နှစ်ယောက်
Vol. 20 Ch. 295
နစ်ဖီ ရဲ့ ရင်အုတ်ကာ ချပ်ဝတ်ဟာ ဂန်လောင်ရဲ့ တိုက်ခိုက်မူကြောင့် အက်ကွဲသွားခဲ့ပြီး..သူမရဲ့ ခေါင်းစွပ်အောက်ကနေ သွေးတွေ စီးကျနေခဲ့တယ်..။သို့ပေမယ့်..ဒါက ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ အရှိန်ပို နည်းနည်းလေးတောင် နှေးကွေးမသွားစေခဲ့ပါဘူး..။
ရဲတိုက်အရှင်ရဲ့ တိုက်ခိုက်မူကို ထိပ်တိုက်ရင်ဆိုင်ဖို့ ရှေ့ကို တိုးဝင်သွားခဲ့ရင်း..သူမက ပုဆိန်ရဲ့ ဓားသွားကို လှည့်ပတ်ရှောင်လိုက်ကာ..သူမရဲ့ ဓားချက်ကို ထုတ်ဖော်ဖို့ ကြိုးစားလိုက်ပါတယ်..။သံမဏိတွေရဲ့ ဒေါသတကြီး ထိတွေ့တဲ့ အသံတွေက ခန်းမကြီးထဲမှာ ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့တယ်..။တိုက်ခိုက်ရေးသမား နှစ်ယောက်စလုံးက..မယုံနိုင်စရာ အရှိန် ၊ တိကျမူ ၊ ကျွမ်းကျင်မူတို့နဲ့ လှုပ်ရှားနေခဲ့ကြပါတယ်။
စက္ကန့်အနည်းငယ်သာ..ကုန်ဆုံးသွားတာဖြစ်ပေမယ့် သူတို့ကတော့..အကွက်ပေါင်းများစွာ ဖလှယ်ပြီးသွားကြပါပြီ..။သို့ပေမယ့်..တိုက်ခိုက်မူ တစ်ခုချင်းစီတိုင်းက..ဖယ်ရှားမူ ၊ ရှောင်ရှားမူ နဲ့ တားဆီခံရမူတွေနဲ့သာ ကြုံတွေ နေခဲ့ရတယ်..။ဒီကြောက်မက်ဖွယ်ရာ တိုက်ပွဲက ဆန်နီ စိတ်ကူးယဥ်ထားတာ နဲ့လုံးဝ ကို မတူညီခဲ့ပါဘူး..။ဒီနေရာမှာ..ယဥ်ကျေးမူ ၊ ဂုဏ်သိက္ခာရှိမူ ၊ မြင့်မြတ်မူတွေ ဘာတစ်ခုမှ ရှိမနေခဲ့ပေ..။ဒီမှာရှိနေတာက..ကြမ်းတမ်းမူနဲ့ ရက်စက်မူ တွေသာဖြစ်ပြီး တိုက်ခိုက်သူ တစ်ယောက်ချင်းစီတိုင်းက..ရန်သူကို သတ်ဖြတ်ဖို့အတွက် သူတို့ လုပ်နိုင်စွမ်းရှိတဲ့ အရာရာတိုင်းကို လုပ်နေခဲ့ကြပါတယ်..။
သူတို့ရဲ့ အသံတွေက..ရိုင်းစိုင်းတဲ့ သားရဲတွေရဲ့ အသံနဲ့ တူနေခဲ့တယ်..။တစ်စိတ်တစ်ပိုင်းက..တိုက်ပွဲရဲ့ ဖိအားကြောင့် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး နောက်ထပ် တစ်စိတ်တစ်ပိုင်းက..သူတို့စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ သွေးဆာမူ နဲ့ သတ်ဖြတ်လိုစိတ်တွေကြောင့် ဖြစ်ပေါ်လာခဲ့တာပါ..။
ဒီလိုဖြစ်နေတာကြောင့်..သူတို့ထဲကတစ်ယောက်ယောက်က..အတွေးတွေ နဲ့ လုပ်ရပ်တွေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ မပြောနိုင်ပါဘူး..။သူတို့နှစ်ယောက်လုံးက သွေးအေးတဲ့ သတ်ဖြတ်သူ တွေဖြစ်ကြပြီး ..ဆိုးဝါးတဲ့ ဒေါသတရားတွေ ကြားထဲမှာတောင် ဘယ်လိုတည်ငြိမ်အောင် နေရမလဲ ဆိုတာကို သိကြပါတယ်..။
စက္ကန့်အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့..ဂန်လောင်နဲ့ နစ်ဖီ တို့ဟာ..တိုက်ခိုက်နေရာကနေ ခွဲထွက်သွားကြပြီး..ကြည့်ရူသူတွေကို အသက်ရူရခက်ခဲစေခဲ့ပါတယ်..။
ရဲတိုက်အရှင်ရဲ့ ရွှေရောင်အကာအကွယ်က ခြစ်ရာမထင်ပဲ အကောင်းအတိုင်း ရှိနေပါသေးတယ်..။သို့ပေမယ့် နစ်ဖီရဲ့ တစ်ကိုယ်လုံးမှာတော့ သွေးတွေအဆက်မပြတ် ထွက်နေတဲ့ ဒဏ်ရာတွေ ရှိနေခဲ့တယ်..။သူမရဲ့ ပုခုံးမှာရှိတဲ့ ချပ်ဝတ်မှာတော့ နောက်ထပ် အက်ကွဲရာ တစ်ခု ရှိနေခဲ့ပါတယ်..။သူမက ဒဏ်ရာတွေကို တစ်ချက်သာ ကြည့်လိုက်ပြီး ဂရုမစိုက်တဲ့ အမူအရာနဲ့ ရန်သူကိုသာ ပြန်အာရုံစိုက်ထားလိုက်တယ်..။
ခန်းမထဲမှာ ရှိနေတဲ့ သူတွေဟာ..တစ်နည်းနည်းနဲ့တော့ တူညီတဲ့ အတွေးတစ်ခုကို တွေးနေခဲ့ကြမှာပါ..။အေးစက်ပြီး မအီမသာဖြစ်စေတဲ့ ခံစားချက်က သူတို့ရဲ့ စိတ်ထဲကို ဝင်ရောက်လာနေခဲ့တယ်..။သူတို့သာ ဒီလို တိုကိပွဲထဲမှာ ဆိုရင် ဘယ်လိုမျိုးရင်ဆိုင်မှာလဲ..။အဖြေကတော့ ရိုးရှင်းပါတယ်..။သူတို့က အစောကတည်းက သေနေလောက်ပါပြီ..။ဒီတိူက်ခိုက်ရေးသမား နှစ်ယောက်ထဲက တစ်ယောက်လောက်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် စက္ကန့်ပိူင်းနဲ့တင် သေဆုံးသွားပါလိမ့်မယ်..။
လူတိုင်းက..သေမင်းရဲ့ အသက်ရူသံကို ကြားနေရသလို ခံစားနေကြရတယ်..။
သိူ့ပေမယ့် သူတို့ရဲ့ တိုက်ခိုက်မူကို ကြည့်ရူနေတဲ့ လူတွေကြားထဲမှာ..လူနှစ်ယောက်ကတော့ ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ လှုပ်ရှားမူတိုင်းကို အသေးစိတ်လိုက်ကြည့်နေခဲ့ပါတယ်..။သူတို့ကတော့ ဆန်နီ နဲ့ ကတ်စတာ ပါ..။
နစ်ဖီ ရဲ့ တိုက်ခိုက်မူတွေကို လေ့လာနေခြင်းအတွက် သူတို့ရဲ့ အကြောင်းပြချက်က ကွဲပြားတယ်ဆိုပေမယ့်..တူတူတော့ တူတူပါပဲ..။
တစ်စက္ကန့်လောက် ရပ်တန့်အပြီးမှာတော့ တိုကိခိုက်သူ နှစိယောက်ဟု..ရှေ့ကို နောက်တစ်ကြိမ်တိုးဝင်သွားခဲ့ကြတယ်..။သို့ပေမယ့် ဒီတစ်ကြိမ်တော့ သူတို့ရဲ့ အပြုအမူက ကွဲပြားသွားခဲ့ပါပြီ..။
ပထမအကြိမ်တိုက်ခိုက်မူက..ရန်သူရဲ့ စွမ်းဆောင်နိုင်စွမ်းကို စမ်းသပ်လိိုက်တာပါ..။အခုတော့ သူတို့က ဘာကိုမှ တွန့်ဆုတ်မနေတော့ ပဲ ရှိသမျှ ခွန်အားအကုန်နဲ့ တိုကိခိုက်ကြပါတော့တယ်။
အနည်းဆုံးတော့..ဒီလို ထင်ရတာပါပဲ..။
ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ဓားက ရုတ်တရက် အရောင်တွေ တောက်ပလာခဲ့တယ်..။ဓားရိုးကို ကိူင်ထားတဲ့ သူမရဲ့ လက်တစ်ဖက်ကို ဖယ်ရှားလိူက်ပြီး ၊ သူမရဲ့ အကာအကွယ်လက်အိတ်နဲ့ ဓားရဲ့ အလယ်နားကို ကိုင်လိုက်ကာ ပုခုံးနားအထိ မြှောက်လိုက်ပြီး ဓားရဲ့ ထိပ်ဖျားကို သေချာထိန်းချုပ်ဖို့ ကြိုးစားလိုက်ပါတယ်။ဂန်လောင်ရဲ့ သူ့ လက်နက် အလျားကို ပြောင်းလဲနိုင်တဲ့ စွမ်းရည် နဲ့ ထိုးဖောက်လိူ့ မရတဲ့ အကာအကွယ် ချပ်ဝတ်ကြောင့်..ဓားကို ဒီလိုကိူင်ထားတာက ပိုပြီး အကျိုးရှိပါလိမ့်မယ်..။
ရဲတိုက်အရှင်ဟာ သူ့ရဲ့ တိုက်ပွဲပုဆိန်ကို အကာအကွယ် အင်္ကျီထဲကို ပြန် စုပ်ယူလိုက်တယ်..။ယင်းနောက် သူ့ရဲ့ လက်မောင်းကနေ ဓားနှစိချောင်းထွက်ပေါ်လာခဲ့ပြီး ရှည်လျား ၊လေးလံတဲ့ လက်နက်တွေကို ဖန်တီးလိုက်ပါတယ်..။
သူတို့က နောက်တစ်ကြိမ် ထပ်ပြီး တိုကိခိုက်လိုက်ကြတယ်..။ဒီတစ်ကြိမ်က ပိုပြီးတောင် ပြင်းထန်ပါသေးတယ်..။ခန်းမရဲ့ နံရံကို ဖိထားခဲ့တဲ့လူတွေဟာ..တုန်ရီလာသလိုတောင် ခံစားလိုက်ကြရတယ်..။
နစ်ဖီကတော့..သူမရဲ့ ခုခံကာကွယ်မူ အပိုင်း တော်တော်များများကို စွန့်ပယ်လိုက်ပြီး ရန်သူကို ထိခိုက်စေဖို့အတွက် စွန့်စားလိုက်ပါတယ်။ငွေရောင်ဓားရဲ့ အကွာအဝေးသက်ရောက်မူက အခုချိန်ပိုပြီး တိုတောင်းသွားတယ် ဆိုပေမယ့်..အမြန်နှုန်းက မြှင့်တက်လာပြီး ခန့်မှန်းလို့ မရစေပါဘူး..။သို့ပေမယ့် ဂန်လောင်ရဲ့ ဓားတွေကလည်း ခုခံဖို့အတွက် အတော်လေးကို အန္တရာယ်ရှိပါတယ်..။ဓားတွေက သူမရဲ့ ပတ်ပတ်လည်ကနေ ဝင်ရောက်လာနေခဲ့တယ်..။ဒါက တပြိုင်နက် ၊ သို့မဟုတ် ကန့်လန့်ဖြတ် စည်းချက်နဲ့ ရောက်လာနေခဲ့တာကြောင့်..မိန်းမငယ်လေးအတွက် တိုက်ခိုက်မူ တစ်ခုချင်းစီကို ခန့်မှန်းကို ခက်ခဲစေပါတယ်..။
သို့ပေမယ့် သူမက ခန့်မှန်းဖို့ မကြိုးစားခဲ့ပါဘူး..။
ပြောင်းလဲနေတဲ့ကြယ်ပွင့် ဟာ..သူမရဲ့ ရန်သူကို တိုကိခိုက်နိုင်ဖို့အတွက် များပြားလှတဲ့ ဒဏ်ရာတွေကို လက်ခံရန် ဆန္ဒရှိနေခဲ့ပါတယ်..။သူမရဲ့ ခန္တာကိုယ်မှာ သွေးထွက်တဲ့ ဒဏ်ရာတွေ များလာလေလေ၊ ကြယ်အလင်း ချပ်ဝတ်နဲ့အတူ ရှိနေဖို့ ထိန်းထားရ ခက်ခဲလေပါပဲ..။
သို့ပေမယ့် အဆုံးမှာတော့ သူမရဲ့ ပန်းတိုင်ကို ရောက်နိုင်ခဲ့တယ်..။
ဂန်လောင်ရဲ့ ဓားတစ်ချောင်းကို သူမရဲ့ ဓားသွားနဲ့ ခန္တာကိုယ်ကြားထဲမှာ ဖမ်းထားရင်း ..၊ သူမက ဓားကို အားပြင်းပြင်းနဲ့ လှည့်ကာ..သူ့ရဲ့ ခန္တာကိုယ်ဘက်ကို ပြန်ဦးတည်စေလိုက်ပါတယ်..။ယင်းနောက် နစ်ဖီဟာ ဘေးဘက်ကို လှမ်းလိူက်ရင်း .ရဲတိုက်အရှင်ရဲ့ နောက်ဘက်မှာ စက္ကန့်ဝက်လောက်အတွင်း ပေါ်ထွက်လာခဲ့တယ်..။ဂန်လောင်အနေနဲ့ နောက်ပြန်လှည့်ပြီးဟကာကွယ်ဖို့ အချိန်မမှီတော့ပါဘူး..။
သူမရဲ့ တောက်ပနေတဲ့ ဓားဟာ သူမရဲ့ ဦးခေါင်းအထထက်မှာပေါ်လာခဲ့ပြီး..ပုံမှန်ကိုင်နေကြ လက်ဟန်အတိုင်း ပြန်ပြောင်းလိုက်ကာ..ဂန်လောင်ရဲ့ ပုခုံးကို ရှိသမျှ ခွန်အားနဲ့ ထိုးစိုက်ချလိုက်ပါတယ်။
အဖြူရောင် တောက်ပနေတဲ့ ဓားသွားဟာ လေထဲမှာ အရောင်တောက်ပသွားပြီး ရွှေရောင် အကာအကွယ်ကို ထိမှန်သွားခဲ့တယ်..။
...ယင်းနောက် ဓားက..တောက်ပတဲ့ မျက်နှာပြင်ပေါ်မှာ ချော်ထွက်သွားခဲ့ပြီး..ခြစ်ရာလေးတစ်ခုတောင် ထင်ကျန်ရစ် မနေခဲ့ပါဘူး..။
' ချီးတဲ့မှပဲ '
ခနအကြာမှာတော့ ဂန်လောင်ဟာ လက်တစ်ဖက်မှာရှိတဲ့ ဓားကို ဘေးဘက်ကို ပစ်ထုတ်လိုက်ပြီး ၊ ကျန်တဲ့ တစ်ဖက်မှာ ရှိနေတဲ့ ဓားနဲ့ နစ်ဖီရဲ့ မျက်နှာကို ချိန်ရွယ်ကာ ထိုးချလိုက်ပါတယ်..။သူမက နောက်ဆုံးအချိန်လေးမှာပဲ..ရုတ်တရက် သေဆုံးသွားနိုင်တဲ့ ဓားချက်ကို ရှောင်ရှားလိုက်နိုင်ခဲ့တယ်။သိူ့ပေမယ့် ဒီလိုဆိုရင်တောင် ရန်သူရဲ့ လက်သီးချက်ကို မရှောင်နိုင်ခဲ့ပါဘူး..။
သက်ရောက်မူက အရမ်းကို ကြီးမားတာကြောင့် ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ နောက်ကို မီတာ အနည်းငယ်လွင့်စင်သွား စေခဲ့တယ်..။ခေါင်းစွပ်က လုံးဝကို ကွဲကြေနေပြီး သူမရဲ့ သွေးတွေဖုံးလွှမ်းနေတဲ့ မျက်နှာတောင် ပေါ်ထွက်နေခဲ့ပါတယ်..။သံမဏ်ိတစ်ချို့ဟာလည်း သူမရဲ့ အရည်ပြားကို ဖောက်ဝင်နေခဲ့တယ်..။သူမက အကြိမ့်အနည်းငယ် လှိမ့်ပြီးသွားကာမှ ဟန်ချက်ပြန်ထိန်းနိုင်လိုက်ကာ အားယူပြီး မတ်တတ်ထရပ်လိုက်တယ်..။အဖြူရောင် မီးတောက်တွေက အနည်းငယ် မှိန်လာပြီး..သူမမျက်လုံးထဲမှာ စိတ်ရှုပ်ထွေးတဲ့ ခံစားချက်တွေ ရှိနေခဲ့ပါတယ်..။
အရုဏ်ဦး အမြုတေရဲ့ ရတနာ ဟာ နစ်ဖီရဲ့ ဒဏ်ရာရနေတဲ့ မျက်နှာပေါ်မှာ သိမ်မွေ့စွာတောက်ပနေခဲ့တယ်..။
ခနအကြာမှာတော့ သူမက အနည်းငယ်သာ ကျန်ရှိတော့တဲ့..ခေါင်းစွပ် အကာအကွယ်ကို ပြန်သိမ််းဆည်းလိုက်ပြီး ၊ သွေးတွေထွက်နေတဲ့ ကြားကပဲ ဂန်လောင်ကို စိူက်ကြည့်လိုက်ပါတယ်..။
ရဲတိုက်အရှင်ဟာ ရယ်မောလိုက်ပြီး..ပြောင်းလဲနေတဲကြယ်ပွင့် ရှိရာကို ခြေတစ်လှမ်းတိုးလိုက်တယ်..။သူ့ရဲ့ အသံက ခန်းမကြီးတစ်ခုလုံးမှာ သေဒဏ်စီရင်ချက်ချလိုက်သလို ပဲ့တင်ထပ်နေခဲ့ပါတယ်..။
"ဘာလဲ..။ ဒါ အကုန်ပဲလား..."
နစ်ဖီ ပြန်မဖြေခဲ့ပေ..။အဲဒီအစား သူမက လက်နှစ်ဖက်စလုံးကို ဓားသွားပေါ်ကို တင်လိုက်ပြီး ယာယီလှံတံကဲ့သို့ အသုံးပြုလာခဲ့ပါတယ်..။
ငွေရောင်ဓားရဲ့ တောက်ပတဲ့ အလင်းရောင်ဟာ ဓားရဲ့ အစိတ်အပိုင်းအားလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။
သို့ပေမယ့် အဲဒီမှာတင် ရပ်တန့်မနေခဲ့ပါဘူး..။
ဆန်နီ မျက်လုံးပြူးကျယ်သွားခဲ့တယ်..။
"ဘာလဲ.."
ဒေါသကြီးနေတဲ့ အဖြူရောင် မီးတောက်တွေဟာ ဓားကနေ တဆင့် ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ လက် ၊ လက်မောင်း နဲ့ သူမရဲ့ တစ်ကိုယ်လုံးကို ဝါးမြိုသွားခဲ့တယ်..။
သိူ့ပေမယ့် မီးတောက်တွေက အဖြူရောင် ကြယ်အလင်း ချပ်ဝတ်အကာအကွယ်ကို လောင်ကျွမ်းနေတာ မဟုတ်ပါဘူး..။
အဲဒီအစား..တောက်ပနေတဲ့ အလင်းရောင်တွေက သူမရဲ့ အရည်ပြားကနေ ထွက်ပေါ်နေခဲ့တာပါ..။