← Chapters

မီး နှင့် သွေး

Vol. 20 Ch. 298

မီး နှင့် သွေး

Vol. 20 Ch. 298

တီဆိုင်ရဲ့ အမိန့်ကို နာခံပြီး ..လက်နက်ကို ဆွဲကိုင်ကာ ရှေ့ကို ပြေးတက်လာတဲ့ ပထမဆုံး အစောင့်ဟာ..ရုတ်တရက် သူ့ရှေ့မှာပေါ်လာတဲ့ ကူနယ်နဲ့ မိတ်ဆက်သွားခဲ့တယ်။

လူတိုင်းရဲ့ အာရုံက ပလ္လင်ထက်က သွေးတွေစိုရွဲနေတဲ့ ပုံရိပ်ဆီကို ရောက်နေတာကြောင့်..ဆန်နီရဲ့ လက်လှုပ်ရှားသွားပြီး..သုံးမြှောင့်ဆူးချွန်ကို လွှတ်လိုက်တာ ဘယ်သူမှ သတိမထားမိခဲ့ပါဘူး..။

သူကတော့ ဂန်လောင်ကို ကြည့်နေတာ မဟုတ်ပေ..။သူ့မျက်လုံးတွေက..နစ်ဖီ ဆီကို ကြည့်နေပြီး..သူ့ အရိပ်ကတော့ ကတ်စတာကို အာရုံစိုက်ထားခဲ့ပါတယ်။

ရဲတိုက်အရှင်သေဆုံးပြီးသွားတာနဲ့ ပြောင်းလဲနေတဲ့ကြယ်ပွင့်မှာ ထူးဆန်းတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာခဲ့တယ်။သူမရဲ့ မျက်လုံးတွေက ပြူးကျယ်နေပြီး..အာရုံစိုက်မူ ပျောက်ဆုံးကာ ၊ အာရုံပျံ့လွင့်နေခဲ့ပါတယ်။

သူမရဲ့ ခန္တာကိုယ်က..များပြားလှတဲ့ ဝိဥာဥ် အဆီအနှစ်တွေကို စုပ်ယူထားပြီးတဲ့နောက်မှာ..ဟန်ချက်ညီအောင် ထိန်းသိမ်းနေရတာကြောငိ့ သူမက ခနတာ အားနည်းနေခဲ့ပါတယ်..။

အဲတာက..တီဆိုင် အမိန့်ပေးလိုက်တဲ့ အချိန်နဲ့..အရင်ဆုံးပြေးတက်လာတဲ့ အစောင့်ကို ဆန်နီ သတ်လိုက်တဲ့ အချိန် တစ်ထပ်တည်းမှာ ဖြစ်ပေါ်နေခဲ့တာပါ။

တစ်စုံတစ်ယောက်ရဲ့ အော်ဟစ်သံနဲ့အတူပဲ..ရဲတိုက်ထဲက ခန်းမအတွင်းမှာ ဗရမ်းဗတာတွေ ဖြစ်လာတော့တယ်။

ဘယ်သူမှ သတိမထားမိခင်အချိန်လေးမှာပဲ ကတ်စတာက ရုတ်တရက် ဝေဝါးသွားခဲ့တယ်။

'သိပ်လည်း မမြန်ပါဘူး '

ဆန်နီ လှုပ်ရှားလိုက်ပေမယ့် ချော်လဲသွားခဲ့ပြီး လက်ကောက်ဝတ် ရဲ့ နာကျင်မူနဲ့အတူ ပြုတ်ကျသွားခဲ့ပါတယ်။သို့ပေမယ့် သူလုပ်ချင်တဲ့ အရာကို အောင်မြင်နိုင်ခဲ့တယ်။သူ လဲကျနေတုန်းမှာ..ပဲ သုံးမြှောင့်ဆူးချွန်ရဲ့ မမြင်ရတဲ့ ကြိုးကြောင့်..ကတ်စတာလည်း မာဗယ်ကြမ်းပြင်ပေါ်မှာ လှိမ့်သွားတာကို သူ တွေ့လိူက်ရပါတယ်။

တစ်စက္ကန့်အကြာမှာတော့..ရာနဲ့ချီတဲ့ အိပ်စက်သူတွေက တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေကြတယ်။နောက်ဆုံးမှာတော့..သူတို့ရဲ့ ဒေါသ ၊ သွေးဆာမူ ၊ နဲ့ သတ်ဖြတ်လိုစိတ်တွေကို ဖွင့်ထုတ်နေခဲ့ကြပါပြီ။

အဖြူရောင် မာဗယ်ကျောက်က ချက်ချင်းဆိုသလိုပဲ အနီရောက် အဖြစ်ပြောင်းလဲသွားခဲ့တယ်။

အစောင့်တွေက ..သူတို့ရဲ့ အားကောင်းတဲ့ မှတ်သားမူတွေ ၊ လေ့ကျင့်မူတွေ ကြောင့်..စည်းလုံးမူမရှိတဲ့ အပြင်ဘက် နေထိုင်သူ တွေထက် ပိုပြီး အားသာ ကြပါတယ်။သို့ပေမယ့် သူတို့က အပြင်ဘက်မှာ နေထိုင်ကြတဲ့ သူတွေကိုပဲ သတ်ဖြတ်နေခဲ့တာ မဟုတ်ပေ။ဒီခန်းမကြီး တစ်ခုလုံးကို ဖုံးလွှမ်းနေတဲ့ ထိပ်လန့်မူနဲ့ ကပ်ဘေး အတွင်းမှာ ရန်သူတွေ ၊ မိတ်ဆွေတွေ ခွဲခြားနိုင်ခြင်း မရှိပါဘူး..။

သူတို့ရဲ့ ဓားအောက်မှာ..လက်မူပညာရှင် တွေ နဲ့ လုံခြုံမူ အတွက် အခကြေးငွေပေးပြီး ရဲတိုက်အတွင်းမှာလာရောက်နေထိုင်ကြတဲ့ ကံဆိုးသူ အများအပြား သေဆုံးသွားကြတာကို ဆန်နီ မြင်နေခဲ့ရပါတယ်။

ဂန်လောင်မရှိတော့ဘူးဆိုတော့ လုံခြုံမူဆိုတာလည်း မရှိတော့ပါဘူး..။

အစောင့်တွေက..သူတို့ ဘယ်သူ့ကို သတ်တယ် ဆိုတာကိုတောင် ဂရုမစိုက်တော့ပဲ အခုလို လွတ်မြောက်သွားကြတာကို ပျော်ရွှင်နေပုံ ရနေခဲ့ပါတယ်။ဒီကြားထဲမှာ အသိစိတ်ကပ်ထားနိုင် လူတစ်ချို့ ရှိနေသေးပေမယ့်လည်း..အခုတော့..လုံးဝ ပျောက်ကွယ်သွားပြီဖြစ်ပြီး..လွတ်လပ်ခြင်းရဲ့ အရသာကိုသာ ခံစားနေခဲ့ကြပါတော့တယ်။သူတို့ရဲ့ မျက်နှာမှာ ရက်စက်တဲ့ အမူအရာတွေနဲ့ ပြည့်နေကြပြီး ..သူတို့ရဲ့ မျက်လုံးတွေမှာတော့ ဒေါသ ၊ အမုန်းတရား နဲ့ အမှောင်ဖုံးတဲ့ ပျော်ရွှင်မူတွေ ရှိနေခဲ့ကြတယ်။

ဒီဟာက ဆန်နီ တွေ့ဖူးသမျှထဲမှာ စိတ်အနှောက်အယှက် အဖြစ်ရဆုံးနဲ့ ကြောက်စရာ အကောင်းဆုံး အခြေအနေပါပဲ..။ဒါ​တောင်မှ သူက အိပ်မက်ကမ္ဘာထဲက တစ်ခြားကြောက်စရာကောင်းတဲ့ အရာတွေကို မြင်ဖူးထားပြီးတဲ့သူပါ။

'ဘယ်လိုလုပ် လူသားတွေက..အချင်းချင်း ဒီလိုလုပ်နိုင်ရတာလဲ..'

သို့ပေမယ့် ဒီမေးခွန်းက အဓိပ္ပါယ် မရှိသလို ၊ သူတော်ကောင်း ပုံစံလည်း ပေါက်နေပါတယ်။လူသားတွေ ဆိုတာက တကယ်ပဲ လိုက်လျောညီထွေ အရှိဆုံးသတ္တဝါတွေပါ။သူတို့က လိုအပ်လာလို့ ရှိရင် သူတို့ရဲ့ သားကောင် တွေက..လူသားတွေဖြစ်တယ် ဆိုတဲ့ အချက်ကို တောင် ဖယ်ရှားပစ်နိုင်ပါတယ်။ဒီလိုဆိုရင် သူတို့က နောင်တရမူတွေ ၊ အကုသိုလ်ဖြစ်မူတွေ ဆိုတာ မရှိတော့ပါဘူး..။ကျွဲ၊ နွား တိရစ္ဆာန်တွေကို သတ်ပြီး ဘယ်သူက နောင်တရ နေလို့လဲ..။

တိရစ္ဆာန်တွေထက် ပိုဆိုးတဲ့ သတ္တဝါတွေ ။ မုန်းစရာ ပိုးမွှားကောင် တွေ။

ဆန်နီက ဒီရိုးရှင်းတဲ့ စိတ်ပိုင်းဆိုင် လှည့်စားမူကို အစောကတည်းက လေ့ကျင့်ထားခဲ့ပါတယ်။

ဒီအတွေးတွေက သူ့ကို စက္ကန့်ဝက် လောက်သာ ကြာစေခဲ့တယ်။သူ ထခုန်လိုက်ရင်း..သန်းခေါင်ယံ အမြုတေကို ထုတ်ကာ..နစ်ဖီ ဆီကို ပြေးသွားလိုက်ပါတယ်။

အဲ့အချိန်မှာတော့ အပြင်ဘက် နေထိုင်သူတွေဟာ အသိစိတ်ဝင်လာခဲ့ကြပြီး ..အစောင့်တွေကို ဒေါသတကြီး၊ သွေးဆာမူတွေနဲ့ ပြန်လည် တိုက်ခိုက်ပါတော့တယ်။သူတိူ့က အတွေ့အကြုံနည်းတယ် ၊ အစားအသောက်ကင်းမဲ့တယ် ၊ လက်နက် အားနည်းတယ် ဆိုပေမယ့်လည်း သူတို့ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ နဲ့ ဂုဏ်သိက္ခာရှိတဲ့ ဒေါသတရားတွေက ဒီအရာတွေကို ဟန်ချက်ညီစေခဲ့ပါတယ်။

"မိန်းကလေး နစ်ဖီကို ကာကွယ်ကြ.."

"ခွေးသားတွေကို သတ်.."

" စီရင်ချက် ချမယ်.."

အင်အားစု နှစ်ခုတိုက်ခိုက်ကြတဲ့ အချိန်မှာတော့ သူတို့ရဲ့ကြားထဲမှာ ညှပ်နေတဲ့ ကံဆိုးတဲ့သူတွေဟာ သေဆုံးကြရပါတယ်။ထိပ်လန့်မူ နဲ့ နာကျင်မူကြောင့် အော်ဟစ်သံတွေက ခန်းမထဲမှာ ပြည့်နှက်နေခဲ့တယ်။ကြမ်းခင်းတစ်ခုလုံးကို သွေးတွေနဲ့ ဖုံးလွှမ်းနေပြီး..အလောင်းတွေက အပုံလိုက်ဖြစ်နေကာ..ခံစားချက်မဲ့တဲ့ မျက်လုံးတွေနဲ့ စိူက်ကြည့်နေခဲ့ကြပါတယ်။

အစောတုန်းက တွေ့ခဲ့တဲ့ အမာရွတ်နဲ့ မုဆ်ိုးက လူငယ်အစောင့်လေးတစ်ယောက် ဆီကို ပြေးဝင်သွားကာ..သူ့ရဲ့ ဓားထိပ်ဖျားနဲ့ လည်ချောင်းကို ထိုးဖောက်နေတာကို ဆန်နီ တွေ့လိုက်ရတယ်။ရဲတိုက်အဖွဲ့ရဲ့ မုဆိုးတစ်ချို့က ..ချည်ထားတဲ့ ကြိုးတွေကို အလွယ်တကူ ဖြတ်နိုင်ခဲ့တဲ့ အယ်ဖီကို ဝန်းရံထားတာ ကိုလည်း တွေ့လိုက်ရပါတယ်။မုဆိုးမိန်းကလေးဟာ ပြုံးလိုက်ပြီး..သူမရဲ့ လှပတဲ့လှံရှည်ကို အလင်းစက်တွေနဲ့အတူ ခေါ်ဆောင်လိုက်ကာ သူတို့ကို ရင်ဆိုင်လိုက်တယ်။တီဆိုင်က လေးလံတဲ့ တင်းပုတ်နဲ့ အိပ်စက်သူ တစ်ယောက်ရဲ့ ဦးခေါင်းကို ရိုက်နှက်လိုက်တာကိုလည်း သူ မြင်တွေ့လိုက်ရပါသေးတယ်။သနားစရာ လူငယ်လေးကတော့ နောင်တတရားတွေနဲ့ အတူပဲ သေဆုံးသွားခဲ့ရတယ်။

လူတွေက ကြောက်လန့်တကြားအော်ဟစ်ပြီး ခန်းမထဲက လွတ်မြောက်ဖို့ကြိုးစားနေကြတာကို သူ မြင်တွေ့နေရတယ်။အများကြီးက ကြမ်းပြင်ပေါ်လဲကျနေကြပြီး..ထိပ်လန့်တကြားဖြစ်နေတဲ့လူအုပ်ကြီးရဲ့ ခြေထောက်အောက်မှာ နင်းခြေမူ တွေကို ခံနေကြရပါတယ်။

ပြသနာက သူ ကတ်စတာကို မတွေ့တာပါပဲ..။

နစ်ဖီ အနားကို ရောက်လာတဲ့ အချိန်မှာတော့ ဆန်နီဟာ တစ်စုံတစ်ယောက်ရဲ့ ဓားကို ဖယ်ရှားလိုက်ပြီး ရန်သူရဲ့ မျက်နှာကို လက်သီးနဲ့ထိုးကာ နောက်ကို နာကျင်စွာ လွင့်စင်သွားစေခဲ့တယ်။သူ ပတ်ဝန်းကျင်ကို ကြည့်ပြီး ဂုဏ်ယူရတဲ့ ဆက်ခံသူ ကို ရှာတွေ့ဖို့ ကြိုးစားနေခဲ့ပါတယ်။သူ့ စိတ်ထဲမှာတော့ အေးစက်နေခဲ့ပါပြီ..။

ပြီးတော့ နောက်မှာတော့ သူ ကတ်စတာကို တွေ့လိုက်ပါပြီ။ကတ်စတာက ပြောင်းလဲနေတဲ့ကြယ်ပွင့်အားနည်းနေတဲ့ အချိန်မှာ သတ်ဖို့အတွက် ပြင်ဆင်ထားတဲ့ ပုံပါပဲ..။သို့ကေမယ့် ကျေးဇူးတင်ဖို့ကောင်းစွာပဲ သူ့မှာ ဒီအခွင့်အရေး မရှိတော့ပေ..။

အခုတော့ ဆက်ခံသူဟာ..ပိုကြီးမားတဲ့ ပြသနာတစ်ခုကို ပိုင်ဆိုင်ထားခဲ့တယ်။ထက်ရှလှတဲ့ ဓားတစ်ချောင်းကို ကိုင်ထားရင်း ..သူက မုဆ်ိုးတွေရဲ့ ခေါင်းဆောင် ဂန်လောင် နဲ့ တိုက်ခိုက်နေခဲ့ရတာပါ။ကတ်စတာက ဘယ်လောက်ပဲ သန်မာပြီး ၊ ကျွမ်းကျင်မူတွေ ရှိနေပါစေ..ဒီပြိုင်ဘက်ကတော့ သူ အလွယ်တကူ ကျော်လွှားလို့ ရတဲ့အရာ မဟုတ်ပါဘူး။သူက အသက်စွန့်ပြီး တိုက်ခိုက်မူ မလုပ်ရင် ဒီတိုက်ပွဲကနေ ထွက်ခွာနိုင်မှာ မဟုတ်တော့ပေ။

'..ကောင်းပြီ..။ပြသနာကတော့ ဖြေရှင်းပြီးသွားတဲ့ ပုံပဲ..'

သို့ပေမယ့် အခုတော့ နောက်တစ်ခု ရှိနေခဲ့ပါတယ်။ပိုကြီးတဲ့ ပြသနာ..။

အဖြူရောင် ပလ္လင်ကို ဦးတည်ထားတဲ့ လှေကားမှာတော့ ဟာရု က မတ်တတ်ရပ်လျက်သားရှိနေခဲ့တယ်။သူ့မျက်နှာပေါ်မှာတော့ စိတ်တွေ ပျံ့လွင့်ပြီး အေးခဲနေတဲ့ အမူအရာ ရှိနေခဲ့ပါတယ်။

အရိပ်က နံရံအတွင်းက လှိုဏ်ခန်းငယ်လေးရဲ့ အမှောင်ထုထဲမှာ အမြဲတမ်း ရှိနေခဲ့တာကြောင့်..ဆန်နီဟူ ခါးကုန်းကြီးရဲ့ လှုပ်ရှားမူ တိုင်းကို မြင်နေခဲ့ရပါတယ်။

ဟာရုဟာ..စိတ်ရှုပ်ထွေးမူတွေ အပြည့်နဲ့ ဂန်လောင်ရဲ့ အလောင်းကို ကြည့်နေခဲ့တယ်။

ယင်းနောက် ဖြည်းညှင်းစွာပဲ နက်မှောင်တဲ့ ဝမ်းနည်းမူ အရိပ်အယောင်တွေ ပေါ်လာခဲ့ပါတယ်။

တစ်ဖက်ကို လှည့်လိုက်ပြီး သူက ခန်းမကြီးကို တစ်ချက်လေ့လာလိုက်တယ်။သွေးသံတရဲရဲ ဗရမ်းဗတာ အခြေအနေတွေ ၊ သံမဏိချင်း ထိမှန်တဲ့ အသံ တွေ ၊ သူ့ရှေ့က သေလုဆဲဆဲဖြစ်နေတဲ့လူတွေရဲ့ အခြေအနေတွေက သူ့ကို လုံးဝ မသက်ရောက်နိုင်တဲ့ ပုံပါပဲ..။

' ခရက် '

အဲ့အချိန်မှာပဲ ကိုင် နဲ့ ကတ်စီ တို့ဟာ ဆန်နီ ရဲ့ ​ဘေးနားကို ပေါ်လာခဲ့တယ်။သူတို့ဘက်ကို လှည့်ပြီး ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို လက်ဟန်ပြကာ ဆန်နီ ပြောလိုက်ပါတယ်။

"သူမကို ကာကွယ်ထား.."

အချိန်အချိန်မှာတော့ ဟာရု ဟာ ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို သတ်ဖြတ်လိုတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်။ဖြည်းဖြည်းချင်းပဲ သူ့ မျက်နှာက ရက်စက်လိုမူတွေနဲ့ ကြောက်ဖို့ကောင်းလာခဲ့ပါတယ်။သူ့စိတ်ထဲက စစ်မှန်တဲ့ အမုန်တရား၊ နဲ့ ရူးသွပ်မူတွေက ကြည့်မိသူတိုင်းကို တုန်လှုပ်သွားစေနိုင်ပါတယ်။

တိုးညှင်းစွာ အော်လိုက်ပြီး ခါးကုန်းကြီးက ရှေ့ကို တိုးလာခဲ့ကာ လက်ကိူ ဆန့်တန်းလိုက်ပြီး လက်နက်ကို ထုတ်ယူဖို့ အဆင်သင့်ပြင်ထားခဲ့တယ်။

.

..သို့ပေမယ့် အဲ့အချိန်မှာပဲ..တစ်စုံတစ်ယောက်က သူ့ကို အရှိန်အပြည့်နဲ့ ဝင်တိုက်လာခဲ့ပါတယ်။ဟာရု ဟာ နောက်ဆုံးအချိန်မှာပဲ ပျံသန်းဝင်ရောက်လာတဲ့ ဓားကို ရှောင်လိုက်နိုင်ပေမယ့် သက်ရောက်မူက ကြီးမားတာကြောင့် နှစ်ယောက်စလုံးက ပလ္လင်ရဲ့ နောက်ဘက်ကို ပြုတ်ကျသွားခဲ့ကြတယ်။

ခန်းမကြီးရဲ့ အနောက်ဘက်မှာ ရှိနေတဲ့ သစ်သားတံခါးက ကျိုးပဲ့သွားခဲ့ပြီး ဆန်နီ နဲ့ ဟာရု တို့ဟာ..ကျောက်တုံးလှေကားတွေအတိူင်း လှိမ့်ဆင်းပြီး ပြုတ်ကျသွားခဲ့တယ်။

ခနအကြာမှာတော့..သူတို့ဟာ ကော်ရစ်ဒါ ကြမ်းပြင်တစ်ခုမှာ တစ်ယောက်တစ်ယောက် ဝေးကွာပြီး ရပ်တန့်သွားခဲ့ကြပါတယ်။ဆန်နီ ခန္တာကိုယ်ကို လှည့်လိုက်ပြီး ..သန်းခေါင်ယံ အမြုတေနဲ့ ထောက်ကာ ဟန်ချက် ထိန်းရင်း ပြုတ်ကျနေတာကို ရပ်တန့်စေလိုက်တယ်။

ယင်းနောက် သူ မတ်တတ်ထရပ်လိုက်ပြီး ..သူ့လိုပဲ ထရပ်လာခဲ့တဲ့ ဟာရုကို နက်မှောင်စွာ ကြည့်လိုက်ပါတယ်။

သူ့မျက်လုံးထဲမှာ အေးစက်တဲ့ အငွေ့အသက်တွေ ရှိနေခဲ့တယ်။

ဆန်နီထင်ထားခဲ့သလိုပဲ..ဒီနေ့မှာ..သူတို့နှစိယောက်ထဲက တစ်ယောက်တော့ သေကြရတော့မှာပါ။

All Chapters