← Chapters

လှည့်ပတ်နေတဲ့ ပုံရိပ်

Vol. 20 Ch. 299

လှည့်ပတ်နေတဲ့ ပုံရိပ်

Vol. 20 Ch. 299

ရှေးဟောင်းရဲတိုက်ကြီးရဲ့ ခန်းမထဲမှာတော့..လေထုဟာ..စူးရှတဲ့ အော်သံတွေ ၊ သံမဏိချင်း ထိခိုက်တဲ့ အသံတွေ နဲ့ပြည့်နှက်နေခဲ့ပြီး..မာဗယ် ကြမ်းပြင်ပေါ်မှာလည်း..သွေးတွေက မြစ်ကြီးသဖွယ် စီးဆင်းနေခဲ့ပါတယ်။သိူ့ပေမယ့် ဟာရု နဲ့ ဆန်နီ တို့ ရှိနေကြတဲ့ အဖြူရောင် ကော်ရစ်ဒါမှာတော့..အပေါ်မှာရှိနေတဲ့ ဖရိုဖရဲ အဖြစ်အပျက်တွေက..ဝေးကွာပြီး မသဲမကွဲသာ ကြားနေခဲ့ရပါတယ်။ဒိီနေရာမှာတော့..သူတို့နှစ်ယောက်တည်း ရှိနေခဲ့တာပါ။

အေးစက်တဲ့ ကျောက်တုံးတွေပေါ်က သန်းခေါင်းယံ အမြုတေကို ကောက်ကိုင်လိုက်ပြီး..ဆန်နီ ပုခုံးတွေကို ဆန့်တန်းလိုက်ကာ ခါးကုန်းကြီးကို ကြည့်လိုက်တယ်။သူ့ရဲ့ မျက်လုံးတွေထဲမှာတော့ နက်​မှောင်ပြီး အေးစက်တဲ့ မီးတောက်တွေ လောင်ကျွမ်းနေခဲ့ပါတယ်။

"...ဘယ်လောက် အံ့ဩဖို့ကောင်းလိုက်လဲ..။မင်းက နောက်ဆုံးတော့ တစ်ယောက်တည်း ဖြစ်သွားပြီ.."

ခါးကိုင်ကြီးဟာ..ခေါင်းကို အနည်းငယ်စောင်းပြီး..သူ့ကို ကြည်လင်နေတဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်နေခဲ့တယ်။ဆန်နီ ရဲ့ နှုတ်ခမ်းမှာ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်။

"ဘာလဲ..ဘာမှ မပြောတော့ဘူးလား။ကောင်းပြီလေ..မျှတပါတယ်။ဒါဆိုရင် ငါ့ကိုယ်ငါ မိတ်ဆက်ပေးရတာပေါ့..။ငါ့ နာမည်က ဆန်နီ..ပြီးတော့..ငါ မင်းကို သတ်ချင်နေတာ..အတော်..အတော်ကို ကြာပြီ.."

ဆန်နီကတော့ မပြောင်းလဲကာ ရှိနေခဲ့ပြီး..ဂရုမစိုက်တဲ့ ပုံစံ ၊ ခါတိုင်းလို ပျင်းရိတဲ့ ပုံစံတွေနဲ့ သူ့ကို ကြည့်နေခဲ့ပါတယိ။ဒေါသ အရိပ်အယောင်တစ်ချို့က ဆန်နီ ရဲ့ မျက်နှာပေါ်မှာပေါ်လာခဲ့တယ်။

ဘေးဘက်ကို ခြေလှမ်းအနည်းငယ် သွားလိုက်ပြီး သူ့ရဲ့ ခန္တာကိုယ်ကို လှည့်ကာ..သာမန်လေသံနဲ့ ပြောလိုင်တယ်။

"အမှန်အတိုင်းပြောရရင် ဟာရု ၊ ငါ မွန်းစတားတွေ အများကြီးကို သတ်ခဲ့တယ်။တစ်ချို့တွေက အိပ်မက်ဆိုး သားရဲတွေ ၊ တစ်ချို့တွေက လူသားတွေပဲ။ငါ လူတစ်ယောက် ၊ နှစ်ယောက်လောက်ကို သတ်ခဲ့ရတယ်။ဒါပေမဲ့ ငါက ယုတ်မာတဲ့ စိတ်နဲ့ သတ်ခဲ့တာ မဟုတ်ဘူး..။ငါက ဒီလို သတ်ရတာကို..ဘယ်တော့မှ ပျော်ရွှင်ခဲ့တဲ့ သူ တစ်ယောက် မဟုတ်ဘူး.."

သူ ခနလောက်ရပ်တန့်လိုက်ပြီးကာမှ တုန်ခါနေတဲ့ အသံနဲ့ ပြောလိုက်တယ်။

"ဒါပေမဲ့ ငါ မင်းကို သတ်ရတာတော့..အတော် ပျော်ရွှင်ရလိမ့်မယ်.."

ဆန်နီ သန်းခေါင်းယံ အမြုတေရဲ့ ဓားရိုးကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး..ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တယ်။သူ့ရဲ့ မျက်လုံးတွေက ခါးကုန်းကြီးကိို ဒေါသတကြီးကြည့်နေခဲ့ပါတယ်။

"မင်းဆီမှာ ငါ စက်ဆုပ်တဲ့ အရာအားလုံးရှိနေတယ်။မင်းရဲ့ ဘာမဟုတ်တဲ့ တည်ရှိမူက ငါ့ကို စော်ကားနေတာပဲ..။မင်းက ငါ့ကို စိတ်အနှောက်ယှက်ဖြစ်စေတယ်..။အဲဒီအချက်တစ်ခုတည်းကြောင့် ငါမင်းကိုဟသတ်ချင်ရတာပဲ..။မင်းက အသက်ရှင်ဖို့ အတွက် မထိုက်တန်ဘူး.."

ဟာရု က မျက်တောင်ခတ်လိုက်ပြီး..သူ့ကို မလှုပ်မယှက် ဆက်ပြီး စောင့်ကြည့်နေခဲ့တယ်။ဆန်နီဟာ သူနဲ့ မီတာ အနည်းငယ် အကွာမှာရပ်လိုက်ပြီး..တုန့်ပြန်မူမရှိတဲ့အတွက် ..စိတ်ပျက်လာခဲ့ပါတယ်။

"ငါ့ကိုယ်ငါ တစ်စုံတစ်ယောက်ရဲ့ ကျွန် မဖြစ်ရဖို့အရေး..ဘာတွေလုပ်ခဲ့ရလဲ ၊ ဘာတွေစတေးခဲ့ရလဲ ၊ ဘာတွေ စွန့်လွှတ်ခဲ့ရလဲ ဆိုတာကိုရော မင်းသိရဲ့လား..။ဒါပေမဲ့ ..မင်းက..ဒီမှာ..မင်းဆန္ဒနဲ့မင်း ကျွန် တစ်ယောက် လာလုပ်နေတာပေါ့...ခွေးသား..။မင်းကို ဘယ်သူက ဒီလို အခွင့်အရေး ပေးထားလို့လဲ။ငါ နဲ့ တူညီတဲ့ လေထုကို ရူခွင့်ရဖို့ မင်းကို ဘယ်သူက အကြံဥာဏ် ပေးလိုက်တာလဲ.."

ခါးကုန်းကြီးဟာ..နောက်ဆုံးတော့ ဆန်နီ ပြောတာတွေကို ကြားတဲ့ အမူအရာ ပြသလာခဲ့တယ်။သူကဟအနည်းငယ် စိတ်ဆိုးတဲ့ အမူအရာနဲ့ ခေါင်းကို ခါယမ်းပြီး ပြောလိုက်ပါတယ်။

"ပြော..ပြော..ပြော..။မင်း စကားအရမ်းများတယ်..ပိုးကောင်လေး.."

ဆန်နီ ပြုံးလိုက်တယ်။သူ့မျက်လုံးထဲမှာ အန္တရာယ် အရိပ်အယောင်တွေ ပေါ်ထွက်လာခဲ့ပါတယ်။

"ဟုတ်လား..။ကောင်းပြီး..အဲတော့ မင်းက ဘာလုပ်ချင်လို့လဲ.."

ဟာရု လည်း ပြုံးလိုက်တယ်။

သူ့အပြုံးက အေးစက်ပြီး သဘာဝမကျကာ ကြောက်မက်ဖွယ် ကောင်းပါတယ်။

"မင်းကို တစ်စစီ လုပ်ပစ်မယ်။မင်း ဘာပဲဖြစ်ဖြစ် သေရမှာပဲ..။မင်းတို့ အားလုံး သေရလိမ့်မယ်"

ဆန်နီ မျက်ခုံးပင့်တင်လိုက်ပြီး..

"အိုး..တကယ်လား..။ဘာဖြစ်လို့လဲ.."

ခါးကုန်းကြီးဟာ ပုခုံးတွန့်ပြီး လက်ကို ဆန့်တန်းလိုက်တယ်။အလင်းစက်တွေက ပေါ်ထွက်လာခဲ့ပြီး လေထဲမှာ ကြီးမားတဲ့ ချိန်းကြိုးကြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ သူ့ရဲ့ လက်ကောက်ဝတ်ကနေ တံတောင်ဆစ် အထိ ရစ်ပတ်သွားခဲ့ပါတယ်။ယင်းနောက် သူက မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး..သူ့ရဲ့ ချွတ်ယွင်းချက်က ခွင့်ပြုတဲ့အထိ ခါးကို ပြန်မတ်အောင် လုပ်လိုက်တယ်။

အစက သူက ဆန်နီ နဲ့ အရပ်တူတူလောက်ပဲ ရှိနေခဲ့တာပါ။အခုတော့ ဟာရု ရဲ့ အရပ်က တီဆိုင်လောက် ရှိပြီး သူ့ရဲ့ အပေါ်ကနေ အုပ်မိုးထားခဲ့ပါတယ်။တောက်ပတဲ့ အလင်းရောင်နှစ်ခုက သူ့ရဲ့မျက်လုံးထဲကနေ ထွက်ပေါ်နေရင်း အော်ပြောလိုကိတယ်။

"ဘာလို့လဲ ဆိုတော့..အရှင်သခင်ရဲ့ ဆန္ဒမို့လို့ပဲ.."

ဆန်နီ ရယ်မောလိုက်တယ်။

"သခင်လား..။ရဲတိုက် အရှင်သခင်လား။ငါ မင်းကိုတော့ စိတ်မပျက်စေချင်ဘူး အရူး..ဒါပေမဲ့ မင်းရဲ့ သခင်က သေသွားပြီ.."

ဟာရု ဟာ သူ့ကို ရိုးသားတဲ့ ရှုပ်ထွေးမူတွေနဲ့ စိုက်ကြာည့်လိုက်တယ်။ယင်းနောက် သူ့ နှုတ်ခမ်းက တွန့်ကွေးသွားခဲ့ပါတယ်။ယင်းနောက် ဂရုဏာသက်တဲ့ အမူအရာနဲ့ ပြောလိုက်တယ်။

"သနားစရာ ပိုးကောင်လေး..။သစ္စာတရားက ဘာကိုဆိုလိုတာလဲ ဆိုတာတောင် မင်းက နားမလည်နိုင်ဘူးပဲ..။ဟုယ်တယ်မလား..။အသက်ရှင်နေတာ..သေနေတာ က အရေးမကြီးဘူး.."

ဆန်နီ ပြောလိုက်တယ်။

"မင်းမှန်တယ် ငါ နားမလည်ဘူး.."

နောက်ဆုံးတော့ သူ ဓားကို မြှောက်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်တယ်။

"မင်းသိလား..မင်းရဲ့ စွမ်းရည် နဲ့ အားနည်းချက်ကို သိရဖို့ ငါ အချိန်အကြာကြီး ကြိုးစားခဲ့သေးတယ်။ဒါပေမဲ့ အခုတော့ ငါ မသိခဲတာကို ပဲ ကျေနပ်မိတယ်။ငါ မင်းကို လှည့်စားမူတွေသုံးပြီး မသတ်ချင်ဘူး။ငါက မင်းကို ဒီတိုင်း ဖျက်ဆီးပစ် ချင်တာ.."

ဟာရု သူ ပြောတာကို နားထောင်နေခဲ့တယ်။လှောင်ပြောင်တဲ့ အပြုံးတစ်ခုက သူ့ရဲ့ နှုတ်ခမ်းကနေ ထွက်ပေါ်လာခဲ့ပါတယ်။

.. အဲ့နောက်မှာတော့..ဆန်နီက ရုတ်တရက် ဘာမှ မမြင်ရတော့ပါဘူး..။

***

အစောတုန်းက ဆန်နီက..သူမုန်းတီးရတဲ့ ခါးကုန်းကြီးရဲ့ ကြောက်လန့်စရာ ပုံရိပ်ကို ကြည့်နေခဲ့တာပါ။အဲဒီနောက်မှာတော့ သူက ပျောက်ကွယ်သွားပြီး ရုတ်တရက် အမှောင်ထုသာ အစားထိုးသွားခဲ့တယ်။

'ဟင်..'

ချက်ချင်းဆိုသလိုပဲ ပြင်းထန်တဲ့ ရိုက်နှက်ချက်တစ်ခု က သူ့ရဲ့ နောက်ကျောကနေ ထွက်ပေါ်လာခဲ့ပါတယ်။ဆန်နီ ကော်ရစ်ဒါရဲ့ နံရံနဲ့ ရိုက်ခတ်သွားခဲ့ပြီး ကြမ်းပြင်ပေါ်ပြုတ်ကျကာ..ကျောက်တုန်းပေါ်ကို သွေးတစ်ပွက် အန်လိုက်တယ်။သူ့အရိုးတွေက နာကျင်နေခဲ့ပေမယ့်..အကျိုးပဲ့အောင်တော့ ထိန်းထားနိုင်ခဲ့ပါတယ်။

လက်တွေမှာ သံကြိုးတွေ ရစ်ပတ်ထားပြီး သူ့ရဲ့ နောက်ကျောကို တိုက်ခိုက်ခဲ့တဲ့ ဟာရုဟာ..ရန်သူရဲ့ ဦးခေါင်းကို ခြေထောက်နဲ့ နင်းခြေဖို့အတွက် ရှေ့ကို လျင်မြန်တဲ့အရှိန်နဲ့ တိုးဝင်လာခဲ့တယ်။သူ့ရဲ့ လှုပ်ရှားမူ တွေက..လျင်မြန်ပြီး တိတ်ဆိတ်နေခဲ့ပါတယ်။

အံ့ဩစရာကောင်းတာက သေးငယ်တဲ့ ပိုးကောင်လေးဟာ..ဘေးဘက်ကို လှိမ့်သွားခဲ့ကာ..ခုန်ရှောင်လိုက်ပြီး..ဆံချည်တစ်မျှင်စာလောက် တစ်နည်းနည်းနဲ့ လွတ်သွားခဲ့ပါသေးတယ်။

ဆန်နီဟာ..နောကိကို ဆုတ်နေရင်းကနေ ထရပ်လိုက်ပြီး ..သူရဲ့ ရှေ့ဘက်က ဘာမှမမြင်ရတဲ့ နေရာကို သန်းခေါင်းယံ အမြုတေ နဲ့ လွဲယမ်း ခုတ်လိုက်ပါတယ်။ဓားရဲ့ ထိပ်ဖျားက ခါးကုန်းကြီးကို လုံးဝ လွဲချော်သွားခဲ့ပေမယ့်..သူ့အတွက် ပြင်ဆင်ချိန်အနည်းငယ် ရလိုက်တယ်။

ဒါက အကူအညီတော့ သိပ်မဖြစ်ပါဘူး..။

သူက အကန်းတစ်ယောက်လို ရှိနေဆဲပါ။

'ဒါပေါ့..အခုတော့ အားလုံးက အဓိပ္ပါယ်ရှိသွားပြီ'

ဆန်နီ နောကိဆုံးမှာတော့..ဟာရုနဲ့ ပတ်သက်တဲ့ လျိုဝှက်ချကိကို သိလိုက်ရပါပြီ။ဂန်လောင်ရဲ့ပါးကွက်သား က ဘာလို့ အိပ်စက်သူတွေ ရဲ့ စွမ်းရည်တွေ ၊ ကျွမ်းကျင်မူတွေ ကို ဂရုမစိုက်ပဲ သတ်ဖြတ်နိုင်မလဲ ဆိုတာကိုလည်း သူသိလိုက်ပါပြီ။

ဟာရု ရဲ့ သတ်ဖြတ်မူတွေမှာ ဘာလို့ သက်သေမရှိကြတာလဲ ဆိုတာကို သူနားလည်သွားခဲ့တယ်။သူ လူသတ်တာကို ဘယ်သူမှ မမြင်ဖူးကြပါဘူး..။သူတို့ရဲ့ အလောင်းတွေက အသတ်ခံရပြီးမှသာတွေ့ ကြတာပါ။

ဒီဟာက ခါးကုန်းကြီးအနေနဲ့..တစ္ဆေ ဒါမှမဟုတ် ဘယ်သူမှ မခုခံနိုင်တဲ့ ကြီးမြတ်တဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားလို့ မဟုတ်ပေ..။

..ဒါက..ဘာလို့လဲဆိုတော့..သူ့ရဲ့ ကဏ္ဍ စွမ်းရည် ကိုယ်တိုင် က တစ်ခြားလူတွေ သူ့ကို မမြင်ရအောင် ဖန်တီး ပေးထားလို့ပါ။

သူ့ရဲ့ ရန်သူက ဘယ်လောက်ကြမ်းတမ်းပြီး ၊ ကျွမ်းကျင်မူရှိလဲ ဆ်ိုတာက ပြသနာ မရှိပါဘူး။သူတို့ မျက်လုံးကန်းသွားတာနဲ့ သူတို့ရဲ့ နည်းစနစ် နဲ့ စွမ်းရည်တွေက အသုံးမဝင်တော့ပေ..။မျက်မမြင် တစ်ယောက်ကို သတ်ဖြတ်ရတာက အရမ်းလွယ်ကူပါတယ်။

ဟာရု သတ်ဖြတ်တာကို မြင်တဲ့လူရှိတာ မရှိတာက အရေးမကြီးတော့ပေ။သူသာ ဆန္ဒရှိတယ် ဆိုရင်..သူဆန္ဒရှိသလောက် မမြင်ရအောင် နေလိူ့ ရပါတယ်။

ဒါက ကြောက်မက်ဖွယ်ရာ ခါးကုန်းကြီးရဲ့ ဒဏ္ဍာရီ ဖြစ်ပေါ်လာပုံပါပဲ..။ဘာပဲဖြစ်ဖြစ် လူတွေက သူတို့

မမြင်ရတဲ့ အရာကိုပဲ ပိုပြီး ကြောက်ရွံ့လေ့ရှိကြတာပါ။

ဆန်နီ သွေးတစ်ပွက် အန်လိုက်ပြီး မျက်နှာရှုံ့မဲ့သွားခဲ့တယ်။

နောက်ထပ် လျိုဝှက်ချက် တစ်ခုကို ဖော်ထုတ်နိင်ခဲ့တာက ကောင်းမွန်ပါတယ်။

မေးခွန်းကတော့...သူက ဒီအမှန်တရားကို သိထားလျက်နဲ့..အသက်ရှင်သန်နိုင်မလား ဆိုတာပါပဲ..။

All Chapters