← Chapters

စိန်ခေါ်ခြင်း

Vol. 20 Ch. 293

စိန်ခေါ်ခြင်း

Vol. 20 Ch. 293

ရှေးဟောင်း ရဲတိုက်ကြီးရဲ့ ခန်းမထဲမှာ တိတ်ဆိတ်မူတွေ ကြီးစိုးသွားခဲ့တယ်..။ကံကြမ္မာကို ဖန်တီးမယ့် စကားတွေက ပြောပြီးသွားပြီ ဆိုတော့ ပြန်လှည့်မယ့်လမ်းကြောင်းဆိုတာ မရှိတော့ပါဘူး..။

အဆိုးပဲဖြစိဖြစ် ..အကောင်းပဲဖြစ်ဖြစ်..

ဂန်လောက်ဟာ ခေါင်းကို အနည်းငယ် စောင်းပြီး တိတ်ဆိတ်နေကာ စဥ်းစားနေခဲ့တယ်..။ယင်းနောက် သူ့ရဲ့ ရယ်မောသံကြီးက လူအုပ်ကြားထဲအထိအောင် ပေါ်ထွက်လာခဲ့ပါတယ်..။

"အမှန်တရားအတွက် စိန်ခေါ်မူလား..။အိုး..အဲဒီ အရင်တုန်းက ဟာကြီးပဲလား။နင်က အဲဒီ ဓလေ့ထုံးထမ်း ကို ဆိုးဆိုးဝါးဝါးကို သဘောကျနေတာပဲ..။နင်က ငါ့ရဲ့ အမိုးအကာ အောက်ကို ရောက်လာတာ တစ်နှစ်တောင် မရှိသေးဘူး..။နင် ဒီလိုမျိုး စကားကို ကြားရတာက ငါ့အတွက် နှစ်ခါ ရှိနေပြီ..။ရိုင်းစိုင်းလိုက်တဲ့ မိန်းကလေး..."

သူက ခနလောက် ရပ်တန့်လိုက်ပြီး ရှေ့ကို မှီလာခဲ့လိုက်တယ်..။သူ့ရဲ့ အသံက ရုတ်တရက် အေးစက်သွားပြီး..နက်မှောင်တဲ့ အရိပ်အယောင်တွေ ပေါ်လာခဲ့ပါတယ်..။

"အရိုးသားဆုံးပြောရရင်..ငါ နင့်ရဲ့ ရိုင်းစိုင်းမူတွေကို အတော်လေးကို စိတ်ကုန်နေပြီ ပြောင်းလဲနေတဲ့ ကြယ်ပွင့်.."

နစ်ဖီ ပြန်မဖြေနိုင်ခင်မှာပဲ ရဲတိုက်အရှင်ဟာ..ရုတ်တရက် ပလ္လင်ကနေ ထလာခဲ့ပြီး..လူအုပ်ကြီးပေါ်ကို သန့်စင်တဲ့ ရွှေတာဝါကြီးတစ်ခုလို အုပ်မိုးထားခဲ့ပါတယ်..။

"အစကတော့ နင့်ရဲ့ ကစားပွဲလေး တွေက ပျော်ဖို့ကောင်းပါတယ်..။ဒါပေမဲ့ နင်က ကစားနေရင်းနဲ့ သူရဲကောင်းလုပ်ဖို့ ကြိုးစားတိုင်းမှာ ငါ့အတွက် စိတ်အနှောက်အယှက်ဖြစ်ရတယ်..။နင်ကဒီလိုတွေ လုပ်ရအောင် ဘယ်လောက်တောင် မတွေ့အကြုံမရှိလဲ ၊ ကိုယ့်ကိုကို အမှန်ထင်လဲ ၊ တုံးအလဲ ဆိုတာတော့ ငါ

မသိတော့ဘူး..။ဒါက ငါ့ကို စိတ်ဆိုးစေတယ်..။ဒါက ငါကိုယ်ငါ ဘယ်တော့မှ မလုပ်တော့ပါဘူးလို့ ကတိပေးထားတဲ့ အရာကို ပြန်လုပ်ရအောင် ဖန်တီးလာစေတယ်..။အာ..ငါက အင်မော်တယ်မီးတောက် ကလန်ရဲ့ သမီးတော် ဆီကနေ ပိုပြီး ကောင်းတာတွေ မျှော်လင့်ထားတာ..။ငါ့ကို အရမ်း စိတ်ပျက်စေတာပဲ..."

သူ့ရဲ့ အသံက ကြီးမြတ်တဲ့ ခန်းမကြီးတစ်ခုလုံးကိုဟပေါ်ထွက်လာပြီးကာမှ ရုတ်ချည်းပျောက်ကွယ်သွားခဲ့တယ်..။ခနအကြာမှာတော့ ဂန်လောင်ဟာ ရုတ်တရက် ရယ်မောလာခဲ့ပြန်ပါတယ်..။

"အိုး..ဒါပေမဲ့ ဒါက ငါ့ကို တကယ်ထိသွားခဲ့တယ်..။ငါက တကယ်ကို အရူးတစ်ယောက်ပဲ..။နင် ငါ့ကို တကယ်ပဲ လှလှပပ အရူးလုပ်သွားခဲ့တယ်..။ကျေးဇူးပြုပြီး ငါ့ရဲ့ ချီးကျူးမူကို လက်ခံပေးပါ..။ငါ နင့်ရဲ့ အစစ်အမှန်ပုံစံကို မြင်ရပြီးတဲ့နောက်မှာ..အင်း..နင့်ရဲ့ လုပ်ရပ်တွေကို ကြည့်ရတာက တကယ် ပျော်ဖို့ကောင်းတယ်.."

သူ လှေကားအတိုင်းဆငိးလာခဲ့ပြီး ပလ္လင် အခန်းထဲကမာဗယ် ကျောက်ပြားပေါ်ကို ဆင်းသက်လိူက်ပါတယ်..။သူ့ရှေ့မှာရှိနေတဲ့ ရဲတိုကိအတွင်း နေထိုင်သူတွေဟာ လမ်းဖယ်ပေးလိုက်ကြတယ်..။လူတွေက ရွှေရောင် အကာအကွယ်ရဲ့ ဖိနိပ်မူအောက်ကနေ လွတ်အောင် ဝေးနိုင်သမျှ ဝေးဝေး သွားနေခဲ့ကြပါတယ်..။

ရဲတိုက်အရှင်က သက်ပြင်းချလိုက်တယ်..။

"အခုတော့ အရာအားလုံး ရပ်တန့်သွားတော့မှာ တကယ် ရှက်စရာပဲ..။နင် မြင်တဲ့အတိူင်းပဲ..ငါလည်း နင့်ရဲ့ ကြိုးစား အားထုတ်မူတွေကို လက်ခုပ်တီးပေးယုံပဲ တတ်နိုင်တော့မယ်..။အဆုံးမှာတော့ နင်က ဒီတိုင်း နောက်ထပ် အရူးတစ်ကောင် ဖြစ်လာခဲ့တာပဲ.."

သူက အယ်ဖီကို ကြည့်ပြီး မေးလိုက်တယ်..။သူ့အသံက လှောင်ပြောင်မူတွေ ပြည့်နှက်နေခဲ့ပါတယ်..။

"စိန်ခေါ်မူ လား..။ဒါက နင်ဒီလိုတောင်းဆ်ိုရမယ့် နေရာမဟုတ်ဘူးလို့ ငါထင်တာပဲ..။ဘာပဲဖြစ်ဖြစ် နင်က ပြစ်မူအတွက် စွပ်စွဲခံထားရတဲ့ သူမဟုတ်ဘူးလေ..။တကယ်လို့ တစ်စုံတစ်ယောက်က အမှန်တရားအတွက် စိန်ခေါ်မူ လုပ်ချင်တယ် ဆိုရင် အဲတာက..အယ်ဖီ ကိုယ်တိုင်ပဲ ဖြစ်လိမ့်မယ်..။အဲလို မထင်ဘူးလား.."

နစ်ဖီ အံကိုကြိတ်ထားပြီး..စိတ်ပိုင်းဆိုင်ရာ ဖိနိပ်မူကို တောင့်ခံဖို့ ကြိုးစားနေခဲ့ရပါတယ်..။ရဲတိုက်အရှင်ရဲ့ ပြောင်လက်နေတဲ့ မျက်နှာပြင်ကို အကြည့်လွှဲဖို့ ငြင်းဆန်ပြီး သူမက ပြောလိုက်တယ်..။

"...နင့်ရဲ့ လက်အောက်ငယ်သား တစ်ယောက် ပြောသလိုပဲ..။ငါလူတွေရဲ့ လုပ်ရပ်မှန်သမျှက ငါ့မှာ တာဝန်ရှိတယ်..။သူတို့ ကျူးလွန်တဲ့ ပြစ်မူတိုင်းက... ငါ့ရဲ့ ပြစ်မူပဲ.."

ဂန်လောင်ဟာ သူမကို ဖော်မပြနိုင်တဲ့ အမူအရာနဲ့ကြည့်နေခဲ့တယ်..။နစ််ဖီရဲ့ မျက်နှာက သူ့ရဲ့ မျကိနှာဖုံးမှာ ပုံရိပ်ပေါ်နေပြီး ..သူမကို ရက်စက်တဲ့ အညိုရောင် မျက်လုံးတွေနဲ့ပြန်ပြီး ကြည့်နေခဲ့ပါတယ်..။အတော်ကြာပြီးကာမှ သူ ပြောလိုက်တယ်..။

"နည်းလမ်းကျတယ်..။ဒါဆို နင်ဘယ်သူ့ကို စိန်ခေါ်ချင်လဲ.."

သူမ ခနလောက်တွေဝေလိုက်ပြီးကာမှ လေးလေးနက်နက် ပြောလိုက်တယ်..။

"သူမ အပြစ်ရှိပါတယ်လို့ ပြောတဲ့ ဘယ်သူပဲဖြစ်ဖြစ်.."

ရဲတိုကိအရှင်က ရယ်မောလိုက်ပြီး..

"အိုး..ဒါပေမဲ့ တူညီတဲ့ နည်းလမ်းအတိူင်းပဲ ဆိုရင်တော့.....အဲတာက...ငါ ပဲဖြစ်လိမ့်မယ်.."

သူမ နက်မှောင်စွာ ပြုံးလိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်တယ်..။အဖြူရောင်မီးတောက်တွေကတော့ သူမရဲ့ မျက်လုံးထဲမှာ ကခုန် နေခဲ့ပါတယ်..။

"ဒါဆိုလည်း..ငါ စိန်ခေါ်မယ့် သူက နင်ပဲ.."

သူမရဲ့ အသံက ခန်းမကြီးထဲမှာ ပဲ့တင်ထပ်သွားခဲ့ပြီး ..ဒီမှာစုဝေးနေကြတဲ့လူတွေ ရာနဲ့ချီပြီးကို စွန့်အသွားစေခဲ့ပါတယ်..။

***

'ဒီတော့ အဲလိုပေါ့..'

ဆန်နီဟာ အံ့ဩနေကြတဲ့ လူအုပ်ကြီးကို ကြည့်ပြီး စိတ်နဲ့ နှစ်ပိုင်းခွဲလိုက်တယ်..။ဒါက ကြောက်လန့်နေတဲ့ သူတွေနဲ့ မကြောက်လန့်နေကြတဲ့သူတွေပါ..။

နစ်ဖီ နဲ့ ဂန်လောင်တို့ကြားက တိုက်ပွဲက ဘယ်လိုပဲအဆုံးသတ်ပါစေ..အနက်ရောင်မြို့တော်ထဲမှာ နေထိုင်ကြတဲ့ သူတွေက..ဗရမ်းဗတာ ဖြစ်ကြတော့မှာပါ..။တကယ်လို့ ပြောင်းလဲနေတဲ့ကြယ်ပွင့်သာ အသတ်ခံရမယ် ဆိုရင်..သူမရဲ့ နောက်လိုက်တွေက သူမကို သူရဲကောင်းအဖြစ် သဘောထားပြီး ရူးသွပ်သွားကြပါလိမ့်မယ်..။အရှင်သခင်ကလည်း သူတိူ့ကို အလွတ်ပေးမှာမဟုတ်ပါဘူး..။တကယ်လို့ ရဲတိုက်အရှင်သာ ရှုံးနိမ့်သွားမယ် ဆိုရင်...

ဒီ ခွေးသား ဂန်လောင်က ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ..သူက ဒီနေရာကြီးတစ်ခုလုံးကိုတည်ငြိမ်နေအောင် ထိန်းပေးထားတဲ့သူပါ..။အမိန့်တွေနဲ့ ဟန်ချက်ညီအောင် ထိန်းပေးထားနိုင်တဲ့ ခေါင်းဆောင်မရှိတဲ့ အချိန်ကျရင်..အခြေအနေတွေက လျင်လျင်မြန်မြန် ဆိုးဝါးလာပါလိမ့်မယ်။လူသားတွေကို သုတ်သင်ဖို့ကြိုးစားနေကြတဲ့ အိပ်မက်ဆိုးသားရဲတွေကိုလည်း ဘယ်သူက တားဆီးပေးတော့မှာလဲ..။

ဘာပဲဖြစိဖြစ်..သွေးထွက်သံယို အခြေအနေတွေကိုပဲ ဦးတည်နေပါလိမ့်မယ်..။

သို့ပေမယ့် သူက ဒီအရာတွေကို အစောကတည်းက စိုးရိမ်ပြီးခဲ့ပါပြီ..။နောက်ဆက်တွဲဖြစ်လာတော့မယ့် အခြေအနေ တွေမှာ ဆန်နီရဲ့ ပန်းတိုင်ကတော့ အရမ်းကို ရိုးရှငိးပါတယ်..။

အသက်ရှင်ကျန် နေရမယ်။နစ်ဖီကို ကာကွယ်ရမယ်။သူက အနက်ရောင်မြို့တော်ရဲ့ အရှင်သခင် အသစ်ဖြစ်လာရမယ်..။

..ဒါမှ သူမက ကံကောင်းတဲ့ ရှင်ကျန်သူ တစ်ချို့နဲ့အတူ အစစ်အမှန် ကမ္ဘာကို ပြန်မယ့် လမ်းကို ဖောက်နိုင်မှာပါ..။ဒါပေါ့..သူမ ဒီတိုက်ပွဲမှာ မသေဘူး ဆိုရင်ပေါ့..။

တိတ်ဆိတ်နေတဲ့..ခန်းမကြီးထဲမှာ ရဲတိုက်အရှင်ရဲ့ရယ်မောသံက ထွက်ပေါ်လာခဲ့တယ်..။သူက ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို မျက်နှာဖုံးရဲ့နောက်ဘက်ကနေ သေချာကြည့်ပြီး ပြောလိုက်ပါတယ်..။

"ဘယ်လောက် ရဲတင်းလိုက်လဲ..။ငါ့ကို စိန်ခေါ်ဖို့အတွက် ယုံကြည်မူတွေကို နင့်ကို ဘယ်သူပေးလိုက်တာလဲ ငါသိချင်မိတယ်..။နင်သိလား..လူတွေ အများကြီးက ငါ့ကို သတ်ဖို့ကြိုးစားခဲ့ကြတယ်..။တကယ်တော့ ငါ့မှာလည်း ဝါသနာ လေးတော့ ရှိတယ်လေ..ဦးခေါင်းတွေကို စုဆောင်းရတာမျိုးပေါ့..။ဒီဟာကို တွေးကြည့်မှပဲ..နင့်ရဲ့ လှပတဲ့ ဦးခေါင်းလေးကို ငါ့ရဲ့ စုဆောင်းမူထဲ ပေါင်းထည့်ရရင် တကယ်ကောင်းမယ်.."

ရုတ်တရက် သူက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး နှာဖူးကို ကိုင်လိုက်တယ်..။

"ဒါတွေ..ဒါတွေ အကုန်လုံးက ပထမအရှင်ရဲ့ အလောင်းကနေ နင်ယူလာခဲ့တဲ့ အရုပ်ကလေး ကြောင့်ဖြစ်လာတာလို့တော့ မပြောနဲ့နော်..။အိုး..မဟုတ်ဘူး..ဒါဆိုရင်တော့ အတော်ဆိုးသွားပြီ..။သန်မာတဲ့ မှတ်သားမူတစ်ခုက ငါ့ကို အနိုင်ယူဖို့အတွက် လုံလောက်တယ်လို့ နင် တကယ် ထင်နေတာတော့ မဟုတ်ပါဘူးနော်..."

နစ်ဖီဟာ ခနလောက်တွေဝေနေခဲ့ပြီးမှ ဂန်လောက်ကို စိူက်ကြည့်ကာ ပုံမှန်လေသံနဲ့ပြောလိုက်တယ်..။

"နင့်လို ပိုးအိမ်ကောင်ကို သတ်ဖို့ ငါ့ရဲ့ လက်နှစ်ဖက်တည်းနဲ့တင် လုံလောက်တယ်..။မှတ်သားမူတွေဆိုတာက ပိုပြီး လျင်မြန်အောင် လုပ်ဖို့ အတွက် သက်သက်ပဲ.."

ဂန်လောင်ဟာ သူမကို ခနလောက် စိူက်ကြည့်ပြီးမှ ရယ်မောလိုက်တယ်..။

"ကောင်းတယ်..ဒါကကောင်းတယ်..။ဒီလို စိတ်ဝိဥာဥ်မျိုး..။ငါ နင့်ကို ဖျက်ဆီးပစ်ရမှာ တကယ်ကို ပျော်ရွှင်မိတယ် , ပြောင်းလဲနေတဲ့ ကြယ်ပွင်.."

သူက ပုခုံးတွေကို ဆန့်လိုက်ပြီး..ခန်းမထဲက လူ ရာပေါင်းများစွာရဲ့ နှလုံးသားထဲကို ကြက်သီးမွှေးညှင်းထစေလောက်တဲ့ အသံနဲ့ပြောလိုက်ပါတယ်..။

"ကောင်းပြီလေ..။ငါ နင့်ရဲ့ စိန်ခေါ်မူကို လက်ခံတယ်."

All Chapters