အကူအညီရတဲ့ အရိပ်
Vol. 21 Ch. 303
အပြင်ဘက်နေထိုင်သူဟာ..သူ့နှုတ်ခမ်းပေါ်ကို လက်ချောင်းတင်ထားရင်း..စိတ်အနှောက်ယှက်ဖြစ်တဲ့ အသံနဲ့ ပြောလိုက်တယ်။
"ပြန်လာခဲ့..။မင်း ရူးနေပြီလား.."
ဆန်နီ မျကိတောင်ခတ်လိုက်တယ်။
"ဘာလဲ..။ဟင်အင်..။ကောင်းပြီလေ..ငါက အချိန်အတော်ကြာတဲ့ အထိတော့ ရူးသွပ်ခဲ့တာပဲ..။ဒါပေမဲ့ အခုတော့ မရူးတော့ပါဘူး.."
လူငယ်လေးဟာ သူ့ကို သံသယဖြစ်စွာ ကြည့်လိုက်ပြီး ခေါင်းခါယမ်းလိုက်ပါတယ်။
"ကိုယ့်ကိုကို ဘဝင်မမြင့်နဲ့ဦး..။အနည်းတော့ မင်းမှာ ကာကွယ်ဖို့ မှတ်သားမူ ရှိရဲ့လား.."
နစ်ဖီ ရဲ့ နောက်လိုက်တွေအတွက်..လက်နက် ဘယ်လိုတပ်ဆင်မှာလဲဆိုတဲ့ မေးခွန်းက က ကြီးမားတဲ့ ပြသနာ တစ်ရပ်ဖြစ်နေခဲ့ပါတယ်။သူတိူ့ထဲက တစ်ဝက်လောက်က မှတ်သားမူ အကာအကွယ်တွေ ၊ လက်နက်တွေ မရှိကြပါဘူး..။သူတို့က သာမန် လက်လုပ် လက်နက်တွေကိုသာ ကိုင်ဆောင် ထားကြရပါတယ်။ဒါက..ရဲတိုက်အစောင့်နဲ့ မုဆိုးတွေကို တိုက်ခိုက်တဲ့နေရာမှာ ခက်ခဲနေတဲ့ အကြောင်းပြချက်တွေထဲက တစ်ခုပါပဲ..။
အခကြေးငွေပေးပြီးနေခဲ့တဲ့ လူက သူ့ရဲ့ မိတ်ဆွေကို တားဆီးရင်း ပြောလိုက်တယ်။
"မင်း အသိစိတ်လွတ်သွားတာလား..။မင်းက မိန်းကလေး နစ်ဖီ ရဲ့ကိုယ်ပိုင်အဖွဲ့ဝင်ကို သွားပြောနေတာပဲ..။ဒါပေါ့ သူ့မှာ မှတ်သားမူ ရှိတာပေါ့.."
ဒီလိုပြောပြီးတာနဲ့ သူတို့နှစ်ယောက်စလုံးက သူတို့ရဲ့လက်လုပ် ဓားတွေကိုကြည့်လိုက်ကြတယ်။
ဒီဟာက ဆန်နီ နဲ့ကျန်တဲ့လူတွေ သတ်ခဲ့တဲ့ ဆူးချွန်ဆတ်သားရဲ့ လက်သည်းနဲ့ ပြုလုပ်ထားခဲ့တဲ့ လက်နက်တွေပါ။သူတို့ရဲ့ အောက်ခြေကို လည်သာ နဲ့ပတ်ထားခဲ့ပြီး..ရှညိလျားတဲ့ လက်သားကို လက်နက်အဖြင့် ကိုင်ဆောင်လို့ရအောင် လုပ်ထားခဲ့တယ်။
ဒီလက်သည်းတွေက..ကျရှုံးမူအဆင့် မွန်းစတား ဆီကနေ လာတာဖြစိတဲ့ အတွက်ကြောင့် သူတို့ကို ကိုင်ဆောင်ထားနိုင်တဲ့ ဒီလူတွေက အကောင်းဆုံးသူတွေပါ။ဒီလို လက်နက်ကို ကိုင်နိုင်ဖို့ ဆ်ိုတာကတောင် လွယ်ကူတဲ့အရာမဟုတ်ပေ။
မြို့ပြင်နေထိုင်သူဟာ မျက်နှာရှုတ်မဲ့သွားခဲ့ပြီး..
"ဟုတ်တယ်..။ချီးပဲ..ငါက အနက်ရောင်လက်သည်းကို လက်နက်အဖြစ် ကိုင်ဆောင်ထားခွင့်ရလို့ ဂုဏ်ယူနေခဲ့မိတာပဲ..။ဒါပေမဲ့ ငါတို့တစ်ယောက်ချင်းစီတိုင်းမှာသာ..မှတ်သားမူ တွေ ရှိမယ်ဆိုရင်..အဲဒီခွေးသားတွေ ငါတို့နဲ့ တစ်ယောက်ချင်း တိုကိခိုက်ရဲကြမှာ မဟုတ်ဘူးဆိုတာကို သေချာပြောနိုင်တယ်.."
ဆန်နီ သူ့ကို ရှုပ်ထွေးတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ယင်းနောက် သူ ပြုံးလိုက်ပြီး..
"ကောင်းမွန်တဲ့ မှတ်သားမူက အများကြီး ပြောင်းလဲပေးနိုင်တယ်..။ဒါက အမှန်ပဲ.."
သူက တစ်ဖက်ကို ပြန်လှည့်သွားခဲ့တာနဲ့..သူ့ မျက်နှာပေါ်က အပြုံးကလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။
'..ဒါပေမဲ့ အဲတာက မင်းတို့ရဲ့ အသက်ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး..။မင်းတို့အားလုံးက လမ်းလျောက်နေတဲ့ အလောင်းကောင်တွေပဲ '
ဒီလိုပြောပြီးတာနဲ့ သူက အိပ်စက်သူ နှစိယောက်ကို နောက်မှာချန်ထားခဲ့ပြီး အတားအဆီးပေါ်ကို ကျော်တက်ကာ..ထွက်ခွာသွားခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် သူတို့ ပြောတာ မှန်ပါတယ်။မှတ်သားမူ ရှားပါတယ် ဆိုတာက..ကြီးမားတဲ့ ပြသနာ တစ်ခုပါ။
..ဆန်နီဟာ အရိပ်တွေထဲမှာ လျောက်သွားပြီး..ရှေးဟောင်းရဲတိုက်ရဲ့ နက်မှောင်တဲ့ အထဲကို သွားလာနေခဲ့ပါတယ်။ရဲတိုက် ရဲ့အရွယ်အစားက အတော်ကို ကြီးမားပြီး မရေမတွက်နိုင်တဲ့ အချိုးအကွေ့ ကော်ရစ်ဒါတွေ အများကြီးရှိပါတယ်။တစ်ချို့နေရာတွေက သွားလာရတာ လွယ်ကူပေမယ့်..တစ်ချို့နေရာတွေကတော့ ခန့်မှန်းရတာ မလွယ်ကူပါဘူး..။ဒီမှာ မြင့်မားတဲ့ မျှော်စင်တွေက..လေထဲမှာရှိတဲ့ တံတားတွေနဲ့ ဆက်သွယ်ထားခဲ့ပြီး ၊ နက်မှောင်ပြီး အန္တရာယ်များတဲ့ မြေအောက်ခန်းတွေလည်း ရှိနေပါသေးတယ်။
ဒီနေရာတွေမှာ လူသတ်ချင်တဲ့ စိတ်နှလုံးသားရှိတဲ့ လူသားတွေ ရှိနေကြပြီး အလားတူစွာပဲ ပိုကြောက်စရာ ကောင်းတဲ့ သတ္တဝါတွေလည်း ရှိပါတယ်။စိတ်အနှောက်ယှက်ဖြစ်စရာ အသံတစ်ချို့က ကျောက်တုံး နံရံတွေထဲမှာ ပဲ့တင်ထပ်လာတာကြောင့် ဆန်နီဟရပ်တန့်လိုက်ပြီး မျက်မှောင်ကျုတ်လိုက်တယ်။
သူက မကြာခန ဆိုသလိုပဲ..ကင်းလှည့်နေတဲ့ အစောင့်တွေ မုဆိုးတွေကို ရှောင်ရှားဖို့အတွက် ပုန်းခိုနေရတတ်ပါသေးတယ်။သူတို့နောက်ကို လိုက်သွားရင်း လတ်တလော သေဆုံးထားတဲ့ အလောင်းတချို့ကို မြင်ရတဲ့ အချိန်မှာတော့ ၊ သူ ဒီခွေးသားတွေကို မသတ်လိုက်မိတာကိုတောင် နောင်တရသွားခဲ့ပါတယ်။
နာရီဝက်လောက် ကြာပြီးတဲ့နောက်မှာတော့..ဆန်နီဟာ ရဲတိုက်ရဲ့အဓိက နေရာကို ရောက်နေခဲ့ပြီး..မှောင်မဲနေတဲ့ ကော်ရစ်ဒါတွေမှာ ဂရုတစိုက်သွားလာနေခဲ့ပါတယ်။အဲ့နောက်မှာတော့ နောက်ထပ် အချို့အကွေ့ တစ်ခုရဲ့ နောက်မှာ ရုန်းကန်နေတဲ့ အသံတွေကို ကြားလိုက်ရပါတယ်။
'..အာ..ဘယ်လို စိတ်ပျက်စရာလဲ'
ခနလောက်တွေဝေပြီး ကွေ့လိုက်တဲ့ အချိန်မှာတော့လတ်တလော ရှေးဟောင်းရဲတိုက်ကြီးထဲမှာ ဖြစ်ပျက်နေကြ မြင်ကွင်းကို တွေ့လိုက်ကြရပါတယ်။
လူတစ်ယောက်က နောက်ထပ် လူ တစ်ယောက်ကို သတ်နေတဲ့ မြင်ကွင်းပါ။
ဒီအခြေအနေမှာတော့ အနည်းငယ် ရင်းနှီးနေပုံပေါ်တဲ့ အစောင့်တစ်ယောက်ကိုတွေ့လိုက်ရပါတယ်။ကြီးမားတဲ့ လူကြီးတစ်ယောက်က..ပိန်ပါးပြီး သေးငယ်တဲ့ တစ်စုံတစ်ယောက်ကို နံရံဆီကို တွန်းထားခဲ့တယ်။ပျက်ဆီးနေတဲ့ မီအိမ်တစ်လုံးက ကြမ်းပြင်ပေါ်မှာ လောင်ကျွမ်းနေရင်း..သူတို့နှစိယောက်ရဲ့ ရုန်းကန်နေတဲ့ အရိပ်တွေကို ကြီးမားကာ ကြောက်စရာ ကောင်းနေစေခဲ့ပါတယ်။
အစောင့်ရဲ့ မျက်နှာမှာ နက်ရှိုင်းတဲ့ အမာရွတ်လေးခု ရှိနေပြီး သွေးတွေ စိမ့်ထွက်နေခဲ့တယ်။ဒါက ဒေါသနဲ့ နက်မှောင်တဲ့ ကျေနပ်အားရမူကို ဖော်ပြနေခဲ့ပါတယ်..။အဲအချိန်မှာတော့ သူ့ရဲ့ သားကောင် မျက်နှာက ဖြူဖျော့နေခဲ့ပါပြီ..။
ဒါက သေးသွယ်ကျစ်လစ်တဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး..အနက်ရောင် ဆံပင်နဲ့ အညိုရောင် မျက်လုံးတွေ ရှိနေခဲ့တယ်။လတ်တလောမှာတော့ သူမက အတော်လေး နာကျင် ခံစားနေခဲ့ရပါတယ်။
ခနအကြာမှာတော့ သူမ အသိစိတ်မလွတ်ခင်လေးမှာ..ဓားမြောင် တစ်ချောင်း ကိုင်ဆောင်ထားတဲ့လက်တစ်ဖက်က အမှောင်ထဲကနေ ပေါ်ထွက်လာပြီး အစောင့်ရဲ့ လည်ချောင်းကို ထိုးဖောက်သွားခဲ့ပါတယ်။သူ့ရဲ့ သွေးတွေက လေထဲကို ပျံ့နှံ့သွားခဲ့ပြီး..ကြောက်လန့်နေတဲ့ အသံနဲ့ ကြမ်းပြင်ပေါ်ကို လဲကျသွားခဲ့တယ်။
မိန်းမငယ်လေးဟာ ယိမ်းယိုင်သွားခဲ့ပြီး..အသက်ကိုအမောတကော ရူကာ..သူမရဲ့ လည်ပင်ကို ပွတ်သပ်လိုက်တယ်။ခနအကြာမှာတော့ သူမက အပေါ်ကို ကြည့်လိုက်ပြီး..သူမရဲ့ ကယ်တင်ရှင်ကို ကြည့်လိုက်ပါတယ်။
ဒါက ဖြူဖျော့ ၊ သွယ်လျပြီး ငယ်ယ်ရွယ်တဲ့ မျက်နှာရှိတဲ့ လူငယ်လေးတစ်ယောက်ပါ..။သူ့ရဲ့ မျက်လုံးတွေက ထူးဆန်းတဲ့ ဆွဲငင်အား တွေရှိနေခဲ့တယ်။လတ်တလောမှာတော့ သူက သူ့ရဲ့ အကာအကွယ်အင်္ကျီ နဲ့ ဓားမြောင်ကို သုတ်နေခဲ့ပါတယ်။ပြီးတော့ သေအံ့ဆဲဆဲ ဖြစ်နေတဲ့ အစောင့်ကိုလည်း ဂရုမစိုက်တဲ့ အမူအရာနဲ့ကြည့်နေပါသေးတယ်။
တကယ်တော့ သူက စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းလောက်အောင်ကို တည်ငြိမ်လွန်းနေခဲ့ပါတယ်။သူ့ပုံစံက..တစ်ခြား လူတစ်ယောက်ကို သတ်လိုက်တဲ့ လူနဲ့တောင် မတူပါဘူး..။သူ့ရဲ့ မျက်နှာမှာ ရွံရှာမူ ၊ ကြောက်ရွံ့မူ ၊ ပျော်ရွှင်မူ ၊ အောင်ပွဲခံမူ တွေ လုံးဝ ရှိမနေခဲ့ပေ။
ဒါက သွေးအေးတဲ့ လူသတ်သမားတစ်ယောက်ရဲ့ မျက်နှာမျိုး ပါ။
သူမဘက်ကို လှည့်လိုက်ပြီး လူငယ်လေးက ပြုံးလိုက်တယ်။
"အာ..မင်းက အီကိုပဲ ။ဟုတ်တယ်မလား.."
ဆန်နီဟာ မိန်းမငယ်လေးကို သေချာကြည့်ပြီး ကြီးမားတဲ့ ဒဏ်ရာ မရတာကို သေချာအောင် လုပ်လိုက်တယ်။ရဲတိုက်မှာနေခဲ့တုန်းက ..သူမအကြောင်းကို သူ အနည်းငယ် သိခဲ့ပါတယ်။အရင်တုန်းက သူမက အမြုတေ အတွက် စိတ်ပူစရာမလိုပဲ..ရက်သတ္တပတ်ချင်းစီ တိုင်းမှာ ပေးချေပြီး နေထိုင်နိုင်တဲ့ သူတစ်ယောက်ပါ။
သူမက အနက်ရောင်မြို့တော်ထဲမှာ လောင်းကစားရုံကို ပိုင်ဆိုင်ထားတဲ့ အတွက် ရဲတိုက်ရဲ့ တစ်ခြား အဖွဲ့ဝင်တွေကြားထဲမှာ ပေါ်ပြူလာဖြစ်ပါတယ်။သို့ပေမယ့် ဒါကလည်း တစ်ခြားသူတွေ သူ့ကို သိပ်ပြီး သဘောမကျတဲ့ အချက်ပါပဲ..။
အီကို ခေါင်းညိမ့်ပြလိုက်တယ်။ပုံမှန်အားဖြင့် သူမရဲ့ မျက်လုံးထဲမှာ တောက်ပတဲ့ ရည်မွန်မူလေးတွေ ရှိနေပေမယ့် အခုတော့ အကြောက်တရားတွေသာ ရှိနေခဲ့တယ်။ဆန်နီဟာ လအမြုတေကို ပြန်သိမ်းလိုက်ပြီး ရင်းနှီးတဲ့ အသံနဲ့ပြောလိုက်ပါတယ်။
"တွေ့ရတာ ဝမ်းသာပါတယ်။ ငါက ဆန်နီ ပါ.."
မိန်းမငယ်လေးဟာ..သူ့ကို ခနလောက် စိုက်ကြည့်ပြီးကာမှ ပြောလိုက်တယ်။
"နင်က ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ လူ ၊ ဟုတ်တယ်မလား.."
သူ မျက်နှာရှံ့မဲ့သွားခဲ့တယ်။
"ငါက ဘယ်သူ့လူ မှမဟုတ်ဘူး..။ငါက တစ်ကိုယ်တည်း သမားပဲ..။ဒါပေမဲ့ ..အင်း..လတ်တလောတော့ နစ်ဖီ က ငါ့ရဲ့ အလုပ်ရှင်ပေါ့..။အဲလို ထင်တာပဲ.."
အီကို ခနလောက်တွေဝေပြီးကာမှ ယဥ်ကျေးပြီး ဖော်ရွေတဲ့ အသံနဲ့ပြောလိုက်တယ်။
"သိပါပြီ..ကောင်းပြီလေ ဆန်နီ..။ငါ့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ဒါဆို ငါသွားတော့မယ်.."
ဆန်နီ ပြုံးလိုက်ပြီး..
"အိုး ..အားနာပါတယ်..နင်သွားလို့ ရပြီလို့ ငါ မပြောမိပါဘူး..။ငါတော့ မပြောဘူးထင်တာပဲ..။တကယ်တော့ ငါက နင့်ကို နေစေချင်တာ.."
အီကိုဟာ အစောင့်ရဲ့ အလောင်းကိုကြည့်ပြီး ဖြူဖျော့ နေတဲ့ လူငယ်လေးကို ပြန်ကြည့်လိုက်တယ်။သူမပဲ စိတ်ထင်နေတာလား ၊ ဒါမှမဟုတ် သူ့မျက်လုံးထဲမှာ ရူးသွပ်မူ အရိပ်အယောင်တွေ တကယ် ရှိနေတာလား..။
"အာ..နင်က ဘာလို့ အဲလိုမပြောတာလဲ..။နင်က နေစေချင်တယ်ဆိုရင် ငါက ကျိန်းသေ နေပေးမှာပေါ့..။ဒါက ငါ့အတွက် တကယ် ဝမ်းသာစရာပါ။ဒါပေမဲ့ အာ..ဆန်နီ..နင်က ငါ့ကို ဘာလို့ ရှိနေစေချင်တာလဲ.."
ဆန်နီ ခေါင်းကို ကုတ်လိုက်ရင်း ခနလောက် ရပ်တန့်ပြီးမှ ပြန်ဖြေလိုက်တယ်။
"အိုး..နင်မေးလာတာ ကောင်းတယ်။နင်သိတယ်မလား..။ငါက ငါးအကြီးကြီး တစ်ကောင်ကို ဖမ်းဖို့ လုပ်နေတာ..။ပြီးတော့ ဒါကို နင် ကူညီပေးနိုင်မယ်လို့ထင်တာပဲ.."