← Chapters

ဒီတိုင်း ဆဲရေးခြင်း

Vol. 20 Ch. 292

ဒီတိုင်း ဆဲရေးခြင်း

Vol. 20 Ch. 292

ဂန်လောင်ကတော့ ဆန်နီ ပြီးခဲ့တဲ့ တစ်ခေါက်က မြင်တွေ့ခဲ့ရတဲ့ အတိုင်း မပြောင်းလဲသေးပါဘူး..။

...ကြောက်မက်ဖွယ်ရာ ငရဲမှာ မွေးဖွားလာခဲ့တဲ့ ရွှေရောင် နတ်ဆိုးတစ်ကောင် အတိုင်းပါပဲ..။

ရဲတိုက်အရှက်က..အရပ်ရှည်လားပြီး အားကောင်းကျယ်ပြန့်တဲ့ ပုခုံးတွေရှိပါတယ်..။သူ့ရဲ့ ခန္တာကိုယ်က အရည်ပျော်နေတဲ့ ရွှေတွေနဲ့ ပြုလုပ်ထားပုံပေါ်တဲ့ အကာအကွယ်နဲ့ တစ်ဆက်တည်းဖြစ်နေခဲ့တယ်..။ဒီမှာ အခဲရော ၊ အရည်ရော နှစ်မျိုးလုံးပါဝင်ပြီး သူ့ရဲ့ကြွက်သားတွေ အထက်မှာ စီးဆင်းကာ..ခေါင်းကနေ ခြေထောက်အထိ ကာကွယ်ပေးထားပါတယ်..။

ဂန်လောင်ရဲ့ မျက်လုံးတွေကတောင်ထွက်ပေါ် မနေခဲ့ပေ..။

သူ့ရဲ့ မျက်နှာ ရှိသင့်တဲ့နေရာမှာတော့ ချောမွေ့ပြီး ဘာမှ မရှိတဲ့ရွှေရောင် မျက်နှာပြင်ကြီးသာ ရှိနေခဲ့ပါတယ်..။တောက်ပတဲ့ ရဲတိုက်ကြီးထဲမှာတော့..ဒီအကာအကွယ်ရော ၊ တစ်ခြားလူတွေရော အလင်းပြန် နေခဲ့တယ်..။

ရွှေရောင်မျက်နှာဖုံးကို ဆန်နီ ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် ဖိိနိုပ်တဲ့အော်ရာ တွေပေါ်ထွက်လာတာကို ခံစားလိုက်ရပါတယ်..။ဘာတွေဖြစ်လာတော့မယ် ဆိုတာကို သိနေတာတောင် သူ အကူအညီမဲ့စွာ ခေါင်းခါယမ်းပြီး နှုတ်ခမ်းကို ကိုက်ထားခဲ့တယ်..။

ရွှေရောင် အကာအကွယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူက တကယ်ကို တောင့်ခံဖို့ ခဲယဥ်းလှပါတယ်..။ရုပ်သေးဆရာရဲ့ ဝတ်ရုံတော် မှာ ပါရှိတဲ့ အကာအကွယ်နဲ့တောင်မှ သူက ဖိအားကို ခံစားနေရပြီး အသက်ရူဖို့ ခက်ခဲနေခဲ့တယ်..။သူ့ရဲ့ နှလုံးသား နက်ရှိုင်းတဲ့ နေရာမှာတော့..ကြောက်ရွံ့မူတွေက မြင့်တက်လာနေစေခဲ့ပါတယ်..။

သို့ပေမယ့် ဒီ ကြောက်ရွံ့မူတွေက သူ့ရဲ့ ကိုယ်ပိုင်အရာ မဟုတ်ပါဘူး..။ဒါက အတုအယောင်ဖန်တီးဝင်ရောက်လာခဲ့တာကြောင့်..ဆန်နီ ဒါကို ထိန်းချုပ်ပြီး ပျောက်ကွယိသွားအောင် လုပ်လိုက်တယ်..။

လှိုဏ်ခန်းငယ်လေးရဲ့ အမှောငိထုထဲကနေ ရွှေရောင်တစ္ဆေတစ်ကောင်လို ထွက်လာခဲ့တဲ့ ဂန်လောင်ဟာ ပလ္လင် ပေါ်မှာထိုင်ပြီး အောက်က လူထုကို ကြည့်လိုက်တယ်..။သူ့ရဲ့ ပုံစံက အေးဆေးကာ ပုံမှန်အတိုင်းရှိနေ ခဲ့တယ်..။ဒါက အသေးအဖွဲ့ ကိစ္စတစ်ခုကို ဖြေရှင်းပေးရမယ့် ပုံစံ ရှိနေခဲ့ပြီး..တစ်စုံတစ်ယောက်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးရမယ့် ပုံစံ လုံးဝ ရှိမနေခဲ့ပါဘူး..။

လူတစ်ရာကျော်ရဲ့ ကံကြမ္မာတောင် ဖြစ်နိုင်ပါတယ်..။

သူ့ရဲ့ အနေအထားက ပုံမှန်ရှိနေပေမယ့် ခန်းမထဲမှာ စုဝေးနေကြတဲ့ သူတွေကတော့ အနည်းငယ် စိတ်တွေ ပျံ့လွင့်နေခဲ့ကြပါတယ်..။ဒါက သူ့ရဲ့ တည်ရှိမူကနေ မမြင်ရတဲ့ အားတစ်ရပ်က ဖိအားပေးနေခဲ့တာကြောင့်ပါ..။

ရဲတိုက်အရှင်ဟာ ခနလောက်တွေဝေလိုက်ပြီးကာမှ ရွှင်မြူးစွာ ပြောလိုက်တယ်..။

"အာ..ဘယ်လိုမြင်ကွင်းမျိုးလဲ..။ငါ့ရဲ့ အဖိုးတန်တဲ့ စစ်သည်တွေက ဒီမှာလာစုဝေး နေကြပြီး တရားမျှတမူကို မြင်ရဖို့ အတွက် စိတ်အားထက်သန်နေကြပါလား..။ဒီလို စိတ်နှစ်မြုပ်ထားမူတွေ ၊ တရားမျှတမူတဲ့ ဥပဒေ အပေါ်မှာ ထားရှိတဲ့ စိတ်ထားတွေက..အိုး..ငါ့ကိုတောင် သွေးတွေ ဆူးပွက်သွားစေတဲ့ အထိပဲ..။ဒါက အံ့ဩဖို့ကောင်းတယ်လို့ မထင်ဘူးလား.."

သူရယ်မောလိုက်ပြီး ခေါင်းကို အနည်းငယ် စောင်းကာ နစ်ဖီကို ကြည့်လိုက်တယ်..။သူမက ခေါင်းကို အနည်းငယ် ငုံ့လိုက်ရပြီး မမြင်နိုင်တဲ့ တုန်ရီမူက သူမရဲ့ ခန္တာကိုယ်ထဲကို ဝင်လာခဲ့ပါတယ်..။ဆန်နီ အတွက်တော့ ဂန်လောင်ရဲ့ အကြည့်ကနေ ဖြစ်ပေါ်လာတဲ့ ဖိအားကြောင့် သူမရဲ့ အောက်မှာရှိနေတဲ့ ကြွေပြားတွေတောင်..အက်ကွဲလု နီးပါးပါပဲ..။

သို့ပေမယ့် သူမက..ဒီလိုကြီးမားတဲ့ ဖိအားကို ခံနေရတာတောင် ဘာအမူအရာမှ မထွက်ပေါ်ပဲ တောင့်ခံနေနိုင်ခဲ့ပါသေးတယ်..။

ရဲတိုက်အရှင်ဟာ..ခနလောက်ရပ်တန့်လိုက်ပြီး..ပဲ့တင်ထပ်နေတဲ့ အသံနဲ့ ထပ်ပြီးပြောလိုက်တယ်..။သူ့အသံထဲမှာတော့ မကောင်းတဲ့ ခံစားချက်တစ်ချို့ ပါဝင်နေခဲ့ပါတယ်..။

"ဒါက အံ့ဩဖို့ကောင်းတယ်လို့ မထင်ဘူးလား..။အင်မော်တယ် မီးတောက်ကလန် ရဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်.."

နစ်ဖဖိကတော့ အံကိုကြိတ်ထားပြီး..ရွှေရောင်အကာအကွယ်ရဲ့ ဖိနိုပ်မူအောက််မှာ တည်တည်ငြိမ်ငြိမ်ရှိနေဖို့ ရုန်းကန်နေခဲ့ရပါတယ်..။သူမ နောက်ဆုံး ပြန်ဖြေလိုက်တဲ့ အချိန်မှာတော့ သူမရဲ့ အသံက ဒီအရာတွေကို ကျော်လွှားနိုင်ခဲ့တယ်..။

"...အမှန်ပဲ.."

ဂန်လောင် ခနလောက် တိတ်ဆိတ်နေခဲ့တယ်..။သူ့ရဲ့မျက်နှာက ရွှေရောင်မျက်နှာဖုံးရဲ့ နောက်ဘက်မှာ ဖုံးကွယ်ထားတယ် ဆိုပေမယ့်လည်း..သူပြုံးနေတယ်ဆိုတာကို ဆန်နီ ခံစားရပါတယ်..။

နောကိဆုံးတော့ သူပြောလိုက်တယ်..။

"ဘယ်လောက် ကောင်းမွန်သလဲ..။တနည်းအားဖြင့် ငါက နင်သဘော မတူဘူးလိူ့ ထင်ထားခဲ့တာ..။ငါ့ရဲ့ သစ္စာရှိလူယုံတွေ ပြောတာကတော့ နင်က သဘောထား ကွဲလွဲနေတဲ့ သူ ပဲတဲ့..။ဒီရက်ပိုင်းတွေမှာ နင် ဘယ်သူ့ကိုမှ မယုံကြည်သင့်ဘူးလို့ထင်တယ်နော်.."

ဒီလိုပြောပြီးတာနဲ့ သူက သူ့ရဲ့ ဗိုလ်ချုပ်တွေကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မျက်နှာဖြူဖျော့ကာ၊ ကြက်သီး ထသွားစေခဲ့ပါတယ်..။

ဆန်နီ လည်း ကျောချမ်းသွားခဲ့တယ်..။သူ ပြောတဲ့ စကားရဲ့ နောက်ကွယ်က အဓိပ္ပါယ်က ရှင်းလင်းပါတယ်..။နစ်ဖီရဲ့ သူလျိုက သူ့လူတွေထဲက အဆင့်မြင့်ပိုင်းမှာ ရှိနေတာကို သူသိထားတယ်လို့..ဂန်လောင်က သတိပေးနေခဲ့တာပါ..။

ပြီးတော့ သူက ဂရုမစိုက်တဲ့ ပုံပါပဲ..။သူက ဒီအရာကို တိတ်တဆိတ် လွှတ်ပေးထားတာတောင် ဖြစ်နိုင်ပါသေးတယ်..။

' ချီးတဲ့မှပဲ..'

သူ ဘယ်လောက်အထိ သိထားသေးလဲ..။

:

နောက်ဆုံးတော့ ရဲတိုကိအရှင်က အယ်ဖီီကို ကြည့်လိုက်တယ်..။အတော်ကြာအောင် တိတ်ဆိတ်ပြီးတဲ့နောက်မှာတော့..သူက ဝမ်းနည်းတဲ့ အရိပ်အယောက်တစ်ချို့နဲ့ ပြောလာခဲ့ပါတယ်..။

"ငါတို့ ပြန်တွေ့ပြန်ပြီ အယ်ဖီ..။ဒီလို ဆိုးဝါးတဲ့ အခြေအနေ ဖြစ်နေတာ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလဲ..။နင်သာ ငါပြောတာကို နားထောင်ပြီး..အဖွဲ့ကို ပူးပေါင်းခဲ့မယ် ဆိုရင် ..ဖြစ်နိုင်တာက နင်ဒီလောက်အထိ နိမ့်ကျသွားမှာ မဟုတ်ဘူး..။ဝမ်းနည်းစရာပဲ.."

သူ ခေါင်းခါယမ်းပြီး သက်ပြင်းချလိုက်တယ်..။

"ငါ နင့်အပေါ်ကို အများကြီး မျှော်လင့်ထားခဲ့တယ်..။ဒါပေမဲ့..အာ..ဟင်း...အပြစ်ကင်းစင်တဲ့ သူတွေကို သတ်တာက ခွင့်လွှတ်ပေးလို့ မရနိုင်ဘူးလေ..။ကိုယ့်ကိုကိုလည်း ကြည့်စမ်းပါဦး..။မြင့်မြတ်တဲ့ မုဆိုး တစ်ယောက်ကနေ..ရိုင်းစိုင်းတဲ့ သားရဲ တစ်ကောင်လို ပြောင်းလဲသွားပြီ..။အဲတာက ငါ့ရဲ့ ကောင်းချီးပေးမူကို ငြင်းဆန်တဲ့ အကျိုးရလာဒ်ပဲ..။သူတို့က အိပ်မက်ဆိုး သားရဲ တွေထက် ပိုဆိုးတဲ့ ဘဝမျိူးကို ရောက်ကြရလိမ့်မယ်.."

သူ့ရဲ့ တည်ကြည်တဲ့ စကားလုံးတွေက ခန်းမထဲမှာပဒ့တင်ထပ်နေတာကြောင့်..ကျန်တဲ့လူတွေက ခေါင်းတွေကို ငုံ့ထားခဲ့ကြပါတယ်..။

သူ့ရဲ့ အာရုံစိုက်မူကြောင့် ဖိအားဖြစ်နေတဲ့ အယ်ဖီ ကတော့ တုန်ရီနေခဲ့တယ်..။ဒါတောင်မှ သူမက ပြုံးလိုက်ပြီး..သူမရဲ့ လွတ်လပ်ပြီး အေးဆေးတဲ့ အသံနဲ့ ပြန်ဖြေလိုက်ပါသေးတယ်..။

သူမက စကားနှစ်ခွန်းတည်း ပြောလိုက်တာပါ..။

" သွား သေလိုက် .."

ဂန်လောင် သဘောကျစွာ ရယ်မောလိုက်ပြီး သူ့ရဲ့လက်တွေကို အကူညီမဲ့တဲ့ ဟန်ပန် ပြုလုပ်လိုက်တယ်..။

"ငါကိုက မှားတာပါ..။ဒီရက်စက်တဲ့ လူသတ်သမားက ဘယ်လောက်တောင် နောင်တမရသလဲ ဆိုတာ မင်းတို့လည်း မြင်တဲ့ အတိုင်းပဲ..။သူမရဲ့ ပျက်ဆီးပြီး ပုပ်ပွနေတဲ့ ဝိဥာဥ်မှာ နောင်တ တရားဆိုတာ တစ်စက်မှ မရှိတော့ဘူး..။ဒါကြောင့်ပဲ ငါက စိတ်မကောင်းစွာနဲ့ ဒီ ငယ်ရွယ်တဲ့ အမျိုးသမီးကို သေဒဏ်ပေးရတော့မယ်..။သူမက သူမရဲ့ ပြစ်မူအတွက် အဖြေကို ပေးရမယ်..။သူမကို အသက်ရှင်လျက်ထားတာက မင်းတို့အားလုံး, ငါ့ရဲ့ စစ်သည်တော်လေးတွေ , ကို အန္တရာယ်ဖြစ်လာစေနိုင်တယ်လေ..။ငါ့မှာ ရွေးချယ်စရာ ဆိုတာ မရှိတော့ဘူး.."

လူအုပ်ထဲကနေ အော်ဟစ်သံတစ်ချို့ဟာ ထွက်ပေါ်လာခဲ့ပါတယ်..။အပြင်ဘက် နေထိုင်သူပဲဖြစ်ဖြစ် ရဲတိုက်ထဲကလူပဲဖြစ်ဖြစ် သူ့ရဲ့ နောက်ဆုံးစကားလုံးတွေ ရဲ့သက်ရောက်မူကို ခံလိုက်ကြရသလိုပါပဲ..။

"မင်း လုပ်ရဲလား , ခွေးသား.."

"အဲ့ လူသတ်သမားကို သတ်"

"အယ်ဖီ ..ငါတို့ရှိတယ်.."

"သူမကို ပေးဆပ်ခိုင်းရမယ်.."

"မိန်းကလေး နစ်ဖီ ..။မင်း သူတို့ကို သတ်ခွင့်ပေးလို့ မရဘူး.."

"သူမကို သတ်.."

"အကုန်လုံးကို သတ်ပစ်.."

ဒီလို ပြင်းထန်တဲ့ ခံစားချက်တွေနဲ့ အော်ဟစ်သံတွေက သူမကို မသက်ရောက်နိုင်တဲ့အလား ..နစ်ဖီဟာ အယ်ဖီရဲ့ပုခုံးပေါ်ကို လက်တစ်ဖက်တင်လိုက်ပြီး ရဲတိုက်အရှင်ကို အေးစက်တဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်..။ရွှေရောင်မျက်နှာဖုံးကို တည့်တည့် စိုက်ကြည့်ပြီး မျက်မှောင်ကျုတ်လိုက်ကာ သူမက ရှင်းလင်းကျယ်လောင်တဲ့ အသံနဲ့ပြောလိုက်ပါတယ်..။

"ငါ လက်မခံဘူး.."

မုန်တိုင်းထန်နေတဲ့ အသံတွေကို ရုတ်တရက် တိတ်ဆိတ်သွားခဲ့တယိ..။လူတိုင်းက သူမဘက်ကို လှည့်လိုက်ကြပြီး သူတို့ရဲ့ မျက်လုံးထဲမှာတော့ မျှော်လင့်ချက် နှစ်မျိုးရှိနေခဲ့ကြပါတယ်..။

တစ်ခုကတော့ ပြည့်ဝတဲ့ မျှော်လင့်ချက်ပါ..။နောက်တစ်ခုကတော့..ပြီးပြည့်စုံတဲ့ ပျော်ရွှင်မူပါပဲ..။

ဂန်လောင် အနည်းငယ် တွေဝေသွားပြီး...

"လက်မခံဘူးလား..။မင်းက ဘာကိုဆိုလိုချင်တာလဲ..။သူမရဲ့ အပြစ်တွေက သံသယရှိစရာ မလိုလောက်အောင်ကို သက်သေပြပြီး နေခဲ့ပြီ..။ရလာဒ်ကို ပြောင်းလဲဖို့ မင်း လုပ်နိုင်တဲ့အရာ ဘာမှ မရှိတော့ဘူး.."

သူ ခနလောက် ရပ်သွားခဲ့ပြီးမှ ရုတ်တရက် ရှေ့ကို တိုးလာခဲ့တယ်..။သူ့ရဲ့ အန္တရာယ်ပြုလိုတဲ့ အသံက ခန်းမကြီးတစ်ခုလုံးကို လှိုင်းလုံးကြီးလို ဝင်ရောက်လာခဲ့ပါတယ်..။

"ကောင်းပြီလေ..။ဒါပေါ့..အဲ့တစ်ခုကို မင်း မရွေးချယ်ဘူး ဆိုရင် ပေါ့...."

ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ သူ့ကို နက်မှောင်စွာ

ကြည့်နေခဲ့တယ်..။ယင်းနောက် သူမက ခေါင်းမာတဲ့ အမူအရာနဲ့ပဲ ပြောလိုက်ပါတယ်..။

"ငါက အမှန်တရားအတွက် စိန်ခေါ်မူ စည်းမျဥ်းကို သုံးချင်တယ်"

All Chapters