..လှပတဲ့ လှံရှည်တစ်ခုကို ရေဆွဲထားကြပါတယ်..။

'...အဲတာတွေက ဘာတွေလဲ.."

အဖြူရောင် လက်ပတ်နဲ့ ကြယ်ပွင့်ကတော့ နစ်ဖီကို ရည်ညွှန်းထားတာ သေချာပါတယ်..။ဒါပေမဲ့ အယ်ဖီက ဘယ်တုန်းက ရုတ်တရက်ကြီး တမန်တော် တစ်ယောက် ဖြစ်သွားတာလဲ..။

အစားကြီးတဲ့ မုဆိုးမိန်းကလေးကို ကြည့်ပြီး သူ မျက်ခုံးပင့်တင်လိုက်တယ်..။

"နင် ပြောချင်တာ တစ်ခုခု မရှိဘူးလား.."

သူမက ခေါင်းကို ကုတ်ပြီး ပုခုံးတွန့်လိုက်တယ်..။

"ငါက လူထုကြားထဲမှာ သူရဲကောင် ဖြစ်သွားတာ ထင်တယ်.."

ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး ဒီကိစ္စကို ထပ်မပြောတော့ပေ..။

' ဘာပဲဖြစ်ဖြစ်...'

အစောင့်တွေက နီးကပ်လာတဲ့ သူတွေကို မြင်တဲ့ အချိန်မှာ သူတို့မျက်နှာတွေက အံ့ဩသင့်သွားခဲ့ကြတယ်..။ယင်းနောက် ပျော်ရွှင်မူ အရိပ်အယောင်တွေ တောက်ပလာခဲ့ပါတယ်..။

"မိန်းကလေး နစ်ဖီ ၊ အဲတာက ပြောင်းလဲနေတဲ့ ကြယ်ပွင့် ပဲ.."

"မိန်းကလေး နစ်ဖီ ပြန်လာပြီ..."

"သူမ အသက်ရှင်နေသေးတယ်.."

ချက်ချင်းဆိုသလိုပဲ အော်ဟစ်သံတွေက ​ဆင်ခြေဖုံး ရပ်ကွက်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့တယ်..။တကယ်လို့ဂန်လောင် သာ သူတို့ အနက်ရောင်မြို့တော်ကို ပြန်ရောက်လာတာ မသိခဲ့ဘူးဆိုရင်..အခုချိန်မှာ သိသွားလောက်ပါပြီ..။

...သို့ပေမယ့် ဒါပေါ့..သူက သိထားပြီးသားပါ..။ဆင်ခြေဖုံးက လူတွေ သူတို့ရဲ့ ကယ်တင်ရှင်ကို မမြင်ခင် ကတည်းက သူက သိနေခဲ့ပါတယ်..။

ဆန်နီဟာ ဆင်ခြေဖုံး ရပ်ကွက်ကို ကျော်လွန်ပြီး ရဲတိုက်ရဲ့ နံရံကြီးတွေကို ကြည့်လိုက်တယ်..။

ရဲတိုက်အရှင်က သူတို့ကို ပါတီပွဲ ကျင်းပ ပေးဖို့ အချိန်ဘယ်လောက် စောင့်ရနိုင်မှာလဲ..။

မကြာခင်မှာပဲ အဖွဲ့သားတွေဟာ စိတ်လှုပ်ရှားနေတဲ့ လူအုပ်ကြီးရဲ့ ဝန်းရံမူကို ခံလိုက်ရတယ်..။လူတိုင်းက သူတော်စင် နစ်ဖီ အသက်ရှင်လျက်ရှိနေသေးတာကို သူတို့ရဲ့ မျက်လုံးနဲ့ မြင်ချင်နေခဲ့ကြပါတယ်..။

"အယ်ဖီ ..."

"မုဆိုးမိန်းကလေး အယ်သီနာ.."

"အိမ်ကနေ ကြိုဆိုပါတယ် ..အယ်ဖီ..။သူတို့ကို နှုတ်ဆက်လိုက်ဦး.."

မုဆိုးမိန်းကလေး က ကျယ်ပြန့်စွာပြုံးလိုက်ပြီး တိတ်တဆိတ်သာ နေနေခဲ့တယ်..။

လူအုပ်ထဲမှာတော့ တစ်ခြားလူတွေလို ပျော်ရွှင်ပုံ မရတဲ့ မျက်နှာအချို့ ရှိနေခဲ့ပါတယ်..။သူတို့က ဆင်ခြေဖုံး ရပ်ကွက်မှာရှိတဲ့ အမဲလိုက် အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေပါ..။သူတို့တွေ နစ်ဖီကို ကြည့်တဲ့ဟအကြည့်တွေက အဓိပ္ပါယ်အပြည့်ပါဝင်နေခဲ့တယ်..။သူမက သူတို့ကို ခေါင်းညိမ့်ပြလိုက်ပြီး သူတို့ ပြောဖို့ကြိုးစားနေတာတွေကို နားလညိကြောင်း အသိပေးလိုက်ပါတယ်..။

ယင်းနောက် ပြောင်းလဲနေတဲ့ ကြယ်ပွင့်က ဆင်ခြေဖုံးမှာ နေထိုင်တဲ့ သူတွေကိုကြည့်လိုက်ပြီး အယ်ဖီ ကမ်းပေးတဲ့ အိတ်ကို ယူလိုက်တယ်..။

"ငါက စကားပြောတဲ့နေရာမှာတော့ မကောင်းမွန်ဘူး..ဒီတော့..ကျေးဇူးပြုပြီး အနက်ရောင်မြို့တော်က အိပ်စက်သူတွေ အနေနဲ့ ငါ့ရဲ့ ကျေးဇူးတင်မူကို လက်ခံပေးကြပါ..။ပြီးခဲ့တဲ့ လ တွေမှာ..ငါ နဲ့ ငါ့ရဲ့ အဖွဲ့သားတွေက ခက်ခဲကြမ်းတမ်းမူတွေကို ခံစားခဲ့ကြရတယ်..။ဒါပေမဲ့ ဒီခက်ခဲမူတွေကို မင်းတို့လည်း အတူတူ ခံစားခဲ့ကြရတာပဲ..။ဒါပေမဲ့ ငါတို့က ဒါတွေကို သည်းခံနိုင်ခဲ့ကြတယ်..။မင်းတို့က ကျိန်စာသင့်အပျက်အဆီးတွေ ထဲမှာ..ငါတို့က ဝင်္ကပါရဲ့ ထိပ်လန့်ဖွယ်ရာ နက်ရှိုင်းတဲ့ အပိုင်းတွေထဲမှာ..။ဒါပေမဲ့ ဒါတွေအားလုံးက အချည်းနှီး မဖြစ်ခဲ့ဘူး.."

ပြီးတာနဲ့ သူမက အိတ်ထဲကနေ တစ်ခုခုကို ယူပြီး မြေကြီးပေါ်ကို ပစ်ချလိုက်တယ်။ရုတ်တရက် လူအုပ်ကြီးက တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတယ်..။လူတိုင်းက ကျောက်တုံးပေါ်က အရာကို ကြည့်နေကြပြီး..သူတို့ရဲ့ မျက်နှာပေါ်မှာ ထိပ်လန့်မူတွေ အထင်းသား ပေါ်နေခဲ့တယ်..။

ဒါက ကြောက်မက်ဖွယ်ကောင်းပြီး ချွန်ထက်နေတဲ့ အနက်ရောင် လက်သည်းတစ်ခုပါ..။ဒါက ဓားတစ်ချောင်းလောက် ရှည်လျားကာ ထက်ရှနေခဲ့တယ်..။

ပြီးတာနဲ့ နောက်တစ်ခု၊ နောက်တစ်ခု..စီ ပြုတ်ကျလာခဲ့ပါတယ်..။

အနက်ရောင်ဓား သုံးဆယ်ရှစ်ခု က နစ်ဖီရဲ့ ရှေ့မှာ အပုံလိုက်ကျဆင်းသွားခဲ့တယ်..။အခုသုံးဆယ်က..ဆူးချွန်သားရဲရဲ့ ရှေ့ဘက် လက်ခြောက်​ချောင်းကနေ ဖြစ်ပြီး..ရှစ်ခုကတော့ သူမရဲ့ နောက်ဘက် ခြေထောက်နှစိချောငိးကပါ..။

နစ်ဖီ ဟာ အိတ်ကို ပြန်ပိတ်လိုက်ပြီး သူမရဲ့ပုခုံးပေါ်မှာတင်လိုက်ကာ စူးရှတဲ့ အသံနဲ့ပြောလိုက်တယ်..။

"ဝင်္ကပါထဲမှာ ငါတို့က ကြက်သွေးရောင် ထိပ်ဖျားရဲ့ ဆူးချွန် ဆတ်သားတွေထဲက တစ်ကောင်နဲ့ တွေ့ပြီး တိုက်ခိုက် အနိုင်ယူနိုင်ခဲ့တယ်..။သူ့ရဲ့လက်သည်းတွေကို လက်နက်အဖြစ် အသုံးပြုဖို့အတွက်..ငါက မင်းတို့ဆီကို လက်ဆောင်အနေနဲ့ ယူလာခဲ့တာပဲ.."

လူအုပ်ကြားထဲမှာ တီးတိုးပြောဆိုမူတွေ ပေါ်ထွက်လာခဲ့တယ်..။ဆူးချွန် ဆတ်သား ဆ်ိုတာက အနက်ရောင် မြို့တော်က လူတွေအတွက် ကြောက်ရွံ့စရာဖြစ်သလို ၊ မျှော်လင့်ချက် ဆိုလည်း မှန်ပါတယ်..။ကြောက်စရာကောင်းတာက သူတိူ့ရဲ့ သန်မာတဲ့ ခွန်အား ဖြစ်ပြီး..မျှော်လင့်ချက်ဆိုတာက အရင်တုန်းက အင်းအားကြီးတဲ့ အိပ်စက်သူ အဖွဲ့က ဒီလို သားရဲတစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့လို့ပါ..။

အခုတော့ ဒီ ဒဏ္ဍာရီ တွေက သူတို့ရဲ့ မျက်စိရှေ့မှာတင် အသက်ဝင်နေခဲ့ပါပြီ..။

နက်ဖီဟာ ခနလောက်တွေဝေလိုက်ပြီး..သက်ပြင်းချကာ..တည်ကြည်တဲ့ လေသံနဲ့ပြောလိုက်တယ်..။

အရင်နှစ်တွေတုန်းက မေ့ပျောက်ကုန်းမြေကို ပို့ခံလိုက်ရတဲ့ သူတွေဟာ..အကြောက်တရားရဲ့ အကျဥ်းချခြင်းကို ခံပြီး နေခဲ့ကြတာမဟုတ်ဘူး..။ဒီလိူတွေဖြစ်နေတာဆိုတာ..သူတို့ကိုယ်သူတို့ ပထမဆုံးနဲ့ ထာဝရ လူသားတွေ ဖြစ်တယ်ဆိုတာကို မေ့နေကြတဲ့ သွေးကြောင်တဲ့ လူတွေကြောင့်ပဲ..။အရင်တုန်းကဆိုရင် ဒီငရဲကို ကျော်ဖြတ်ဖို့ ၊ လွတ်မြောက်ဖို့ အတွက်ဆိုရင် အသက်ကိုပါ ပေးရဲကြတဲ့ လူတွေရှိခဲ့ကြတယ်..။ပထမဆုံး အရှင်သခင် နဲ့ သူ့ရဲ့ အပေါင်းအပါတွေက..ဒီလူတွေထဲက အကြီးမြတ်ဆုံး သူတွေပဲ.."

တောက်ပတဲ့ အလင်းစက်တွေက မြင့်မြတ်တဲ့ ရောင်ခြည် စက်ဝန်းတွေလိုပဲ..သူမရဲ့ ခေါင်းဝန်းကျင်မှာ ရုတ်တရက် ပေါ်ထွက်လာခဲ့ပါတယ်..။ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ မျက်လုံးတွေက အရောင်တွေ တောက်ပလာနေခဲ့ပြီး..သူမစကားပြောနေစဥ်မှာပဲ

အရုဏ်ဦး သရဖူ က သူမရဲ့ ဦးခေါငိးပေါ်မှာ ပေါ်ထွက်လာခဲ့တယ်..။

သူမက အသံကို မြှင့်ပြီး ပြောနေတာ မဟုတ်ပေမယ့်..သူမ ပြောတဲ့ စကားလုံးတွေရဲ့ သက်ရောက်မူက..သရဖူကြောင့် ပိုပြီး သိသာလာခဲ့တယ်..။

"..ငါက ဒီအမွေအနှစိကို အနက်​ရောင်မြို့တော် ဆီကို ပြန်ပြီး ယူလာခဲ့တယ်..။ဒီဟာက ပထမ အရှင်သခင် ရဲ့ သရဖူပဲ..။ငါတို့က သူ တိုက်ပွဲမှာ ကျရှုံးခဲ့တဲ့ အဆုံးမရှိ အမှောင်ထုတွေ ပြည့်နှက်နေတဲ့ နေရာကနေ ပြန်ယူဆောင်လာခဲ့ကြတာ..။သူက ငါတို့အားလုံး ထွက်သွားနိုငိဖို့ အတွက် ဒီကျိန်စာသင့် နယ်မြေကြီးရဲ့ ထွက်ပေါ်ကို ရှာဖွေးရင် သေဆုံးသွားခဲ့တဲ့ သူပဲ.."

သူမက ခနလောက်ရပ်တန့်လိုက်ပြီးမှ ပြောလိုက်တာပါ..။သူမရဲ့ မျက်နှာဝန်းကျင်မှာတော့ မျက်လုံးထဲမှာတောက်လောက်နေတဲ့ အဖြူရောင် မီးတောက်တွေရဲ့ အလင်းရောင်တွေ ပျံ့နှံ့နေခဲ့တယ်..။

သူမရဲ့ နှာဖူးပေါ်မှာတော့..အရုဏ်ဦးအမြုတေ ရဲ့ တောက်ပနေတဲ့ တစ်ခုတည်းသော ကျောက်မျက် ရတနာ လေး ရှိနေခဲ့ပါတယ်..။

ဒါက တတိယ မျက်လုံးတစ်ခုလိုပါပဲ..။

"ပြီးတော့..ဒီအရာနဲ့ပဲ..ငါတို့က သူ စတင်ထားခဲ့တဲ့ အရာကို အဆုံးသတ် ပေးရမယ်.."

"

All Chapters