← Chapters

အလင်း သတ္တဝါ

Vol. 20 Ch. 296

အလင်း သတ္တဝါ

Vol. 20 Ch. 296

ဆန်နီဟာ သူ့ရှေ့မှာ တောက်ပနေတဲ့ ပုံရိပ်ကို စိုက်ကြည့်ရင်း မရေမတွက်နိုင်တဲ့ အတွေးတွေက သူ့ရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်နေခဲ့တယ်..။

သူမရဲ့ အရည်ပြားကနေ မျက်စိကျိန်းလောက်တဲ့ အဖြူရောင် အလင်းတန်းတွေ ထွက်နေတဲ့ နစ်ဖီက..လှပပြီး သန့်စင်နေခဲ့ပါတယ်..။ဒါက ကမ္ဘာကြီးရဲ့ မပြီးပြည့်စုံမူတွေရဲ့ ထိတွေ့မူကို မခံထားရတဲ့ အတိုင်းပါပဲ..။အလင်းတွေရဲ့ ရစ်ပတ်ထားမူကြောင့်..သူမက လူသားကမ္ဘာကို ဆင်းသက်လာတဲ့ ကောင်းကင်ဘုံက နတ်သမီးနဲ့တောင် တူနေခဲ့တယ်..။

မြင်ကွင်းက..အရမ်းကို ရင်သပ်ရူမောဖွယ် ဖြစ်ရသလို ကြောက်ဖို့လည်း ကောင်းပါတယ်..။

...ဒါက..ရှေးဟောင်းမိုင်းတွင်းရဲ့ နံရံပေါ်မှာ တွေ့ခဲ့ရတဲ့ အရောင်တွေတောက်ပ နေခဲ့တဲ့ ဂြိုလ်သားရဲ့ ပုံရိပ်နဲ့တောင် တူနေတာ မဟုတ်ဘူးလား..။အထူးဖြင့် အရုဏ်ဦး အမြူတေကလည်း နစ်ဖီ ရဲ့ နှာဖူးပေါ်မှာ တတိယ မျက်လုံးမဖြစ် တောက်ပနေခဲ့သေးတာပါ..။

သို့ပေမယ့် ဒါက ဆန်နီကို ရပ်တန့်စေတဲ့ အရာမဟုတ်ပေ..။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ.."

အရင်တုန်းကရော ဘာလို့ ဒီလို မဖြစ်ခဲ့တာလဲ..။

ခရီးစဥ် အစတုန်းက..ပြောင်းလဲနေတဲ့ကြယ်ပွင့် ရဲ့ စွမ်းရည်က သူ့လိုပဲ နတ်ဘုရား အဆင့်ဖြစ်နိုင်တယ် လို့ သူ ခန့်မှန်းခဲ့ပါသေးတယ်..။သူမရဲ့ စွမ်းအင်က မှတ်သားမူ တွေကို စွမ်းအားတိုးမြှင့်တာတွေ ၊ ကုသပေးတာတွေကို လုပ်နိုင်ပြီး သူ့ရဲ့ စွမ်းရည်က ထောက်လှမ်းတာ ၊ မှတ်သားမူတွေကို တိုးမြှင့်တာ အပြင် ဆန်နီ ကိုယ်တိုင်ကိုပါ စွမ်းရည်တိုးမြှင့်ပေးနိုင်ပါတယ်..။နစ်ဖီ က အဖြူရောင် မီးတောက် နဲ့ ကိုယ့်ကိုကို စွမ်းရည် တိုးမြှင့်ဖို့ မကြိုးစားခဲ့တာကြောင့် သူက သူမ ဒါကို မလုပ်နိုင်ဘူးလို့ ထင်ထားခဲ့တာပါ။

သို့ပေမယ့်..ကိုယ့်ကိုကို စွမ်းရည်မြှင့်တင်နေတာက..နစ်ဖီ အခု လုပ်နေတာ အတိအကျပါပဲ..။သူ့ရဲ့ ခန္တာကိုယ်မှာ အရိပ်နဲ့ အကြိမ်များစွာ ရစ်ပတ်ခဲ့သလိုမျိုး..သူမက ခန္တာကိုယ်ကို အလင်းနဲ့ ရစ်ပတ်နေတယ် ဆိုတာကို ဆန်နီ ချက်ချင်းသိလိုက်တယ်..။ဒီတိုးမြှင့်မူကြောင့် သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်က မထင်မှတ်ထားလောက်အောင် မြင့်တက်သွားခဲ့ပါပြီ။

သူမက ဒီလို စွမ်းရည်ကို အစောကတည်းက အသုံးပြုနိုင်ပြီး..တမင်တကာ..ဖုံးကွယ်ထားတာ လား။ဒါမှမဟုတ်..ဝင်္ကပါထဲမှာ ဝိဥာဥ် အမြုတေ ရာနဲ့ချီအောင် စုပ်ယူပြီး ၊ ပိုသန်မာလာတဲ့ အချိန်မှ ဒီစွမ်းရည် အကြောင်းကို နားလည်သဘောပေါက်ခဲ့တာလား..။

အခုတော့ ဒီမေးခွန်းရဲ့ အဖြေကို သူ သိနိုင်ဦးမှာမဟုတ်သေးပါဘူး..။ဘာလို့လဲဆိုတော့..ပြောင်းလဲနေတဲ့ကြယ်ပွင့် နဲ့ ရဲတိုက်အရှင်တို့ရဲ့ တိုက်ပွဲက ပြီးဆုံးဖို့ အတော်လိုပါသေးတယ်..။

ဆန်နီ ထင်ထားသလိုပဲ..အလင်းတွေရစ်ပတ်ထားတဲ့ ခန္တာကိုယ်နဲ့အတူပဲ နစ်ဖီဟာ ရုတ်တရက် ပိုသန်မာပြီး ပို မြန်ဆန်လာခဲ့တယ်..။အစက သူမက ဂန်လောင်ထက် ပို အားနည်းပြီး နှေးကွေးပုံရနေတာကနေ..အခုတော့ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ပါပြီ..။သူမက ရန်သူဆီကို ပြေးသွားလိုက်ပြီး ဓားတစ်ချောငိးကို ရိုက်ချလိုက်ကာ..ပြောင်လက်နေတဲ့မျက်နှာဖုံးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ပါတယ်..။

ဒီတစ်ကြိမ်မှာတော့..သူမရဲ့ဓားကြောင့် ရွှေရောင် အကာအကွယ်ပေါ်မှာ ခြစ်ရာ သေးသေးလေး ပေါ်လာခဲ့တယ်..။

သူတို့နှစိယောက်က နောက်တစ်ကြိမ် ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြပြီး..တစ်ယောက်ကို တစ်ယောက် အကြိမ်များစွာ..ထိခိုက်အောင် ဖန်တီးနေခဲ့ကြတယ်..။သံမဏိချင်း ထိမှန်တဲ့ အသံတွေက ပိုမိုကျယ်လောင်လာခဲ့ပြီး..နားစည် ကျိန်းလောက်တဲ့ဆူညံသံတွေကို ဖြစ်ပေါ်နေစေခဲ့ပါတယ်..။ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ..သူမရဲ့ တောက်ပတဲ့ ခန္တာကိုယ်ပေါ်မှာ ဒဏ်ရာတွေ ပိုပိုပြီး ရောက်ရှိလာတာကို ဂရုမစိုက်ပဲဆက်ပြီး တိုက်ခိုက်နေခဲ့တယ်..။သို့ပေမယ့် သူမကလည်း..ရဲတိုက်အရှငိရဲ့ မျက်နှာပေါ်မှာရှိနေတဲ့ ရွှေရောင် မှန် ကို ..အကြိမ်အနည်းငယ် ထိမှန်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်..။

ဖြည်းညှင်းစွာပဲ..သူ့ရဲ့ မျက်နှာပြင်မှာ အက်ကွဲကြောင်းလေးတွေ စတင်ပေါ်ထွက်လာခဲ့ပါပြီ..။

သူမရဲ့ ဒဏ်ရာတွေက..ပြန်ကောင်းမလာခဲ့ဘူးဆိုတာကို ဆန်နီ သတိထားမိနေခဲ့တယ်..။ကြည့်ရတာတော့ နစ်ဖီက..တစ်ကြိမ်မှာ စွမ်းရည် နှစ်မျိုးကိုပဲ ထောက်ပံ့အသုံးပြုလို့ ရတဲ့ပုံပါပဲ..။တစ်ခုက သူမရဲ့ ဓားကို ဖြစ်ပြီး တစ်ခုက..သူမရဲ့ ခန္တာကိုယ်ကိုပါ။အဖြူရောင် မီးတောက်ရဲ့ ကုသမူ စွမ်းရည်ကို ထုတ်သုံးဖို့ဆိုရင် သူမက တစ်ခုခုနဲ့ အလဲအလှယ်လုပ်ရပါလိမ့်မယ်။

သို့ပေမယ့် သူမက ဒီလို မလုပ်ချင်ခဲ့ပေ..။

အချိန်ခနလောက်ကြာအပြီးမှာတော့..ဂန်လောင်က အောက်ဘက်ကို ရောက်လာခဲ့တယ်။သူ့ရဲ့ ရန်သူက အရမ်းလျှင်မြန် ၊ သန်မာပြီး ၊ အကြောက်အလန့်ကင်းပါတယ်..။ထိချက်တွေ တစ်ခုပြီးတစ်ခုက ရွှေရောင်အကာအကွယ်ပေါ်ကို ကျရောက်နေခဲ့တယ်..။ဒါက အခုတော့ ထိန်းထားနိုင်ခဲ့ပေမယ့်..အချိန်တွေကြာလာတာနဲ့ အမျှ တိုက်ခိုက်ခံရမူတွေကြောင့် ရဲတိုက်အရှင်ရော ၊ ထပ်တူညီမူရော..ထိခိုက်မူတွေ ဖြစ်ပေါ်နေတယ် ဆိုတာ ထင်ရှားပါတယ်..။

..သို့ပေမယ့်..ရွှေရောင်မြွေ မှာလည်း လှည့်စားမူ အချို့ ရှိနေခဲ့ပါသေးတယ်..။

တိုက်ပွဲရဲ့ အရှိန်က နစ်ဖီရဲ့ ဘက်ကို စတင်ပြီး အားသာ လာတဲ့အချိန်မှာတော့ သူက ရုတ်တရက် ရယ်မောလိုက်ပြီး ..သူ့ရဲ့ မျက်နှာကို သူမဘက်ကို လှည့်ကာ..သူမရဲ့ ပုံရိပ်ကို မျက်နှာဖုံးထဲမှာ ဖမ်းယူဖို့လုပ်လိုက်တယ်။

တစ်စက္ကန့်လောက် အကြာမှာ တော့ လူရာပေါင်းများစွာဆီကနေ လွတ်မြောက်ဖို့ ခက်ခဲလွန်းတဲ့ ညဥ်းညူသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ရဲတိုက်အရှင်ရဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူက ရုတ်တရက် အဆပေါင်းများစွာ ပြင်းထန်လာခဲ့တာကြောင့် တစ်ချို့လူတွေကို မြေကြီးပေါ်လဲကျပြီး ၊ တစ်ချို့က ယိမ်းယိုင်သွားကြပါတယ်..။လူတွေရဲ့ နှာခေါငိးတွေ ၊ မျက်လုံးတွေနဲ့ ပါးစပ်တွေကနေ သွေးတွေထွက်လာနေတာကို ဆန်နီ မြင်နေခဲ့ရတယ်။

သူကိုယ်တိုင်လည်း ဒါကို ခံစားနေရပေမယ့် အံကိုကြိတ်ထားပြီး ဆက်လက်ရပ်နေနိူင်ပါသေးတယ်..။သူက ကျရှုံးလုနီးပါး ပါပဲ..။

စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူက အလယ်ဗဟို နဲ့ စစ်မှန်တဲ့ ပစ်မှတ်ဖြစ်တဲ့ ပြောင်းလဲနေတဲ့ကြယ်ပွင့် ကတော့ ညဥ်းညူသံ တစ်ချက်ထွက်လာခဲ့ပြီး ယိမ်းယိုင်သွားခဲ့တယ်..။

..အဲ့အချိန်မှာပဲ ဂန်လောင်က ရှေ့ကို တက်လာခဲ့ကာ..သူမရဲ့ ရင်ဘတ်ကို သူ့ရဲ့ ဓားတစ်ချောင်းနဲ့ ထိုးဖောက်လိုက်ပါတယ်။

ရှည်လျားတဲ့ ဓားက မိန်းမငယ်လေးရဲ့ ရှေ့ဘက် ခန္တာကိုယ်ကို ထိုးဖောက်ဝင်သွားခဲ့ပြီး နောက်ကျော်ဘက်ကနေ ထွက်လာတဲ့ အချိန်မှာတော့..သူက ရင်းနှီး တည်ငြိမ်တဲ့ အသံ နဲ့ပြောလိုက်တယ်။

"အဲတာပဲ..အဲတာပဲ..။ဒါက လုံလောက်ပြီ..။အခုပဲ သွားသေ လိုက်တော့..တုံးအတဲ့ မိန်းကလေး.."

ယင်းနောက် သူက ဓားကို လှည့်လိုက်ပြီး သူမရဲ့ နာကျင်တဲ့ အော်သံကို နောက်တစ်ကြိမ်ထွက်ပေါ်လာစေခဲ့တယ်..။

နစ်ဖီဟာ သူ့ကို စိုက်ကြည့်နေရင်း သူမရဲ့ ပါးစပ်ကနေ သွေးတွေ ဆက်တိုက်စီးကျလာခဲ့ပါတယ်။ယင်းနောက် သူမက ဓားကို မြှောက်လိုက်ပြီး သူ့ရဲ့ မျက်နှူကို ဓားနောက် နဲ့ ထပ်ခါ ထပ်ခါ ထုလိုက်တယ်။ဒါက နောက်ဆုံးမှာတော့..မှန်ပုံစံ မျက်နှာဖုံးရဲ့ မျက်နှာပြင်ပေါ်မှာ သေးငယ်တဲ့ အက်ကွဲကြောင်းတစ်ခု ပေါ်လာတဲ့ အထိပါပဲ..။

သို့ပေမယ့် စိတ်ပိုင်းဆိုင်ရာ ဖိနိပ်ထားတဲ့ လှိုင်းလုံးတွေကတော့ လျော့ကျမသွားခဲ့ပေ..။အဲဒီအစား ပိုပြီးတောင် တိုးလာပါသေးတယ်။

ဂန်လောင် ရယ်မောလိုက်တယ်။

"နင်ပြီးပြီလား..။မပြီးသေးဘူးလား..။ကောင်းပြီ ဒါဆို ငါ ကူညီပေးမယ်.."

သူ့ရဲ့ ဒုတိယမြောက် ဓားက လေထဲမှာ အရောင်လက်သွားခဲ့ပြီး နစ်ဖီရဲ့ လက်ကောက်ဝက်ကို လှီးဖြျ်လိုက်ပါတယ်..။သွေးကြောမျှင်လေးတွေ ပြတ်တောက်သွားတာကြောင့် သူမရဲ့လက်မှာကိုင်ထားတဲ့ ဓားက ပြုတ်ကျသွားခဲ့ပြီး အရောင်မှိန်သွားခဲ့တယ်။

နစ်ဖီသည် သူမရဲ့ တစ်ခြားလက်တစ်ဖက်နဲ့ ရဲတိုက်ါရှင်ကို တွန်းလိုက်ကာ..စိုက်ဝင်နေတဲ့ ဓားသွားပေါ်ကနေ လျောကျသွားပြီး..နောကိဆုံးမှာ ဒူးထောက်လျက်သား ဖြစ်သွားထဲ့ပါတယ်။သူမရဲ့ ခန္တာကိုယ်မှာ ရှိနေတဲ့ အဖြူရောင် အလင်းတန်းတွေက ပိုမိုတောက်ပလာခဲ့ပြီး..သူမရဲ့ ခန္တာကိုယ်မှာ ရှိနေတဲ့ ဒဏ်ရာကစတင်ပြီး ပြန်ကောင်းလာခဲ့ပါတယ်..။သူမရဲ့ နှုတ်ခမ်းကနေ တိုးညှင်းတဲ့ ညဥ်းညူသံ တစ်ခု ထွက်ပေါ်လာခဲ့တယ်။

ဂန်လောင်ဟာ ဒူးထောက်နေတဲ့ မိန်းမငယ်လေးနားကိုလျောက်သွားရင်း ရယ်မောလိုက်တယ်။

"နင့်ရဲ့ လှည့်စားမူ သေးသေးလေးကို ငါက မသိဘူးများထင်နေတာလား။ဆက်ပြီး ကုစမ်းပါ။ဒါက မင်းကို ဘယ်လိုသက်ရောက် နိုင်မလဲ ကြည့်ကြတာပေါ့.."

ဒီလိုပြောပြီးတာနဲ့ သူက သူမရဲ့လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး ဓားနဲ့ နောက်တစ်ကြိမ်ထိုးလိုက်ကာ သူမရဲ့ ခန္တာကိုယ်ပေါ်က ပိတ်သွားပြီဖြစ်တဲ့ ဆိုးဝါးတဲ့ ဒဏ်ရာကြီးကို နောက်တစ်ကြိမ် ပြန်ပြီး ပွင့်လာစေခဲ့ပါတယ်။

"ဘယ်လိုလဲ..။လုပ်စမ်းပါ..။ထပ်ပြီး ကုသလိုက်လေ"

ဒေါသတကြီးအော်ဟစ်သံနဲ့ အတူပဲ..သူက သူမကို ဓားနဲ့ ထပ်ခါ ထပ်ခါ ထိုးဖောက်နေပြီး သူ့ရဲ့ လက်မှာ အလျင်အမြန်ပဲ သွေးတွေနဲ့ နီရဲလာခဲ့ပါတယ်။

"အိုး..ဒါက တကယ် ပျော်စရာကောင်းတာပဲ..။ဒါပေမဲ့ နည်းနည်းတော့ ပင်ပန်းတယ်။ငါ နင့်ရဲ့ လှပတဲ့ ခေါင်းကို အခုပဲ ဖြတ်လိုက်ပြီး ဒါတွေကို အဆုံးသတ်လိုက်ရင်ရော ဘယ်လိူလဲ.."

နစ်ဖီဟာ သွေးတစ်ပွက်အန်လိုင်ပြီး သူမရဲ့ ခေါင်းကို သူနဲ့ မျက်နှာချင်းဆိုငိလိုက်တယ်။

ပြီးတာနဲ့..သူမက ..မျက်လုံးတွေကို ပိတ်ထားလိုက်ပါတယ်။

သူတို့ အနက်ရောင်မြို့တော်ကို စရောက်ကြတဲ့အချိန်တုန်းက..ရွှေရောင်အကာအကွယ်ရဲ့ ဖိနိပ်မူကို ကတ်စီက သက်ရောက်မူ မရှိဘူးဆိုတာကို ဆန်နီ သတိထားမိခဲ့ပါတယ်။ဒီကနေတဆင့် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူ အစစ်အမှန်က အကာအကွယ်ကနေ လာတာ မဟုတ်ပဲ..မျက်နှာမှာရှိနေတဲ့ ရွှေရောင် မှန် ဒါမှမဟုတ်..မင်းရဲ့ ပုံရိပ်​ကို မြင်ပြီး ဖြစ်ပေါ်နေခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။ရဲတိုက်ကနေ ပြန်လာအပြီးမှာတော့ သူက တွေ့ရှိခဲ့တဲ့ အရာကို သူမနဲ့ ပြန်မျှဝေခဲ့တယ်။

ကြည့်ရတာတော့ သူမ ဒါကို မှတ်မိသွားပုံပါပဲ..။

မျက်လုံးတွေကို မှိတ်ထားတဲ့ ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ..လက်ကို မြှောက်ကာ..သူမရဲ့လည်ပင်းကို ညှစ်နေတဲ့ ရဲတိုက်အရှင်ကို ဆုပ်ကိုင်လိုက်တယ်။ယင်းနောက် သူမက ခန္တာကိုယ်တစ်ခုလုံးကို အသုံးပြုပြီး သူ့ရဲ့ မျက်နှာကို ပြင်ထန်းစွာ တိုက်ခိုက်လိုက်တယ်။အရုဏ်ဦး သရဖူမှာ ရှိနေတဲ့ ရတနာက ဂန်လောင်ရဲ့ နှာခေါင်း ရှိနေသင့်တဲ့ နေရာကို ထိမှန်သွားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ရွှေရောင်မှန်ရဲ့ မျက်နှာပြင်က အက်ကွဲပြီး ကြေမွသွားခဲ့ပါပြီ..။သေးငယ်တဲ့ အပေါက်ထဲကနေ တဆင့် ..လူသတ်ချင်စိတ်တွေနဲ့ပျော်ရွှင်နေတဲ့ အပြာရောင် မျက်လုံးတစ်လုံးကို တွေ့မြင်လိုက်ရတယ်။ရုတ်တရက် ပြင်းထန်စွာ တိုက်ခိုက်ခံလိုက်ရတာကြောင့် အံ့ဩသင့်သွားတဲ့ ဂန်လောင်ဟာ နောက်ကို ယိုင်ထွက်သွားခဲ့တယ်။

"ခွေးမ.."

ဓားတွေကို ရွှေရောင်အကာအကွယ်က ချက်ချင်း စုပ်ယူသွားပြီး သူ့နေရာမှာ ကြီးမားတဲ့ တိုက်ပွဲ ပုဆိန်က ပြန်လည် အစားထိုး ဝင်ရောက်လာခဲ့ပါတယ်။

...သို့ပေမယ့် သူက ဒါကို အသုံးပြုဖို့ အခွင့်အရေး မရခဲ့ပေ..။

သူမရဲ့ မျက်လုံးတွေကို ပိတ်ထားတုန်းဖြစ်တဲ့ နစ်ဖီဟူ အသံလာရာ ဘက်ကို လှည့်လိုက်တယ်။ယင်းနောက် သူမက လက်ကို မြှောက်ပြီး သူမရဲ့ လက်သီးကို ဖွင့်ကာ မှုတ်လိုက်ပါတယ်။

ခနအကြာမှာတော့..အနီရောင် အမှုန့်တွေ အများကြီးက သူမရဲ့ လက်ဝါးထဲကနေ ထွက်ပေါ်လာခဲ့ပြီး ဂန်လောင် ဆီကို တိုးဝင်သွားခဲ့တယ်။

ဆန်နီ အံဩသင့်စွာစောင့်ကြည့်နေရင်း ရုတ်တရက် မှတ်မိတဲ့ အမူအရာက သူ့မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်။

သူ ဒီ အနီရောင် မီးခိုးတိမ်တိုက် တွေကို ကောင်းကောင်း သိပါတယ်။ဒါက သဲတွေ မဟုတ်ပါဘူး။

ဒါက သွေးပန်းပွင့် ရဲ့ ဝတ်မှုန်တွေပါ။

All Chapters