← Chapters

အနီရောင် ပန်းပွင့်

Vol. 20 Ch. 297

အနီရောင် ပန်းပွင့်

Vol. 20 Ch. 297

အနီရောင်..တိမ်တိုက်တွေဟာ..ဂန်လောင်ရဲ့ အက်ကွဲနေတဲ့ ခေါင်းစွပ်ကနေ တဆင့် အထဲကို ဝင်သွားခဲ့တယ်..။တုန့်ပြန်ဖို့နောက်ကျသွားတဲ့ ရဲတိုက်အရှင်ဟာ နောက်ကို လှည့်ထွက်သွားခဲ့သည်..။သို့ပေမယ့် သူက အိပ်မက်ဆိုး ပန်းပွင့်ရဲ့ ဝတ်မှုန်တွေကို ရူရှိုက်မိပြီးသွားခဲ့ပါပြီ..။

နစ်ဖီ က ဒီ ဝတ်မှုန်တွေကို ဘယ်ကနေ ရထားတာလဲ ဆိုတာကို သေချာမသိပေမယ်..ဒီဟာတွေက သွေးပန်းပွင့် ရဲ့ ဝတ်မှုန်တွေဆိုတာကိုတော့ သူမမှားနိုင်ပါဘူး..။အရင်တုန်းက..သူကိုယ်တိုင်လည်း ကံမကောင်းစွာ ရူရှိုက်မိခဲ့ဖူးတဲ့ ကပ်ပါးပန်းပွင့် တွေပါ။

သွေးဆာနေတဲ့ ပန်းပွင့်တွေက..သူ့ရဲ့အဆုတ်မှာကြီးထွားတာတဲ့ မှတ်ဥာဏ်တွေက သူ့ကို ကျောချမ်းသွားစေခဲ့တယ်။အဲ့တုန်းက..သူက ဒီ ရက်စက်တဲ့သတ္တဝါတွေရဲ့ ရုပ်သေးရုပ်မဖြစ်ခဲ့တာက..ဝီဗာသွေးကြောင့်ပါ။ဒီဟာသာ မရှိဘူးဆိုရင် သူက မိနစ်ပိုင်းအတွင်းမှာပဲ..အတွင်းပိုင်း စားသုံးခြင်းကို ခံရပါလိမ့်မယ်။

..အခုတော့ ရဲတိုက်အရှင်က..တူညီတဲ့ ကံကြမ္မာကိုဟခံစားနေခဲ့ရပါပြီ..။

'သူမ..သူမ တကယ်ကို လုပ်နိုင်ခဲ့တယ်..'

သို့ပေမယ့် ခန်းထထဲမှာ စုဝေးနေကြတဲ့ ကျန်တဲ့ အိပ်စက်သူတွေကတော့ ဂန်လောင်ရဲ့ ဘဝ အဆုံးသတ်တော့မယ် ဆ်ိုတာကို မသိကြပေ။ရဲတိုက်အရှင် ကိုယ်တိုင်တောင် သိမှာမဟုတ်ပါဘူး..။

ခန္တာကိုယ်ကို ရှေ့ကို ကိုင်းပြီး ပြင်းပြင်းထန်ထန် ချောင်းဆိုးကာ..သူ အော်ဟစ်လိုက်တယ်။

"ဘာလဲ..။နင် ငါ့ကို ဘာလုပ်လိုက်တာလဲ ခွေးမ.."

နစ်ဖီကတော့..သူ ချထားခဲ့တဲ့ နေရာမှာပဲ..ဒူးထောက်လျက်သား ရှိနေခဲ့တယ်..။သူမရဲ့ အကာအကွယ်က တစ်စစီ ကြေမွနေပြီး အက်ကွဲကြောင်းတွေ ထဲကနေ သွေးတွေ ဒလဟော စီးဆင်းနေခဲ့ပါတယ်။သူမရဲ့ အရည်ပြားကနေ ပေါ်ထွက်နေတဲ့ တောက်ပတဲ့အလင်းရောင်တွေက မှေးမှိန်သွားပြီ ဆိုပေမယ့်..အောက်ဘက်မှာတော့..တောက်လောင်နေတဲ့မီးတောက် တွေ ရှ်ိနေဆဲပါ။

သူမရဲ့ ရင်ဘတ်မှာ ရှိနေတဲ့ ကြောက်မက်ဖွယ်ရာ ဒဏ်ရာကြီးက ပြန်ပိတ်သွားခဲ့ပြီး..သူမ မျက်နှာပေါ်မှာရှိနေခဲ့တဲ့ ..ဒဏ်ရာများက ပျောက်ကွယ်သွားကာ နဂိုမူလက အတိုင်း အကောင်းပကတိ ဖြစ်နေခဲ့တယ်။သို့ပေမယ့် အဲဒီ မျက်နှာမှာပဲ..သွေးဆုတ် ၊ ဖြူဖျော့ပြီး..ဆိုးဝါးတဲ့ နာကျင်မူကြောင့် ဖြစ်ပေါ်လာတဲ့ အမူအရာတွေ ရှိနေခဲ့ပါတယ်..။

သို့ပေမယ့် သူမရဲ့ မျက်လုံးတွေထဲမှာ မသိနိုင်တဲ့ ရည်ရွယ်ချက်တွေ ရှိနေပါသေးတယ်။

သူမမှာ ရှိနေတဲ့ ဒဏ်ရာတွေ ကုသပျောက်ကင်းနေတဲ့ အချိန်မှာတော့..လူအုပ်ထဲကနေ တီးတိုးပြောဆိုမူတွေ ထွက်ပေါ်လာခဲ့တယ်။ရဲတိုက် အဖွဲ့ဝင်တွေဖြစ်စေ ၊ အပြင်ဘက် နေထိုင်သူတွေ ဖြစ်စေ ..သူတို့ နှုတ်ကနေ စကားလုံး နှစ်လုံးတည်းကိုသာ ပြောနေကြပါတယ်။

"အင်မော်တယ် မီးတောက်"

"အင်မော်တယ် မီးတောက် "

ယင်းနောက် အံ့ဩမူတွေ အပြည့်နဲ့ တစ်စုံတစ်ယောက်က ကျယ်လောင်ထပြီး အော်ဟစ်လိုက်တယ်။

"ဒါက..ဒါက မီး ရဲ့ ကောင်းချီး ပေးမူပဲ.."

ဒီဟာတွေကို မကြားသလိုပဲ ပြောင်းလဲနေတဲ့ကြယ်ပွင့် ဟာ ညဥ်းညူပြီး ဖြည်းညှင်းစွာ ထရပ်လိုက်တယ်။ယင်းနောက် သူမက ရဲတိုက်အရှင်ကို ကြည့်ရင်းနာကျင်မူကြောင့် တုန်ရီနေတဲ့ အသံနဲ့ပြောလိုက်ပါတယ်။

"ငါ..ငါ နင့်ကို သတ်လိုက်ပြီ.."

ရွှေရောင် မျက်နှာဖုံးရဲ့ အပေါက်ကြားထဲကနေတဆင့် ဆန်နီဟာ ဂန်လောင်ရဲ့ အပြာရောင် မျက်လုံးတွေ အရင်ဆုံး ကျဥ်းမြောင်းသွားပြီး၊ ယင်းနောက် ပြူးကျယ်သွားတာကို တွေ့လိုက်ရတယ်။ခနအကြာမှာတော့ ရဲတိုကိအရှင်က ထပ်ပြီး ချောင်းဆိုးပါတောပတယ်။

ဒီတစ်ကြိမ်မှာတော့..အော်ဟစ်သံတစ်ခုက သူ့ရဲ့ နှုခမ်းကနေ ထွက်ပေါ်လာနေခဲ့တယ်..။

'ဒါက စတင်တော့မယ်..'

ဆန်နီ အနည်းငယ်လှုပ်လာခဲ့ပြီး..ကတ်စတာ ရဲ့ အနားကို မသိမသာလေး ကပ်သွားခဲ့တယ်။

အဲ့အချိန်မှာတော့ ဂန်လောင်က လှုပ်ယမ်းပြီး ညဥ်းညူနေခဲ့ပါပြီ..။သူ့ရဲ့ ရွှေရောင် မျက်နှာဖုံးအောက်ကနေ တဆင့် သွေးတွေ စီးကျလာနေခဲ့တယ်။

ယင်းနောက် တုန်လှုပ်တဲ့ ရယ်သံတစ်ခုက..ရှေးဟောင်းရဲတိုက်ရဲ့ ပုလ္လင်ခန်းထဲမှာ ထွက်ပေါ်လာခဲ့ပါတယ်။

"အာ..နင် တကယ်လုပ်နိုင်ခဲ့တာလား..။ဘယ်လို..အံ့ဩစရာ မျိုးလဲ..."

သူက..ထူးဆန်းတဲ့ အကာအကွယ်ထဲကို ရွှေရောင်အရည်အဖြစ် ပြန်ဝင်သွားတော့မှာ ဖြစ်တဲ့ ပုဆိန်ကို လက်ကနေ လွှတ်လိုက်တယ်။သူက နစ်ဖီ ဆီကို လမ်းလျောက်လိုက်ပေမယ့်..ဒူးတစ်ဖက်ထောက်ပြီး လဲကျသွားခဲ့ပါတယ်။

အချိန်ခနကြာတဲ့အထိ ရဲတိုက်အရှင်ဟာ လှုပ်ရှားခြင်း မရှိခဲ့ပေ..။ယင်းနောက် သူ့ ခန္တာကိုယ်က တုန်လှုပ်လာခဲ့ပြီး..သူ့ရဲ့ ခေါင်းစွပ်အောက်ကနေ သွေးတွေ ပိုပိုပြီး ထွက်ပေါ်လာခဲ့ပါတယ်။နာကျင်မူ ဝေဒနာ တွေ အပြည့်နဲ့..ဖိနိုပ်ခံထားရတဲ့ အော်ဟစ်သံကြီးတစ်ခုက နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့တယ်။

သူ့ကို စောင့်ကြည့်နေကြတဲ့ ရာပေါင်းများစွာသော သူတွေမှာရဲ့ မျက်လုံးထဲမှာတော့ အံ့ဩမူ ၊ မယုံကြည်နိုင်မူ ၊ ဒေါသထွက်မူ နဲ့ ထိပ်လန့်မူတွေ ရှိနေခဲ့တယ်။

ရဲတိုက်အရှင်ဟာ ခေါင်းကို မော့လိုက်ပြီး နစ်ဖီကို ကြည့်ကာ တီးတိုးပြောလိုက်တယ်။

"ဘယ်လို ဟာသမျိုးလဲ..။ငါ..ငါ ဒီလို မသေနိုင်ဘူး"

ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ..အေးစက်ပြီး ခံစားချက်မဲ့နေတဲ့ မျက်နှာနဲ့ သူ့ကို ငုံ့ကြည့်လိုက်တယ်။သူမရဲ့ မျက်လုံးထဲမှာ ..အောင်ပွဲခံခြင်း ဒါမှမဟုတ်

အားရကျေနပ်ခြင်းတွေ ရှိမနေခဲ့ပါဘူး..။

သို့ပေမယ့် သနားညှာတာမူလည်း ရှိမနေခဲ့ပေ..။

သူမက တစ်ဖက်ကို လှည့်လိုက်ပြီး..ခနလောက်တွေဝေနေပြီးကာမှ ထူးဆန်းစွာ ညှင်သာတဲ့ အသံနဲ့ပြောလိုက်တယ်..။

"...အခု အေးဆေးအနားယူလိုက်တော့ ။ နင့်ရဲ့ အိပ်မက်ဆိုးက ပြီးဆုံး သွားပြီ.."

ဂန်လောင်ဟာ..သူမကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့တယ်။ယင်းနောက် ရုတ်တရက် ရယ်မောလိုက်ပါတယ်။သူ့ရဲ့ လက်ချောင်းထဲမှာ သွေးတွေပြည့်နက်နေသလိုမျိုး..အနှောက်ယှက်ဖြစ်စရာ အသံတစ်ခုက ထွက်ပေါ်လာခဲ့တယ်။

"ကောင်းတယ်..ဒါက အရမ်းကောင်းတယ်။နင့်ရဲ့..အိပ်မက်ဆိုးတော့ အခုမှ စမှာ မလား.."

ဒီလိုပြောပြီးတာနဲ့ သူက ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး လှည့်ထွက်သွားခဲ့တယ်။ဒယိမ်းဒယိုင် နဲ့ပဲ သူက တစ်လှမ်းချင်းစီ လှမ်းနေခဲ့ပါတယ်။

လူအုပ်ကြီးကတော့ သူက တစ်လှမ်းခြင်းဆီ လှမ်းပြီး အဖြူရောင် မာဗယ်ကျောက်နဲ့ ပြုလုပ်ထားတဲ့ ပလ္လင် ဆီကို သွားကာ တွယ်တက်နေတာကို ကြည့်လိုက်တယ်..။သူ့ရဲ့ ခေါင်းစွပ်ကနေ သွေးတွေ စီးကျနေပြီး ၊ သူ့ရဲ့ ခန္တာကိုယ်ဝန်းကျင်မှာရှိနေတဲ့ ရွှေရောင် အရည်တွေဟာလည်း လှုပ်ခါနေခဲ့တယ်။

နောက်ဆုံးမှာတော့ ဂန်လောင်ဟာ ပလ္လပေါ်ကို ရောက်သွားကာ ထိုင်ချလိုက်ပြီး ရှေးဟောင်း ရဲတိုက်ရဲ့ ခန်းမကြီးကို ထူးဆန်းတဲ့ အမူအရာနဲ့ကြည့်နေခဲ့ပါတယ်။ယင်းနောက် သူ တစ်ခုခု ပြောဖို့ ကြိုးစားလိုက်ပေမယ့်..ကြမ်းကြမ်းတမ်းတမ်း ချောင်းဆ်ိုးရင်းနဲ့သာ အဆုံးသတ်သွားခဲ့တယ်။

အဆုံးမှာတော့ သူက ပလ္လင်ကို သက်သောင့်သက်သာ မှီပြီး..မကြားနိုင်လောက်အောင် တိုးတဲ့ စကားလုံးအနည်းငယ်ကိုသာ ပြောလာခဲ့တယ်။ဒီဟာကို ကြားနိုင်တာက ဆန်နီ တစ်ယောက်တည်းရှိတာတောင်ဖြစ်နိုင်ပါတယ်။အဲတာကလည်း အရိပ်က အမှောင်ထုရဲ့ ထောင့်နားမှာ တစ်ချိန်လုံးပုန်းအောင်း နေတာကြောင့်ပါ။

"ငါ...ကြိုးစားခဲ့တယ်..။အစတုန်းက..ငါ တကယ် ကြိုးစားခဲ့တယ်..."

ဒါက ဂန်လောင် တီးတိုးပြောလိုက်တဲ့ အရာပါ။

ယင်းနောက် သူ ငြိမ်သွားခဲ့တယ်။

အမှောင်မြို့တော် ရဲ့ ရဲတိုက်အရှင်က သေဆုံးသွားခဲ့ပါပြီ။

သူတို့ကို ဖိနိုပ်ထားတဲ့ စိတ်ပိုင်းဆိုင်ထာ ထားခိုက်ထားမူက ရုတ်တရက် ပျောက်ကွယ်သွားပြီး..ဘေးနားမှာ ရှိနေကြတဲ့ သူတွေ အကုန်လုံး လွတ်လပ်သွားခဲ့တာကြောင့်..ဆန်နီ ဟာ သူသေသွားပြီ ဆိုတာကို ချက်ချင်း သိလိုက်တယ်။

ဘာတွေဖြစ်လာတော့မလဲ ဆိုတာကို သိနေတာကြောင့် သူက ခန်းမကြီးရဲ့ အဆုံးကို တစ်ချက်ကြည့်လိုက်ပါတယ်။

ရွှေရောင် အလောင်းတစ်ခုက ပလ္လင်ပေါ်မှာ ထိုင်နေခဲ့ပြီး..လှပတဲ့ အနီရောင်ပန်းပွင့် တစ်ပွင့်က သူ့ရဲ့ ပြောင်လက်နေတဲ့ မျက်နှာဖုံးရဲ့ အပေါက်ထဲကနေ ပေါ်ထွက်နေခဲ့တယ်။

ခနအကြာမှာတော့ အကာအကွယ်က ရုတ်တရက် အလင်းစက်ကလေးတွေ အဖြစ်တောက်ပလာခဲ့ပြီး

မရေမတွက် နိုင်တဲ့ အလင်းစက်ကလေးတွေ အဖြစ်ပြောင်းလဲသွားကာ..ဒီကျိန်စာသင့် နေရာကို နှစ်ပေါင်းများစွာ တစ်စုတစ်စည်းတဲ့ အုပ်ချုပ်ခဲ့ သူရဲ့ အစစ်အမှန် ပုံစံကို ဖော်ပြပေးလာခဲ့ပါတယ်။

ဂန်လောက်က အံ့ဩစရာကောင်းလောက်အောင် ခန့်ညားနေခဲ့တယ်။သူ့မျက်နှာတစ်ခုလုံးမှာ သွေးတွေ ဖုံးလွှမ်းနေပေမယ့် ဒါက ​သိသာထင်ရှားလှပါတယ်။သူက မုတ်ဆိတ်အနည်းငယ်နဲ့ ရွှေရောင် ဆံပင်အရှည်ရှိနေခဲ့တယ်။သူ့ရဲ့ မျက်လုံးတစ်ဖက်က သွေးပန်းပွင့်ရဲ့ စားသုံးမူကြောင့် မရှိတော့ပဲ..ကျန်တစ်ဖက်ကလည်း မှေးမှိန်လာနေခဲ့တယ်။

ဆန်နီကို အံ့ဩသင့်စေတဲ့ အချက်က သူ့ရဲ့ ငယ်ရွယ်တဲ့ အသွင်အပြင်ပါပဲ..။ရဲတိုက်အရှင်က သန်မာပြီးဘအသက်ငယ်တဲ့ သူအဖြစ် မြင်ယောင်ကြည့်ဖို့က ခက်ခဲလှတယ် ဆိုပေမယ့်..အမှန်က သူက အသက် ၂၇ ထက် မပိုပါဘူး..။တစ်နည်းအားဖြင့် ဆန်နီက ဒီတစ်ချက်ကို မေ့နေခဲ့တာပါ..။

"..ကလေးတွေ ..။ဒီမှာရှိနေတဲ့ ငါတို့ အားလုံးက ဒီတိုင်း လမ်းပျောက်နေတဲ့ ကလေး တွေပဲ.."

သို့ပေမယ့် သူဒီအရာကို တွေးတောပြီး အချိန်ဖြုန်းမနေခဲ့ပေ..။

ဘာလိုလဲဆိုတော့ နောက်ထပ် ခနအကြာမှာပဲ သေဆုံးသွားပြီဖြစ်တဲ့ သခင်ကို ဝမ်းနည်းမူတွေနဲ့ ကြည့်နေတဲ့ တီဆိုင် ဟာ..လှည့်လာခဲ့ပြီး..အပြင်ဘက်နေထိုင်သူတွေနဲ့..ရဲတိုက်အဖွဲ့သားတွေကို ကြည့်လိုက်ပါတယ်။

လူသန်ကြီးဟာ..ခနလောက်တွေဝေနေပြီးကာမှ..ခန်းမကြီးထဲမှာ နက်ရှိုင်းတဲ့ အသံနဲ့ ပြောလိုက်တယ်..။

"...ဘာကို စောင့်နေကြတာလဲ..။အကုန်လုံးကို သတ် "

ယင်းနောက်..လူတိုင်းက ရူးသွပ်သွားခဲ့ကြပါပြီ..။

All Chapters