တိုးတက်တဲ့ တင်ပြမူ
Vol. 20 Ch. 288
အချိန်တစ်ချို့ကြာပြီးတဲ့ နောကိမှာတော့ သူတို့က ကျောကိတုံးအဆောက်အဦးထဲကို ဝင်လိုက်ကြပြီး..နောက်ထပ် လူအုပ်အသေးလေးရဲ့ အလယ်ကို ရောက်သွားခဲ့ကြပါတယ်..။ပြောင်းလဲနေတဲ့ကြယ်ပွင့်နေထိုင်တဲ့ နေရာမှာ လူအယောက် ၃၀ ၊ ၄၀ လောက် စုဝေးနေခဲ့ကြပြီး..အခန်းက အရင်ကထက် သေးငယ်သွားသယောင် တောင်ထင်နေခဲ့ရတယ်..။
သို့ပေမယ့် သူတို့က ဒီတိုင်း ဆင်ခြေဖုံးမှာ နေထိုင်တဲ့ အိပ်စက်သူ တွေ မဟုတ်ကြပါဘူး..။သူတို့ အများစုက အပြင်ဘက် မုဆိုးအဖွဲ့တွေထဲက အတွေ့အကြုံရှိတဲ့ တိုက်ခိုက်ရေးသမားတွေပါ..။ဒီလူတွေက နစ်ဖီ အနက်ရောင်မြို့တော်ရှိနေတုန်း စုဆောင်းထားခဲ့တဲ့လူတွေ ဆိုရင်လညိး မမှားပါဘူး..။
အရင်..ဆန်နီက အဖွဲ့ရဲ့ တစိတ်တပိုင်းဖြစ်ခဲ့တုန်းက..သူတို့က အားနည်းပြီး မျှော်လင့်ချက်မဲ့နေတဲ့ လူငယ် ယောက်ျားလေး ၊ မိန်းကလေး တွေဖြစ်ခဲ့ကြပြီး မေ့ပျောက်ကုန်းမြေမှာ မနည်းအသက်ရှင်အောင် ရုန်းကန်နေထိုင်ခဲ့ကြရပါတယ်..။အခုတော့ အရာရာက ပြောင်းလဲသွားခဲ့ပါပြီ..။နစ်ဖီ ရဲ့ သေးငယ်တဲ့ ကူညီပေးသူတွေဟာ..လက်လုပ် လက်နက်တွေ ၊ သားရဲတွေရဲ့ အကာအကွယ်ကနေ ပြုလုပ်ထားတဲ့ ချပ်ဝတ်အင်္ကျီ တွေကို ဝတ်ဆင်ထားခဲ့ကြပါတယ်..။တစ်ချို့ဆိုရင် မှတ်သားမူ တွေကိုတောင် ပိုင်ဆိုင်ထားကြပါပြီ..။သူတို့က အရင်ကနဲ့ အတော်လေးကို မတူညီကြတော့ပါဘူး..။
အရိုးသားဆုံးပြောရင် အခုဆို သူတို့ နဲ့ မုဆိုးတွေ ကြားထဲက ကွာဟမူက မကြီးမားတော့ပေ..။တကယ်လို့ ဆန်နီသာ ဘယ်သူက ဘာလဲဆိုတာကို မသိထားခဲ့ရင်..သူက လူတွေတောင် မှားနိုင်လောက်ပါတယ်..။
ပြောငိးလဲနေတဲ့ကြယ်ပွင့်ဟာ လူအုပ်ကြားထဲကနေ လျောက်သွားခဲ့ပြီး..ကျိန်စာသင့်အပျက်အစီးတွေကို မြင်တွေ့နေရတဲ့ ပြတင်းပေါက်နားကို သွားလိုက်တယ်..။သူမက အပြင်ကို ခနကြည့်လိုက်ပြီးမှ နက်မှောင်နေတဲ့ အမူအရာနဲ့ ပြန်လှည့်လာခဲ့ပါတယိ..။
"ပြောပါဦး.."
မုဆိုးအဖွဲ့ တွေရဲ့ ခေါင်းဆောင်တွေဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်..။နှာဖူး
ကနေ မေးစေ့အထိ ရုပ်ဆိုးတဲ့ အမာရွတ်သုံးခု ရှိနေတဲ့ လူငယ်လေးဟာ အနည်းငယ် မသေချာမူတွေနဲ့အတူ ပြောလိုက်တယ်..။
"ပြန်လည်ကြိုဆိုပါတယ် မိန်းကလေး နစ်ဖီ..။အသက်ရှင်ပြီး..ကောင်းကောင်းမွန်မွန် ပြန်တွေ့ရတာ တကယ်ကောင်းတယိ.."
သူမက ခေါင်းညိမ့်ပြလိုက်တယ်..။မုဆိုးက ခနလောက် ရပ်တန့်လိုက်ပြီးမှ တည်ကြည်တဲ့လေသံ နဲ့ပြောလိုက်ပါတယ်..။
"ငါတို့..အာ ..လွန်ခဲ့တဲ့ လတွေမှာ မင်းရဲ့ အမိန့်နဲ့ အကြံပေးချက်တွေ အတိုင်းလိုက်နာခဲ့တယ်..။မင်း ဖွဲ့စည်းပေးခဲ့တဲ့ ယာယီ တပ်ဖွဲ့တွေနဲ့ အပြင်ဘက် ရပ်ကွက်ကို လာပြီးတိုက်ခိုက်ခဲ့တဲ့ မွန်းစတားတွေကို ကာကွယ်နိုင်ခဲ့တယ်..။မင်းနဲ့ အဖွဲ့သား တွေ အပျက်အဆီးထဲမှာ အမဲလိုက်ပြီး ငါတို့အတွက်ပေးထားခဲ့တဲ့ မှတ်သားမူ တွေက..ကင်းစောင့် တွေနဲ့ နေထိုင်သူတွေကို ထိခိုက်သေဆုံးမူ နည်းပါးစေခဲ့တယ်လေ..။ငါပြောချင်တာက အရင်ကထက်စာရင်ပေါ့.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူ့ကို တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့တယ်..။လူငယ်လေးဟာ သက်ပြင်းချလိုက်ပါတယ်..။
"တစ်ခြားကိစ္စကတော့..မိန်းကလေး ပြောထားခဲ့တဲ့ အတိုင်း အတိအကျဖြစ်လာခဲ့တာပဲ..။ရဲတိုက်က လူတွေက..မိန်းကလေးတို့ ထွက်သွားပြီးကတည်းက မကြာခန ဆိုသလိုရောက်လာကြပြီး အစောင့်တွေ ပျောက်သွားတဲ့ ကိစ္စအတွက် အယ်ဖီကို ထုတ်ပေးဖို့ ပြောခဲ့ကြတယ်လေ..။သူမ မရှိဘူးလို့ ငါတို့ပြောတဲ့ အချိန်မှာ သူတို့က ကြမ်းတမ်းလာကြတယ်..။တစ်ချို့လူတွေကို ဒဏ်ရာရအောင် လုပ်ကြပေမယ့် ဘယ်သူမှတော့ မသေဆုံးကြဘူး.."
အယ်ဖီ နှာခေါင်းရှုတိလိုက်တယ်..။မုဆိုးဟာ သူ့ကို ရှုပ်ထွေးတဲ့ အကြည့်နဲ့ကြည့်ပြီး ပါးကို ကုတ်လိုက်ပါတယ်..။
"ပြီးတော့ နောက်မှာတော့ သူတို့က ရက်သတ္တပတ်တိုင်းမှာ ရောက်လာကြပြီး..တူညီတဲ့ အကြောင်းအရာကိုပဲ ထပ်ကာထပ်ကာ ပြောရင်း လူတွေကို နာကျင်အောင် လုပ်ခဲ့ကြတယ်..။ဒါပေမဲ့ ငါတို့က အေးအေးဆေးဆေး ထိမ်းထားနိုင်ခဲ့ပြီး..ကောင်းပြီ။အနိုင်ကျင့်ခံခဲ့ကြတာပေါ့..။မိန်းကလေး ပြောခဲ့သလိုပဲ သည်းခံပြီး နေခဲ့ကြတယ်..။ဒီဟာက သူတို့ကို ပိုပြီး ဒေါသထွက်လာစေတယ် ဆိုပေမယ့် သူတို့မှာ ချဲ့ကားဖို့အတွက် အကြောင်းပြချက် မရှိခဲ့ကြဘူး..။အဆုံးမှာတော့ သူတို့က ငါတို့ရဲ့ ဘဝတွေကို ခက်ခဲအောင် လုပ်ပြီးပဲ တွန်းအားပေးနေခဲ့ကြတယ်လေ.."`
အရပ်ရှည်တဲ့ မုဆိုးမိန်းကလေး က ခေါင်းခါယမ်းလိုက်ကြတယ်..။
"လူတွေက ငါ့ကို ကြိုဆိုဖို့အတွက် ဘာလို့ မစောင့်နိုင်အောင်ဖြစ်နေကြတာလဲ..။အဲတာက ဘာဖြစ်တာလဲ.."
လူငယ်လေးဟာ ရှကိရွံ့စွာ ခေါင်းကို ငုံ့လိုက်ပြီး လည်ချောင်းရှင်းလိုက်တယ်..။
"အာ..အဲတာကလား..။နင်မြင်တဲ့ အတိုင်းပဲလေ..ရဲတိုက်က လူတွေက အစောင့်တွေ ပျောက်သွားတာကို နင်က ဖြေရှင်းပေးဖို့ လိူအပ်တယ် လို့ ပြောကြတော့..အပြင်ဘက်ကလူတွေက..ဘယ်လို ပြောရမလဲ..နင့်ကို သဘောကျနေကြတာပေလ့.."
အယ်ဖီက သူ့ကို ရှုပ်ထွေးတဲ့ အမူအရာနဲ့ကြည့်လိုက်တယ်..။
"ငါက မတရား စွပ်စွဲခံလိုက်ရလို့ လား.."
သူ ပြုံးလိုက်ပြီး..
"အာ..မဟုတ်ဘူး တကယ်တော့..ဆန့်ကျင်ဘက်ပဲ..။သူတို့က နင် ဒီအစောင့်တွေကို..တရားမဝင် ..သတ်ခဲ့တာနဲ့ ပတ်သက်ပြီး အားကျနေကြတာ..။တကယ်တေု့ သူတို့ နောင်တရနေကြတာက အများကြီး မသတ်လိုက်တာကိုပဲ..။နင်က သူတိူ့ကို ဘယ်လို ကိုင်တွယ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပုံပြင် တွေတောင် ရှိနေခဲ့သေးတယ်..။အကျော်ကြားဆုံး တစ်ခုက..အင်...အစောင့်တွေက နင့်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်ချင်ကြတာ..အာ..ဒါကြောင့် နင်က ရဲတိုက်က ခွေးတွေကို သင်ခန်းစာ ပေးခဲ့ရတာပဲ.."
မုဆိုးမလေးဟာ မျက်တောင်ခတ်လိုကိတယ်..။
"ငါ့ရဲ့ ဂုဏ်သိက္ခာလား..။ငါက ဘယ်တုန်းက ဂုဏ်သိက္ခာ ရှိလို့လဲ.."
လူငယ်လေးဟာ ပြုံးလိုက်ပြီး
"ဟေး..ငါ့ကို အဲလိုမကြည့်နဲ့လေ..။ဒါက ငါနဲ့မဆိုင်ဘူး..ဟုတ်တယ်မလား..။ပါ့ခ် ကိုသာ အပြစ်တင်တော့..ဒါက သူ့ရဲ့ အကြံဥာဏ်ပဲ.."
အယ်ဖီဟာ ပုခုံးတွန့်လိုက်တဲ့ နောက်ထပ် မုဆိုးကို နက်မှောင်စွာကြည့်လိုက်တယ်..။
"အပြင်ဘက်မှာနေထိုင်ကြတဲ့လူတွေ နင့်ကို ရိုသေလေးစားလာအောင် လုပ်ထားဖို့ မိန်းကလေး နစ်ဖီက မှာခဲ့တာလေ..။ဒါက အလုပ်ဖြစ်ခဲ့တာပဲ..။မဟုတ်ဘူးလား.."
မုဆိုးမိန်းကလေးဟာ..ဒေါသထွက်တဲ့ အမူအရာနဲ့သူမရဲ့ မျက်နှာကို ပွတ်လိုက်တယ်..။
"ဒါပေမဲ့ ..ငါမှ သူတို့ကို မသတ်ခဲ့တာ.."
မုဆိုးဟာ သူ့ကို လှောင်ပြောင်မူ မရှိတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်တယ်..။
"ဘယ်သူ ဂရုစိုက်မှာလဲ.."
အယ်ဖီ တစ်ခုခု ပြန်ပြောဖို့ လုပ်လိုက်ပေမယ့် နစ်ဖီ ဖြတ်ပြောလိုက်ပါတယ်..။
"အချိန်က သိပ်မရဘူး..။မလိုအပ်တာတွေနဲ့ အချိန်မဖြုန်းနဲ့.."
ယင်းနောက် သူမက အမာရွတ်တွေရှိနေတဲ့ မုဆိုးဘက်ကို လှည့်ပြီး မေးလိုကိတယ်..။ယ
" ငါ့ရဲ့ နောကိဆုံးညွှန်ကြားချက်ကရော.."
သူ မျက်မှောင်ကျုတ်ပြှး သေးငယ်တဲ့ သစ်သား သေတ္တာလေးကို ထုတ်လိုက်ပါတယ်..။ဒါက သူ့ရဲ့ ခါးပတ်က လည်သာ မှာ တွဲပြီးချီထားခဲ့တာပါ..။လူငယ်လေးဟာ..သေးငယ်တဲ့ သေတ္တာလေးကို ကြောက်စရာ အကောင်းဆုံး အိပ်မက်ဆိုး သတ္တဝါလိုမျိုး ကိုင်တွယ်နေခဲ့တယ်။သူက အတော်လေး သတိထားနေခဲ့ပြီး နစ်ဖီနားကို ကပ်သွားကာ ပေးလိုက်ပါတယ်..။
သူ့ရဲ့ နှာဖူးမှာချွေးတွေတောင် စို့နေခဲ့ပါပြီ..။
"ဒါက..ရဲတိုကိကလူ ယူလာခဲဲ့တဲ့ အရာပါ..။သူတို့က ဟိုက်ခ် ကို ဒီလိုပစ္စည်းဖန်တီးခိုင်းဖို့ ဘယ်လို နည်းလမ်းတွေ အသုံးပြုခဲ့တာလဲ ဆိုတာတော့ ငါ မသိဘူး..။ဒါပေမဲ့ သူတို့ ချန်ထားခဲ့တဲ့ မှတ်စု အရဆိုရင်တော့ ရလာဒ်က မိန်းကလေး လိုချင်တဲ့ အတိူင်းပဲ.."
သူတွေဝေနေခဲ့ပြီး..
"တစ်ရက်မှာ သေတ္တာ နဲ့ မှတ်စုက ငါရဲ့ ခေါင်းအုံးနားမှာ သူ့ဟာသူ ရောက်နေတာပဲ..။ဒီဟာက အဲတာအတွက်ဆိုတာကို သိရတဲ့ အချိန်မှာ ငါ နှလုံးရှော့ ရမလိုတောင် ဖြစ်သွားခဲ့တယ်.."
ဆန်နီဟာ သေတ္တာကို စိတ်ဝင်တစားကြည့်နေခဲ့တယ်..။ဟိုက်ခ် ဆိုတာက ဂန်လောင်ရဲ့ လူယုံတွေထဲက တစ်ယောက်ပါ..။သူမက လက်မူပညာရှင် အဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဟုတ်ပါတယ်..။သူမ ရဲ့ စွမ်းရည်က အပင်တွေရဲ့ တစ်ချို့ အရည်အသွေးတွေကို မြှင့်တင်နိုင်စွမ်းရှိနေတာကြောင့်..၊ အစားအသောက်ရှားပါးတဲ့ မေ့ပျောက်ကုန်းမြေမှာတော့ အံ့ဩစရာကောင်းလောက်အောင် အသုံးဝင်ပါတယ်..။
ဒါပေမဲ့ နစ်ဖီက သူမဆီက ဘာတွေ အရေးတကြီး လိုအပ်နေတာလဲ..။ပြီးတော့ မုဆိုးက ဘာလို့ ဒီ သေတ္တာငယ်လေးကို အရမ်း ကြောက်ရွံ့နေရတာလဲ"
ပြောငိးလဲ နေတဲ့ကြယ်ပွင့်ဟာ သေတ္တာကို ဂရုတစိုက်ယူလိုက်ပြီး..အတော်ကြာအောင်ကြည့်ပြီး ကာမှ ကတ်စတာ ကို ပေးလိုက်ပါတယ်..။
"ဘာလုပ်ရမလဲ သိတယ်မလား.."
ကတ်စတာ က ခေါင်းညိမ့်ပြလိုက်ပြီး တံခါးဆီကို လျောက်သွားကာ ပျောက်ကွယ်သွားခဲ့တယ်..။
အဲ့အချိန်မှာတော့ နစ်ဖီဟာ ကျန်တဲ့ မုဆိုးတွေဘက်ကို လှည့်လိုက်ပြီး လေးနက်တဲ့ လေသံနဲ့ပြောလိုက်ပါတယ်..။
"အကောင်းဆုံးလုပ်ခဲ့ကြတယ်..။အားလုံးကို ကျေးဇူးပါ.."
သူတို့ရဲ့ မျကိနှာတွေမှာ ကြီးမားတဲ့ အပြုံးတွေ ပေါ်လာတဲ့ အခိုက်အတန့်မှာတော့..သူမက အယ်ဖီရဲ့ အဆုံးမရှိ အိတ်ကို ယူပြီး နောက်တစ်ကြိမ်ဖွင့်လိုက်ပါတယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ အိတ်ကို ပြောင်းပြန်လှန်လိုက်ပြီး ပြောလိုက်တယ်..။
"ဒါက..ဆု ချီးမြှင့်နေတာ မဟုတ်သလို လက်ဆောင် ပေးနေတာလည်း မဟုတ်ဘူး..။ဒါက မင်းတို့နဲ့ ထိုက်တန် တဲ့ အရာဖြစ်သလို ၊ မကြာခင်လိုအပ် လာတော့မယ့် အရာတွေပဲ.."
ခနအကြာမှာတော့..တောက်ပနေတဲ့ အမြုတေတွေ ါများကြီးဟာ အိတ်ထဲကနေ စားပွဲပေါ်ကို ကျရောက်လာခဲ့ပါတယ်..။ဒီမှာတော့..အမြုတေ ရာပေါင်းများစွာ ရှိနေပြီး အလင်းရောင် တွေ တောက်ပနေခဲ့ပါတယ်..။မကြာခင်မှာပဲ..အမြုတေတွေက စားပွဲရဲ့ အစွန်းနားတွေကိုပါ ရောက်ပြီး အောက်တွေကိုပါ ပြုတ်ကျသွားခဲ့တယ်..။
ခနအကြာမှာတော့ ဝိဥာဥ် အမြုတေ တစ်ထောင်ကျော် လောက်ဟာ..အခန်းထဲက အံ့ဩနေတဲ့ လူတွေရဲ့ ရှေ့မှာ ပေါ်ထွက်လာခဲ့ပါတယ်..။အဆုံးမရှိတဲ့ အိတ်က နောက်ဆုံးမှာတော့ ဗလာ ဖြစ်သွားခဲ့တယ်..။
ဆန်နီဟာ အမြုတေ ပုံကြီးကို ကြည့်ပြီး သက်ပြင်းချလိုက်မိတယ်..။ဒီအရာတွေ မစတင် ခင်တုန်းက သူ့မှာ
လည်း အမြုတေ တွေ အပုံလိုက် ရှ်ိခဲ့ပါတယ်..။ဒီထက်တော့ အနည်းငယ် သေးငယ်တယ်ဆိုပေမယ့်..သူ့ရဲ့ ဂုဏ်ယူမူနဲ့ ပျော်ရွှင်စရာ တစ်ခုပါ..။
စိတ်မကောင်းစွာပဲ အခုတော့ အဲတာတွေ အကုန် မရှိတော့ပါဘူး..။
' ဘယ်လို မြင်ကွင်းမျိုးလဲ..။အဲ့တုန်းက ငါ့ကိုယ်ငါ ချမ်းသာ ပြီ ထင်နေခဲ့တာ..'