နေမြဲအတိုင်း
Vol. 21 Ch. 302
နောက်ထပ် ရက်သတ္တပတ် အနည်းငယ်မှာတော့ တောက်ပတဲ့ ရဲတိုက်ဟာ ထူးဆန်းတဲ့ နေရာတစ်ခုဖြစ်လာခဲ့တယ်။
ကြီးမားတဲ့ နံရံကြီးတွေရဲ့ကြားထဲမှာပဲ..အတားအဆီးတွေ တည်ဆောက်ပြီး..ကိုယ့်ရဲ့ ပိုက်နက်အတွင်းမှာ ခံတပ် သုံးခု ပေါ်ပေါက်လာခဲ့ပါတယ်။ဒီ ကာကွယ်ထားတဲ့ နယ်နိမိတ်ရဲ့ အပြင်ဘက်ကတော့ ဘယ်သူ့နယ်မြေမှ မဟုတ်တော့ပဲ အပြင်ထွက်သွားတာက သေဆုံးခြင်းနဲ့ ညီမျှပါတယ်။
အပြင်မှာ ဘာတွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုဘယ်သူမှ မသိကြပေ။အလောင်းတွေက ကြမ်းပြင်တွေပေါ်မှာ ရှိနေကြသလို..တစ်ခါတစ်လေဆိုရင်လည်း လူသတ်သမားတွေက အမှောင်ထဲမှာ ပုန်းအောင်းနေတတ်ကြပါတယ်။တရားဥပဒေကို စိုးမိုးပေးမယ့် အုပ်ချုပ်သူက မရှိတော့တာကြောင့်..လူတွေအများကြီးက သူ့တို့ရဲ့ အနက်ရှိုင်းဆုံးမှာရှိနေတဲ့ မကောင်းတဲ့ စိတ်တွေကို ထုတ်ဖောက်လာခဲ့ကြတော့တယ်။သို့ပေမယ့် ဒီ စိတ်ပျက်စရာတွေက..ရဲတိုက်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အန္တရာယ်တွေထဲမှာ အသေးအမွှားလေးပါ။
ပိုပြီးဆိုးတာက..ကင်းလှည့်တဲ့ အချိန်တွေ ဒါမှမဟုတ် တစ်ခြား တစ်ဖွဲ့နဲ့ တိုက်ခိုက်ရတဲ့ အချိန်တွေ မှာပါ..။အထူးသဖြင့် ရဲတိုက် အစောင့်တွေက သူတို့ တစ်စုံတစ်ယောက်ကို တွေ့ပြီဆိုတာနဲ့ မြန်မြန်ဆန်ဆန် သတ်ပစ်တတ်ကြပါတယ်။တစ်ခါတစ်လေဆို ကြောက်မက်ဖွယ်ကောင်းတဲ့ နည်းလမ်းတွေနဲ့ သတ်ပစ်ကြတယ်။မုဆိုးတွေနဲ့ ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ နောက်လိုက်တွေကလည်း အလားတူစွာပဲ ရက်စက်ကြပါတယ်။သို့ပေမယ့် သူတို့က အနည်းဆုံးတော့ အကြောင်းပြချက် မရှိပဲ ဒီီလို မလုပ်ကြပါဘူး..။
သို့ပေမယ့် အခုချိန်မှာ ပိုပြီးကြောက်ဖို့ကောင်းတဲ့ ပြောင်းလဲမူက..ရှေးဟောင်းခံတပ်ထဲမှာ နေထိုင်ကြတာက လူသားတွေပဲ မဟုတ်တော့ဘူး ဆိုတဲ့ အချက်ပါ။
ဂန်လောင်သေဆုံးပြီးတဲ့ နောက်မှာ လူတွေ အများကြီးက အသတ်ခံခဲ့ရပြီး..ကျန်တဲ့လူတွေကလည်း သူတို့ရဲ့ တိုက်ပွဲအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့ကြပါတယ်။ပြီးတော့ ဒီလိုနဲ့ပဲ..နှစ်ပေါင်းများစွာ အကြာမှာတော့..အိပ်မက်ဆိုးသားရဲတွေက..ရဲတိုက်ကြီးရဲ့ အောက်ဘက်ကို ပြန်ရောက်လာနိုင်ကြပါပြီ။
တစ်ချို့ကို သက်ဆိုင်ရာ နယ်မြေတွေရဲ့ ကိုယ်စားပြုသူ တွေက သတ်ဖြတ်ခဲ့ကြပေမယ့်..တစ်ချို့ကတော့ ရဲတိုက်ရဲ့ နက်ရှိုင်းတဲ့ အပိုင်းမှာ ပုန်းအောင်းနေနိုင်ပြီး အသိုက် ဆောက်လုပ်ထားခဲ့ကြပါတယ်။ဒါက ဘယ်နှစ်ကောင်လဲ ဆိုတာကို အတိအကျမသိပေမယ့်..သတ္တဝါကြီးတွေ ရှိနေတယ် ဆိုတဲ့ အချက်နဲ့တင် သူတို့က ညဘက်မှာ အိပ်မပျော်တော့ပါဘူး။
ပတ်ဝန်းကျင်မှာ ပျံ့နှံ့နေပြီး..တစ်ခြားအရာတွေထက် ကြောက်ဖို့ကောင်းတဲ့ ကောလဟာလ တစ်ခုလည်း ရှိနေခဲ့တယ်။အဲတာကတော့ လူတွေဆက်တိုက်ပြောနေကြတဲ့..သွေးသခင် သားရဲ အကြောင်းပါ။ဒီ သားရဲက ရဲတိုက်ရဲ့ ကော်ရစ်ဒါ မှာလျောက်သွားပြီး..လူသားတွေကို သတ်ကာ..သူတို့ရဲ့လည်ချောင်းကို လက်သည်းနဲ့ ဖောက်ပြီး သွေးတွေ စုပ်ယူလေ့ရှိပါတယ်။တစ်ချို့ကတော့ ဒီသတ္တဝါက သူ့ကို သတ်ဖြတ်ခဲ့သူတွေကို လက်စားချေဖို့ ပြန်လာတဲ့ ဂန်လောင် ကိုယ်တိုင်လို့တောင် ထင်နေခဲ့ကြတယ်။
ဆန်နီဟာ သူ့ရဲ့ ကင်းလှည့်အဖွဲ့ထဲက လူငယ်လေး တစ်ယောက်ရဲ့ သွေးတွေကင်းမဲ့ ပြီး သေဆုံးနေတဲ့ အလောင်းကို မတွေ့ရခင်အထိ ဒါကို သံသယဖြစ်နေခဲ့ပါသေးတယ်။တစ်ခနလောက်တော့ သူ့ စိတ်ထဲမှာ ကြောက်စိတ်ဝင်သွားခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် သူကသွေးပန်းပွင့်တွေ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာကို သိနေတဲ့သူတစ်ယောက်ပါ။သို့ပေမယ့် ဂန်လောင်သေဆုံးပြီးတဲ့နောက်မှာ သူ့အလောင်းကိုပါ ဖျက်ဆီးပစ်ခဲ့ကြတာကို တွေးပြီး စိတ်တည်ငြိမ်သွားခဲ့ပါတယ်။
တကယ်လို့ ဂန်လောင်ရဲ့ အလောင်းကသာ လူတွေရဲ့ သွေးကို သောက်သုံးပြီး လျောက်သွားနေတာ မဟုတ်ဘူးဆိုရင်..ဘာဖြစ်နိုင်ဦးမှာလဲ...။
ဒီအတောအတွင်း ရဲတိုက်ထဲမှာ စိတ်အနှောက်ယှက်ဖြစ်စရာတွေချည်း ဖြစ်ပျက်နေခဲ့ပါတယ်။
ဒီအဖြစ်အပျက်တွေအပြင်..အဖွဲ့တွေကြားထဲမှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲငယ်လေးတွေကလည်း အများကြီးရှိနေပါသေးတယ်။သူ ဒါကို တွေးတောင် မတွေးချင်တော့ပေ..။ခံတပ်သုံးခုကလွဲလို့ လုံခြုံတဲ့ နေရာဆိုတာ မရှိတော့ပါဘူး..။
အပြင်ဘက် ရပ်ကွက်ဆိုရင်လည်း လုံးဝကိုစွန့်ပစ်လိုက်ရပါပြီ..။အစကတော့ နစ်ဖီက တိုက်ပွဲမှာ မပါဝင်ချင်တဲ့ သူတွေ အတွက် ဒီနေရာလေးကို နိဗ္ဗာန်ဘုံ အဖြစ် ထားချင်ခဲ့ပါတယ်။သိူ့ပေမယ့် သူမရဲ့ ရန်သူတွေက သင်ခန်းစာ ကောင်းကောင်းပေးလာခဲ့တယ်။သူမရဲ့ အင်အားတွေကို နေရာတွေ အများကြီးမှာ ဖြန့်ကျတ်ထားတာက တိုက်ခိုက်ခံရဖို့အတွက် ဖိတ်ခေါ်နေတာပါပဲ။ဒါပြီးတဲ့ နောက်မှာတော့ သူမရဲ့ နောက်လုံးတွေအားလုံးဟာ..ဆန္ဒရှိသည်ဖြစ်စေ ၊ မရှိသည် ဖြစ်စေ..ရဲတိုကိရဲ့ တောင်ဘက်ပိုင်းမှာရှိနေတဲ့ အင်အားစုဆီကို ပူးပေါင်းခဲ့ကြရပါတယ်။
ဒါတောင်မှ..နှစ်ပတ်လောက်ကြာမြင့်ပြီးတာတောင် ဘာမှ မပြောင်းလဲခဲ့ပါဘူး..။အဖွဲ့သုံးခုက ဆက်တိုကိရုနိးကန်နေခဲ့ကြရပြီး..သူတို့ကြားက အဆင့်အတန့်ကို မချိုးဖျက်နိုင်ခဲ့ကြပေ..။
မကြာခင်မှာတော့ တစ်ခုခု ပြောင်းလဲပါလိမ့်မယ်။
***
ညနေခင်းမှာတော့ ဆန်နီဟာ..ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ခံတပ်အတွင်းမှာရှိတဲ့ သေတ္တာတစ်လုံးပေါ်မှာထိုင်နေခဲ့တယ်။သူ့လက်ထဲမှာတော့ ရိက္ခာခြောက်ထည့်ထားတဲ့ ..ပန်းကန်လုံးတစ်လုံးကို ကိုင်ပြီး ကြိုက်ကြိုက်မကြိုက်ကြို အပြည့်အဝ စားနေခဲ့ပါတယ်။
သူနဲ့ မီတာ အနည်းငယ် အကွာမှာတော့..နစ်ဖီရဲ့ နောက်လိုက်နှစ်ယောက်ဟာ..သူ့လိူမျိုး စားသောက်ရင်း စကားပြောနေခဲ့ကြတယ်။သူ လည်း အနည်းငယ် ပျင်းနေတာနဲ့..စားသောက်နေရင်း သူတို့ပြောတာကို နားထောင်နေခဲ့ပါတယ်။
"မင်းကြားပြီးပြီလား..။သူတို့က ပလ္လင်ခန်းမ အနားမ နောက်ထပ် အလောင်းတစ်ခုကို တွေ့ကြပြန်ပြီ..။သွေးသခင်က သူ့ကို သတ်လိုက်တာ.."
"ဘုရားရေ..ဒီအရာက ငါ့ကို တကယ်ကြက်သီးထစေတာပဲ.."
"ဟုတ်တယ် ကြောက်ဖို့ကောင်းတယ်..။ဒါပေမဲ့..ငါ တကယ်ကြောက်တဲ့ အရာက ဘာလဲဆိုတာ သိလား.."
နေထိုင်သူဟာ သူ့ရဲ့ ပါတနာကို ကြည့်လိုက်တယ်။ဒီလူက လွန်ခဲ့တဲ့ ရက်သတ္တပတ်တုန်းက ရဲတိုက်အတွင်းမှာ အခကြေးငွေပေးပြီး နေခဲ့တဲ့ သူပါ။
"ဘာလဲ.."
"ဟာရုလေ..။အဲ့ခွေးသား..။သူက အခု ဘယ်မှာလဲ..။ချီးပဲ..ငါသာ အိပ်မက်မက်နိုင်မယ်ဆိုရင် ..အဲဒီခါးကုန်းကြီး ကို ညတိုင်း အိပ်မက်မက်နေမှာ သေချာတယ်.."
"..ခနလေး..မင်းအခုထိ မသိသေးဘူးလား.."
"ဘာကိုလဲ.."
"သူက သေပြီလေ.."
အခကြေးငွေပေးပြီး နေခဲ့တဲ့သူက မျက်လုံးပြူးကျယ်သွားတဲ့ အချိန်မှာတော့ ဆန်နီဟာ တစ်ဖက်ကို လှည့်ပြီး မရယ်မိအောင်ကြိုးစားနေခဲ့ရတယ်။
"မဖြစ်နိုင်တာ.."
"ဟုတ်တယ်..။သူတို့က သူ့ရဲ့အလောင်းကို ပလ္လင်ရဲ့အနောက်ဘက်က လမ်းကြားထဲမှာ တွေ့ခဲ့တာ။တစ်စုံတစ်ယောက်က..သူ့ကို..သတ်လိုက်တာပဲ။လက်ဗလာ နဲ့ပဲ သတ်ခဲ့တာတဲ့..။ငါတော့ အဲလိုကြားတာပဲ "
စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားခဲ့တယ်..။ယင်းနောက် သူတို့ထဲက တစ်ယောက်က ပြောလာခဲ့ပါတယ်။
"ဘယ်လိုလူက အဲဒီမွန်းစတားကို သတ်နိုင်တာလဲ..။လက် ဗလာနဲ့လေ.."
နေထိုင်သူဟာ ကျောချမ်းသွားခဲ့ပြီး..
"အဲတာပြောတာ..။ဘယ်သူမှ မသိလိုက်ဘူး။သန်မာတဲ့ လူတွေကို တွက်ကြည့်ရင်လည်း..။သူတို့ အကုန်လုံး ပလ္လင်ခန်းမထဲမှာ တိုက်ခိုက်နေကြတာကို တွေ့နေရတာပဲ.."
"...ဟင်း..အခုတော့ ငါက ပိုတောင် ကြောက်လာပြီ..။ဟာရုကတင် လုံလောက်အောင် ကြောက်ဖို့ကောင်းနေပြီ..။ဒါတောင်မှ ရဲတိုက်ထဲမှာ သူ့ကို အလွယ်တကူ သတ်နိုင်တဲ့သူ ရှိနေသေးတယ်လား။ပြီးတော့ တစ်ချိန်လုံး ဘယ်သူမှ သတိမထားမိအောင် နေနေသေးတယ်..ချီးပဲ..ဒါက ကြောက်စရာပဲ.."
အပြင်ဘက်နေထိုင်သူဟာ သူ့ကို ခေါင်းညိမ့်ပြပြီး ဆန်နီ ဘက်ကို လှည့်လိုက်တယ်။
"ဟေး..ဆန်နီ..ဟုတ်တယ်မလား..။မင်းက မိန်းကလေး နစ်ဖီ ရဲ့ ထောက်လှမ်းသူ မလား..။မင်းရော ဟာရုကို ဘယ်သူသတ်တယ်ထင်လဲ.."
ဆန်နီ ခနလောက်တွေးပြီးမှ ရိုးသားစွာပြောလိုက်တယ်။
"ကောင်းပြီလေ..ငါ့ကိုယ်ငါက လွှဲရင် ၊ တိုက်ပွဲထဲမှာ တကယ်ကို ကြောက်ဖို့ကောင်းပြီး..ကမ္ဘာပေါ်မှာ သူ့ကို သေစေနိုင်လောက်တဲ့ အိပ်စက်သူက..အာ..ငါတော့ ကတ်စီ လုပ်နိုင်မယ်လို့ ထင်တာပဲ.."
လူငယ်လေးဟာ သူ့ကို သဘောမကျတဲ့ အမူအရာနဲ့ ကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်။
"သိပ်မကောင်းဘူးနော် ငါ့လူ..။မြှောင်ပင့်တယ် ဆိုတာတော့ ကောင်းပါတယ်။ဒါပေမဲ့ မိန်းကလေး
ကတ်စီယာကို လှောင်ပြောင်တာကတော့ မင်းကိုယ်မင်း နိမ့်ကျစေတယ်.."
ဆန်နီ မျက်တောင်ခတ်လိုက်တယ်။သူက ဘယ်တုန်းက ကတ်စီကို လှောင်ပြောင်လိုက်လို့လဲ..။ဟာရု ပိုင်ဆိုင်ထားတဲ့ စွမ်းရည် အရကြည့်မယ် ဆိုရင်သူမက ဆန်နီပြီးရင် ခါးကုန်းကြီးကို တိုက်ခိုက်ဖို့ အသင့်တော်ဆုံး သူတစ်ယောက်ပါ။သူမက အမြင်အာရုံနဂိုကတည်းက မရှိတာကြောင့်..အမှောင်ထဲမှာ တိုက်ခိုက်ရတာကို အသားကျနေပြီးပါပြီ။သူမရဲ့ ထပ်တူညီမူ အကူအညီနဲ့သာဆိုရင်..ကတ်စီက တိုက်ပွဲထဲမှာ ရှင်ကျန်ရစ်ဖို့ အခွင့်အရေး ကောင်းတွေ ရှိနေပါတယ်။
တောင်းပန်တဲ့ အပြုံးတစ်ခုနဲ့ သူက ပုခုံးတွန့်ပြီး ပြောလိုက်တယ်..။
"တောင်းပန်ပါတယ်..။ငါ စကားလုံးရွေးချယ်တာမှားသွားတယ်..။ဘာပဲဖြစ်ဖြစ် ပါ..ငါတော့ သွားပြီ.."
ဒီလိုပြောပြီးတာနဲ့ သူက သေတ္တာပေါ်က ဆင်းလိုက်ပြီး ခံတပ်ရဲ့ နယ်စပ်အဖြစ်သတ်မှတ်ထားတဲ့ အတားအဆီး ဆီကို သွားလိုက်ပါတယ်။
အပြင်ဘက်နေထိုင်သူဟာ မျက်ခုံးပင့်တင်လိုက်ပြီး..
"မင်း ဘယ်သွားမလို့လဲ..။ညရောက် တော့မယ်နော်"
ဆန်နီ ပြုံးလိုက်တယ်..။
"ငါး အကြီးကြီးတစ်ကောင် ဖမ်းမလို့..။အာ..စိတ်မပူပါနဲ့..ငါက အနက်ရောင်မြို့တော်ထဲမှာ သုံးလလာက်နေခဲ့တာလေ..မှတ်မိတယ်မလား..။ဒီနေ့တော့ ငါက ဘာမှ ဖြစ်ဦးမှာ မဟုတ်ဘူး.."