စီရင်ချက် ချရန် နေ့
Vol. 20 Ch. 290
ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ စကားလုံးတွေက အခန်းတစ်ခုလုံးကို တိတ်ဆိတ်သွားခဲ့တယ်..။နှစ်ဖက်စလုံးက..စတင်ပြင်ဆင်လာခဲ့ကြပြီး..သူတို့ရဲ့ မျက်လုံးထဲမှာတော့ မကျေနပ်မူတွေ ရှိနေခဲ့ကြပါတယ်..။ဒါကလေထုရဲ့ သိပ်သည်းမူနှုန်းက အကန့်အသတ်ကို ရောက်သွားပြီး..ကြမ်းတမ်းစွာ ပေါ်ကွဲထွက်တော့မယ့် အတိုင်းပါပဲ..။
ဒီနေမှာတော့ လူသုံးယောက်သာ အခြေအနေရဲ့ သက်ရောက်မူကို မခံရပဲ တည်ငြိမ်နေခဲ့ကြတယ်..။အဲတာကတော့ နစ်ဖီ ၊ ဆန်နီ နဲ့ တီဆိုင် တို့ပါ..။
လူသန်ကြီးဟာ သူ့ရဲ့ သွားတွေပေါ်အောင် ပြုံးလိုက်တယ်..။သို့ပေမယ့် သူ့ရဲ့ မျက်လုံးတွေက ရေခဲတမျှ အေးစက်နေခဲ့ပါတယ်..။
"ဘယ်လောက် အံ့ဩဖို့ကောင်းလဲ..။ငါက နင့်ကို တရားမျှတမူကို ကာကွယ်ပေးတဲ့ ကြီးမြတ်တဲ့ သူလို့ ထင်ထားခဲ့တာ..။မဟုတ်ဘူးလား ပြောင်းလဲနေတဲ့ကြယ်ပွင့်..။ဒါမှမဟုတ် နင့်ရဲ့ တရားမျှတမူတွေက နင့်ရဲ့ လူတွေဆီမှာ မသက်ရောက်ပဲ ကျန်တဲ့လူတွေ အပေါ်မှာပဲ သက်ရောက်တာလား.."
သူ သက်ပြင်းချပြီး စိတိပျက်မူ အပြည့်နဲ့ ပြောလိုက်တယ်..။
"အဲဒီ နင့်ရဲ့ မုဆိုးမက လူသတ်မူနဲ့ စွပ်စွဲ ခံထားရတာပဲ..။နင်က ဘာအတွက် တရားမျှတမူကို တားဆီးချင်နေရတာလဲ..။လူတွေ အများကြီးထဲမှာတောင် နင်ကတော့ တရားမျှတမူကို မစွပ်ဖက်ဘူးလို့ ငါက ထင်ထားခဲ့တာ.."
နစ်ဖီ မျက်မှောင်ကျုတ်လိုက်ပြီး..
"စွပ်စွဲတာက ကျူးလွန်ထားတာ နဲ့ မတူဘူး..။နင်က ဘာလို့ သူမကို အပြစ်ရှိတယ်လို့ ပြောနေတာလဲ.."
တီဆိုင် သူမကို စိုက်ကြည့်လိုက်ပြီး သူ့အသံက ကျောက်တုံးနံရံမှာ ပဲ့တင်ထပ်ကာ ပြောလိုက်တယ်..။
"သက်သေတွေ အများကြီးရှိတယ်..။မျက်မြင်သက်သေ တွေ အများကြီးရှိတယ်..။လူတွေအများကြီးက..သက်သေခံပေးဖို့ အသင့်ရှိနေကြတယ်..။သူမရဲ့ ပြစ်မူက ငြင်းဆန်လို့ မရတော့ဘူး..။နင်ဒါကို ဘယ်လိုပြောမလဲ ပြောင်လဲနေတဲ့ကြယ်ပွင့်"
ဆန်နီ ပေါ့ပါးစွာ ပြုံးလိုက်တယ်..။
'ဘယ်လောက်ထူးဆန်းလဲ..။လူတွေအများကြီးက အယ်ဖီ အဲ့အရူးတွေကို သတ်တာမြင်ခဲ့တာလား..။သူတို့ကို ငါသတ်လိုက်တာက စိတ်ကူးယဥ်နေခဲ့တာလား..။ငါက အဲ့အချိန်တုနိးကတော့ နည်းနည်း စိတ်လွတ်နေတာ အမှန်ပဲ ..ဟဟ "
နစ်ဖီ ပြန်မဖြေနိုင်သေးခင်မှာပဲ ကိုင်က ရှေ့ကို တက်လာပြီး အော်ပြောလိုက်တယ်..။
"ဒါက မဖြစ်နိုင်ဘူး..။ငါ..."
သို့ပေမယ့် နစ်ဖီက သူ့ကို လေးနက်စွာကြည့်ပြီး ရပ်တန့်စေခဲ့ပါတယ်..။ခန့်ညားတဲ့လူငယ်လေးဟာ တွေဝေသွားခဲ့တယ်..။ယင်းနောက် သူ အံကိုကြိတ်ကာ တိတ်ဆိတ်သွားခဲ့ပြီး တီဆိုင်ကိုသာ မကျေမနပ် စိုက်ကြည့်နေခဲ့လိုက်တယ်..။
ပြောင်းလဲနေတဲ့ကြယ်ပွင့်ကတော့ လူသန်ကြီးဆီကို ပြန်လှည့်ကာ ပြုံးလိုက်ပြီး..
"ကောငိးပြီ..ကောင်းပြီ....။ဒါဆိုရင်တော့ အရာရာက ပြောင်းလဲသွားပြီ..။ဖြစ်နိုင်မယ် ဆိုရင် ခွင့်လွှတ်ပေးပါ..။ငါက အနက်ရောင်မြို့တော်က ထွက်သွားတာ အတော်ကြာတော့ အဲတာတွေကို မသိလိုက်ဘူး..။ဒီလို ဆိုရင်တော့..အဆင်ပြေသလိုပဲ..သူမကို ခေါ်သွားကြပါ.."
အယ်ဖီ ဟာ မျက်နှာရှုံ့မဲ့သွားပြီး သူမကို သဘောကျတဲ့ အမူအရာနဲ့ကြည့်လိုက်တယ်..။ဆန်နီကတော့ တီဆိုင် ဆီကနေ အကြည့်မလွှဲခဲ့ပေမယ့် အရိပ်ကနေ
နစ်ဖီကို စိုက်ကြည့်နေခဲ့ပါသေးတယ်။
သူမ မျက်နှာပေါ်က အပြုံးတွေ က ရုတ်တရက်ပျောက်ကွယ်သွားပြီး..ကျယ်ပြန့်တဲ့ အေးစက်မူတွေ အစားထိုးသွားခဲ့ပါပြီ..။
"ဒါပေမဲ့ ငါလည်း သူမနဲ့အတူလိုက်ခဲ့မယ်..။တကယ်တော့ ငါတို့ အားလုံးပေါ့..။ငါတို့က သက်သေတွေနဲ့ မြင်တွေ့တဲ့သူတွေ ပြောတာကို နားထောင်ချက်နေပြီ..။ပြီးတော့ တရားမျှတမူကို ပုံဖော်ပြီး အပြစ်ရှိသူတွေကို အပြစ်ပေးတာကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူး..။သေချာတာကတော့ အရှင် ဂန်လောင်က စိတ်မရှိလောက်ပါဘူး.."
တီဆိုင်ရဲ့ မျက်နှာပေါ်မှာ မကျေနပ်တဲ့ အမူအရာပေါ်လာခဲ့တယ်..။မျက်မှောင်ကျုတ်လိုက်ပြီး သူ့ရဲ့ မြင့်မားတဲ့ အရပ်နဲ့ နစ်ဖီကို ငုံ့ကြည့်လိုက်ကာ..ခြိမ်းခြောက်တဲ့ အသံနဲ့ ပြောလိုက်ပါတယ်..။
"ဘာလို့ နင်ပါ လိုက်လို့ ရတယ်လို့ ထင်နေတာလဲ စုန်းမ "
ပြောင်းလဲနေတဲ့ကြယ်ပွင့်က ခနလောက် တိတ်ဆိတ်သွားခဲ့တယ်..။ယင်းနောက် သူမရဲ့ မျက်လုံးတွေက ရုတ်တရက် အဖြူရောင် အလင်းတန်းတွေ ဒေါသထွက်စွာ ပေါ်လာခဲ့ပါတယ်..။နာကျင်မူ နဲ့သေဆုံးမူတွေကို ကတိပေးနေတဲ့ အလား..သူမက အထင်သေးစွာ ပြောလိုက်တယ်..။
"ဘယ်သူက ငါ့ကို တားမှာလဲ..."
လူသန်ကြီးဟာ ရှုပ်ထွေးတဲ့ အမူအရာနဲ့ကြည့်နေခဲ့တယ်..။ဒါကတော့ သူက ဂုဏ်ယူမူ နဲ့ အကြောက်တရားကြားထဲမှာ တွန့်ကြေသွားခဲ့သလိုပါပဲ..။
ဒါပေါ့ ဒီဟာတွေ အကုန်လုံးက ဟန်ဆောင်မူတွေပါ..။သူ့ရဲ့ စစ်မှန်တဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားဖို့အတွက် ပြီးပြည့်စုံတဲ့ ဟန်ဆောင်မူပါပဲ..။
အောင်မြင်မူ နဲ့ ဝမ်းသာ ကျေနပ်မူ..
သူက အယ်ဖီကို တရားမျှတမူ အတွက်လာခေါ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့လာခဲ့ပေမယ့်..သူ့ရဲ့ အစစ်အမှန် ရည်ရွယ်ချက်က နစ်ဖီ ပါ..။သူမက ဂန်လောင် ဖျက်ဆီးပစ်ချင်တဲ့ အရာပါပဲ..။အခုတော့ သူမက အသတ်ခံရမယ့် သိုးငယ်လေးတစ်ကောင်လို ကိုယ်ခြေထောက်နဲ့ကို ဝင်လာခဲ့ပါတယ်..။
တီဆိုင် မသိတာကတော့..ပြောင်းလဲနေတဲ့ကြယ်ပွင့်က သိုးငယ်လေးတစ်ကောင်ဖြစ်ဖို့ အဝေးကြီးမှာ ဆိငတာ ပါပဲ..။
"...သိုးရေ ခြုံထားတဲ့ ဝံပုလွေနဲ့ ပိုတူပါတယ်.."
အဲ့အချိန်မှာပဲ တီဆိုငိ ဟာ ဖြည်းညှင်းစွာ ခေါင်းခါယမ်းလိုက်ပြီး အင်တင်တင် အမူအယာ ဟန်ဆောင်လိုက်ကာ ပြောလာခဲ့တယ်..။
"ကောင်းပြီလေ..။ကြိုက်သလိုသာ လုပ်ကြ..။ငါနဲ့အတူ ရဲတိုက်ထဲကို လိုက်ခဲ့..။နင့်ရဲ့ ကြွက်တွေ ကိုပါ ခေါ်ခဲ့ပေါ့..။နင်တို့ အကုန်လုံး ငါတို့ အရှင်ရဲ့ ထူးချွန်ပြောင်မြောက်မူကို မြင်ကြရလိမ့်မယ်.."
***
သူတို့ အကုန်လုံး ခန်းမထဲကနေ ထွက်သွားခဲ့ကြတယ်..။တီဆိုင်ကတော့ ရှေ့ဆုံးကနေ လျောက်နေပြီး မုဆိုးမိန်းကလေးကို ပုခုံးကနေ ကိုင်ထားခဲ့ပါတယ်..။သူမရဲ့ လက်တွေကိုတော့ ကျိုးပဲ့လွယ်တဲ့ ကြိုးတွေနဲါနောက်ပြန် ကြိုးချည်ထားခဲ့ပါတယ်..။အယ်ဖီနဲ့ ခွန်အားနဲ့ ယှဥ်ပြီး ပြောရမယ်ဆိုရင်တော့ ဒီကြိုးတွေက ဟန်ပြယုံပါပဲ..။နစ်ဖီကတော့ သူမအနားမှာ ကပ်နေပြီး..သူမရဲ့ မျက်နှာက ဘာကိုမှ ဂရုမစိုက်တဲ့အလား တည်ငြိမ်နေခဲ့တယ်..။
အစောင့်တွေနဲ့ ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ အဖွဲ့သားတွေကတော့ သူတို့ရဲ့ နောက်မှာရှိနေကြပြီး တစ်ယောက်ကို တစ်ယောက် စူးရှစွာကြည့်နေခဲ့ကြပါတယ်..။သူတို့ရဲ့ မျက်နှာတွေမှာတော့ အပြုံးတွေ မကျေနပ်မူတွေ ရှိနေခဲ့တယ်..။ဆန်နီကတော့ အာရုံစိူက်မူတွေ မခံချင်တာကြောင့် လူအုပ်ထဲက တစ်နေရာမှာ ပုန်းအောင်းနေခဲ့ပါတယ်..။အခုတော့ သူက ဘေးနားက အရိပ်တွေကြားထဲမှာဖြစ်ပေါ်နေတဲ့ ဂနာမငြိမ်တဲ့ စိုးရိမ်ပူပန်မူတွေ နဲ့အတူ ရွေ့လျားနေခဲ့တယ်..။
သူတို့ ရဲတိုက်ကို လျောက်သွားတဲ့ အချိန်မှာတော့ အပြင်ဘက် နေထိုင်သူတွေက ပိူပိုပြီး ဝန်းရံလာခဲ့ကာ သူတို့ရဲ့ မျက်နှာတွေမှာ အံ့ဩမူ ၊ ဒေါသထွက်မူတွေ ရှိနေခဲ့ပါတယ်။
"သူတို့ အယ်ဖီကို ဖိသွားကြပြီ.."
"ခွေးသားတွေ ၊ သူမကို လွှတ်လိုက်.."
"မိန်းကလေး နစ်ဖီ ၊ တစ်ခုခု လုပ်ဦး.."
သူတို့ဝန်းကျင်မှာ စုဝေးလာကြတဲ့လူတွေကို ကြည့်ပြီး သူမက နှစ်သိမ့်စွာ ပြုံးကာ ပြောလိုက်တယ်..။
"စိတ်အေးအေးထားကြ..။လိုက်ချင်ရင် လိုက်ခဲ့လို့ရတယ်..။ဒီနေ့မှာ ငါတို့က တရားမျှတမူကို မြင်ကြရလိမ့်မယ်.."
သို့ပေမယ့် သူမရဲ့ တည်ငြိမ်ဖို့ ပြောလိုက်တဲ့ စကားက လူအုပ်ကြီးကို ဆန့်ကျင်ဖက် သက်ရောက်သွားခဲ့ပါတယ်..။အဲဲဒီအစား မီးရှို့လိုက်သလို ဖြစ်သွားပြီး မကြာခင်မှာပဲ..အပြင်ဘက် ရပ်ကွက်မှာ အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့ပါပြီ..။
"တရားမျှတမူ ...တရားမျှတမူ "
သို့ပေမယ့် တစ်နေရာအရောက်မှာတော့ သံစဥ်က ပြောင်းလဲသွားပြီး လူတွေရဲ့ အသံကနေ သွေးဆာမူတွေကို ပါ ဖော်ပြလုနီးပါးဖြစ်လာခဲ့တယ်..။သူတို့ အော်နေတဲ့ စကားလုံးက ပြောင်းလဲသွားခဲ့ပြီး လူအုပ်ကြီးက တစ်ခြား တစ်ခုခုကို အော်နေခဲ့ကြ၆ါတယ်..။သူတို့က တရားမျှတမူ လို့ မအော်တော့ပဲ..
စီရင်ချက် ချမူ
[ အပြစ်ပေးမည် ဟု ဆိုလိုသည် ]
"စီရင်ချက်ချမူ ..စီရင်ချက်ချမူ "
ဆန်နီဟာ ဒေါသတကြီးနေကြတဲ့ လူအုပ်ကြီးကို ကြည့်ပြီး မျကိမှောင်ကျုတ်လိုက်တယ်..။အေးစက်ပြီး ရင်းနှီးတဲ့ ခံစားချက်က သူ့ နှလုံးသားကို ဖျက်ညှစ်ထားသလို ခံစားနေခဲ့ရပါတယ်..။သူက ဒီစက်ဆုပ်ဖို့ကောင်းတဲ့ ခံစားချက်ကို ကောင်းကောင်း သိထားပြီးသားပါ..။
ဒါက သွေးရူးသွေးတန်း ဖြစ်နေတဲ့ အိပ်မက်ဆ်ိုးသားရဲတွေနဲ့ ရင်ဆိုင်ခဲ့ရတုန်းက သူခံစားခဲ့ရတာနဲ့ တစ်ပုံစံတည်းပါပဲ..။
' ငရဲ ပဲ..."
သူတို့ ရဲတိုက်ရဲ့ ဝင်ပေါက်ကို ရောက်လာတဲ့ အချိန်မှာတော့ သူတို့နောက်မှာ လူတစ်ရာလောက် ရှိနေခဲ့ပါပြီ..။ဂိတ်မှာ ရပ်နေတဲ့ အစောင့်တွေက လူအုပ်ကြီးကို ကြည့်ပြီး ကြောက်ရွံ့မူ အရိပ်အယောင် တွေ ပေါ်ထွက်လာခဲ့တယ်..။
...အဲ့အချိန်မှာပဲ ကတ်စတာက ဘယ်ကမှန်းမသိ ထွက်ပေါ်လာခဲ့ပြီး နစ်ဖီ ညာဘက် အနောက်နားကနေ နေရာဝင်ယူလိုက်ပါတယ်..။ဂုဏ်ယူရတဲ့ ဆက်ခံသူဟာ ဖြူဖျော့ပြီး ဖရိုဖရဲ ဖြစ်နေခဲ့တယ်..။သို့ပေမယ့် သူက ပြောင်းလဲနေတဲ့ကြယ်ပွင့် သူ့ကို ပေးလိုက်တဲ့ လျိုဝှက်မစ်ရှင်ကို ဒဏ်ရာမရပဲ ပြီးမြောက်အောင် လုပ်နိုင်ခဲ့တဲ့ ပုံပါပဲ..။
ခနအကြာမှာတော့..သူတို့က ရဲတိုက်ထဲကို ဝင်သွားခဲ့ကြပါပြီ..။