ရဲတိုက်အရှင်ရဲ့ ကျွန်
Vol. 20 Ch. 300
ကံတရားရဲ့ အလှည့်အပြောင်းကြောင့်..ဒီနေ့မှာတော့ဟာရု ဟာ မေ့ပျောက်ကုန်းမြေပေါ်မှာ သူတွေဖူးသမျှထဲ အဆိုးဝါးဆုံး ပြိုင်ဘက်နဲ့တွေ့ဆုံနေရပါတယ်။အနည်းဆုံးတော့..အိပ်စက်သူတွေ ကြားမှာပါ။
သို့ပေမယ့် ဆန်နီကတော့ မအံ့ဩပါဘူး..။
သူ နဲ့ လူသတ်သမား ခါးကုန်းကြီးတို့က အသေအကြေ တိုက်ခိုက်ပြီး ဆိုးဆိုးဝါးဝါး အဆုံးသတ်ဖို့ ကံပါလာတယ်လို့ ..သူက အမြဲတမ်းခံစားနေခဲ့ရတာပါ။အရင်တုန်းကတော့ ဒါက ထင်ယောင်ထင်မှား ဖြစ်နေတာလို့ ထင်မှတ်ထားခဲ့ပေမယ့် အခုတော့ သူ့ရဲ့ ကြိုတင်သိစိတ်တွေက တစ်ခါတစ်လေမှာ မှန်နေတာကို သိလိုက်ရပါပြီ။
အရင်ကတည်းက..သူတို့နှစ်ယောက်က..ကံတရား ကြိုးတစ်ချောင်းနဲ့ ချိတ်ဆက်နေတာကို သူ ခံစားနေမိခဲ့တယ်။
သူ့ရဲ့စွမ်းရည်က ဟာရုအတွက် အတိုင်းအတာ တစ်ခုအထိ တန်ပြန်ခုခံနိုင်တဲ့ သဘောမျိုး ဖြစ်နေတာက အံ့ဩစရာ ကောင်းမနေဘူးလား..။
ပြီးတော့..အပြည့်အဝ မဟုတ်ရင်တောင် ဒါက တကယ်ပဲ ကောင်တာ သဘောမျိုးဖြစ်နေခဲ့ပါတယ်။
တကယ်လို့ ဆန်နီ နေရာမှာသာ တစ်ခြားတစ်ယောက်ယောက်ဆိုရင်..သူတို့က အစောကတည်းက သေဆုံးနေလောက်ပါပြီ။အကယ်၍ အမြင်အာရုံကိုသာ ဆုံးရှုံးရမယ်ဆိုရင်..လူအနည်းငယ်လောက်ကပဲ ခါးကုန်းကြီးရဲ့ တိုက်ခိုက်မူကို ခုခံနိုင်ပါလိမ့်မယ်။သို့ပေမယ့် ဆန်နီ..က တစ်ခြားလူတစ်ယောက် မဟုတ်ပေ။
မျက်လုံးတွေ မမြင်ရဘူးဆိုရင်တောင်..သူ့ဘက်မှာက အရိပ် အာရုံခံမူ ရှိနေပါသေးတယ်။ဒါက ဟာရုကို မြင်နေရတာနဲ့ မတူညီဘူး ဆိုပေမယ့်လည်း..သူ့ အရိပ်ရဲ့ လှုပ်ရှားမူကို အာရုံခံနိုင်တာကြောင့်..အနည်းဆုံးတော့..ဆန်နီက သူ့ရဲ့တိုက်ခိုက်မူတွေကို တိကျမူ တစ်ခုအထိ ခန့်မှန်းထားနိုင်ပါတယ်။
ဒါက ပြီးပြည့်စုံတာတော့ မဟုတ်ပါဘူး။အနည်းဆုံးတော့..ဒီအသိစိတ်က အမြင်အာရုံကို အပြည့်အဝ အစားထိုးနိုင်တဲ့ အဆင့်ကို မရောက်သေးပေ။
ဒီတော့..အခုချိန်မှာ ဆန်နီ အတွက် ရွေးချယ်စရာမရှိတော့ပါဘူး..။
သူ့ရဲ့ အရိပ်က ခန္တာကိုယ်ကို ရစ်ပတ်နေတဲ့ အချိန်ဆိုရင် သူ့ကို မယုံနိုင်စရာ ခွန်အား ၊ အမြန်နှုန်း နဲ့ ခုခံနိုင်စွမ်းကို ပေးစွမ်းနိုင်ပါတယ်။သို့ပေမယ့် ဒီလိုအချိန်ဆိုရင် သူ့ကို နောက်ထပ် မျက်လုံးတစ်စုံကို ထုတ်မပေးနိုင်တော့ပါဘူး..။
ဒီတော့ သူက အရိပ်ကို ခန္တာကိုယ်မှာ ရစ်ပတ်ထားရင်း..အရိပ်ခံစားမူကို အသုံးပြုပြီး တိုက်ခိုက်မှာလား..ဒါမှမဟုတ် ..အရိပ်ကို အပြင်ကို လွှတ်ပြီး ဟာရုကို မြင်ရတဲ့ အချိန်မှာ..ကိုယ့်ရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ ပဲတိုက်ခိုက်မလား ဆိုပြီး ရွေးချယ်စရာ နှစ်ခုရှိနေပါတယ်။
'ဆုံးဖြတ်ချက်ချ ဆုံးဖြတ်ချက်ချ '
လူသတ်သမား ခါးကုန်းကြီးရဲ့ အရိပ်က ရှေ့ကို တိုးလာတာကို ခံစားမိတာကြောင့် ဆန်နီ ဘယ်ဘက်ကို ရှောင်တိမ်းလိုက်တဲ့ အချိန်မှာ..သူ့ရဲ့ နားထင်နားက တစ်ခုခု မြန်ဆန်စွာ ဖြတ်သန်းသွားတဲာ ကို ကြားလိုက်ရတယ်။တစ်စက္ကန့်လောက်သာ နောက်ကျသွားမယ် ဆိုရင် သူရဲ့ ဦးခေါင်းက ရန်သူရဲ့ လက်သီးမှာ ရစ်ပတ်ထားတဲ့ သံကြိုးကြောင့်..တစ်စစီ ကြေမွသွားတော့မှာပါ။
သို့ပေမယ့် သူက ခါးကုန်းကြီးရဲ့ နောက်ထပ် လက်တစ်ဖက်ကို မေ့နေခဲ့တယ်။
သူ့ရဲ့ လက်ကောက်ဝတ်ကို သံကြိုးတစ်ခုက လာရောက်ရစ်ပတ်ပြီး လှည့်လိုက်တာကြောင့် ..ဆန်နီဟာ အော်ဟစ်ပြီး သန်းခေါင်းယံ အမြုတေကို လွှတ်ချလိုက်ရတယ်။နောက်တစ်စက္ကန့်လောက်ဆိုရင် သူ့ရဲ့ လက်က အရိုးတွေက ကြေမွသွားတော့မှာပါ။
လှည့်ပတ်သွားတဲ့ လမ်းကြောင်းအတိုင်းလိုက်ပြီး..ဆန်နီ ဟာ သူ့လက်မောင်း မကျိုးသွားစေဖို့ အတွက် ခန္တာကိုယ်ကို လေထဲမှာ လှည့်ပတ်လိုက်ရပါတယ်။ယင်းနောက် မလိုလားစွာပဲ..သူ့ရဲ့ အရိပ်ကို ခန္တာကိုယ်ကနေ စွန့်ခွာဖို့ အမိန့်ပေးလိုက်ရတယ်။
သူ ကျောကိတုံးတွေပေါ်ကို ခြေပြန်ကျ တဲ့အချိန်မှာတော့ ..ပြန်ပြီး မြင်လာနိုင်ခဲ့ပါပြီ။
ဟာရုက..သူ့ရဲ့ လက်ကောက်ဝတ်ကို လက်တစ်ဖက်နဲ့ ကိုင်ထားပြီး..နောက်ထပ်လက်တစ်ဖက်က ပြင်းထန်တဲ့ တိုက်ခိုက်မူ တစ်ခုပြုလုပ်ဖို့အတွက် မြှောက်လာနေခဲ့တယ်။ဒီတိုက်ခိုက်မူသာ သူ့ရဲ့ မျက်နှာပေါ်ကို ကျရောက်မယ်ဆိုရင် သူ အခြေအနေ ကောင်းနိုင်မယ်လို့ မထင်ပါဘူး။
...ဆန်နီရဲ့ ကျန်တဲ့လက်တစ်ဖက်က သန်းခေါင်ယံ အမြုတေကို နောက်တစ်ကြိမ် ထပ်မံပြီး ဆုပ်ကိုင်ထားခဲ့တယ်။
သူက ဓားရဲ့ ထိပ်ဖျားကို အပေါ်ကို ထောင်လိုက်ပြီး ခါးကုန်းကြီးရဲ့ လည်ချောင်းတည့်တည့်ကို ဦးတည်ပြီး ထိုးသွင်းလိုက်ပါတယ်။ဟာရု ရဲ့ မျက်လုံးထဲမှာ အံ့ဩမူ အရိပ်အယောင်တွေ ပေါ်ထွက်လာခဲ့ပြီး..သူ့ရဲ့ တိုက်ခိုက်မူ လမ်းကြောင်းကို ရွှေ့လျားကာ..ဓားကို တားဆီးလိုက်ရတယ်။
ဓားသွားက..သူ့ရဲ့လက်မောင်းမှာ တင်းကြပ်စွာ ချည်နှောင်ထားတဲ့ သံကြိုးတွေကို ထိမှန်ပြီး ပြန်ကန်ထွက်လာခဲ့ပါတယ်။
သို့ပေမယ့် ဒါက ဆန်နီ အတွက် သူ့လက်ကောက်ဝတ်ကို လွတ်မြောက်ဖို့ အခွင့်အရေး ဖြစ်ခဲ့ပြီး ချက်ချင်းနောက်ကို ခုန်ဆုတ်သွားခဲ့တယ်။သူ့ရဲ့လက်က ဒဏ်ရာဒဏ်ချက် တွေကြောင့် တုန်ရီ နေတာကလွဲရင် သန်းခေါင်ယံ အမြုတေရဲ့ လက်ကိုင်ကို ပြန်ကိုင်ထားနိူင်ခဲ့ကာ ဟာရု ကို မျက်နှာချင်းပြန်ဆိုင်လိုက်ပါတယ်။
ခါးကုန်းကြီးဟာ ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ဆန်နီကို သဘောကျတဲ့ အမူအရာနဲ့ စိူက်ကြည့်လိုက်တယ်။
"မယုံရတဲ့ ပိုးကောင်လေး..မင်းဒါကို ဘယ်လိုလုပ်နေတာလဲ.."
ဆန်နီ ပြုံးလိုက်ပြီး..
"မင်း မသိချင်ပါဘူး.."
ယင်းနောက်..သူ နာကျင်မူကြောင့် မျက်နှာရှုတ်မဲ့ကာ..ခနလောက်တိတ်ဆိတ်ပြီးကာမှ ထပ်ပြောလိုက်တယ်။
"..ငါ့ရဲ့ ကဏ္ဍ စွမ်းရည်ကြောင့် မင်းကို ဆက်ပြီး မြင်နေရတာပဲ.."
ဟာရု ပြုံးလိုက်တယ်။
"အိုး..ကောင်းတယ်။ မင်း ငါ့ကို ပြောပြတာ တကယ်ကောင်းတယ်.."
ဒီလိုပြောပြီးတာနဲ့ သူ က ရုတ်တရက် သူ့ရဲ့ လက်ကို ရှေ့ထုတ်လိုကိတယ်။
'သူ ဘာလုပ်နေတာလဲ..'
လက်သီးနဲ့ထိုးဖို့ ဆိုရင်လည်း သူတို့နှစ်ယောက်ကြားထဲက အကွာအဝေးက အနည်းငယ် လှမ်းပါတယ်။
သို့ပေမယ့် ခနအကြာမှာတော့ ဆန်နီဟာ သူ့အမှားကို နားလည်လိုက်တယ်။သို့ပေမယ့် ဒါက အရမ်းနောက်ကျသွားခဲ့ပါပြီ။
ခါးကုန်းကြီးရဲ့ လက်မောင်းမှာရှိနေတဲ့ ချိန်းကြိုးက ရှေ့ကို ထွက်လာခဲ့ပြီး..သူတို့နှစ်ယောက်ကြားထဲက အကွာအဝေးကို လျော့ချပေးလာခဲ့တယ်။ဆန်နီတောင် မတုန့်ပြန်နိုင်ခင်မှာပဲ ဒီဟာက သန်းခေါင်ယံ အမြုတေ ရဲ့ ဓားသွားကို ရစ်ပတ်သွားခဲ့ပြန်ပါပြီ။
ယင်းနောက် ဟာရု ဟာ အားနဲ့ လှမ်းဆွဲလိုက်ပါတယ်။
ဆန်နီ အနေနဲ့..ဓားနဲ့ အတူလိုက်သွားပြီး ရက်စက်တဲ့ လူသတ်သမား ရှေ့က ကြမ်းပြင်ပေါ်ကို သွားမလား ဒါမှမဟုတ်..ဓားကို လွှတ်လိုက်မလား ဆိုပြီး ရွေးချယ်စရာ နှစ်ခု ရှိနေခဲ့တယ်။သူက ဒုတိယ တစ်ခုကို ရွေးချယ်လိုက်ပါတယ်။
သန်းခေါင်းယံ အမြုတေက အဝေးကြီးကို လွင့်စင်သွားပြီး ကြမ်းပြင်ပေါ်ကို သံစဥ်ညီစွာ ကျသွားခဲ့တယ်။ဓားကို ပြန်ယူဖို့ မျှော်လင့်ချက် အနည်းငယ် ရှိနေသေးပေမယ့်...ဆန်နီ ဓားကို သိမ်းပြီး ..ပြန်ထုတ်ယူဖို့အတွက် လုံလောက်တဲ့ အချိန်ကို ဟာရုက ပေးမှာ မဟုတ်ပါဘူး။
အမှန်ပဲ..ချက်ချင်းဆိုသလို ခါးကုန်းကြီးက သူ့ရဲ့ရှေ့ကို ပြေးတက်လာခဲ့ပြီး..သူ့ရဲ့ သံလက်သီးနဲ့ဆန်နီရဲ့
ခန္တာကိုယ်ပေါ်က အရိုးတိုင်းကို ချိုးဖျက်ဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်။
'သွားသေလိုက်..ခွေးသား..'
ဆန်နီ အော်ပြီး..ရှေ့ကို ပြေးတက်သွားလိုက်ပါတယ်။သေစေနိုင်လောက်တဲ့ တိုက်ခိုက်မူကို ခန္တာကိုယ်ကို
လှည့်လိုက်ကာ ရှောင်ရှားရင်း..ပြင်းထန်တဲ့ လက်သီးတစ်လုံး ပစ်သွင်းလိုက်တယ်။သူ့ရဲ့ လက်သီးက ခါးကုန်းကြီး ရဲ့ မေးရိုးနဲ့ မိတ်ဆက်သွားခဲ့တာကြောင့်ဟာရု ဟာ နောက်ကို ယိုင်ထွက်သွားခဲ့တယ်။
ဆန်နီက..ပိန်ပါးပြီး..လူအများစုထက် အရပ်မရှည်ပေမယ့်..အရင်ကလို အားနည်းတဲ့ မြို့ပြင်က ကောင်လေး မဟုတ်တော့ပါဘူး..။
တွေးကြည့်လို့ မရနိုင်အောင် ကြောက်မက်ဖွယ်ကောင်း တဲ့ အိပ်မက်ဆိုးသားရဲ တွေကို သတ်ပြီး ရလာတဲ့ အရိပ်အပိုင်းအစ ၉၀၀ ကျော်ရဲ့ စွမ်းအား တွေက သူ့ရဲ့ သွေးကြောတွေထဲမှာ စီးဆင်းနေခဲ့ပါပြီ။သူက..သူ့ရဲ့ အမြင်ပုံစံထက် အများကြီး ပိုပြီး သန်မာပါတယ်။
သူ့ရဲ့ လက်ဗလာ နဲ့ ကျောက်တုံးတွေကို ခြေမွပစ်လို့ရတဲ့အထိ ကို သန်မာပါတယ်။
...ဒီလိုဆိုရင်တောင်မှ...သူက ဟာရုရဲ့ သန်မာမူ ကို မယှဥ်နိုင်ခဲ့ပေ။သူ့ရဲ့ လက်သီးက မျက်နှာကို ထိမှန်သွားတာတောင်..ဟာရုက နာကျင်တဲ့ အမူအရာ ရှိမနေခဲ့ပါဘူး။သို့ပေမယ့် သူ့ရဲ့ နောက်ထပ်တိုက်ခိုက်မူ ကြောင့် ဆန်နီ လဲကျမလိုတောင် ဖြစ်သွားခဲ့ပါတယ်။
ခနအကြာမှာတော့ သူတိုနှစ်ယောက်ဟာ..ကြမ်းတမ်းပြီး ၊ ရက်စက်တဲ့ တိုက်ခိုက်မူတွေ ကြားကို ရောက်ရှိသွားခဲ့ကြတယ်။သူတို့ရဲ့ လက်သီးတွေ ၊ ခြေထောက်တွေ နဲ့ သွားတွေ ကိုတောင် အသုံးပြုပြီး တိုက်ခိုက်နေကြပါပြီ။ရန်သူကို ဖျက်ဆီးနိုင်ဖို့ အတွက်ဆိုရင် သူတို့က နည်းလမ်းပေါင်းစုံကို အသုံးပြုလာခဲ့ကြတယ်။ဟာရုက ..အတွေ့အကြုံရှိတဲ့ လူသတ်သမားတစ်ယောက်ရဲ့ ကျွမ်းကျင်မူတွေကို အသုံးပြုပြီး တိုက်ခိုက်နေတဲ့ အချိန်မှာ..ဆန်နီကတော့..သူ့ရဲ့ ရက်စက် ကြမ်းတမ်းတဲ့ ကြီးပြင်လာမူကနေ သင်ပြပေးတဲ့ တွက်ချက်မူတွေ နဲ့ တိုက်ခိုက်နေခဲ့ပါတယ်။
ခါးကုန်းကြီးကတော့ ဒီတိုက်ပွဲမှာ အထက်စီးကနေ တိုက်ခိုက်နေနိုင်ခဲ့တယ်။သူ့ရဲ့ ကြီးမားတဲ့ အင်အား၊ သာလွန်တဲ့ အလေးချိန် နဲ့ လက်တံရှည်မူတို့ကြောင့် သူအနိုင်ရဖို့ လိုအပ်တာဆိုလို့ ဆန်နီကို မြေကြီးပေါ် ဆွဲလှဲနိုင်ဖို့ပါပဲ။ဒီအချက်ကို သိနေတဲ့ ဆန်နီဟာ..မလဲကျသွားစေဖို့ အတွက် သူ့ရဲ့ ရှိသမျှ ခွန်အားကို အသုံးပြုနေခဲ့ပါတယ်။သူက ခန္တာကိုယ်ကို လှည့်လိုက်ပြီး ခါးကုန်းကြီးရဲ့ ကြီးမားတဲ့ လက်ကြီးကို ရှောင်ရှားလိုက်ကာ..ဆက်တိုက်ပြန်တိုက်ခိုက်နေခဲ့တယ်။
မကြာခင်မှာပဲ..ဟာရု ရဲ့ လေးထောင့်ပုံစံ မျက်နှာပေါ်မှာ ဒါဇင်ဝက်လောက် ရှိတဲ့ ဒဏ်ရာတွေပေါ်လာပြီး သွေးထွက်လာခဲ့ပါတယ်။ခါးကုန်းကြီးရဲ့ လက်သီးနဲ့ အထူးသဖြင့် သူ့ရဲ့ သောက်ကျိုးနဲ သံကြိုးကြောင့် ဆန်နီ ရဲ့ ခန္တာကိုယ်မှာ ဆိုးဝါးတဲ့ အချိုးရာ ကြီးတွေ ပေါ်လာခဲ့တယ်။သူ့ရဲ့ နှာဖူးက ဟက်တစ်ကွဲနေပြီး..သူ့မျက်နှာပေါ်ကို သွေးတွေ စီးကျလာနေခဲ့ပါတယ်။
ပုံမှန်ဆိုရင်တော့ ဒီအနေအထားမှာ လူတစ်ယောက်ကဘာမှ မမြင်နိုင်လောက် တော့ပါဘူး။သို့ပေမယ့်..သူ့ရဲ့ မျက်လုံးနှစ်ဖက်လုံး မမြင်ရတာတောင် ၊ သူက အရိပ်ကနေ တဆင့် ရှင်းရှင်းလင်းလင်းကြည့်နေခဲ့တာပါ။
'...ဘယ်လောက် ကြမ်းတမ်းလိုက်လဲ '
ဒါတောင်မှပဲ..ဆန်နီ အမှားလုပ်မိဖို့ အချိန်က အချိန်အနည်းငယ် လောက်သာ လိုပါတော့တယ်။ပြီးတော့ မကြာခင်မှာပဲ သူ လုပ်မိသွားခဲ့တယ်။
ဆန်နီက စက္ကန့်ဝက်လောက်သာ နောက်ကျသွားခဲ့ပေမယ့်..အဲ့အချိန်မှာပဲ..ဟာရုရဲ့ ကြီးမားတဲ့ လက်ဝါးက သူ့ရဲ့ ပုခုံးပေါ်ကို ကျရောက်လာခဲ့ပါတယ်။ယင်းနောက် သူက ဆန်နီရဲ့ အရိုးတွေကို နာကျင်စေဖို့ လုံလောက်တဲ့ ခွန်အားနဲ့ ညှစ်လိုက်တယ်။ဒီနည်းလမ်းနဲ့ ရန်သူရဲ့ တစ်ခါတည်းသော အားသာချက်ဖြစ်တဲ့ လှုပ်ရှားနိုင်စွမ်းကို ထိန်းချုပ်ထားနိုင်ခဲ့ပါပြီ။
ဆန်နီ မျက်လုံးပြူးကျယ်သွားတဲ့ အချိန်မှာတော့ ခါးကုန်းကြီးဟာ ပြုံးလိုက်တယ်။
"သေဖို့အချိန်ရောက်ပြီ..ပိုးကောင်လေး..'
ဒီလိုပြောပြီးတာနဲ့..ဟာရုက သူ့ကို နံရံပေါ်ကို ပစ်ချလိုက်ပြီး..ကျောက်တုံးရဲ့ မျက်နှာပြင်မှာ အက်ကွဲကြောင်းတွေ ပေါ်လာခဲ့ပါတယ်။နာကျင်ပြီး အသိစိတ်ဝေဝါး နေတဲ့ ဆန်နီဟာ သူ့ရဲ့ လည်ပင်းကို အေးစက်တဲ့ အရာတစ်ခုက လာပြီး ညှစ်တာကို ခံစားလိုက်ရတယ်။
သူ့ရဲ့ ရှေ့မှာ ရှိနေတဲ့ သားကောင်ရဲ့ မျက်လုံးကိုကြည့်ရင်း ..ဟာရု ဟာ ဆန်နီရဲ့ လည်ပင်းကို ညှစ်ကာ ပြုံးလိုက်တယ်။
"ကောင်းတယ်..။မင်း မြင်နိုင်နေတာ ကောင်းတယ်။ပုံမှန်အားဖြင့် သူတို့က မမြင်ကြရဘူး..။စိတ်မကောင်စစရာပဲ..."
ဆန်နီ လက်သီးကို မြှောက်ပြီး ခါးကုန်းကြီးရဲ့ မျက်နှာကို ထိုးလိုက်ပေမယ့် သက်ရောက်မူ မရှိခဲ့ပေ။သူက သင့်တော်တဲ့ လှုပ်ရှားမူကို မတွေ့နိုင်သလို ၊ ခန္တာကိုယ်ကို လည်း ရွေ့လို့ မရတော့ပါဘူး..။
ဒါတောင်မှ သူက ထပ်ခါ ၊ ထပ်ခါ ၊ ထပ်ခါ ကြိုးစားနေပါသေးတယ်။
သူ့ရဲ့ လေးထောင့်ပုံစံ မျက်နှာမှာ သွေးတွေ ပိုပိုပြီးဟထွက်လာနေပေမယ့် ဟာရုကတော့ အပြုံးမပျက်ပေ။သူ့ကိုပဲ ကျေနပ်မူတွေနဲ့ ကြည့်နေခဲ့ပါတယ်။
"ကောင်းတယ်..ကောင်းတယ်..။ဒါကကောင်းတယ်..။အရမ်း..အရမ်းကောင်းတယ်.."
ဆန်နီ လက်ကို အားနည်းစွာ မြှောက်လိုက်ပေမယ့်..ဟာရုကို မရိုက်နှက် ခင်မှာ အနည်းငယ် တွေဝေသွားခဲ့တယ်။
သူ့ အဆုပ်ထဲမှာ ကျန်ရှိနေသေးတဲ့ လေအနည်းငယ်နဲ့ သူ တီးတိုး ပြောလိုက်ပါတယ်။
"ဟေး..ခွေးသား..မင်း..မှတ်မိ လား။ငါ ဘာ..ပြောထားလဲ..မင်းကို သတ်ဖို့ လှည့်စားမူတွေ မလုပ်ချင်ဘူးလို့ ..ငါ မပြောခဲ့ဘူး လား..."
ဟာရု ရိုးရှင်းစွာ ပြုံးလိုက်တယ်။
"ကောင်းပြီလေ..ဒါ...ဒါက လှည့်စားမူပဲ.."
တစ်ချိန်တည်းမှာပဲ သူက လက်ကို မြှောက်ပြီး ဟာရု ရဲ့ မျက်နှာကို ရိုက်လိုက်တယ်။ဒီ လက်သီးတွေက အခြေအနေကို ပြောင်းလဲဖို့ မလုံလောက်ဘူးဆိုတာ သိနေတာကြောင့် ဟာရုက ဘာမှ မတုန့်ပြန်ခဲ့ပါဘူး။
သို့ပေမယ့် အဲ့အချိန်မှာပဲ..တစ္ဆေဓားက ဟာရုရဲ့ မျက်နှာနားကို ဆန်နီရဲ့ လက် ရောက်ခါနီး နောက်ဆုံး အခိုက်အတန့်လေးမှာ..ပေါ်ထွက်လာခဲ့ပါတယ်။သာမန် မှတ်သားမူ တွေနဲ့ မတူတာက ဒီဓားက..ဘာမှမရှိတာကနေ ရုတ်တရက် ပေါ်လာနိုင်တဲ့ အရာပါ။
ယင်းနောက် ဒါက ဟာရုရဲ့ နားထင်ကို ဖောက်ဝင်သွားပြီး..သေစေန်ိုင်တဲ့ ဦးနှောက်ထဲအထိကိုပါ ထိုးစိုက်သွားခဲ့တယ်။
ခါးကုန်းကြီးရဲ့ နှုတ်ခမ်းမှာ ရှိနေတဲ့ အပြုံးကတောပအေးခဲသွားခဲ့ပါပြီ။သူ့ ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားပြီး ဖြည်းဖြည်းချင်း ကြည်လင်လာခဲ့တယ်။ဆန်နီရဲ့ လည်ပင်းမှာ ဆိုးဆိုးဝါးဝါး ညှစ်ထားတဲ့ လက်ကလည်း အားနည်းလာခဲ့ပါတယ်။
သူက ကြမ်းပြင်ပေါ်ကို အရုပ်ကြိုးပြတ် လဲကျသွားခဲ့တယ်။သူ့ရဲ့ မျက်လုံးတွေက ပွင့်နေတုန်းဖြစ်ပြီး..ဘာမှ မရှိတဲ့ အရာကို စိုက်ကြည့်နေခဲ့ပါတယ်။
ဆန်နီ ဒူးထောက်လျက်သား ကျသွားခဲ့ပြီး အသက်ကို ဝအောင် ရူနေခဲ့ရတယ်။
"သေ..ခွေးသား..။သေ...သေ...သေစမ်း.."
သူ့မျက်နှာပေါ်မှာတော့ စဥ်းလဲပြီး..ဒေါသထွက်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်။
"သေပြီးတော့..မင်းရဲ့ သခင်ကို ငရဲမှာ သွားအဖော်ပြုပေးလိုက်တော့..."
သူက တုန်ရီစွာနဲ့ နံရံကို ကိုင်ပြီး ထ လာခဲ့တယ်။ယင်းနောက်..သေဆုံးနေတဲ့ ခါးကုန်းကြီးကို မုန်းတီးမူ ၊ အောင်ပွဲခံမူ ၊ အထင်သေးမူတွေနဲ့ ရောထွေးစွာ ကြည့်နေခဲ့ပါတယ်။
အတော်ကြာပြီးကာမှ သူ ပြောလိုက်တယ်။
"ငါ မလုပ်ချင်ဘူးလို့ ပြောတာက ၊ ငါ မလုပ်ပါဘူး လို့ ပြောတာ မဟုတ်ဘူး..အရူးရဲ့.."