သွေးရာ
Vol. 21 Ch. 305
လက်တစ်ဖက်ကို မြောက်လိုက်ပြီး ဆန်နီဟာ အီကို နဲ့ စတိဗ် ကို ငြိမ်ငြိမ်နေဖို့ အချက်ပေးလိုက်တယ်။ယင်းနောက် သူ မျက်မှောင်ကျုတ်လိုက်ပြီး..သူ့ရဲ့ အရိပ်ကို ပုန်းအောင်းနေတဲ့ နေရာကနေ ထွက်ကာ အစောင့်တွေ ရှိတဲ့ နေရာကို သွာဖို့ ညွှန်ကြားလိုက်ပါတယ်။
'သူတိူ့က အနားမှာ မဟုတ်လောက်ဘူး..။မဟုတ်ရင် ငါ အသံကြားရလိမ့်မယ် '
ဒါဆို အဲ့ခွေးသားတွေက ဘယ်ကို သွားတာလဲ..။
မကြာခင်မှာပဲ..သူက အဖြေရရှိသွားခဲ့တယ်။
အစောင့်သုံးယောက်က လက်ရှိ ဆန်နီ ရှိနေတဲ့ နေရာနဲ့ ခြေလှမ်း တစ်ရာအကွာက ထောင့်တစ်ရာမှာရှိနေခဲ့ပါတယ်။ဒီနေရာက သူတို့ရှိနေသင့်တဲ့ နေရာမဟုတ်ပဲ..အရင်က သူတို့ ကင်းလှည့်နေတဲ့ လမ်းကြောင်းနဲ့ ဝေးကွာနေခဲ့တယ်။
သူတို့ အကုန်လုံး သေဆုံးနေကြပါပြီ။
နှစိယောက်ရဲ့ ဦးခေါင်းတွေက ကွဲကြေနေခဲ့တယ်။သူတို့ရဲ့ မျက်သားမူ အကာအကွယ်တွေက မရှိကြတော့တာကြောင့် သူတို့ကို ဘာလက်နက်နဲ့ သတ်ဖြတ်သွားတာလဲ..ဆိုတာကိုတော့ မသိရတော့ပါဘူး..။အစောကတုန်းက အစောင့်တွေ ဦးထုတ်ဆောင်းထားတာကို သူ မြင်လိုက်တာကြောင့် ဒါက သံမဏ်ိကို ထိုးဖောက်နိုင်တဲ့ တစ်ခုခု ဖြစ်ပါလိမ့်မယ်။
တတိယ တစ်ယောက်က ပိုပြီးတောင် အခြေအနေ ဆိုးဝါးနေခဲ့တယ်။သူ့ရဲ့ လည်ပင်းက ထက်ရှတဲ့ လက်သည်း တစ်ခုကြောင့် ပေါက်ထွက်နေပုံပါပဲ..။လူငယ်လေးရဲ့ ဦးခေါင်းက ခန္တာကိုယ်နဲ့ ပြုတ်ထွက်လုနီးပါးတောင် ဖြစ်နေခဲ့တယ်။ဒီလို ဆိုးဝါးတဲ့ ဒဏ်ရာက နေ သွေးတွေ အများကြီး ထွက်လာမယ်လိူ့ မျှော်လင့်ထားနိုင်ပေမယ့်..အမှန်တော့ ကြမ်းပြင်ပေါ်မှာ အနည်းငယ်သာ ရှိနေခဲ့ပါတယ်။
သို့ပေမယ့် အစောင့်ရဲ့ အလောင်းဟာ သွေးတွေ လုံးဝ စုပ်ယူခံလိုက်ရသလို ..ဖြူဖျော့နေခဲ့တယ်။
' ချီးပဲ..'
ဆန်နီဟာ ကြက်သီးမွှေးညှင်း ထသွာသလို ခံစားလိုက်ရတယ်။
အရိပ်က ပတ်ဝန်းကျင်ကို လျောက်ကြည့်လိုက်ပေမယ့်..သတ်ဖြတ်သွားသူရဲ့ အရိပ်အယောင်နဲ့ ပတ်သက်ပြီး မတွေ့ခဲ့ရပါဘူး..။
အီကို နဲ့ စတိဗ် တို့က ဆန်နီ ကို အချက်ပေးတဲ့ အမူအရာတွေနဲ့ ကြည့်နေခဲ့ကြတယ်။မိနစ်အနည်းငယ် လောက်ကြည့်ပြီးတဲ့ နောက်မှာတော့..သူတို့ဟာ အနည်းငယ် စိတ်သက်သာရာရလာခဲ့ပြီး မေးလိုက်ပါတယ်။
"ဘာဖြစ်တာလဲ.."
သူက စက္ကန့်အနည်းငယ်လောက် တွေဝေပြီးကာမှ ပုံမှန် အသံနဲ့ပြောလိုက်တယ်။
"သွေးသခင်က ဒီနားကို လာသွားခဲ့တယ်.."
သူတို့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။
"အဲ့ မိစ္ဆာလား..။ဒါဆို ငါတို့ ဘာလို့ မပြေးတာလဲ "
ဆန်နီ သူတို့ကို တည်ငြိမ်တဲ့ အမူအရာနဲ့ကြည့်လိုက်ပြီး..
"စိတ်မပူနဲ့..သူက သွားပြီ.."
သူ့ စိတ်ထဲမှာလည်း အမှန်တကယ် တည်ငြိမ်နေခဲ့ပါတယ်။
အစောင့်သုံးယောက်ကို သတ်နိုင်တဲ့ သတ္တဝါက သူ့ ကြောက်ရွံ့စရာ အခြေအနေမှာ ရှိမနေသေးပေ။တစ်ဖက်မှာတော့ ဒီသားရဲက သူ့ရဲ့ အရိပ်မမြင်အောင် ဖြတ်သွားနိုင်ပြီး..သူနဲ့ ခြေလှမ်းတစ်ရာအကွာက အစောင့်သုံးယောက်ကို အသံမထွက်ပဲ သတ်လိုက်နိုင်တာကတော့ အနည်းငယ် စိုးရိမ်စရာ ကောင်းလှပါတယ်။
' ဒါက ဘယ်လို သားရဲမျိုးလဲ..'
စိတ်မကောင်းစွာပဲ သူတို့ သုံးယောက်က ပန်းတိုင်ကို ရောက်ဖို့ ဆိုရင် အစောင့်တွေ အသတ်ခံရတဲ့ နေရာကို ဖြတ်သွားကြရမှာပါ။မကြာခင်မှာပဲ သွေးအနံ့တွေက သူတို့ နှာခေါင်းထဲကို ဝင်လာခဲ့ပြီး..အီကို နဲ့ စတိဗ်ရဲ့ မျက်နှာတွေကို ဖြူဖျော့သွားစေခဲ့တယ်။
အစောင့်တွေရဲ့ ခန္တာကိုယ်တွေက လူတစ်ယောက်အနေနဲ့ အတော်ကို ကြောက်ဖို့ကောင်းနေခဲ့ပါတယ်။ဆန်နီ အနည်းငယ် မျက်မှောင်ကျုတ်လိုက်တယ်။
အီကို နဲ့ စတိဗ် တို့ကတော့..သူတိူ့ ဗိုက်ထဲက အရာတွေ ပြန်မထွက် မိအောင် ကြိုးစားနေကြရပါတယ်။
"ဘုရားရေ..သနားစရာ ခွေးသားတွေ.."
ဆန်နီ ဘာမှ မပြောခဲ့ပေ..။ပတ်ဝန်းကျင်ကိုသာ နက်မှောင်တဲ့ အမူအရာနဲ့ကြည့်နေခဲ့တယ်။သူ့အရိပ်က သူ့ကို အသိပေးဖို့ ကျန်နေနိုင်တဲ့..သွေးသခင်က ဘယ်လို သားရဲလဲဆိုတဲ့ သဲလွန်စကို သူက စောင့်ကြည့်နေခဲ့တာပါ။
သို့ပေမယ့် အစောင့်သုံးယောက်က ဒီကော်ရစ်ဒါ ပေါ်မှာ ရှိနေတာ ကြာပြီ ဆိုတာက လွဲပြီး ဘာမှ ထူးခြားတာ မရှိပေ..။
"ဟေး..ဆန်နီ..။ကျေးဇူးပြုပြီး သွားကြရအောင်။ဒီမြင်ကွင်းက နင့်ကိုတော့ ဘာမှမဖြစ်စေပေမယ့်..ငါ ပြောချင်တာက...စတိဗ်က အတော်ကြောက်နေတဲ့ပုံပဲ..။သူ မေ့လဲကျသွားရင် ဘာဖြစ်မလဲ ဆိုတာ စိတ်ကူးကြည့်ဦး..။ရဲတိုက် တစ်ခုလုံးတောင် ကြားသွားနိုင်တယ်နော်.."
ဆန်နီ ခနလောက်တွေဝေ ပြီး ခေါင်းညိမ့်လိုက်တယ်။
သူတို့မထွက်သွားခင်မှာပဲ..ဆန်နီဟာ သွေးအိုင်ထဲမှာ တစ်ခုခုက လင်းလက်နေတာကို တွေ့လိုက်ရပါတယ်။အစောတုန်းက အရိပ်က သတိမထားမိတာက..ဒီအရာကို အလင်းပြန်စေနိုင်မယ့် အလင်းရောင် ရှိမနေခဲ့တာကြောင့်ပါ။
သူရှေ့ကို တိုးလိုက်ပြီး သွေးစွန်းနေတဲ့ သတ္တု အပိုင်းအစ လေးကို ကောက်ကိုင်လိုက်ကာ..သူ့ရဲ့ မျက်လုံးနားကို တိုးကြည့်လိုက်တယ်။
သူ့ရဲ့ လက်ထဲမှာ ရှိနေတာကတော့ ပန်းပွင့်ပုံစံ ငွေ နားကပ် လေးပါ။ဒါက အဆောင်မှတ်သားမူ မျိုးမဟုတ်ပဲ..ဒီတိုင်း..ရိုးရှင်းတဲ့ လက်ဝတ်လက်စား တစိခုပါ။
'ဒါက ဒီမှာ ဘယ်လို ရောက်နေတာလဲ '
အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး ခနလောက် စဥ်းစားကာ မတ်တတ်ထရပ်လိုက်တယ်။
ပြီးမှ..အလောင်းတွေကို အကြည့်လွှဲလိုက်ပြီး..
" ဒီနေရာကနေ သွားကြရအောင်.."
***
မကြာခင်မှာပဲ သူတို့က ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ နယ်နိမိတ် အတားအဆီးတွေ ဆီကို ရောက်လာခဲ့ကြတယ်..။အိပ်စက်သူတွေက..ဆန်နီ သူစိမ်းနှစ်ယောက်ကို ခေါ်ပြီး ပြန်လာတာကြောင့် အံ့ဩသင့်သွားခဲ့ပါတယ်။သို့ပေမယ့် သူတို့က ဘာမေးခွန်းမှ မထုတ်ပဲ ဝင်ခွင့်ပေးလိုက်ကြတယ်။
အီကို မျက်ခုံးပင့်တင်လိုက်ပြီး
"နင်တို့က ငါတို့ကို စစ်ဆေးရမှာမဟုတ်ဘူးလား..။ငါတို့က စပိုင် ဖြစ်နေရင်ရော..."
ကင်းသမားတွေဟာ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြောလိုက်တယ်..။
"ပုံမှန် ဆိုရင်တော့..ငါတို့က စစ်ဆေးတယ်..။ဒါပေမဲ့ ဒါက ဆန်နီ လေ..."
မိန်းမငယ်လေးဟာ ပြုံးလိုက်ပြီး..
"အိုး..သူက ဒီမှာ ရာထူးမြင့်တာလား.."
ကင်းသမားဟာ ထူးဆန်းစွာကြည့်လိုက်ပြီး ရှက်ရွံ့သွားတဲ့ ပုံစံနဲ့ ချောင်းဆိုးလိုက်ပါတယ်။
"အာ..အဲလို မဟုတ်ဘူး..။ဒါက သူတို့နဲ့ စကားပြောရတာ...အဟမ်း..ကောင်းပြီ သိတယ်မလား..။ခေါင်းကိုက်ဖို့ ကောင်းတယ်လေ.."
ဆန်နီ သူ့ကို မကြည်လင်တဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး...
"ဒါက ဘာကို ဆိုလိုတာလဲ.."
ကင်းသမားဟာ အလျငိအမြန် ခေါင်းခါယမ်းလိုက်ပြီး..
"မ..မ ..မဟုတ်ပါဘူး..။အာ..ငါ အတားအဆီးတွေကို သွား စစ်ဆေးရဦးမယ်..။ခွင့်ပြုပါဦး.."
ဒီလို ပြောပြီးတာနဲ့ သူ အမြန်ထွက်သွားခဲ့တယ်။
' ငါက သူ့ဖိနပ်တွေကို လိမ်ယူခဲ့ဖူးလို့လား..'
အံ့ဩစွာ ခေါင်းခါယမ်းလိုက်ပြီး ဆန်နဖိ လှည့်ထွက်သွားလိုက်တယ်..။ယင်းနောက် အသစ်နှစိယောက်ကို အဆောက်အဦးထဲ ခေါ်သွားပြီး နစ်ဖီကို လိုက်ရှာလိုက်ပါတယ်။
သူမက အခန်းကျယ်တစ်ခုတည်းမှာ တစ်ယောက်တည်း ရှိနေခဲ့တယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်က..ကြမ်းပြင်ပေါ်မှာထိုင်ပြီး အဖြူရောင် ဝတ်ရုံတစ်ခုကို ခြုံထားကာ..စိတ်လွင့်ပြယ်နေတဲ့ အမူအရာနဲ့ နံရံကို စိုက်ကြည့်နေခဲ့တယ်။
ဒီရက်တွေမှာ နစ်ဖီက နည်းနည်း ထူးဆန်းနေပါတယ်။သူမက အမြဲတမ်း အေးစက်ပြီး နားလည်ရခက်တဲ့ သူပါ။သို့ပေမယ့် အခုတော့ သူမရဲ့ မျက်နှာက ခံစားချက်တွေ လုံးဝ ကင်းမဲ့နေခဲ့ပါတယ်။အထူးသဖြင့်သူမရဲ့ ခါတိုင်းတည်ငြိမ်နေတဲ့ အညိုရောင် မျက်လုံးတွေက အေးစက်ပုံ ပေါ်နေခဲ့တယ်..။ဘာမှ..မရှိသလောက်ပါပဲ..။
သူမ ဘာတွေဖြစ်နေတာလဲ ဆိုတာကို ဆန်နီ မပြောတတ်တော့ပေ..။
'သူမက စွမ်းအား အလွန်အကျွံ သုံးလိုက်မိတာကနေ ပြန်မသက်သာ လာသေးတာ ဖြစ်နိုင်မလား...'
လည်ချောင်းကို ရှင်းကာ သူမရဲ့ အာရုံစိုက်မူကို ယူလိုက်ပြီး..ဆန်နီ သူ ခေါ်လာတဲ့ လူသန်ကြီး နဲ့ မိန်းမငယ်လေးကို ညွှန်ပြလိုက်တယ်။
"ဟေး..နစ်..။ငါ သူတို့ကို အဖွဲ့ထဲ ခေါ်လာတယ်.."
သူမ အနည်းငယ် စိတ်ဝင်စားသွားခဲ့ပေမယ့် ဘာမှမပြောခဲ့ပေ..။
ဆန်နီ ပြုံးလိုက်ပြီး..
" နင် အီကို ကိုတော့ မှတ်မိမှာပေါ့..။သူမက နင် လမ်းပြ အန်ဒယ်ကို စိန်ခေါ်ခဲ့တုန်းက ကိုယ်စားပြုပေးခဲ့တဲ့ တစ်ယောက်ပဲ..။ပြီးတော့ သူ့ ခေါင်းကို ဖြတ်လိုက်တယ်လေ.."
ယင်းနောက် သူ အီကို ကို စိုက်ကြည့်ပြီး မျက်လုံး ကျဥ်းမြောင်းသွားခဲ့တယ်။
မိန်းမငယ်လေးဟာ ဒါကိုမြင်ပြီး လျင်မြန်စွာ ဝင်ပြောလိုက်ပါတယ်။
"အိုး..ဟုတ်တယ်..။ကျေးဇူးပါ..မိန်းကလေး ပြောင်းလဲနေတဲ့ကြယ်ပွင့်..။အဲ့ ငနဲက..အာ...တကယ် ဆိုးဝါးတယ်.."
နစ်ဖီ ဖြည်းညှင်းစွာ ခေါင်းညိမ့်ပြီး ပုံမှန်အတိုင်းပြောလိုက်တယ်။
" ရပါတယ်..."
ပြီးတော့ သူမက စတိဗ်ကို ကြည့်လိုက်ပြီး..
" ပြီးတော့..သူက..."
ဆန်နီ ရဲ့ မျက်နှာပေါ်မှာကြီးမားတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်။
"အိုး..ဒါက စတိဗ်ပဲ..။စတိဗ် က တကယ်ကို ထူးခြားတယ်..။နင် သိတယ်မလား..သူ့မှာ တိုက်ပွဲအတွက် အဆင်သင့် အသုံးပြုနိုင်မယ့်..မှတ်သားမူ တစ်ရာလောက်ကို သူ့ရဲ့ အမြုတေ ထဲမှာ သိမ်းထားတယ်.."
ဒီလို ပြောပြီးတာနဲ့ ဆန်နီက စတိဗ်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..
"...အခြေခံအားဖြင့်..သူတို့က ငါတို့ရဲ့ လက်နက် ပြသနာ ကို ဖြေရှငိးပေးလိမ့်မယ်.."