ပလ္လင်က်ို ဆက်ခံသူ
Vol. 21 Ch. 301
ဆန်နီဟာ အေးစက်နေတဲ့ ကျောက်တုံးတွေပေါ်မှာထိုင်ပြီး သွေးတွေကို သုတ်နေတဲ့ အချိန်မှာ မျက်နှာရှုတ်မဲ့သွားခဲ့တယ်။ယင်းနောက် ရဲတိုက်တစ်ခုလုံး အနည်းငယ် လှုပ်ခါသွားခဲ့ပြီး ဖုန်တွေက ကော်ရစ်ဒါပေါ်ကို ကျလာခဲ့ပါတယ်။အပေါ်ကို မော့ကြည့်ပြီး အနည်းငယ် မျက်မှောင်ကျုတ်လိုက်ကာ..ဟာရု ဘက်ကို လှည့်လိုက်ပြီး..ခါးကုန်းကြီးရဲ့ အဝတ်အစားအနည်းငယ်ကို ဖြဲလိုက်ပါတယ်။
အလောင်းက စိတ်မရှိမှာ မဟုတ်လောက်ပေ။
အဝတ်စကို သူ့ရဲ့ ဦးခေါင်းမှာပတ်လိုက်ပြီး..သွေးတွေ သူ့ရဲ့ မျက်လုံးထဲကို စီးဆင်းနေတာကို ရပ်တန့်အောင်လုပ်ကာ..ဆန်နီ သင်ပြင်းချပြီး အချက်အလက် ဇယားကို ထုတ်ကြည့်လိုက်ပါတယ်။
အရိပ် အပိုင်းအစ : [ 956 / 1000 ]
" ဒါတော့ တရားမမျှတ ဘူး.."
သူနဲ့ ဟာရု ရဲ့ တိုက်ပွဲက မေ့ပျောက်ကုန်းမြေပေါ်မှာ သူကြုံတွေ့ရတဲ့ တိုက်ပွဲတွေထဲမှာ အခက်ခဲဆုံးတွေထဲက တစ်ခုဖြစ်ပေမယ့်..သူပြန်ရလိုက်တာက ဘာမှမဟုတ်တဲ့..အရိပ်အပိုင်းအစ လေးတစ်ခုတည်းပါ။ဒါက အရိပ်အစေခံ စွမ်းရည်ရဲ့ ထူးခြားမူတစ်ခုပါပဲ။သူက လူသား နဲ့ အိပ်မက်ဆိုး သတ္တဝါကြားကို လုံးဝ ခွဲခြားနိုင်စွမ်း မရှိပေ။သူ့ရဲ့ အမြင်မှာတော့..ဟာရုက ဘာမှ မဟုတ်တဲ့ အသွင်ပြောင်း သားရဲ တစ်ကောင်ပါ။
...ဒါမှမဟုတ် ဒါက လျိုဝှက်ပေးထားတဲ့ ကောင်းချီးပေးမူ တစ်ခုဖြစ်နိုင်ပါတယ်။
"လူသားတွေကို သတ်တာက စီးပွားရေးအရ တကယ်ကို မသင့်တော်ဘူးပဲ..."
ဆန်နီဟာ နောင်တရစွာ ပြောလိုက်ပြီး..တိုက်ပွဲတွေ ဖြစ်နေသေးတဲ့ သရဖူ ခန်းမ ရှိတဲ့ နေရာဘက်ကို ကြည့်လိုက်တယ်။
လူပေါင်းများစွာက ဒေါသတကြီးမူ ၊ သွေးဆာမူ တွေနဲ့ ရူးသွပ်နေခဲ့ကြပြီး..တစ်ခနလေး အတွင်းမှာတင် ဖျက်ဆီးမူတွေ အများကြီးကိူ လုပ်ပြီးခဲ့ပါပြီ။အိပ်စက်သူ ရာနဲ့ချီ ရှိနေပြီး ၊ တစ်ယောက်ချင်းစီတိုင်းက ကဏ္ဍစွမ်းရည်တွေ ပိုင်ဆိုင်ထားကြတာကြောင့် အတော်လေးကို ဆိုးဝါးပါတယ်။ထပ်တူညီ မူ တွေကိုပါ ထပ်ပေါင်းထည့်လိုက်မယ်ဆိုရင် ခန်းမထဲမှာ အခြေအနေ တွေဘယ်လိုဖြစ်နေလဲ ဆိုတာကို ဆန်နီ စိတ်ကူးယဥ် ကြည့်နေခဲ့တယ်။
တစ်စက္ကန့်ချင်းစီမှာ သေဆုံးနေတဲ့ အရေအတွက်က အရမ်းကို များပြားမှာပါ။ရဲတိုက်အဖွဲ့သားတွေ ၊ ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ နောက်လိုက်တွေ ၊ ပြီးတော့ လာပြီးနေထိုင်ကြတဲ့ ကံမကောင်းတဲ့သူတွေ။ကတ်စီ ခန့်မှန်းထားတဲ့ အတိုင်း ခန်းမထဲမှာ သွေးတွေက မြစ်ကြီးသဖွယ် စီးဆင်းနေခဲ့ပါပြီ။
ဒါက ဆန်နီ ကြောက်ရွံ့ခဲ့တဲ့ အတိုင်းပါပဲ။
နစ်ဖီက ဘာတွေ တွေးနေတာလဲ..။
သူမရဲ့ ရည်မှန်းချက်က အနက်ရောင်မြို့တော်ရဲ့ အုပ်ချုပ်သူ တစ်ယောက်ဖြစ်ဖို့ ဘယ်တုန်းကမှ မဟုတ်ခဲ့ပါဘူး။ရှေးဟောင်းရဲတိုက်ကို ဂန်လောင်ရဲ့ ထိန်းချုပ်မူအောက်ကနေ တိုက်ခိုက်ပြီး ယူတာကအဆုံးသတ်ဖို့ နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။သူမရဲ့ စစ်မှန်တဲ့ ရည်ရွယ်ချက်က အမြဲတမ်း ကြက်သွေးရောင် ရဲတိုက် အတွင်းမှာ ရှိနေခဲ့တာပါ။
...မေ့ပျောက်ကုန်းမြေရဲ့ အန္တရာယ် အရှိဆုံးနေရာ
တစ်ခု။
အဲဒီအမြင်အရကြည့်မယ် ဆိုရင် ဒီလူသတ်ပွဲကြီးက ဖြုန်းတီးမူတစ်ခုပါ။စစ်သားတွေရဲ့ အလားအလာ၊ မရေမတွက်နိုင်တဲ့ မှတ်သားမူ တွေ ၊ ထွက်ပေါက်ကို ရောက်မယ့် တစ်ခြား သူမလိုအပ်တဲ့ အရာတွေက တိုက်ပွဲကြောင့် အနည်းနဲ့အများ ကုန်ဆုံးသွားမှာ သေချာပါတယ်။
ဒါပေမယ့် ဒီလို ဟုတ်နိုင်ပါ့မလား။
ဘာပဲဖြစိဖြစ် ကျန်တဲ့လူသားတွေက..ဆန်နီ ပိုင်ဆိုင်ထားသလို ထူးဆန်းတဲ့ နတ်ဘုရား စွမ်းရည်ကို ပိုင်ဆိုင်ထားကြတာ မဟုတ်ပါဘူး..။နိုးထသူ တစ်ယောက်က တစ်ခြားတစ်ယောကို သတ်လိုက်မယ် ဆိုရင် သေဆုံးသူ စုပ်ယူထားတဲ့ ဝိဥာဥ် အဆီအနှစ်တွေရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း တစ်ခုစာလောက်ကို သူတို့က ရရှိကြပါတယ်။အများစုက ပျောက်ကွယ်သွားတယ် ဆိုပေမယ့်..သူတို့ရလိုက်တဲ့ ပမာဏကတင် လုံလောက်တာထက်ကို ပိုနေပါပြီ။
ကြက်သွေးရောင် ထိပ်ဖျားက လူအရေအတွက် နဲ့ သိမ်းပိုက်လို့ ရတဲ့ အရာမဟုတ်ပေ။ဒီတော့ နစ်ဖီက အားနည်းတဲ့ လူတစ်ထောင်ကို တကယ်ပဲ မလိုအပ်ပါဘူး..။သူမ တကယ်လိူအပ်တာက..တိုက်ပွဲအရည်အသွေး ပြည့်ဝတဲ့ တိုက်ခိုက်ရေးသမား တစ်ရာ ကျော်လောက်ပါ။
အခု ရဲတိုက်ထဲမှာ ဖြစ်ပျက်နေတဲ့ အရာတွေက ဖြုန်းတီးမူတစ်ခု မဟုတ်ပါဘူး။ယ
ဒါက လူတွေကို စစ်ထုတ် နေခဲ့တာပါ။
ဆန်နီ သက်ပြင်းချလိုက်ပြီး..မတ်တတ်ထရပ်ကာ သန်းခေါင်းယံ အမြုတေကို ဝိဥာဥ် ပင်လယ်ထဲကနေ ထုတ်လိုက်တယ်။
အခုက တိုက်ပွဲထဲ ပြန်ဝင်ရမယ့် အချိန်ပါပဲ။
***
အဆုံးမှာတော့ ဒီနေ့မှာ လူပေါင်း နှစ်ရာကျော်လောက် သေဆုံးသွားခဲ့ကြတယ်။ဒီလို သေဆုံးသွားခဲ့ကြတဲ့ အပြင် တိုက်ပွဲကလည်း ခါးသက်တဲ့ သရေပွဲ အဖြစ် ပြီးဆုံးသွားခဲ့ပါတယ်။
ဒီအတွက် အဓိက အကြောင်းပြချက်ကတော့ လူသုံးယောက်ဖြစ်တဲ့ နစ်ဖီ ၊ တီဆိုင် နဲ့ ဂျန်မာ တို့ကြောင့်ပါ။
တိုက်ပွဲမှာ ပါဝင်နေတဲ့ ကျန်တဲ့ အိပ်စက်သူတွေက ဘယ်လောက်ပဲ သန်မာနေပါစေ..ဒီသုံးယောက်နဲ့ တွေ့ဆုံတဲ့ အချိန်မှာ အခွင့် အရေး မရှိကြပါဘူး။မယုံကြည်နိုင်လောက်တဲ့ စွမ်းရည် ၊ ကျွမ်းကျင်မူ နဲ့ ဂုဏ်သိက္ခာရှိတဲ့နောက်ခံတွေကြောင့် အနက်ရောင်မြို့တော်တစ်ခုလုံးက..အသန်မာဆုံးဖိုက်တာတွေထဲက တစ်ယောက်လို့ ယုံကြည်ထားတဲ့ ကတ်စတာ တောင် အခွင့်အရေး မရှိခဲ့ပေ။
ဂုဏ်ယူရတဲ့ ဆက်ခံသူက မုဆိုးတွေရဲ့ ခေါင်းဆောင်နဲ့ တိုက်ခိုက်တဲ့အချိန်မှာ သူ့ရဲ့ ဓားက လျင်မြန်စွာပဲ ဂျန်မာရဲ့ နှလုံးသားကို ထိုးဖောက်တဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။သို့ပေမယ့် အားလုံးကို အံ့ဩသင့်စေတာက..ဒီလို ဆိုးဝါးတဲ့ ဒဏ်ရာရတာတောင် ဒီလူက မျက်တောင်တစ်ချက် မခတ်ပါဘူး။ပြီးတော့ ခနကြာတဲ့ အချိန်မှာ သူ့ရဲ့ ဒဏ်ရာက အမာရွတ်တောင် မကျန်ပဲ မှော်ဆန်စွာ ပြန်ပိတ်သွားခဲ့ပါတယ်။
ကတ်စတာက အကြောက်အလန့်ကင်းတဲ့ မုဆိုး ဂျန်မာ ရဲ့ အသွေးအသားတွေကို ဘယ်လောက် လှီးဖြတ် ၊ ထိုးနှက်ပါစေ..ရိုးရှင်းစွာပဲ ပြန်ကောင်းသွားခဲ့တယ်။ဒါက ဂုဏ်ယူရတဲ့ ဆက်ခံသူဟာ ရေကို လှီးဖြတ်နေရတဲ့ အတိူင်းပါပဲ။
ဂျန်မာရဲ့ ကဏ္ဍ စွမ်းရည်က သူ့ကို အင်မော်တယ် တစ်ယောက် နီးပါးတောင် ဖြစ်နေစေပြီး ၊ သူ့ရဲ့ မယုံနိုင်စရာ ကျွမ်းကျင်မူ ၊ တွက်ချက်မူတွေက သူ့ကို သေဆုံးခြင်း ပြယုဒ် အဖြစ် ဖြစ်စေပါတယ်။
တီဆိုင် ကလည်း တူညီစွာပဲ ကြမ်းတမ်းနေခဲ့တယ်။သူ့ရဲ့ အားကောင်းတဲ့ ကဏ္ဍ စွမ်းရည်က အေးစက်ပြီး အေးခဲ သွားစေပါတယ်။ဒါက သူ့ရဲ့ အရည်ပြားတွေကို ကျောက်တုံးတွေလို မာကျောသွားစေပြီး ..ရန်သူရဲ့ လှုပိရှားမူတွေကို နှေးကွေး ၊ တောင့်တင်း စေပါတယ်။
အဆုံးမှာတော့ သေဆုံးတဲ့ အရေအတွက်က များသထက် များလာတာကြောင့် သုံးယောက်စလုံးက သူတို့ရဲ့ နောက်လိုက်တွေကို ပြန်ဆုပ်ဖို့ အမိန့်ပေးခဲ့တယ်။
နေ့တစ်နေ့ရဲ့ အဆုံးကို ရောက်တဲ့ အချိန်မှာတော့ ရဲတိုက် ရဲ့ ပိုင်ရှင်အသစ်က မဆုံးဖြတ်ရသေးပါဘူး..။သရဖူ အတွက် ယှဥ်ပြိုင်သူ သုံးယောက်က ရဲတိုက်ကြီးကို သုံးပိုင်းပိုင်းပြီး အုပ်ချုပ်နေခဲ့ပါတယ်။
အကြီးဆုံးနဲ့ အသန်မာဆုံး အုပ်စု ၊တိုက်ခိုက်ရေးသမား အများဆုံးနဲ့ မှတ်သားမူ လက်နက်တွေ တပ်ဆင်ထားတဲ့ အဖွဲ့ကတော့..တီဆိုင် နဲ့ အစေခံတွေရဲ့ခေါင်းဆောင် ဆိုင်ရှန် တို့ ပေါင်းစည်းထားတဲ့ အဖွဲ့ပါ။အစောင့်အကြပ် တွေနဲ့ အစေခံတွေ ပေါင်းစည်းထားတဲ့ အင်အားက ကျန်တဲ့ နှစ်ဖွဲ့ ပေါ်တင် စိန်မခေါ်ရဲတဲ့
အင်အားစု ဖြစ်နေခဲ့တယ်။သူတို့က ရဲတိုက်ရဲ့ မြောက်ဘက်နဲ့ အနောက်ဘက်ကို ထိန်းချုပ်ထားကြပြီး ..နည်းဗျူဟာ ကျကာ ၊ အေးအေးဆေးဆေး ကာကွယ်နိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။
ဒုတိယ အဖွဲ့ကတော့ ဂျန်မာ နဲ့ လက်မူပညာရှင် ခေါင်းဆောင် ကီဒို ဦးဆောင်တဲ့ အဖွဲ့ပါ။သူတိူ့နှစ်ယောက်ရဲ့ အဖွဲ့က တစ်ခြားအဖွဲ့တွေထက် အင်အားနည်းတယ် ဆိုပေမယ့် အဖွဲ့ဝင်တစ်ယောက်ချင်းစီတိုင်းက လူ တစ်ဒါဇင်လောက်နဲ့ ညီမျှပါတယ်။သူတို့က အနက်ရောင်မြို့တော်ထဲမှာ အတွေ့အအကြုံရှိပြီး အကြောက်အလန့်ကင်းတဲ့ မုဆိုး တွေပါ။သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေက မကြီးမားပေမယ့်လည်း..တစ်ခုတည်းသော အားကိုးရာ ဖြစ်တဲ့ ရဲတိုက်ရဲ့ အစားအသောက် နဲ့ ရေ အရင်းအမြစ်ကို ထိန်းချုပ်ထားနိုင်တာကြောင့် အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်နေခဲ့တယ်။
ကျန်တဲ့ အပိုင်းကတော့ နစ်ဖီ ပိုင်ဆိုင်တဲ့ အရာပါ။သူမက အဓိက ဝင်ပေါက်တည်ရှိတဲ့ ရဲတိုက်ရဲ့ တောင်ဘက်ပိုင်းကို ထိန်းချုပ်ပြီး..အလားတူ စွာပဲ အရင်နေထိုင်သူတွေ အတွက် နေထိုင်ရာဖြစ်ခဲ့တဲ့ အပြင်ဘက် ရပ်ကွက်ကို ထိန်းချုပ်ထားပါတယ်။
သို့ပေမယ့် အနက်ရောင်မြို့ထဲမှာက လုံခြုံတဲ့နေရာ ထပ်ပြီး မရှိတော့တာကို သူတို့ အလျင်အမြန်နားလည်လိုက်တယ်။
ဂန်လောင် မရှိတော့ဘူးဆိုတော့ ထိန်းချုပ်မူတွေ အားလုံး ကွယ်ပျောက်သွားပါပြီ။အစားအသောက်ယူဆောင်ပေးဖို့ အတွက် ဘယ်သူမှ အမဲလိုက်မထွက်ကြတော့ပါဘူး။အိပ်မက်ဆ်ိုး သတ္တဝါတွေကို မောင်းထုတ်ဖို့ ဘယ်သူကမှ ကင်းမစောင့်ပေးကြတော့ပေ။အမှောင်ထဲမှာ ဖြစ်ပျက်နေတဲ့ ပြစ်မူတွေ၊ အကြမ်းဖက်မူ တွေကို ရပ်တန့်ပေးမယ့်သူလည်း ဘယ်သူမှ မရှိတော့ပါဘူး..။
ပြီးတော့ ဒီအခြေအနေ တွေက..အဖြူရောင် ပလ္လင်ကို ရယူနိုင်တဲ့ နောက်ထပ် အရှင်သခင် မပေါ်ပေါက်လာခင် အထိ ဆက်တိုက်ဖြစ်နေဦးမှာပါ။
သရဖူကို ရဖို့အတွက်..သွေးစွန်းတဲ့ ရုန်းကန်မူတွေက စတင်လာခဲ့ပါပြီ။