လက်နက် အသံများ
Vol. 20 Ch. 294
ရဲတိုက်အတွင်းက ခန်းမကြီးက တိတ်ဆိတ် ငြိမ်သက်သွားခဲ့တယ်..။သို့ပေမယ့်..ဒီတိတ်ဆိတ်မူတွေက ရေပြင်လို ငြိမ်သက်နေတာမျိုးမဟုတ်ပဲ..မြေပြင်ကို ပြုတ်ကျတော့မယ့် သားရဲတစ်ကောင်လို အချိန်မရွေးပေါက်ကွဲထွက်တော့မယ့် အတိုင်းဖြစ်နေခဲ့တာပါ..။
အိပ်စက်သူများသည် နံရံတွေဘက်ကို ကပ်လိုက်ပြီး ပြောင်းလဲနေတဲ့ကြယ်ပွင့်နဲ့ ရဲတိုက်အရှင်တို့ရဲ့ တိုက်ပွဲအတွက် နေရာပေးလိုက်ကြပါတယ်..။အစောင့်နှစ်ခုက အယ်ဖီကို ဆွဲခေါ်သွားခဲ့တာကြောင့် အခုဆိုရင်..တိုက်ခိုက်ရေးသမားနှစ်ယောက်အတွက် ဘာမှ မရှိတဲ့ နေရာလွတ်သာ ရှိနေပါတော့တယ်..။
ခန်းမရဲ့ တစ်ဖက်မှာတော့..လက်ထောက်ငါးယောက်ဖြစ်တဲ့..ဂျန်မာ ၊ တီဆိုင် ၊ ကီဒို ၊ ဆိုင်ရှန် နဲ့ ဟာရု တို့က ..သူတို့ရဲ့ သခင်ကို ရှုပ်ထွေးတဲ့ ခံစားချက်တွေနဲ့ကြည့်နေခဲ့ကြတယ်..။တစ်ဖက်မှာတော့ ကိုင် ၊ ကတ်စတာ ၊နဲ့ အပြင်ဘက် ရပ်ကွက်ရဲ့ မုဆိုးအဖွဲ့ ခေါင်းဆောင် တွေဟာလည်း အတူတူပါပဲ..။ကတ်စီလည်း အနားမှာ ရှိနေခဲ့ပြီး သူမရဲ့ လက်က တိတ်တဆိတ် ကခုန်သူရဲ့ ဓားရိုးကို ကိုင်ထားခဲ့ပါတယ်..။သူမရဲ့ လှပတဲ့ မျက်နှာမှာတော့..သုန်မုန်တဲ့ အပြုံးတစ်ခု ရှိနေခဲ့တယ်..။
ဆန်နီဟာ မျက်မမြင် မိန်းကလေးကို တစ်ချက်ကြည့်လိုက်ပြီး ပလ္လင်အခန်းငယ်လေးရဲ့ အလယ်ကို လှမ်းကြည့်လိုက်တယ်..။
လူနှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချငိးဆိုင် ရပ်နေကြပါပြီ..။တစ်ယောက်က အရပ်ရှည်ပြီး ရွှေရောင်အကာအကွယ်က သူနဲ့ တစ်ထပ်တည်း ဖြစ်နေခဲ့ပါတယ်..။နောက်တစ်ယောက်ကတော့ အဖြူရောင်သတ္တု နဲ့ ထုလုပ်ထားတဲ့ ထည်ဝါလှတဲ့ အကာအကွယ်ကို ဝတ်ဆင်ထားတဲ့ မိန်းမငယ်လေးပါ..။
သူတို့နှစ်ယောက်ကြားထဲမှာ သိမ်မွေ့တဲ့ တူညီမူ တစ်ခု ရှိနေခဲ့တယ်..။သူတို့နှစ်ယောက်စလုံးမှာ လူအနည်းငယ်သာ ပိုင်ဆိုင်ထားတဲ့..ထူးခြားပြီး ဆွဲဆောင်မူရှိတဲ့ စွမ်းအားတစ်ရပ်နဲ့ ယုံကြည်မူတွေကို ထုတ်လွတ်နေခဲ့ပါတယ်..။နှစ်ယောက်စလုံးက..အကြောက်အလန့် ကင်းပြီး ၊ သေစေနိုင်တဲ့ အငွေအသက်တွေ ရှိနေခဲ့ကြတယ်..။သူတို့နှစ်ယောက်စလုံးက..သူတို့ရဲ့ မျိုးစိတ်မှာ အထွတ်အထိပ် ရောက်နေကြတဲ့သူတွေပါ..။
သို့ပေမယ့် ဒီနေရာက အဲဒီတူညီမူတွေကို အဆုံးသတ်ပေးမယ့် နေရာပါပဲ..။
[ ဂူတစ်ဂူထဲမှာ ခြင်္သေ့ နှစ်ကောင် မအောင်းဘူးဆိုတာ ဒါကို ပြောတာဖြစ်မယ် ]
' ဒါက..သိပ်တော့ မကောင်းတော့ဘူး..' ဆန်နီဟာ တိုက်ခိုက်တော့မယ့် နှစ်ယောက်ကို ကြည့်ပြီး တွေးလိုက်တာပါ..။
နစ်ဖီ စွမ်းဆောင်နိုင်တယ် ဆိုတာကို သူက တစ်ခြားသူတွေထက် ပိုပြီး သိနေပေမယ့်လည်း..ဂန်လောက်နဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်ရတာက သူမရဲ့ မျက်နှာပေါ်မှာ သုန်မုန်မူတွေကို ပေါ်လာစေခဲ့ပါတယ်..။
ရဲတိုက်အရှင်က သူမထက် အရပ်ရှည်ပြီး အလေးချိန်အရဆိုရင်လည်း ပြောင်းလဲနေတဲ့ကြယ်ပွင့်ထက် နှစ်ဆလောက် ပိုများမှာပါ..။သူက ပိုသန်မာ၊ လက်တံပိုရှည်ပြီး..လူတွေကိုသတ်ဖြတ်တဲ့ နေရာမှာလည်း အတွေ့အကြုံပိုရှိပါတယ်..။
ဒါက သူ့ရဲ့ သောက်ကျိုးနဲ ရွှေရောင်အကာအကွယ်ကိုတောင် ထည့်မတွက်ရသေးပေ..။
အရုဏ်ဦး အမြုတေရဲ့ ဆန်းကျယ်တဲ့ တိုးမြှင့်ပေးမူနဲ့တောင်မှ..နစ်ဖီရဲ့ငွေရောင်ဓားက တက်ရောက်မူအဆင့် လက်နက်တွေ နဲ့ တူညီတဲ့ စွမ်းအားကို ရရှိမှာပါ..။ဒါက ဂန်လောင်ရဲ့ ထူးဆန်းတဲ့ ထပ်တူညီမူနဲ့ ယှဥ်မယ်ဆိုရင် တစ်ဆင့် နိမ့်ကျနေပါသေးတယ်..။
ဒီ အကာအကွယ်ကို ချိုးဖျက်ဖို့ဆိုတာက..ကြေးခွံသားရဲ ခေါငိးဆောင်ရဲ့ အကာအကွယ်ကို သာမန်
စတီး ကနေ ထုလုပ်ထားတဲ့ ဓားနဲ့ ချိုးဖျက်တာလောက်ကို ခက်ခဲပါလိမ့်မယ်..။ပြီးတော့.ကြေးခွံသားရဲ ခေါင်းဆောင်ရဲ့ အကာအကွယ်နဲ့ မတူတဲ့အချက်က..ရွှေရောင် ထပ်တူညီမူမှာက အားနည်းချက် ရှိပုံမရပါဘူး..။
အဲ့အချိန်မှုပဲ အလင်းစက်တွေက ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ရှေ့မှာရှိနေတဲ့ လေထဲမှာ ပေါ်လာခဲ့တယ်..။ငွေရောင် ဓားရှည်က သူမရဲ့လက်ထဲမှာပေါ်လာခဲ့ပြီး အခုတော့..မြေကြီးကို ချိန်ရွယ်ထားခဲ့ပါတယ်..။
'ဒီခွေးသားကရော..ဘာလက်နက်ကို အသုံးပြုမှာလဲ..'
ဒါက အများကြီး ဆုံးဖြတ်ပေးပါလိမ့်မယ်..။ဂန်လောင်မှာ အင်အားကြီးတဲ့ မှတ်သားမူ လက်နက်တွေပိုင်ဆိုင်ထားတယ် ဆိုတာကို သူသေချာသိနေပေမယ့် ဘယ်လောက်အထိ တောင် အင်အားကြီးနိုင်မလဲ..။
သူ ရဲတိုက်အရှင်ကို ကြည့်ပြီး..သူ့လက် ဝန်းကျင်မှာ တူညီတဲ့ အလင်းစက်ကလေးတွေ ပေါ်ထွက်လာမှာကို စောင့်နေခဲ့တယ်..။သို့ပေမယ့် ဘာမှ ပေါ်ထွက်မလာခဲ့ပါဘူး..။
အဲဲဒီအစား ရွှေရောင် အရည်တွေက ရှေ့ကို စီးဆင်းလားပြီး..တိုက်ပွဲ ပုဆိန်တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်..။ဂန်လောင်က ဒီပုဆိန်ကို ဆုပ်ကိုင်လိုက်ပြီး ပုခုံးပေါ်ကို တင်လိုက်တယ်..။သူ့ရဲ့ တောက်ပြောင်နေတဲ့ မျက်နှာဖုံးကနေတဆင့်..နစ်ဖီ အနည်းငယ် မျက်မှောင်ကျုတ်လိုက်တာက အလင်းပြန်နေခဲ့ပါတယ်..။
' ချီးပဲ..'
ရဲတိုက်အရှင် အသုံးပြုမယ့်လက်နက်က သူ့ရဲ့ ထပ်တူညီမူကနေ ထွက်ပေါ်လာတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး..အထွတ်အထိပ် အဆင့် လက်နက်ရဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားပါတယ်..။ဒါက ကြယ်အလင်းအကာအကွယ်ကို ဘာမှ အားမစိုက်ရပဲနဲ့တောက် ..ဖြတ်တောက်သွားပါလိမ့်မယ်..။
'ဒါက စိတ်ကူးယဥ်ထားတာ ထက်တောင် ပိုပြီး ဆိုးနေတာပဲ..'
ဆန်နီ အံကိုကြိတ်ထားတုန်းမှာပဲ..ဂန်လောင်က ရက်စက်တော့မယ့် အသံနဲ့ ပြောလိူက်တယ်..။
"နောက်ဆုံးပြောစရာရှိလား..ပြောင်းလဲနေတဲ့ကြယ်ပွင့်.."
နစ်ဖီက ခေါင်းအနည်းငယ် စောင်းပြီး အတော်ကြာအောင် တိတ်ဆိတ်နေခဲ့တယ်..။သူမရဲ့ ခေါင်းစွပ်ကငနေ အလင်းရောင်တွေထွက်နေပြီး သူမရဲ့ မျက်နှာကို လုံးဝ ဖုံးအုပ်ထားတာကြောင့် တည်ငြိမ်တဲ့ အညိုရောင် မျက်လုံးတွေကိုသာ..မျက်လုံးနေရာကနေ မြင်နေခဲ့ရပါတယ်..။နောက်ဆုံးမှာတော့ သူမက တစ်ခွန်းတည်း ပြောလိုက်တယ်..။သူမရဲ့ ပုံမှန်လေသံမှာ ဒေါသတွေ ပြည့်နှက်နေခဲ့ပါတယ်..။
"..သစ္စာဖောက်ကောင်.."
တီးတိုးပြောတဲ့ အသံတွေက လူအုပ်ထဲကနေ ထွက်ပေါ်လာခဲ့တယ်..။လူတွေက သူမ ဘာပြောလဲဆိုတာကို ခန့်မှန်းနေကြပေမယ့်..ဒီဟာကို သိတာက ဆန်နီ တစ်ယောက်တည်းတောင် ဖြစ်နေလောပါတယ်..။
နစ်ဖီက..ဂန်လောင်ကို လူသားမျိုးနွယ်တွေကို သစ္စာဖောက်တဲ့ အတွက် စွပ်စွဲနေခြင်းမဟုတ်သလို ၊ များပြားလှတဲ့ လူငယ်လေးတွေသေဆုံးရတဲ့ အတွက်ကျိန်ဆဲ နေတာလည်း မဟုတ်ပါဘူး..။သူမက ဂန်လောင်ဟာ..နိုးထသူတစ်ယောက်ရဲ့ စစ်မှန်တဲ့ တာဝန်ကို စွန့်ပစ်ပြီး ၊ အိပ်မက်ဆိုးအခိုက်အတန့်ကို အဆုံးအထိ တိုက်ခိုက်ရမယ့် အစား..အညံ့ခံအရှုံးပေးလိုက်တာကြောင့်..ဒီလို စွပ်စွဲလိုက်တာပါ..။
သူမရဲ့ စိတ်ထဲမှာတော့ ဒါက ပြစ်မူကျူးလွန်တာထက်တောင် ပိုပြီး ဆိုးယုတ်ပါတယ်..။
တစ်ခုတည်းသော ပြစ်မူ..။
ရဲတိုက်အရှင်ဟာ ရယ်မောလိုက်တယ်..။
"ဒါက အတော်ဆိုးဝါးတာပဲ..။ငါ အဲတာကို အရင်က ကြားဖူးတယ်..."
ယင်းနောက် တစ်စက္ကန့်တောင် အချိန်ဖြုန်းမနေတော့ပဲ..သူက ကြောက်မက်ဖွယ်အရှ်ိန်နဲ့ ရှေ့ကို တက်လာခဲ့တယ်..။
ငြိမ်းချမ်းခြင်း နဲ့ ကြမ်းတမ်းခြင်း နှစ်ခုခြား ရုတ်တရက် ပြောင်းလဲသွားတာက အရမ်းကို မြန်ဆန်လွန်းတာကြောင့်..ခန်းမထဲကလူတွေဟာ..ဘာတွေဖြစ်နေတာလဲ ဆိုတာကို ခနလောက်ကြာပြီးမှ သတိထားမိလိုက်ကြပါတယ်..။
ဂန်လောင် တစ်ချက် တိုက်ခိုက်လိုက်တိုင်းမှာ..ခန်းမအတွင်းက မာဗယ်ကြမ်းပြင်က တုန်လှုပ်သွားခဲ့တယ်..။သူက ဒေါသားကြီးနေတဲ့ ရွှေရောင်သားရဲကြီးတစ်ကောင်လိုပဲ နစ်ဖီ ဆီကို ပြေးဝင်သွားကာ..သူ့ရဲ့ တိုက်ပွဲပုဆိန်ကို မယုံနိုင်စရာ အမြန်နှုန်း ၊ ကြောက်စရာ ခွန်အားနဲ့ ဝေ့ယမ်း တိုက်ခိုက်နေခဲ့ပါတယ်..။
သူမက အချိန်မှီယုံလေးသာ တုန့်ပြန်နိုင်ခဲ့လိုက်တယ်..။သူမရဲ့ ခန္တာကိုယ်ကို လှည့်ပြီး ဓားကို မြှောက်လိုက်ကာ..သေစေနိုင်လောက်တဲ့ ခုတ်ချက်ကို ဘေးဘက် ဆီ လမ်းကြောင်းလွှဲစေလိုက်ပါတယ်..။သို့ပေမယ့် မထင်မှတ်ထားတဲ့ အရာတစ်ခုက ဖြစ်ပျက်သွားခဲ့တယ်..။
တိုက်ပွဲ ပုဆိန်ရဲ့ လက်ကိုင်ရိုးဟာ ရုတ်တရက် ရွေ့လျားသွားပြီး ၊ သူ့ကို ဖွဲ့စည်းထားတဲ့ ရွှေရောင်အရည်တွေဟာ ရှေ့ကို တိုးလာကာ ပုံစံပြောင်းသွားခဲ့ပါတယ်..။ရလာဒ်အနေနဲ့ သူမရဲ့ လမ်းကြောင်းလွှဲသွားအောင် ဖန်တီးမူဟာ အသုံးမဝင်လုနီးပါး ဖြစ်သွားခဲ့တယ်..။
အဆင်မပြေလှတဲ့ လှုပ်ရှားမူနဲ့ အတူပဲ ပြောင်းလဲနေတဲ့ ကြယ်ပွင့်က နောက်ကို ယိုင်ထွက်သွားခဲ့တယ်..။တိုက်ပွဲပုဆိန် ရဲ့ ဓားသွား အစွန်းက ကြယ်အလင်းအကာအကွယ် ခေါင်းစွပ်ကို ထိမှန်ကာ အသာအယာ ထိုးခွဲသွားခဲ့ပြီး ..နစ်ဖီ ရဲ့ ပါးမှာ နက်ရှိုင်းတဲ့ ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာစေခဲ့ပါတယ်..။ခနအကြာမှာတော့ ဂန်လောင်ရဲ့ ခြေထောက်က သူမရဲ့ နံရိုးကို ထိမှန်သွားခဲ့ပြီး မိန်းမငယ်လေးကို လေထဲမှာ လွင့်ပျံသွားစေခဲ့တယ်..။
နစ်ဖီဟာ အောက်ကို လူးလှိမ့်ကာ ကျဆင်းသွားခဲ့ပြီး သူမရဲ့ လက်တစ်ဖက်ကို အသုံးပြုကာ ဟန်ချက် ပြန်ထိန်းလိုက်တယ်..။သူမရဲ့ ခေါင်းစွပ်အောက်ကနေ သွေးစက်တွေ ကျဆင်းနေခဲ့ပြီး ..သူမရဲ့ မျက်လုံးထဲမှာတော့ ရက်စက်တဲ့ အဖြူရောင် မီးတောက်တွေ တောက်လောင်နေခဲ့ပါတယ်..။
ခနအကြာမှာတော့ သူမက ရှေ့ကို ခုန်တက်သွားပြီး..ရဲတိုက်အရှင်ရဲ့ တိုက်ခိုက်မူတွေကို တူညီတဲ့ ဒေါသတွေ နဲ့ ရင်ဆိုင်လိုက်တယ်..။
သံမဏိများ တိုက်ခိုက်တဲ့ အသံတွေဟာ ခန်းမထဲမှာ နားကျိန်းလောက်အောင် ပေါ်ထွက်လာခဲ့ပါတယ်..။
ဒါက နောက်ထပ်ကြီးမားတဲ့ သွေးထွက်သံယိုတွေ
ဖြစ်ပေါ်လာဖို့ ကတိပေး နေတဲ့ အတိုင်းပါပဲ..။