မုန်တိုင်းကြားမှ တည်ငြိမ်မူ
Vol. 20 Ch. 291
လူအုပ်ကြီးဟာ..ဒေါသထွက်မူ ၊ မခံမရပ်နိုင်မူတွေနဲ့ အတူပဲ..ရဲတိုက်ထဲကို ရောက်လာခဲ့ကြတယ်..။သိူ့ပေမယ့် အပြင်ဘက်မှာ နေထိုင်တဲ့ သူတွေဟာ..အရိုးခေါင်းတွေ ချိတ်ဆွဲထားတဲ့..ဂိတ်အောက််ကို ဖြတ်သန်းလိုက်တာနဲ့ သူတို့ရဲ့ ဒေါသတွေက အေးခဲသွားခဲ့ပါတယ်..။
ရဲတိုက်ရဲ့ ပဲ့တင်ထပ်နေတဲ့ ကျောက်တုံးနံရံ တွေကြားထဲကို ရောက်လာတဲ့ အချိန်မှာတော့..ဂန်လောင်ရဲ့ စွမ်းအားက အကြွင်းမဲ့ဖြစ်တယ် ဆိုတာကို ..မေ့ပျောက်ဖို့ ခက်ခဲသွားကြပါပြီ..။သူတို့ မှတ်မိသလောက်ဆိုရင် ဂန်လောင်က အနက်ရောင်မြို့တော်ကို တင်းတင်းကြပ်ကြပ် အုပ်ချုပ်ခဲ့ပါတယ်..။သူ့ကို ဒူးထောက်လာသူတိုင်းကို ကောင်းချီးပေးပြီး..ဒီလိုမလုပ်တဲ့ သူတွေကတော့ ဖျက်ဆီးခံရမှာပါ..။
အရင်တုန်းကလည်း မရေမတွက်နိုင်တဲ့ လူတွေက ရဲတိုက် အရှင်ကို စိန်ခေါ်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်..။ကြီးမြတ်တဲ့သူတွေ ၊ ဆိုးယုတ်တဲ့သူတွေ နဲ့ ကြားထဲက လူတွေ အစုံပါပဲ..။အခုတော့ သူတို့ရဲ့ ဦးခေါင်းတွေက လူအုပ်ကြီးကို စိုက်ကြည့်နေခဲ့ပါပြီ..။
နောက်ဆုံးမှာတော့ အပြင်ဘက်မှာနေထိုင်ကြတဲ့ သူတွေရဲ့ ရင်ထဲမှာ သံသယတွေ..ကြောက်ရွံ့မူတွေ ပေါ်ထွက်လာခဲ့တယ်..။သူတို့ အများကြီးက..နစ်ဖီကို စိုက်ကြည့်နေခဲ့ပြီး..သူတို့ရဲ့ မျက်နှာတွေက မှိန်ပြကာအသက်မဲ့နေကြပါတယ်..။
နစ်ဖီကတော့..ဒီလို ရုတ်တရက် ပြောင်းလဲသွားမူ အပေါ် ဘာမှ မတုန့်ပြန်ခဲ့ပေ..။သူမက ရှေ့ကိုသာ တည့်တည့်ကြည့်ပြီး တည်တည်ငြိမ်ငြိမ် လမ်းလျောက်နေခဲ့ပါတယ်..။သူမ အသုံးပြုနေကြဖြစ်တဲ့ မျက်နှာဖုံးက မျက်နှာပေါ်မှာ ရောက်နေပြီး တစ်ခြားသူတွေ အနေနဲ့ သူမ ဘာတွေ တွေးတောနေလဲ ဆိုတာကို သိရဖို့ မဖြစ်နိုင်ပါဘူး..။
တစ်ခြားလူတွေ သတိမထားမိအောင်ကြိုးစားရင်း ဆန်နီဟာ..လူအုပ်ရဲ့ ရှေ့မှာရရှိနေတဲ့ နစ်ဖီ ၊ အယ်ဖီ နဲ့ ကတ်စတာ တို့ရှိရာကို ကပ်သွားလိုက်တယ်..။ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြပေ..။ဒီဖြစ်စဥ်ကြီးတစ်ခုလုံးမှာ လူတွေက သူ့ကို အရေးမပါတဲ့ အသေးအမွှားလေး အဖြစ်ပဲ ထင်မှတ်ထားခဲ့ကြတာပါ..။
ဒါက သူ ဒီလူတွေကို မြင်စေချင်တဲ့ ပုံစံမျိုးပါပဲ..။
သူ့အမြင်အရတော့ ရဲတိုက်ထဲက လေထုက အနည်းငယ် ထူးဆန်းနေခဲ့ပါတယ်..။ဒါက အပြင်ဘက် နေထိုင်သူတွေ ကျူးကျော်လာကြလို့ မဟုတ်ပါဘူး..။ရဲတိုင်းရဲ့ ခန်းမတွေနဲ့ ကော်ရစ်ဒါ တွေကိုက ဘာမှ မရှိပဲ အသက်မဲ့နေခဲ့တာပါ..။ဝင်ပေါက်နားမှာ ရှိနေကြဖြစ်တဲ့ ဧည့်ကြို စားပွဲ တောင် ရှိမနေခဲ့ပဲ..စားပွဲနောက်မှာ ရှိနေကြလူကလည်း အကြောင်းပြချက် တစ်ချို့ကြောင့် ရှိမနေခဲ့ပေ..။
'အားလုံးက ဘယ်ရောက်နေကြတာလဲ.."
သူ့မေးခွန်းရဲ့ အဖြေကို မကြာခင်မှာ တွေ့လိုက်ရတယ်..။
ပုလ္လင်ရှိနေတဲ့ အခန်းထဲကို ရောက်တဲ့ အချိန်မှာတော့..ဆန်နီဟာ အိပ်စက်သူ ရာနဲ့ချီပြီး သူတို့ကို စောင့်နေကြတာ ကို တွေ့လိုကိရပါတာ်..။ရဲတိုက်မှာရှိနေကြတဲ့ လူတွေ အကုန်လုံးက ဒီကို ရောက်နေကြသလိုပါပဲ..။သူတို့က အစောင့်တွေ ၊ မုဆိုးတွေ ၊ လက်မူပညာရှငိတွေ နဲ့ တိတ်ဆိတ်တဲ့ လက်ပါးစေတွေပါ..။ရဲတိုက်ထဲမှာ နေဖို့အတွက် ပိုက်ဆံပေးထားကြရတဲ့ သူတွေတောင်..ဒီနေရာကို ရောက်နေခဲ့ကြပါတယ်..။
ဆန်နီဟာ ရင်းနှီးတဲ့ မျက်နှာတွေ ရှိနေတာကို မြင်လိုက်ရတယ်..။မှတ်သားမူ စျေးရဲ့ တာဝန်ရှိသူဖြစ်တဲ့ စတိဗ် ဟာ မသက်မသာ သူတို့ ခေါင်းဆောင်ဘက်က လူတွေကြားထဲမှာ ရပ်နေခဲ့ပါတယ်..။လောင်းကစားရုံ ရဲ့ ပိုင်ရှင် အီကို နဲ့ ရဲတိုက်ထဲက သူမှတ်မိတဲ့လူတစ်ချို့လည်း ရှိနေပါသေးတယ်..။
လေထုက စိုးရိမ်စရာကောင်းပြီး လေးလံနေခဲ့တယ်..။ကြည့်ရတာတော့ဒီလူတွေက ဒီနေရာကို သူတို့ ဆန္ဒအလျောက် လာကြတဲ့ပုံ မပေါ်ပါဘူး..။သူတို့ အများစုရဲ့ မျက်နှာပေါ်မှာ..ပြသနာရှိမူ ၊ ကြောက်ရွံ့မူတွေရှိနေခဲ့ပါတယ်..။တစ်ချို့လူတွေကတော့..ဖျော်ဖြေပွဲတစ်ခုကို ကြည့်ရတော့မယ့်အလား ပေါ့ပေါ့ပါးပါး နဲ့ ပျော်ရွှင်နေကြပါသေးတယ်..။
သူ့ကို စိတ်အနှောက်အယှက် အဖြစ်ဆုံးကတော့..အိပ်မက်ဆိုးသားရဲ တစ်ချို့က ..ဒီလူတွေရဲ့ ကြားထဲမှာ ရှိနေကြတာပါပဲ..။သူတို့က ရဲတိုက်ထဲမှာ နေထိုင်ကြတဲ့လူတွေ ပိုင်ဆိုင်ထားတဲ့ မှတ်သားမူ တွေပါ..။တစ်ကောင်ချင်းစီးတိုင်းက အတော်လေးကို ကြောက်ဖို့ကောင်းနေခဲ့တယ်..။
'သူတို့က ဘာလို့ ပိုင်ရှင်ရဲ့ ဝိဥာဥ် ပင်လယ်ထဲကနေ ထွက်နေကြတာလဲ.."
ပုံမှန်နေရာနဲ့ အနည်းငယ် မြင့်တက်သွားပြီး..နံရံတွေမှာ ကြယ်ပုံစံ ထွင်းထုထားတဲ့ နေရာမှာတော့..ရဲတိုက်အရှင်ရဲ့ ဗိုလ်ချုပ် လေးယောက်က မတ်တတ်ရပ်နေကြပါတယ်..။သူတို့က မုဆိုးတွေရဲ့ခေါငိးဆောင် ဂျန်မာ ၊ လက်မူပညာရှာတွေရဲ့ ခေါငိးဆောင် ကီဒို ၊နဲ့ လက်ပါးစေ တွေရဲ့ ခေါငိးဆောင် ဆိုင်ရှန် တို့ပါ..။
ပြီးတော့..ဒါပေါ့..ဟာရု လည်း ရှိနေပါသေးတယ်..။
ဆန်နီဟာ ခါတိုင်းလိုပဲ..ပျင်းရိတဲ့အမူအရာနဲ့ နံရံကို ကြည့်နေတဲ့ ခါးကုန်းကြီးကို လှမ်းကြည့်လိုက်တယ်..။
ဒီနေ့မှာ သူတို့ နှစ်ယောက်ထဲက တစိယောက်တော့ သေတော့မယ့် ဆိုတာကို သူ သေချာသလောက်ရှိပါတယ်..။
သူ့အကြည့်တွေကို ခံစားမိတဲ့အလား ဟာရုဟာ ရုတ်တရက် လှည့်လာခဲ့ပြီး ဆန်နီကို ကြည့်လိုက်တယ်..။သို့ပေမယ့် ဒီတစ်ကြိမ်တော့ ဆန်နီဟာ အကြည့်ကို မလွှဲတော့ပါဘူး..။သူက ခါးကုန်းကြီးရဲ့ အသက်မပါတဲ့ မျက်လုံးတွေကို တည်တည်ငြိမ်ငြိမ်ပဲ ပြန်စိူက်ကြည့်လိုက်ပါတယ်..။
'သူက ဘယ်သူမှ မမြင်ရလောက်အောင် လူတွေကို ဘယ်လို သတ်သွားတာလဲငါသိချင်မိတယ်..။သားကောင်းတွေ အများကြီးရှိခဲ့တဲ့ အချိန်မှာ တစ်စုံတစ်ယောက်ကတော့ ဒီခါးကုန်းကြီး လူသတ်နေတာကို မြင်ခဲ့သင့်ပါတယ်..။သူ့မှာ ဘယ်လို စွမ်းရည်တွေ ပိုင်ဆိုင်ထားတာလဲ..။ငါ ဒါကို ဘယ်လို ခုခံရမှာလဲ..'
ဟာရုက သူ့ကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်လိုက်ပြီး..ထူးဆန်းတဲ့ အပြုံးနဲ့ ပြုံးလိုက်တယ်..။အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့..သူ တစ်ဖက်ကို လှည့်သွားပြီး..စိတ်ဝင်စားမူကင်းမဲ့စွာ နံရံကို ပြန်ကြည့်နေခဲ့ပါတယ်..။
အဲ့အချိန်မှာတော့ တီဆိုင်ဟာ..ခန်းမရဲ့ အလယ်ကို လျောက်သွားပြီး အယ်ဖီကို ပစ်ချလိုက်ကာ ကြမ်းပြင်ပေါ် ဒူးထောက်ဖို့ တွန်းအားပေးလိုက်ပါတယ်..။ယင်းနောက် သူက နစ်ဖီကို တစိချက်ကြည့်လိုက်ပြီး..ပုလ္လင်နားကို သွားမယ့် လှေကားထစ်တွေနားမှာ ရှိတဲ့ တစ်ခြား ဗိုလ်ချုပ်တွေဆီကို လျောက်သွားလိုက်တယ်..။
လူနှစ်ရာခန့်လောက်ရှိနေပြီဖြစ်တဲ့ အပြင်ဘက် နေထိုင်သူတွေဟာ..ပုလ္လင် ခန်းမ ရဲ့ တစ်ခြားအစွန်းတစ်ဖက်မှာ နက်မှောင်တဲ့ အမူအရာတွေနဲ့ ရှိနေခဲ့ကြတယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကို တိုက်ရိုက် တာဝန်ထမ်းဆောင်နေတဲ့ လူတွေကလွဲပြီး ကျန်တဲ့လူအများစုရဲ့ အဝတ်အစားက ညစ်ပတ် ပေရေ နေခဲ့ပါတယ်..။လူအနည်းငယ် လောက်သာ သင့်တော်တဲ့ အကာအကွယ်အင်္ကျီတွေ ရှိနေခဲ့ကြတယ်..။တစ်ချို့တွေမှာတော့ မှတ်သားမူတွေ ၊ လက်လုပ် လက်နက်တွေကို သူတို့ရဲ့ ခါးပတ်မှာ ချိတ်ဆွဲထားခဲ့ကြပါသေးတယ်..။တစ်ချို့လူတွေက..ဆူးချွန်ဆတ်သားရဲ့ လက်သည်းတွေကနေ ပြုလုပ်ထားတဲ့ ဓားတွေ ရှိနေခဲ့ကြတယ်..။
သူတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ပုလ္လင်ဘက်ခြမ်းမှာတော့ ရဲတိုကိက လူတွေ မတ်တတ်ရပ်နေခဲ့ကြပါတယ်..။သူတို့ အများစုက ဒီနေရာကို မလာချင်ခဲ့ကြပေမယ့် သူတို့မျကိလုံးထဲမှာတော့ အထင်သေးမူ ၊ မခံမရပ် နိုင်မူတွေ ရှိနေခဲ့ကြတယ်..။သူတိူ့က ရဲတိုက်အရှင်သခင်ရဲ့ လူတွေဖြစ်ကြပြီး သန်မာတဲ့ လူနှစ်ရာကျော်လောက်ရှိကြပါတယ်..။သူတို့တစ်ယောက်ချင်းစီတိုင်းက မှတ်သားမူ အကာအကွယ် နဲ့ အဆင့်မြင့် လက်နက်တွေကို ကိုင်ဆောင်ထားခဲ့ကြတယ်..။သူတို့က သန်မာတယ် ၊ အစားအသောက်ကောင်းတွေ စားရတယ်။ပြီးတော့ တိုက်ခိုက်ရေးမှာလညိး အတွေ့အကြုံတွေ ရှိကြပါတယ်..။
အထူးသဖြင့် မုဆိုးတွေရဲ့ အရေအတွက်က အနည်းငယ်သာ ရှိပေမယ့် သူတို့ရဲ့ တည်ရှိမူက ထိပ်လန့်စရာပါ..။သူတိူ့က နစ်ဖီကို အမုန်းတရားတွေနဲ့ကြည့်နေခဲ့ကြတယ်..။နစ်ဖီက သူတို့ရဲ့ အပေါင်းအပါတစ်ယောက်ကို သတ်သွားတဲ့ မှတ်ဥာဏ်တွေက သူတို့ရဲ့ ခေါင်းထဲမှာ လတ်ဆတ်နေတုန်းပါပဲ..။
ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကတော့ အဖွဲ့နှစိဖွဲ့ရဲ့ကြားမှာ ရှိနေတဲ့ နေရာလွတ်ဖြစ်တဲ့ အယ်ဖီရဲ့ ဘေးနားမှာ ရပ်နေပြီး အဖြူရောင် ပုလ္လင်ကို ကြည့်နေခဲ့တယ်..။
သူမက လူတိုင်းရဲ့ အာရုံစိုက်မှတ်ဖြစ်နေခဲ့ပြီး..ရဲတိုက်ရဲ့ ရှေးဟောင်းနံရံတွေကြားထဲက ဒေါသတကြီးဖြစ်နေတဲ့ ခံစားချက် မုန်တိုင်း တွေ အချိန်မရွေးပေါက်ကွဲထွက်မယ့် ပစ်မှတ်ဖြစ်နေခဲ့ပါတယ်..။
သူမကတော့ ဒါတွေကို ဂရုမစိုက်တဲ့အလား..လှည့်တောင် မကြည့်ခဲ့ပါဘူး..။
ယင်းနောက် နောက်ဆုံးမှာတော့ ရဲတိုက်အရှင်က ပေါ်လာခဲ့တယ်..။
ဆန်နီက ဂန်လောင်ကို မမြင်ကတည်းက သူ ရောက်လာပြီ ဆိုတာကို သိနေခဲ့တာပါ..။ဒါက သူ့ဘေးနားက လူတွေရဲ့ ရုတ်တရက် ပြောင်းလဲသွားမူကြောင့်ပါ..။ဒါက မမြင်ရတဲ့ ဖိအားတစ်ခုက လူအုပ်ထဲကို ကျရောက်လာခဲ့ပြီး သူတို့ကို ညဥ်းညူပြီး ကြမ်းပြင်ပေါ်ကို ကိုင်းညွှတ်စေဖို့အတွက် တွန်းအားပေးနေခဲ့ပါတယ်..။သူတို့ရဲ့ ခြေထောက်တွေက တုန်ရီနေပြီး သူတို့ရဲ့ မျက်နှာတွေက ဖြူဖျော့နေခဲ့တယ်။သူတို့ရဲ့ အရည်ပြားပေါ်မှာ ချွေးတွေ ထွက်နေပြီး သူတို့ရဲ့ မျက်လုံးတွေထဲမှာတော့ ကြောက်ရွံ့မူ ၊ ထိပ်လန့်မူ
တွေ ရှိနေခဲ့ပါတယ်..။
ဒီ ဆိုးယုတ်တဲ့ ပြဇာတ်ကို နောက်ကွယ်ကနေ ခြယ်လှယ်နေတဲ့ သူကတော့ နောက်ဆုံးမှာ ပေါ်ထွက်လာခဲ့ပါပြီ..။