အကောင်ကြီးကြီးကို ဖမ်းခြင်း
Vol. 21 Ch. 304
ဆန်နီဟာ အီကို ကို စိုက်ကြည့်နေခဲ့ပြီး..သူ ပတ်ဝန်းကျင်ကို လိုက်ကြည့်စရာ မလိုတော့တဲ့ အတွက် ကျိတ်ပြီး ဝမ်းသာနေခဲ့ပါတယ်။မိန်းမငယ်လေးရဲ့ မျက်လုံးတွေက..လူသွားလမ်းရဲ့ ပတ်လည်ကို ဝေ့ယမ်းကြည့်နေပြီး..သူမ ဒီနေရာကနေ လွတ်မြောက်ဖို့ အတွက် အခွင့်အရေး ဘယ်လောက်ရှိမလဲ ဆိုတာကို တွက်ချက်နေခဲ့တယ်။
...သူမ မှာ အခွင့်အရေး မရှိခဲ့ပါဘူး..။
အဆုံးမှာတော့ သူမက သက်ပြင်းချလိုက်ပြီး ဆန်နီကို မျက်မှောင်ကျုတ်ကာ ကြည့်လိုက်တယ်။အကြောင်းပြချက် တစ်ချို့ကြောင့် သူမရဲ့ သေးငယ်တဲ့ မျက်နှာပေါ်မှာ ဒီလို လေးနက်တဲ့ အမူအရာ ရှိနေတာက ရယ်စရာ ကောင်းနေခဲ့ပါတယ်။
"ဆန်နီ ...ဟုတ်တယ်နော်..။နားထောင်...ကောင်လေး..မဟုတ်ဘူး.. သူဌေး..။နင် ငါ့ကို ကယ်တင်ပေးခဲ့တဲ့ အတွက် ငါ တကယ်ပဲ ဝမ်းသာ မိပါတယ်။ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ငါ့ပုံစံက မုဆိုးနဲ့တူနေလို့လား..။ငါက နင် အမဲလိုက်တဲ့ ကိစ္စမှာ ဘယ်လိုလုပ် ကူညီပေးနိုင်မှာလဲ..။နင့်ရဲ့ သန်မာတဲ့ မိတ်ဆွေတွေထဲက တစ်ယောက်ကို သွားပြီး အကူညီတောငိးသင့်တယ်လို့ ထင်တယ်နော်.."
ယင်းနောက် သူမရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။
"နင်ငါ့ကို ငါးစာ အဖြစ် အသုံးပြုဖို့ လုပ်နေတာလား..။အဲလိုမျိုးလား.."
ဆန်နီ ရယ်မောလိုက်တယ်။
"နိုး..နိုး...။အဲလို မဟုတ်ဘူး..။ဒီတိုင်း အခု အမဲလိုက်မယ့်ကိစ္စက နင်တစ်ယောက်တည်း ကူညီနိုင်တဲ့အရာဖြစ်နေတာလေ..။စကားမစပ်..ငါက နင့်ကို တိုက်ဆိုင်ပြီး ဒီမှာ လာတွေ့တာ မဟုတ်ဘူး..။တကယ်တော့ ငါ နင့်ကို စောင့်ကြည့်နေတာ ကြာခဲ့ပြီ.."
သူမ အနည်းငယ် ဖြူဖျော့သွားခဲ့တယ်။
"အာ...ငါ သိပြီ..။ကောင်းပြီလေ..လူတိုင်းမှာ ကိုယ့်အကြိုက်နဲ့ကို ရှိကြတာပဲ..။ငါတော့ အဲလိုထင်တယ်။ဒါပေမဲ့..ဒါတောင်မှ ငါက စစ်သည်တော် တစ်ယောက် မဟုတ်ဘူးလေ..။စိတ်မကောင်းစွာနဲ့ ဒီတစ်ကြိမ် ငါ နင့်ကို ကူညီနိုင်မယ်လို့ မထင််မိဘူး.."
ဆန်နီ ခေါင်းခါယမ်းလိုက်တယ်။
"စိတ်အေးအေးထားပါ အီကို..။နင်သိတယ် မလား..ငါ အမဲလိုက်မယ့် အကောင်အကြီးကြီးက..နင့်ရဲ့ မိတ်ဆွေတစ်ယောက်ပဲ..။အကောင်ကြီးကြီး..ခပ်ဝဝ နဲ့ စတိဗ် ဆိုတဲ့ ခွေးသား လေ..။သူက ငါ တောင်းဆိုချင်တဲ့သူပဲ..။ပြီးတော့ သူ ပုန်းနေတဲ့နေရာကို နင်သိထားတယ် ဆိုတာကိုလည်း ငါသိထားတယ်။ဘာလို့ လဲ ဆိုတော့ နင်က သူ့ကို ဖုံးကွယ်ပေးထားတဲ့ သူမို့လို့ပဲလေ..။ဒီတော့..."
အံ့ဩတဲ့ အမူအရာတစ်ချို့က အီကို ရဲ့ မျက်နှာပေါ်မှာပေါ်လာခဲ့တယ်။ရိုးသားတဲ့ ရှုပ်ထွေးမူတွေနဲ့ သူမက မေးလိုက်ပါတယ်။
"ခနလေး..ဘာဖြစ်တယ်။စတိဗ် လား..။မှတ်သားမူ စျေး က ငနဲလား..။သောက်ကျိုးနဲ သူ ဘယ်မှာလဲ ငါက ဘယ်လိုလုပ် သိမှာလဲ.."
သူမ အကြိမ်အနည်းငယ် မျက်တောင်ခတ်ပြီး တွေဝေတဲ့ အသံနဲ့ မေးလိုက်တယ်။
"နင် ငါ့ကို တစ်ယောက်ယောက်နဲ့ လူမှားနေတာတော့ မဟုတ်ပါဘူးနော် ဆန်နီ..."
သူ သက်ပြင်းချလိုက်ပြီး..ခနလောက်တွေဝေပြီးကာမှ မျက်လုံးကျဥ်းမြောင်းသွားခဲ့တယ်။
"ကောင်းပြီလေ..။ငါဒီမှာ တကယ် အချိန်မဖြုန်းချင်တော့ဘူး..။ဒီတော့..ငါတို့ ပိုမြန်တဲ့နည်းလမ်းနဲ့ လုပ်ကြရအောင်..။ဟိုကို ကြည့်လိုက်.."
သူက သူ့ရဲ့ အရိပ်ကို လက်ညိုးထိုးပြလိုက်တယ်။
အီကို အောက်ကို ငုံ့ကြည့်လိုက်တဲ့ အချိန်မှာတော့ အရိပ် တစ်ခုက သူ့ခေါင်းကို ညိမ့်ကာ လက်ဝေ့ယမ်းပြနေတာကို မြင်ပြီး မျက်လုံးပြူးကျယ်သွားခဲ့ပါတယ်။
"သောက်ကျိုး..."`
ဆန်နီ လက်ပိုက်ထားပြီး ပြောလိုက်တယ်။
"ဒီမှာရှိနေတာက ငါ့ အရိပ်ပဲ..။သူက အရမ်းကို အားကိုး ရတဲ့ သူတစ်ယောက်။တစ်ခြားဟာတွေ အပြင် ၊ သူက သူ့ဟာသူ လမ်းလျောက်သွားနိုင်သလိုမြင်သမျှ အရာတွေကိုလည်း ငါ့ကို ပြန်ပြောပြလို့ ရတယ်..။သူ မနေ့က ဘာမြင်ခဲ့လဲဆိုတာကို ခန့်မှန်းကြည့်လိုက်.."
အီကို ရဲ့ မျက်နှာက အရိပ်ကို မျက်လုံးပြူးကျယ်စွာ ကြည့်ရင်း ဖြူဖျော့ သွားခဲ့တယ်။
အရိပ်ကတော့ သူမက အထင်သေးမူတွေ အပြည့်နဲ့ ပြန်ကြည့်နေခဲ့ပါတယ်။
"ဒီတော့..စတိဗ် ဘယ်မှာ ရှိနေလဲ ဆိုတာကို မသိသလို ဟန်ဆောင်မနေနဲ့တော့..။ငါ့ကိုသာ သူ့ဆီကို ခေါ်သွားပေး.."
မိန်းမငယ်လေးဟာ..သူ့ကိုကြည့်ပြီး အံကိုကြိတ်ထားခဲ့တယ်..။ယင်းနောက် သူမက နက်မှောင်တဲ့ အမူအရာနဲ့ မေးလိုက်ပါတယ်။
"နင် သူ့ဆီကနေ ဘာလိုချင်တာလဲ.."
ဆန်နီ မျက်ခုံးပင့်တင်လိုက်ပြီး..
"ငါ ဘာလိုချင်တာလဲ ဟုတ်လား..။အဲ့ငနဲက
မှတ်သားမူ တစ်ရာကျော်လောက်ကို သူ့ရဲ့ အိတ်ထဲထည့်ပြီး လျောက်သွားနေတာလေ..။နင် ခန့်မှန်းကြည့်ပေါ့.."
အီကို က သူမရဲ့ သေးငယ်တဲ့ လက်သီးတွေကို ဆုပ်ထားခဲ့တယ်။
"သူက ငါ့မိတ်ဆွေပဲ..။ငါ ဘယ်တော့မှ..."
ဆန်နီ လက်ကာ ပြပြီး သူမကို ဖြတ်ပြောလိုက်တယ်။
"အိုး..ဒရမ်မာတွေ မခင်းစမ်းပါနဲ့..။ငါသူ့ကို ထိခိုက်အောင် ဘာမှ မလုပ်ဘူး..။ငါသာ လုပ်ချင်တယ် ဆိုရင် နင့်ကို သတ်ပြီးနေလောက်ပြီပေါ့..။ငါ့အရိပ်က နင်ဘယ်သွားတာလဲ ဆိုတာတွေကိုတောင် သိတယ်လေ..။မှတ်မိတယ်မလား.."
တကယ်တော့ ဆန်နီက လျောက်ပြောနေခဲ့တာပါ။
စတိဗ် ကို သူမဖွက်ထားတယ် ဆိုတာကို သူ သေချာသိတာက သူမ ခိုးယူသွားနေတဲ့ အစားအသောက် ပမာဏ ကြောင့်ပါ။ဒါက သူမလိူ သေးငယ်တဲ့ မိန်းကလေး အတွက် အရမ်းကို များပြားလွန်းပါတယ်။သူမ ဘယ်နေရာမှာ ဖုံးကွယ်ပေးထားလဲ ဆိုတာကိုတော့ သူမ မသိပေ။
ဒါက ဘာလို့လဲဆိုတော့ အဲ့နေရာက အစောင့်အကြပ်တွေရဲ့ နယ်နိမိတ်အကျော်မှာ ရှိနေတာကြောင့်ပါ။
ဆန်နီက သူ့ရဲ့ အရိပ်ကို ဆိုင်ရှန် ရဲ့ အနားကို မပို့လိုက်ချင်ပါဘူး..။
အံ့ဩတဲ့ အမူအရာ တစ်ချို့က သူမရဲ့ မျက်နှာပေါ်မှာပေါ်လာခဲ့တယ်..။အတော်ကြာပြီးကာမှ အီကို မေးလိုက်ပါတယ်။
"နင် တကယ် ငါတို့ကို နာကျင်အောင် မလုပ်ဘူးလား.."
ဆန်နီဟာ ရင်းနှီးပြီး ရိုးသားတဲ့ အပြုံးနဲ့ ကမ်းလှမ်းလိုက်တယ်..။
အကြောင်းပြချက် တစ်ချို့ကြောင့် မိန်းမငယ်လေးဟာ..ယုံကြည်သွားခဲ့ပါတယ်။
"ငါ မလုပ်ဘူး..။နင် ငါ့ကို ယုံကြည်လို့ရတယ်။ဘာပဲဖြစ်ဖြစ် ငါက ကမ္ဘာပေါ်မှာ အရိုးသားဆုံး လူတစ်ယောက်ပဲ..။ကမ္ဘာနှစိခုလုံးမှာတောင် ပေါ့.."
***
နာရီ အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့..ပုံရိပ်သုံးခုဟာ..ရဲတိုကိရဲ့ ကော်ရစ်ဒါတွေ ပေါ်မှာ တိတ်တဆိတ် သွားလာနေခဲ့ကြပါတယ်။တစ်ယောက်က လည်သာ အကာအကွယ်ကို ဝတ်ဆင်ထားတဲ့ ဖြူဖျော့တဲ့ လူငယ်လေး တစ်ယာက် ၊ နောက်တစ်ယောက်က ..ကျည်စယ်တတ်တဲ့ မျက်လုံးတွေနဲ့
မိန်းမငယ် လေးတစ်ယောက်ဖြစ်ပြီး နောက်ဆုံးတစ်ယောက်ကတော့ ဗိုက်ပူပူနဲ့ လူသန်ကြီးတစ်ယောက်ပါ။
သူ့ကြောင့်ပဲ သူတို့အားလုံးရဲ့ သိုသိုသိပ်သိပ် လှုပ်ရှားမူ တွေက အရာမထင် ဖြစ်နေခဲ့တယ်။
ထောင့်တစ်နေရာကို ရောက်တဲ့ အချိန်မှာတော့ ဆန်နီ သက်ပြင်းချလိုက်ပြီး..ကျန်တဲ့နှစ်ယောက်ကို ရပ်ဖို့ အချက်ပြလိုက်ပါတယ်။
"အစောင့်အကြပ် တွေ ကင်းလှည့်နေကြတယ်..။ငါတို့ ခနလောက် စောင့်ဆိုင်းမှ ရမယ်.."
စတိဗ် နဲ့ အီကို တို့က တစ်ယောက်ကို တစ်ယောက်
ကြည့်ပြီး..ပုခုံးတွန့်လိုက်တယ်။သူတို့ရဲ့ အရွယ်အစားက မတူညီတာကြောင့်..သူတို့က တစ်နည်းအားဖြင့် ရယ်စရာ ကောင်းနေခဲ့ပါတယ်။ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး အဆုံးမရှိတဲ့စမ်းချောင်းကို ထုတ်ယူကာ တစ်ငုံသောက်လိုက်ပြီး ကျန်တဲ့နှစ်ယောက်ကို ကမ်းလှမ်းလိုက်တယ်။
"မင်းက ဘာလို့ အားလုံးရဲ့ရှေ့ကနေ ထွက်ပြေးနေတာလဲ စတိဗ်.."
ဧရာမ လူသန်ကြီးဟာ..သူ့ကို စိတ်ညစ်တဲ့ ပုံစံနဲ့ကြည့်လိုက်ပြီး စိတ်ဓာတ်ကျစွာ ပြောလိုက်တယ်။
"ဘာရှိရဦးမှာလဲ..။အရှုပ်အထွေးတွေ စပြီးဖြစ်တာနဲ့လူတွေက မှတ်သားမူတွေယူဖို့ အတွက် ငါ့ဆီ လာကြတော့မယ် ဆိုတာကို သိနေခဲ့တယ်လေ.."
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်။
"မှတ်သားမူ စျေးက ရဲတိုက်အရှင် ပိူင်ဆိုင်တဲ့ အရာပဲ..။ဒီတော့ မင်းဘာလို့ တီဆိုင် ဒါမှမဟုတ် ဂျန်မာ တို့ ဆီကို မသွားတာလဲ.."
စတိဗ် မျက်နှာ ရှုံ့မဲ့သွားခဲ့တယ်။
"တီဆိုင် ကို ငါ ကောင်းကောင်းသိတယ်။ အရှင်
ဂန်လောင် မရှိတော့တဲ့အချိန်မှာ သူ့အနားကို ဘယ်သူမှ သွားရဲကြမှာ မဟုတ်ဘူး..။ဂျန်မာ ကတော့..ငါတို့က တကယ်တော့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြတယ်လေ..။ဒါပေမယ့် အဲ့မိန်းကလေး..ကီဒို..အာ..အရင်တုန်းက သူမကို ငါ နာမည်အမျိုးမျိုး ခေါ်ခဲ့တယ် ပဲ ထားလိုက်ပါတော့..။ဒါက စီးပွားရေး အရ ငြင်းခုန်မူ တစ်ခုကြောင့် ဖြစ်ပျက်ခဲ့တာ..။သူမက ခေါင်းဆောင်တွေထဲက တစ်ယောက် ဖြစ်လာမယ် လို့ ဘယ်သူက သိထားခဲ့မှာလဲ..။ဘာပဲဖြစိဖြစ် သူမက ဂျန်မာ အနားမှာ ရှိနေတာကြောင့် ငါ့ရဲ့လုံခြုံရေးက စိုးရိမ်ရတယ်..သိတယ်မလား.."
ဆန်နီ မျက်ခုံးပင့်ပြီး သိချင်စွာ မေးလိုက်တယ်..။
"ဒါဆို နစ်ဖီ ကရော.."
အီကို သူ့ကို ရှုပ်ထွေးစွာကြည့်လိုက်ပြီး..
"သူမရဲ့ လူတွေက ငါတို့လို ရဲတိုက်က လူတွေကို ကောင်းကောင်း မဆက်ဆံဘူးလို့ ကြားထားတယ်..။ပြီးတော့..စတိဗ်က အရှင်သခင် ရဲ့လက်အောက်မှာ တရားဝင် အလုပ်လုပ်တာလေ..။ဒီတော့ ငါတို့မှာ သွားစရာ နေရာမရှိဘူး.."
.
ဆန်နီ မျက်မှောက်ကျုတ်လိုက်တယ်..။နစ်ဖီရဲ့ အဖွဒ့ထဲမှာ ဒီလို အတွင်းပိုင်းပြသနာ လေးတွေ အမှန်တကယ် ရှိနေပါတယ်။တစ်ချို့ အပြင်ဘက်နေထိုင်သူတွေက ရဲတိုကိက လူတွေ လာပူးပေါင်းတာကို မကြိုက်ကြပါဘူး..။ပြောင်းလဲနေတဲ့ကြယ်ပွင့်နဲ့ သူ့ရဲ့လူတွေက မဖြစ်သင့်တာတွေ မဖြစ်ရအောင် ကြိုးစားပေမယ့်..သူတို့က နေရာတိုင်းမှာ ရှိမနေနိုင်ကြပေ။
"ပြသနာ ရှာတဲ့သူအချို့ ရှိနေတာတော့ အမှန်ပဲ..။ဒါပေမဲ့ နင်တို့ အဆင်ပြေလိမ့်မယ်..။နင်တို့က ငါ့ရဲ့လူတွေလိူ့သာ ပြောလိုက်.."
သူ ခနလောက် တွေးပြီးကာမှ ပြန်ပြင်ပြောလိုက်ပါတယ်။
"နေဦး..အဲလို မပြောနဲ့..။သူတို့ အများစုက ငါဘယ်သူလဲ ဆိုတာကို သိချင်မှ သိကြမှာ..။နင်တို့က နိုက် ရဲ့လူတွေလို့သာ ပြောလိုက်..။တကယ်လို့ နိုက် က နင်တို့ကို မေးခွန်းထုတ်လာရင်..နင်တို့က ငါ့ရဲ့လူတွေပါလိူ့ ပြောပြလိုက်.."
သူတို့နှစ်ယောက်က ရုတ်တရက် သူတို့ကိုကြည့်လိုက်တယ်။
"ငါ့ ကောင်ကြီး ကိုင် က အသက်ရှင်နေသေးတာလား..။ဒါက အံ့ဩစရာ သတင်းပဲ.."
စတိဗ် ရဲ့ မျက်နှာပေါ်မှာ အပြုံးကြီးတစ်ခု ပေါ်လာခဲ့တယ်။
အီကို ရဲ့ မျက်နှာပေါ်မှာလည်း သဘောကျတဲ့ အမူအရာ ပေါ်လာခဲ့ပါတယ်။
"နင် နိုက် နဲ့သိတာကို အစောကတည်းက ဘာလို့ မပြောတာလဲ...။ဒါဆို အရာရာတိုင်းက ပိုပြီး လွယ်ကူသွား မှာကို.."
ဆန်နီ သူတို့ကိုကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်..။
"ကိုယ့်ကိုကို လည်း ထိန်းကြဦး..ဟုတ်ပြီလား.."
စတိဗ်ကို သူနဲ့ အတူတူ လိုက်ခဲ့ဖို့ တစ်နာရီ နီးပါးလောက် ဆွဲဆောင် နေခဲ့ရတာပါ..။တကယ်လို့ သူသာကိုင် ကို ခေါ်လာခဲ့ရင် ဒီခွေးသားက ချောမောတဲ့ လေးသည်တော် တစ်ချက်လောက် ပြုံးပြတာနဲ့ ခေါင်းညိမ့်ပြီး လိုက်လာပါလိမ့်မယ်။
" အတော် မမျှတဘူး.."
ယင်းနောက် သူ ရုတ်တရက် ခေါင်းကို လှည့်ပြီး အေးခဲသွားခဲ့တယ်။
တစ်ခုခု တော့ မှားနေပါပြီ..။အတော်လေးကို မှားယွင်းနေပြီ..။သူ့ရဲ့ အရိပ်နားကို မိနစ်အနည်းငယ်လောက်ကတည်းက ဖြတ်လျောက်သွားသင့်တဲ့
အစောင့်အကြပ် တွေက ...အခုထိ ပေါ်မလာခဲ့ပေ..။