← Chapters

ကစားပွဲ ရဲ့ အစ

Vol. 20 Ch. 289

ကစားပွဲ ရဲ့ အစ

Vol. 20 Ch. 289

ဝင်္ကပါထဲမှာတုန်းက..ဆန်နီ တစ်ယောက်တည်း အိပ်မက်ဆိုး သတ္တဝါတွေ အများကြီးကို သတ်ဖြတ်နိုင်ခဲ့တာ မဟုတ်ပါဘူး..။တကယ်တော့..သူ့ရဲ့ မူလအလုပ်ဖြစ်တဲ့ ထောက်လှမ်းရေး အလုပ်ကြောင့်..အဓိက အဖွဲ့ဝင် တိုက်ခိုက်ရေးသမား သုံးယောက်က အများကြီး ပိုပြီး သတ်ဖြတ်ခဲ့ကြပါတယ်..။

အကြောင်းပြချက်တစ်ချို့ကြောငိ့ အယ်ဖီ နဲ့ ကတ်စတာ တို့ရဲ့ ဝိဥာဥ် အမြုတေ က အစောကြီးကတည်းက ပြည့်သွားခဲ့ကြပြီ ဆိုတာကို သူ သိထားခဲ့ပါတယ်..။နောက်ထပ် အမြုတေတွေကို ထပ်ပြီး စုပ်ယူနေတာက..ဖြုန်းတီးရာ ကျပါတယ်...။အဲ့အချိန်မှာတော့ နစ်ဖီက..သူ့ရဲ့ ဝေစုကို စတင်ပြီး စုဆောငိးခဲ့ပါတယ်..။

ဆန်နီကလည်း..မလိုချင်တဲ့ မှတ်သားမူ တွေနဲ့ အမြုတေတွေကို လဲလှယ်နေခဲ့တာကြောင့် နောက်ဆုံးမှာတော့ အယ်ဖီ ရဲ့ လွယ်အိတ်ထဲမှာ အမြုတေ တွေ များပြားလာခဲ့တယ်..။

နစ်ဖီက ဒါတွေကို ဘယ်နေရာမှာ အသုံးပြုမှာလဲ ဆိုတာကို သူ အမြဲတမ်းသိချင်နေခဲ့ပေမယ့် အခုတော့ အဖြေသိရပါပြီ..။

အဓိကခန်းမထဲမှာ စုဝေးနေကြတဲ့ သူမရဲ့ အယုံကြည်ရဆုံး အဖွဲ့ဝင်တွေဟာ..ဝိဥာဥ် အမြုတေ ပုံကြီးကို ကြည့်ပြီး အံ့ဩသင့်နေခဲ့ကြတယ်..။အနက်ရောင်မြို့တော် ထဲမှာတော့ ဒါက မယုံနိုင်လောက်အောင် ချမ်းသာ မူကြီးပါပဲ..။အမြုတေ တစ်ခုလောက်ကတင် လူတစ်ယောက်ကို ရဲတိုက်ထဲမှာ တစ်ပတ်လောက် သက်သောင့်သက်သာ နေထိုင်စားသောက်နိုင်ဖို့ အတွက်လုံလောကိပါတယ်..။

ဒီအရာမရှိတဲ့အတွက် သေဆုံးခဲ့ရတဲ့ လူတွေမှ အများကြီးပါပဲ..။ဒါကြောင့် သူတို့ရှေ့မှာရှိနေတဲ့ အမြုတေ အပုံလိုက်ကြီးက..လူတစ်ထောင်ရဲ့ အသက်တွေနဲ့ ညှီမျှတယ်လို့ ပြောနိုငိပါတယ်..။

အမာရွတ်တွေနဲ့ မုဆိုးဟာ..တောက်ပနေတဲ့ အမြုတေတွေ ဆီကနေ အကြည့်ကို ဖြည်းညှင်းစွာလွှဲလိုက်ပြီး ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကို ကြည့်လိုက်တယ်..။သူ့က ဖြူဖျော့နေတဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ်..။

"ဘာလဲ...ဒါက ဘာလဲ..မိန်းကလေး နစ်ဖီ.."

သူမက အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ ..သူမရဲ့ ပုံမှန်လေသံနဲ့ပဲ..သက်ရောက်မူရှိစွာ ပြောလိုက်တယ်..။

"ဒါက မင်းတို့အတွက်ပဲ..။ကိုယ့်ကိုကို အားဖြည့်ပြီး သန်မာလာဖို့ အတွက်..။ရှေ့ရက်တွေမှာ စောင့်ဆိုငိးနေတဲ့ အရာတွေ အတွက် မင်းတို့က သန်မာနေဖို့လိုအပ်တယ်.."

လူငယ်လေးဟာ သူမကို ကြည့်နေရင်းနဲ့ မျကိလုံးထဲနှာ အန္တရာယ် အငွေ့အသက်တွေ ထွက်ပေါ်နေခဲ့တယ်..။ပြီးတော့ နားလည်ပြီး..ကြည်ညိုလေးစားတဲ့ အရိပ်အယောင်တွေလည်း ရှိနေခဲ့ပါသေးတယ်..။

ဒါက ဝတ်ပြုရှိခိုး လု နီးပါးပါပဲ..။

ထောင့်တစ်နေရာမှာ ရှိနေတဲ့ ဆန်နီက နက်မှောင်တဲ့ အမူအရာနဲ့ပြုံးလိုကိတယ်..။

ဒီအရာတွေ စတင်ခဲ့တဲ့ အချိန်တုန်းက ဂန်လောင်က အနက်ရောင် မြို့တော်ရဲ့ အစားအသောက် ၊ လုံခြုံမူ ၊ မျှော်လင့်ချက် နဲ့ ကြောက်ရွံ့မူ...နောက်ပြီး စွမ်းအားတွေကိုပါ ထိန်းချုပ်ထားတဲ့ အတွက် အနိုင်ယူဖိူ့ဆိုတာ မဖြစ်နိုင်ဘူးလို့ သူက နစ်ဖီကို ပြောခဲ့ပါတယ်..။

ယင်းနောက် သူမက..အပြင်ဘက်ရပ်ကွက် လူတွေကို..အခမဲ့ အစားအသောက် ၊ သူရဲ့ ဓားအောက်က အကာအကွယ် ၊ နဲ့ သူတို့ရဲ့ နှလုံးသားတွေထဲမှာ အချိန်အတော်ကြာအောင် ပျောက်ကွယ်နေခဲ့တဲ့ မျော်လင့်ချကိကိုပါ ပြန်ပေးခဲ့ပါတယ်..။ကျန်ရှိနေတာ ဆိုလို့ စွမ်းအားပါပဲ..။

အခုတော့..သူမက သူတို့အတွက် စွမ်းအားကိုပါ ယူဆောင်ပေးလာခဲ့ပါတယ်..။

သူမကို ဝတ်ပြုဖို့အတွက်တောင် ဒီလူတွေ အဆင်သင့်ဖြစ်နေကြတာ အံ့ဩစရာ မရှိတော့ပါဘူး..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်က..မြင့်မြတ်တဲ့ ကယ်တင်ရှင် တစ်ယောက်ပါ..။

သူတို့ရဲ့..ကယ်တင်ရှင် ခရစ်တော်က အတုအယောင်ဖြစိနေတယိ ဆိုတာကို ဘယ်သူမှ မသိကြပေ..။

အံ့ဩနေကြတဲ့ လူတွေကိုကြည့်ပြီး အယ်ဖီ သက်ပြင်းချလိုက်ကာ..သူမရဲ့ အိတ်ကို နစ်ဖီရဲ့လက်ထဲကနေ လှမ်းယူလိုကိတယ်။အထဲမှာ ဘာမှမရှိတော့တဲ့ အိတ်ကို ကြည့်လိုက်ပြီး..အနည်းငယ် ဝမ်းနည်းကာ ပြောလိုက်တယ်..။

"နင်တို့ဘာကို စောင့်နေကြတာလဲ..။ဂန်လောငိရဲ့လူတွေက..ဒီကိုလာပြီး နင်တို့ရဲ့ မာနေတဲ့ ခေါင်းတွေကို တစ်စစီ လုပ်ဖို့တောငိ အဆင်သင့် ဖြစ်နေလောက်ပြီ..။

အိပ်စက်သူတွေဟာ..သူမကို နှစ်ခါ မပြောရစေခဲ့ပေ..။

***

သိပ်မကြာတဲ့ အချိန်မှာတော့ .နောက်ဆုံးအမြုတေကို စုပ်ယူလို့ ပြီးသွားခဲ့တယ်..။စောင့်ကြည့်နေတဲ့ စစ်သည် တစ်ယောက်ဟာ အမောတကော ပြေးဝင်လာခဲ့တယိ..။

"လာနေပြီ...သူတို့ လာနေပြီ.."

သူမရဲ့ အသံထဲမှာ အဖုံးဖိနိုင်တဲ့ ကြောက်ရွံ့မူတွေ ပါဝင်နေခဲ့ပ့တယ်..။

ဆန်နီ ပုခုံးတွေကို မြှောက်ကာ အကြောလျော့လိုကိတယ်..။

'ပြပွဲက စတော့မှာပဲ..'

အခန်းထဲမှာ ရှိနေတဲ့ လူတိုင်းကလည်း စိုးရိမ်မူတွေ အပြည့်နဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပါတယ်..။ပြတင်းပေါက်ကနေ တဆင့် ပျက်စီး နေတဲ့ အနက်ရောင်မြို့ကို ကြည့်နေတဲ့ နစ်ဖီတစ်ယောက်တည်းသာ ပုံမှန်အတိုင်းရှိနေခဲ့တယ်..။

"အားလုံး တည်တည်ငြိမ်ငြိမ် နေကြ.."

သူမရဲ့ အသံကြောင့် သူတို့တည်ငြိမ်သွားကြတယ်..။အမာရွတ်အပြည့်နဲ့ မုဆိုးက

ပြောင်းလဲနေတဲ့ကြယ်ပွင့် ဘက်က်ို လှည့်ပြီး နက်ရှိုင်းစွာ မျက်မှောငိကျုတ်လိုက်တယ်..။ခနလောက်တွေဝေပြီးတဲ့ နောက်မှာတော့ သူ ပြောလိုက်ပါတယ်..။

"ဒါပေမဲ့..ဒါပေမဲ့..သူတို့က အယ်ဖီကို လာခေါ်ကြပြှလေ..။ငါတို့ ဒီလို အဖြစ်ခံနိုင်မှာ မဟုတ်ဘူး..။လူကောင်းတွေက အဲဒီသောက်ကျိုးနဲ ရဲတိုကိကို ခေါ်သွားခံရတာကို ငါ အများကြီးကြည့်ခဲ့ရပြီးပြီ။ဘယ်သူမှ ပြန်မလာခဲ့ကြဘူး..။တကယ်လို့ သူတို့က သူမကို ဂျူဘိုင်လိုမျိုး စံပြအဖြစ်နဲ့ လုပ်ချင်တယ်ဆိုရင်တော့ ငါသေမှပဲ ရလိမ့်မယ်.."

ဒေါသတကြီး အသံ တွေက ခန်းမထဲမှာ အသီးသီး ထွက်ပေါ်လာခဲ့ကြပါတယ်..။

"အတိအကျပဲ.."

"သူတို့က ဂျူဘိုင်ရဲ့ သေဆုံးမူအတွက် ပေးဆပ်ကြရလိမ့်မယ်.."

"မင်း သေမှ တဲ့လား..။ဘာလို့ သူတို့က သေတဲ့လူတွေ မဖြစ်ရတာလဲ.."

နစ်ဖီဟာ ခနလောက်တွေဝေလိုက်ပြီးမှ သူတို့ဖကိကို လှည့်လိုက်တယ်..။ပေါ့ပါးတဲ့ အပြုံးတစ်ခုက သူမမျက်နှာပေါ်မှာ ပေါ်လာခဲ့ပါတယ်..။

"...စိတ်မပူကြနဲ့..။အယ်ဖီက ဘာမှဖြစ်မှာ မဟုတ်ဘူး..။ငါပြောတာကို ယုံ.."

ဒီစကားက သူတို့ကို အနည်းငယ်တည်ငြိမ်သွားစေခဲ့ပါတယ်..။ကြည့်ရတာတော့ သူတို့က သူမပြောတဲ့ စကားက ဘယ်လောက်ပဲ မဖြစ်နိုင်ပါစေ..ယုံကြည်ဖို့ ဆန္ဒရှိကြတဲ့ အတိုင်းပါပဲ..။ဒါက မျက်လုံးစုံမှိတ် ပြီး ယုံကြည်တယ် ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်များလား..။

ဘယ်သူမှ ပြန်မဖြေနိုင်သေးခင်မှာပဲ..ကျောကိတုံးအဆောက်အဦးရဲ့ဝင်ပေါက်နေ ဆူညံသံတွေကြားလာခဲ့ရပါတယ်..။ဒါက တစ်ယောက်ယောက်က တံခါးကို ဖျက်ဆီးပြီး ဝင်လာတဲ့ အတိုင်းပါပဲ..။

ဒီတိုတောင်းတဲ့ အသံက တိတ်ဆိတ်မူကို ဖြစ်ပေါ်သွားစေခဲ့တယ်..။တစ်စုံတစ်ခုက ကြမ်းပြင်ပေါ်ကို ကျဆင်းသွားခဲ့ပါပြီ..။

ယင်းနောက် လေးလံတဲ့ခြေသံတွေက သူတို့စုဝေးနေကြတဲ့ နေရာကို လှမ်းလာနေတာကို ကြားနေခဲ့ရတယ်..။ခနအကြာမှာတော့..တံခါး ပျက်ဆီးသွားပြီး ဘေးနားက ကျောက်တုံးတွေ ဆီကို လွင့်စင်သွားခဲ့ပါတယ်..။

လူထွားကြီးတစ်ယောက်က ခန်းမထဲကို လျောက်လာခဲ့တယိ..။သူ့ရဲ့ ဘာမှမဟုတ်တဲ့ တည်ရှိနေမူကတင် နေရာလွတ်တစ်ခုလုံးကို သေးငယ်သွားသယောင် ထင်မှတိရပါတယ်..။သူနဲ့ယှဥ်လိုက်မယ် ဆိုရင်..

အယ်ဖီ တောင်မှ..သာမန် အရပ်ဖြစ်သွား သလိုပါပဲ..။သူ့ရဲ့ မျက်နှာပေါ်မှာ သုန်မုန်တဲ့ အမူအရာတွေ ရှိနေခဲ့ပြီး..သူ့ရဲ့ မျက်လုံးထဲမှာတော့ အေးစက်ပြီး ရက်စက်တော့မယ့် အရိပ်အယောင်တွေ ရှိနေခဲ့ပါတယ်..။

လူထွားကြီးဟာ အကာအကွယ်တစ်ခုမှ ဝတ်ဆင်မထားပဲ..သူ့ရဲ့ကြွက်သားတွေကို လက်ပြတ် ပိုးချည်အင်္ကျီ ကနေ တဆင့် ဖော်ပြထားခဲ့တယ်..။

ရဲတိုက် အစောင့်တွေရဲ့ခေါငိးဆောင်..တီဆိုင် ကိုယ်တိုင် ..အဖွဲ့သားတွေ အနက်ရောင်မြို့တော်ဆီပြန်ရောက်လာတာကို လာရောက် ကြိုဆိုဖို့ ဆုံးဖြတ်လိုက်ပုံပါပဲ..။နစ်ဖီ ရဲ့ နောက်လိုက်တွေကတော့ ဖြူဖျော့နေကြပြီး အစောတုန်းက..ဒေါသတွေ နေရာမှာ ကြောက်ရွံ့မူတွေ အစားထိုးသွားခဲ့တယ်..။

'ဘယ်လို မွန်းစတား မျိုးလဲ..' ဆန်နီ ဂရုမစိူက်စွာတွေးလိုက်ပြီး..ဒီလူသန်ကြီးကို အမြန်ဆုံး ဘယ်လို သတ်လို့ ရမလဲ ဆိုတာကိုသာ တွေးနေခဲ့ပါတယ်..။

တီဆိုင် ရဲ့ နောက်မှာတော့ ချပ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး လက်နက်တွေ ကိုင်ဆောင်ထားတဲ့ စစ်သည်တွေ ရှိနေခဲ့တယ်..။သူတို့ရဲ့ မျက်လုံးတွေက ချက်ချင်းဆိုသလိုပဲ..မုဆိုးမိန်းကလေး ဆီကို ရောက်သွားခဲ့ကြပြီး အပြုံးတွေ ပေါ်လာခဲ့ကြတယ်..။အစောင့်တွေက သူတို့ တစ်ချိန်လုံး လူသတ်မူနဲ့ စွပ်စွဲနေခဲ့တဲ့ မိန်းကလေး ကို မြင်လိုက်ရတာကြောငိ့ ဝမ်းသာသွားကြတဲ့ ပုံပါပဲ..။

လူသန်ကြီးဟာ အယ်ဖီကို တစ်ချက်သာ ကြည့်လိုက်ပြီး ပြောင်းလဲနေတဲ့ကြယ်ပွင့် ဘက်ကို လှည့်လိုက်တယ်..။သူ့ရဲ့ နက်ရှိုင်းတဲ့ အသံက ခန်းမထဲကကျောက်တုံးတွေထဲမှာ ပဲ့တင်ထွက်လာခဲ့ပါတယ်..။ဒါက စုဝေးနေကြတဲ့ အိပ်စက်သူတွေကို ကျောချမ်းသွားစေခဲ့ပါတယ်..။

"ပြောင်းလဲနေတဲ့ကြယ်ပွင့်..။ဒီတော့ နင်က အသက်ရှင်နေသေးတာပေါ့.."

သူမက သူ့ကို မျက်လုံးချင်းစုံအောင် ကြည့်ပြီး မျက်တောင် မခတ်ပဲ ရှိနေခဲ့တယ်..။

"နင်က တီဆိုင် ဖြစ်မယ်ထင်တယ်..။အခုကို မေးတဲ့အတွက် ဝမ်းသာမိပါတယ်.."

လူသန်ကြီးဟာ ပြန်မဖြေခင် ခနလောက် တွေဝေနေခဲ့တယ်..။သူ့နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်တွန့်ကွေးသွားပြီကာမှ ပြောလာခဲ့ပါတယ်..။

"အိုး..မဟုတ်တာ..။ငါက ဝမ်းသာရမှာပါ.."

ယင်းနောက် သူက လက်ကိုမြှောက်ပြီး အယ်ဖီကို လက်ညိုးထိုးပြလိုက်တယ်..။

"အရှင် ဂန်လောင်က သူမကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ရင်ဆိုင်ဖို့အတွက် သူမကို ရဲတိုက်ဆီ ဖိတ်ခေါ်ခိုင်းလိုက်တယ်..။နင့်ရဲ့ ခွေးတွေကို သေချာလေ့ကျင့်ပေးထားသင့်တယ် ပြောင်းလဲနေတဲ့ကြယ်ပွင့်..။သူတို့ နေရာတကာ လျောက်သွားပြီး တစ်ခြားလူတွေကို ကိုက်တဲ့ အချိန်မှာ ဘာတွေဖြစ်လာလဲ ဆိုတာကို ကြည့်ပါဦး.."

ယင်းနောက် သူက လက်ကို ပြန်ချလိုက်ပြီး နက်မှောင်တဲ့ အမူအရာနဲ့ သူမကို ကြည့်ကာ ပြောလိုက်တယ်..။

"အခုတော့..မင်းတို့ ကြွက်လေးတွေက..ဘေးဖယ်နေပြီး..မြေခွေးမကို ငါခေါ်သွားတာကို မနှောကိယှက်ပဲနေဖို့ အကြံပေးချင်တယ်.."

နစ်ဖီကတော့ လက်ပိုက်ထားပြီး လူသန်ကြီးကိုသာ စိုက်ကြည့်နေခဲ့ပါတယ်..။သူမရဲ့ အညိုရောင် မျက်လုံးတွေထဲမှာတော့ အေးစက်တဲ့ အလင်းစက်လေးတွေ ရှိနေခဲ့တယ်..။ခနကြာပြီးနောက်မှာတော့ သူမက ပုံမှန် အတိုင်းပဲ ပြောလိုက်ပါတယ်..။

"...မနေတော့ ဘာဖြစ်လဲ.."

All Chapters