← Chapters

ခွင့်တိုင်ခြင်း

Vol. 007 Ch. 605

ခွင့်တိုင်ခြင်း

Vol. 007 Ch. 605

“ယူယူ နင်ကတော့ တကယ်ပဲငါတို့လန့်လို့သေတော့မှာပဲ၊ နင်အချိန်မှီမရောက်နိုင်ဘူးလို့ထင်နေတာ” ဘေဂုံထန်သည် သူမဆီသို့လျှောက်လာပြီး ပျော်ရွှင်စွာ ပြောလေသည်။

ရှီမာယူယူ ရယ်မောကာ ပြောလေသည် “ငါလည်း အစတုန်းကမမှီတော့ဘူးထင်နေတာ၊ ဒါပေမဲ့ ညှိတာ ကအဆင်ပြေပြေနဲ့ပြီးသွားတယ် အဲဒါကြောင့်လာနိုင်တာ”

“အဲလူလား” ယူရန်ဖေသည် ခြံဝန်းအပြင်တွင် ရပ်နေသော ဝူလာလီကိုကြည့်လိုက်သည်။

စာမေးပွဲပြီးသောအခါ ကျောင်းသားအားလုံးသည် ထွက်သွားကြလေသည်။ သူတစ်ယောက်သာ ကျန်ခဲ့ လေသည်။

“သူပဲ ငါမှန်းတာမှန်ရင်တော့ သူက ခရမ်းရောင်ပင်လယ်မိစ္ဆာတော်ဝင် မျိုးနွယ်ကပဲ” ရှီမာယူယူ ပြော လိုက်သည် “ငါသူနဲ့ ဆွေးနွေးတာပြီးဖို့ ကျန်သေးတယ်၊ နောက်မှ နင်တို့ကို ငါလာရှာလိုက်မယ်”

“ကောင်းပြီ”

ဖက်တီးကျူနှင့် တခြားသူများလာချိန်တွင် ရှီမာယူယူသည် ထွက်သွားလိုက်ပြီဖြစ်သည်။

“ယူယူ ဘာလို့ ငါတို့ကိုစောင့်ပြီးမှ မသွားတာလဲ”

“သူမ အဲလူနဲ့ ဆွေးနွေးစရာရှိသေးတယ်လို့ ပြောတယ်၊ သူမ ဆွေးနွေးလက်စကြီးကို ဒီကိုလာတာထင် တယ်” ဘေဂုံထန်ပြောလိုက်သည်။

“အဲလူက အင်အားကောင်းတာပဲ” ရှီမာယူလင်း မှတ်ချက်ပေးလေသည်။

“သူက ခရမ်းရောင်ပင်လယ် မိစ္ဆာတော်ဝင်မျိုးနွယ်ကဖြစ်လိမ့်မယ်လို့ ယူယူပြောတယ်” ဝူရန်ဖေသည် ရှင်းပြလေသည် “ငါတို့်အရင်ပြန်နှင့်ကြတာပေါ့”

ရှီမာယူယူလျှောက်လာချိန်တွင် ဝူလာလီသည် ကွင်းပြင်မှထွက်သွားပြီဖြစ်သည်။

“သွားကြမယ် ကျွန်တော်တို့ ခုနကဆွေးနွေးတာမပြီးသေးဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒီတစ်ခါ တော့ လမ်းလျှောက်သွားမယ်”

“ခုနက မင်းလုပ်ဆောင်ချက်က အံ့သြစရာပါပဲ” ဝူလာလီ ပြောလိုက်သည် “အဲဒါကြောင့် ခင်ဗျားက ယုံကြည်ချက်အပြည့်ရှိနေတာကိုး”

“ချီးကျူးပေးတဲ့အတွက် ကျေးဇူးပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“ခင်ဗျားက တကယ်ပဲမရှက်ကြောက်တတ်ဘူးပဲ” ဝူလာလီသည် ပြောပြီးနောက် လှည့်ထွက်သွားလေ သည်။

ရှီမာယူယူသည် သူ့နောက်မှလိုက်လာပြီး သူ့ကိုရွှန်းယွမ်ဆိုင်သို့ ဦးဆောင်ခေါ်သွားလေသည်။

“ကျွန်တော့်ကို အဲလူရဲ့ အခြေအနေကိုအရင်ပြောပြဖို့လိုလိမ့်မယ်” ရှီမာယူယူသည်အခန်းအတွင်းသွား ကာ စာရွက်နှင့် ကလောင်တံယူပြီး မှတ်စုရေးရန်အသင့်ပြင်ထားလေသည်။

“ခင်ဗျားက အရည်အချင်းရှိပေမယ့်…” ဝူလာလီသည် သူမတွင်ဖြေရှင်းနိုင်မည့် နည်းလမ်းရှိသည်ကို မယုံနိုင်သေးပေ။

“ကျွန်တော့်ကိုမပြောပြရင် ကျွန်တော်လုပ်နိုင်မယ် မလုပ်နိုင်ဘူးဆိုတာ ခင်ဗျားဘယ်လိုသိမှာလဲ” ရှီမာယူယူ ပြောလိုက်သည် “အဲလိုဆိုရင် ခင်ဗျားမှာ အချိန်မရှိဘူးလား၊ ကျွန်တော်ကခင်ဗျားနဲ့ သဘောတူညီ ချက်လုပ်ပြီးပြီဆိုတော့ ကိုယ့်ကိစ္စကိုယ် ရှင်းရမှာပေါ့”

ဝူလာလီသည် ရှီမာယူယူကိုကြည့်လိုက်ရာ သူမ အကြည့်သည် လေးနက်နေသည်ကို တွေ့လိုက်ရ သည်။ သူပြုံးလိုက်ပြီး ပြောလိုက်သည် “ကောင်းပါပြီ သူ့ရောဂါကို ကျွန်တော်ပြောပြပါမယ်”

ခဏအကြာတွင် ရှီမာယူယူသည် စားပွဲပေါ်ရှိ စာရွက်ထဲတွင် ရေးထားသောအကြောင်းအရာများကို အလေးအနက်စဉ်းစားနေလေသည်။ ဝူလာလီသည် သူမကို တစ်ချိန်လုံးကြည့်နေသည်ကိုပင် သူမ သတိမထား မိပေ။

“ခင်ဗျားမှာ တခြားအကြံရှိလား” ဝူလာလီ မေးလိုက်သည်။

“အကြံတော့ရှိတယ် ဒါပေမဲ့ သူ့ကိုကိုယ်တိုင် တွေ့ရရင် ပိုကောင်းတယ်၊ အဲဒါမှ သူ့ကိုကုရတာ ပိုကောင်း မယ်”

“ခင်ဗျား သူမကိုတွေ့လို့မရဘူး” ဝူလာလီ ပြောလိုက်သည် “သူမက ကြယ်ကိုးပွင့်သမုဒ္ဒရာထဲက ဖန်ရေ ကျောက်ဖျာမှာလှဲနေတယ်၊ သူလှုပ်လိုက်တာနဲ့ သေသွားမှာ”

“ကျွန်တော် အဲဒီကိုသွားရင်ရော” ရှီမာယူယူ မေးလိုက်သည်။

ဝူလာလီသည် သူမအား ကြည့်လိုက်သည် “ကြယ်ကိုးပွင့်သမုဒ္ဒရာ ဘယ်လောက်အန္တရာယ်များလဲဆို တာ ခင်ဗျားသိတယ်မလား”

“သိပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ သူမကိုဒီကို ခေါ်လာလို့မရဘူးလို့ ခင်ဗျားပြောတယ် မလား၊ အဲဒါကြောင့် ကျွန်တော်သွားပြီး သူမကိုကြည့်ရုံပဲရှိတာပဲ၊ ကျွန်တော် အတွင်းဂိုဏ်းကိုမဝင်ခင်ကို ဂိုဏ်းက ခွင့်ပေးပါ့မလားဆိုတာပဲ မသေချာတာ”

“ကောင်းပါပြီ ခင်ဗျားသွားချင်မှတော့ ဘေးကင်းအောင်လုပ်ပေးမှာပေါ့” ဝူလာလီ ပြောလိုက်သည် “သူမ ကို ကယ်လို့ရသည်ဖြစ်စေ မရသည်ဖြစ်စေ ပင်လယ်နက်သခွားကို ကျွန်တော်ပြန်မတောင်းပါဘူး”

“ကျွန်တော် ဒီသဘောတူမှုကိုတကယ်လုပ်ချင်ပေမယ့် အရင်ဆုံး ခွင့်တိုင်ရဦးမယ်၊ မရဘူးဆိုရင်တော့ ကျွန်တော်လည်း ရွေးစရာမရှိဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော် အခုတော့သွားလိုက်ဦးမယ် ခင်ဗျား ဘယ်တော့ ထွက်သွားမှာလဲ”

“ဒါဆို မနက်ဖြန်မှသွားမယ်လေ၊ အစတုန်းက နေ့လည်ကိုဖြေရှင်းစရာကိစ္စရှိလို့ ဒါပေမဲ့ နှောင့်နှေးနေ တယ်ဆိုမှတော့ တစ်ရက်နောက်ဆုတ်လိုက်ရမှာပေါ့၊ ခင်ဗျားခွင့်ယူလို့ရရင် ကျွန်တော့်အစီအစဉ်ပြောင်းပြီး ခေါ် သွားပေးမယ်”

“ဒါဆို ခင်ဗျားကို မနက်ဖြန်အဖြေပြန်ပေးမယ်၊ အခုတော့ ခွင့်သွားတိုင်ကြည့်လိုက်မယ်” ရှီမာယူယူ မတ်တပ်ရပ်ပြီး ထွက်သွားလေသည်။

သူမ ထွက်သွားသည်နှင့် ပုံရိပ်တစ်ခုသည်အိမ်အတွင်း ဖြည်းညင်းစွာ ထွက်လာလေသည်။

“မင်းသား သူသာ ခွင့်တိုင်လို့ရရင် ကျွန်တော်တို့ တကယ်ပဲ အဲဒီကိုတိုက်ရိုက်ပြန်မှာလား” ထိုလူ မေး လိုက်သည်။

“ဟုတ်တယ်” ဝူလာလီသည် လက်မှ မှော်ဝင်လက်စွမ်ကိုလှည့်ရင်း ပြောလေသည်။

“ဒါပေမဲ့ ကျွန်တော်တို့ နဂါးမုတ်ဆိတ်မြက်ပင်နေရာကို သိထားပြီးပြီလေ”

“မင်းတို့လူတွေလွှတ်လိုက် ငါတို့ သတင်းရထားတာပဲရှိတာ မသေချာဘူး၊ သူက နဂါးမုတ်ဆိတ်မြက်ပင် ထက်စိတ်ချရတယ်လို့ ငါခံစားနေရတယ်” ဝူလာလီ ပြောလိုက်သည် “သူ့နောက်ခံကို စုံစမ်းဖို့လူလွှတ်လိုက် လူသားတွေကြားမှာ ဒီလောက်အရည်အချင်းရှိတဲ့လူက တော်ရုံလူမဟုတ်လောက်ဘူး”

“ဟုတ်ကဲ့ပါ မင်းသား”

ရှီမာယူယူ ဂိုဏ်းသို့ပြန်သောအခါ သူမသည် ဒုကျောင်းအုပ်နေသော နေရာသို့ တိုက်ရိုက်သွားလိုက် သည်။ သူသည် ဟော်လန်နှင့် ချက်ကစားနေလိမ့်မည်ဟု သူမ မထင်ထားပေ။

“မင်းလာတဲ့ အကြောင်းအရင်းများရှိသလား” ဒုကျောင်းအုပ်သည် ချက်ကစားရင်းနှင့် ပြောလေသည်။

“ဒုကျောင်းအုပ် ကျွန်တော် ခွင့်တိုင်ချင်လို့ပါ” ရှီမာယူယူ ပြောလိုက်သည်။

“ခွင့်တိုင်မယ်ဟုတ်လား၊ မင်းက အခုပဲအတွင်းဂိုဏ်းစာမေးပွဲအောင်သွားတယ်မလား၊ တခြားစာမေးပွဲ တွေပြီးတာနဲ့ မင်းအတွင်းဂိုဏ်းသွားရတော့မှာလေ” ဒုကျောင်းအုပ် ပြန်ဖြေလေသည်။

“ကျွန်တော်သိပါတယ် ဒါပေမဲ့ ကျွန်တော်ဖြေရှင်းစရာရှိသေးလို့ အဲဒါကြောင့် ကျွန်တော်ခွင့်ရမလား မရဘူးလားသိချင်ပါတယ်”

“ပုံမှန်ဆိုရင် မင်းကငါတို့အပြင်ဂိုဏ်းက ကျောင်းသားမဟုတ်တော့တဲ့အတွက် ငါတို့က ခွင့်ပေးလို့မရဘူး မင်း အတွင်းဂိုဏ်းကခွင့်ကိုတောင်းရလိမ့်မယ်” ဒုကျောင်းအုပ်သည် ခက်ခဲစွာပြောလေသည် “ဒါပေမဲ့ မင်း အတွင်းဂိုဏ်းကို သတင်းမပို့ရသေးဘူးဆိုတော့ သူတို့မှာ မင်းစာရွက်စာတမ်းလည်းမရှိတော့ ခွင့်ပေးမှာမဟုတ် ဘူး”

“ရှုဂျင်မှာရော အထူးအခွင့်အရေးမရှိဘူးလား” ဟော်လန်သည် ချက်အား ဘုတ်ပြားပေါ်နေရာချရင်း ပြောလေသည် “သူခွင့်ပေးရင် မင်းနောက်မှ သတင်းပို့လို့ရတယ်”

“တကယ်လား” ရှီမာယူယူ အားရပါးရပြုံးလိုက်သည်။ သို့သော် ဒီနေ့တွင် သူ့ကို သူမရိုက်လိုက်သည်ကို တွေးမိလျှင် သူမကို ခက်ခဲအောင်လုပ်မလားဆိုသည်ကို မသိနိုင်ပေ။

“ခွင့်ယူချင်တယ် ဟုတ်လား” နာရီဝက်အကြာတွင် ရှုဂျင်၏ တုန်လှုပ်သောအသံသည် ကျောင်းအုပ်ကြီး အခန်းမှထွက်လာလေသည် “ကောင်းပြီ အစ်ကိုဟော် သူခွင့်ယူချင်တာနဲ့ ငါ့ကိုအလောတကြီးခေါ်လိုက်တာပေါ့ ငါအခုဘာလုပ်နေလဲဆိုတာ မသိလို့လား”

“မင်းအခု ဘာလုပ်နေလဲဆိုတာ ငါသိဖို့လိုလို့လား၊ မင်းရဲ့ အပေအတေအနံ့က ပျံ့နေပြီကို” ဟော်လန် ပြောလိုက်သည် “မင်းကို ငါဒီကိုမခေါ်ရင် ကျောင်းသွားတွေကို သွားရှာခိုင်းရမှာလား”

သူဘယ်နေရာကို ပြောသည်ကို ရှီမာယူယူ ချက်ချင်းနားလည်လိုက်သည်။ ထိုနေရာတွင် လုံ့လရှိစွာ ဝိုင်သောက်နေသည်မှာ သေချာနေသည်ကို တွေးမိသောအခါ သူမသည် ခေါင်းငုံ့ကာ ပြုံးမိလေသည်။

ဟော်လန်လို ဖြောင့်မတ်သောလူက ရှုဂျင်လိုလူမျိုးနဲ့ ရင်းနှီးအောင်နေတာလဲဆိုသည်ကို သူမ နားမလည်နိုင်ပေ။

“ရယ်နေတယ် ဟုတ်လား မင်းဆက်ရယ်နေရင် မင်းကိုခွင့်မပေးနိုင်ဘူး” သူမ၏ ကြိတ်ရယ်နေမှုကို သိသောကြောင့် ရှုဂျင်သည် သူမအား ကလေးကလား ပြောလေသည်။

“အဲတော့ ဆရာ ကျွန်တော့်ကိုခွင့်ပေးနိုင်လား” ရှီမာယူယူသည် မျက်နှာပိုးသတ်ကာ ရှုဂျင်အား ကြည့် လိုက်သည်။ သို့သော် သူမ၏ တောက်ပနေသောမျက်လုံးများမှာ အပိုးမသတ်နိုင်ပေ။

ရှုဂျင်သည် သူမအကြည့်အောက်တွင် နေရခက်ကာ မသိစိတ်မှ ရှင်းပြနေလေသည် “အဲဒါက ငါ့ သူငယ်ချင်းကောင်းမို့လို့ လက်ဖက်ရည်သောက်ရင်း စကားပြောနေတာ၊ အဲဒီကလူတွေက ရေမွှေးတွေဆွတ် ထားလို့ အဲအနံ့ကငါနဲ့ပါလာတာ”

သူ ရှင်းပြနေသည်ကိုရပ်လိုက်သောအခါ ရှီမာယူယူ၏ ပြုံးစိစိဖြစ်နေသော မျက်နှာမှာ သွားဖြဲသည်အထိ ဖြစ်လာသည်ကို သိလိုက်ရသည်။ ဒီအခြေအနေကို သူဘာလို့ရှင်းပြနေရမှာလဲ။ သူက ဆရာဖြစ်ပြီး သူမ ကျောင်းသားပဲလေ။

သူသည် နှာခေါင်းကိုပွတ်ပြီး ပြောလိုက်သည် “ကောင်းပြီ မင်းဘာလို့ခွင့်ယူချင်တာလဲပြော ခွင့် ဘယ်လောက်ယူမှာလဲ၊ ငါ့ကိုရှောင်ချင်လို့ ခွင့်ယူချင်တာတော့မဟုတ်ဘူးမလား”

***

All Chapters