နောက်ဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်မူ
Vol. 21 Ch. 306
မှတ်သားမူ စျေးတစ်ခုလုံးက ပြောင်းလဲနေတဲ့ ကြယ်ပွင့် လက်ထဲကို ရုတ်တရက် ရောက်သွားတဲ့ အချိန်မှာတော့..ရဲတိုက်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲငယ်တွေက ခပ်စိတ်စိတ် ဖြစ်လာခဲ့ပြီး ပိုရက်စက်လာခဲ့တယ်။လူတွေက တစ်ယောက်နဲ့တစ်ယောက် ဆက်တိုက် သတ်ဖြတ်နေခဲ့ပြီး..အနီရောင် ခံတပ်အဖြစ် ပြောင်းလဲနေခဲ့ပါတယ်။
ဒါတောင်မှ အနိုင်ရသူကို ခန့်မှန်းဖို့ အတွက် မလွယ်ကူသေးပါဘူး..။
နစ်ဖီက အမြဲတမ်း အဖွဲ့ရဲ့ ရှေ့ဆုံးမှာရှိနေခဲ့ပြီး မရေမတွက်နိုင်တဲ့ ရန်သူတွေကို သူမရဲ့ ငွေရောင်ဓားအောက်မှာ ကျရှုံးစေခဲ့ပါတယ်။သူမ ပေါ်ထွက်လာတဲ့ အချိန်မှာ သွေးတွေက မြစ်တစ်စင်းလိုပဲ ဖြစ်နေခဲ့တယ်။သူမက တီဆိုင် နဲ့ တောင် တိုကိခိုက်ခဲ့ရပြီး..သူတို့ရဲ့ ကြမ်းတမ်းတဲ့ တိုက်ပွဲက သရေအဖြစ်သာ ပြီးဆုံးသွားခဲ့ပါတယ်။
အခုချိန်မှာ ဂန်လောင်သေဆုံးပြီးတာ နှစ်ပတ်ကျော်ကြာလာပြီဖြစ်တာကြောင့်..လူသားများဟာ အစားအစာ ချို့တဲ့မူကို ခံစားလာခဲ့ကြရတယ်။အိပ်မက်ဆိုးသားရဲတွေကလည်း ရဲတိုက်ထဲကို ပိုပိုပြီး ဝင်ရောက်လာခဲ့ကြပါတယ်။အခြေအနေ တွေက တဖြည်းဖြည်းနဲ့ ပြန်လည် ပြင်ဆင်ဖို့ မလွယ်ကူတဲ့ အနေအထား အထိတောင် ရောက်လာခဲ့တယ်။
တကယ်တော့..ရောက်ပြီးနေပါပြီ။
အတွင်းပိုင်း တိုက်ပွဲတွေက..လူသားတွေရဲ့ အသက်ကို တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် နှုတ်ယူနေခဲ့တယ်။သို့ပေမယ့် ကျန်ရစ် နေခဲ့တဲ့ သူတို့ကိုလည်း..ပိုကြမ်းတမ်း ၊ ပိုသန်မာ ပြီး ပိုခိုင်မာ တဲ့ တိုက်ခိုက်ရေးသမားတွေ အဖြစ် ဖန်တီးပေးနေခဲ့ပါတယ်။
ယင်းနောက် , လက်ရှိအခြေအနေက နောကိဆုံးမှာ အသေအကျေများပြားနေတာကြောင့် ၊ ရဲတိုက်မှာ ရှင်ကျန်ရစ်သူတွေရဲ့ အဆုံးသတ်က နီးကပ်လာပြီဆိုတာကို အသိပေးကြေညာနေကြပါတယ်။
အရှင်သခင် အသစ်က သူ့ရဲ့ သရဖူကို ယူဆောင်နိုင်တော့မှာပါ..။ပြီးတော့..ဒါက ဂုဏ်ယူစရာကောင်းပြီး ခန့်ညားလောက်တဲ့ အရှင်သခင်တော့ ဖြစ်လာမှာမဟုတ်ပေ..။
နောက်ထပ် တက်လာမယ့်သူက ရက်စက်ကြမ်းကြုပ်မူ အရှိဆုံး အရှင်သခင်ပဲ ဖြစ်လာပါလိမ့်မယ်။
သတင်းတွေက ညအနက်ဆုံးသော အချိန်တွေမှာ ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ခံတပ်ထဲကို ရောက်လာခဲ့တယ်။ရဲတိုက်ထဲကို လွှတ်ထားတဲ့ ကင်းထောက်တွေက အံ့ဩစရာ သတင်းတွေနဲ့ အတူပြန်လာခဲ့ကြပါတယ်။
ရဲတိုက် အစောင့်တွေက ဂျန်မာ နှင့် ကီဒို တို့ပူးပေါင်းထားသည့်..ခံတပ်ကို အလစ်တိုက်ခိုက်ခဲ့တာပါ။မုဆိုးတွေဟာ..ရှုံးနိမ့်သွားခဲ့ပြီး ..သူတို့ရဲ့ အရေအတွက်အများကြီးကို တိုက်ပွဲမှာ ဆုံးရှုံးသွားခဲ့ရတယ်။သူတို့ရဲ့ အကာအကွယ်တွေ မရှိတော့တာကြောင့် လက်မူပညာရှင်တွေ အများကြီးက အစောင့်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ကီဒိုကတော့ တီဆိုင်ရဲ့ လက်ထဲမှာ သေဆုံးသွားခဲ့ရတယ်။သူသေဆုံးပြီးတဲ့ နောက်မှာတော့..ဂျန်မာ နဲ့ သူ့ရဲ့ ရှင်ကျန်သူ နောက်လိုက်တွေက ထွက်ပြေးဖို့သာ တတ်နိုင်ပါတော့တယ်။
ကင်းထောက်တွေ တင်ပြပြီးတဲ့ အချိန်မှာတော့ လေးလံတဲ့ တိတ်ဆိတ်မူတစ်ခုက ခံတပ်ထဲမှာ ကြီးစိုးသွားခဲ့တယ်။နောက်ဘာဆက်ဖြစ်လာမလဒ ဆိုတာကို လူတိုင်း သိထားကြပါတယ်။
အစောင့်တွေနဲ့ အစေခံတွေ ပေါင်းစည်းထားတဲ့ အင်အားစုက..သူတို့ သုံးဖွဲ့ ထဲမှာ အင်အားအကြီးဆုံးပါ..။အခု လက်မူပညာရှင်တွေလည်း သူတို့ရဲ့ လက်ထဲကို ရောက်သွားပြီဆိုတော့..ရဲတိုက်ရဲ့ နေရာအများစုကို သူတို့က ထိန်းချုပ်လိုက်ပါပြီ..။
သူတို့က ပြောင်းလဲနေတဲ့ ကြယ်ပွင့် နဲ့ သူမရဲ့လူတွေဆီကို ဆက်ပြီး ရောက်လာကြတော့မှာပါ။
တိတ်ဆိတ်မူအတွင်းမှာပဲ နစ်ဖီဟာ သူမရဲ့ နောက်လိုက်တွေ ဖြူဖျော့နေတာကိူ မြင်ပြီး ပြောလိုက်တယ်။
"...သန်မာအောင်နေကြ..။ငါတို့ အနိုင်ရလိမ့်မယ်.."
သို့ပေမယ့် ပထမဆုံးအကြိမ်အဖြစ် သူမရဲ့ စကားလုံးတွေက သူတို့ကို မဆွဲဆောင်နိုင်ခဲ့ပါဘူး..။
ရှည်လျားပြီး .အိပ်ရေးပျက်တဲ့ည ကုန်ဆုံးပြီးသွားတဲ့ အချိန်မှာတော့..မထင်မှတ်ထားတဲ့ ဧည့်သည်တစ်ယောက်က ခံတပ်ထဲကို ရောက်လာခဲ့တယ်။
ဒါကတော့ မုဆိုးတွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဂျန်မာ ပါ။
အရပ်ရှည်တဲ့ လူကြီးဟာ အရင်တုန်းက ရှိခဲ့တဲ့ပုံနဲ့ မတူတော့ပေ..။သူ့ရဲ့ အေးဆေးတည်ငြိမ်တဲ့ ပုံစံက အခုတော့ ပင်ပန်းနွမ်းနယ်မူတွေ အဖြစ်အစားထိုးနေခဲ့ပါပြီ..။သူ့မျက်နှာက ဖြူဖျော့နေပြီး သူ့ရဲ့ ပေါ့ပါးတဲ့ အကာအကွယ် အင်္ကျီက သွေးတွေစွန်းထင်းနေခဲ့တယ်။
သူက ပြောင်းလဲနေတဲ့ကြယ်ပွင့် နဲ့စကားပြောဖို့ ဆန္ဒရှိခဲ့ပါတယ်။
သူမ ရောက်လာတဲ့အချိန်မှာတော့..ဂျန်မာဟာ..သူ့ရဲ့ ကျန်ရှိနေတဲ့ လူတွေနဲ့ အတူ ..တီဆိုင်ကို တိုက်ခိုက်တဲ့ နေရာမှာ ပါဝင်ပေးဖို့ ကမ်းလှမ်းလာခဲ့တယ်။
သူမက စိတ်ဝင်စားသွားခဲ့ပြီး..သူမရဲ့ ခံစားမဲ့တဲ့ အသံနဲ့မေးလိုက်ပါတယ်။
"နင့်ရဲ့ ရည်းမှန်းချက်အတွက်ကရော..။နင်က နောက်ထက် အရှင်သခင် ဖြစ်လာချင်တာ မဟုတ်ဘူးလား.."
ဂျန်မာဟာ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ သူ့မျက်လုံးထဲက မီးတောက်တွေက ငြိမ်သက်သွားခဲ့တယ်။နောက်ဆုံးမှာတော့ သူပြောလိုက်ပါတယ်။
"ငါက ဘယ်တုန်းကမှ အရှင်သခင်တစ်ယောက် မဖြစ်ချင်ခဲ့ဘူး..။အဲတာက ကီဒို ရဲ့ ဆန္ဒပဲ..။အခုတော့..အဲဒီ..လူသတ်သမားက...အခုတော့ သူမ သေသွားပြီ..။ငါက ပလ္လင်ကို ထပ်ပြီး ဂရုမစိုက်တော့ဘူး.."
သူ ခနလောက် ရပ်တန့်လိုက်ပြီး..ဝမ်းနည်းတဲ့ ပုံရိပ်တွေ သူ့ရဲ့ မျက်လုံးထဲမှာပေါ်လာခဲ့တယ်။ယင်းနော၇် နက်ရှိုင်းတဲ့ အပိုင်းမှာ အဆုံးမရှိတဲ့ မုန်းတီးမူ မီးစတွေ ပေါ်ထွက်လာခဲ့ပါတယ်။ဂျန်မာ အံကိုကြိတ်ထားခဲ့ပြီး
"ငါ ဂရုစိုက်တာက တီဆိုင် သေတာကို မြင်ရဖို့ပဲ..။တကယ်လို့ နင်သာ သူ့ကို အနိုင်ယူနိုင်တယ်လို့ ကတိပေးမယ် ဆိုရင် ..ငါနဲ့ ငါ့ရဲ့ မုဆိုးတွေက နင့်ရဲ့နောက်ကို အဆုံးအထိ လိုက်ခဲ့မယ်.."
နစ်ဖီ အတော်ကြာအောင် တိတ်ဆိတ်ပြီး သူ့စကားလုံးတွေကို စဥ်းစားနေခဲ့တယိ။နောက်ဆုံးတော့ သူမ တစ်ဖက်ကို လှည့်ပြီး ပြန်ဖြေလိုက်ပါတယ်။
"နင့် လူတွေကို လာခဲ့ဖို့ အချက်ပြလိုက်..။ငါတို့မှာ အစားအသောက်တွေ ရှိသေးတော့..ဝေမျှပေးလို့ရတယ်..။မနက်ဖြန်အတွက် ပြင်ဆင်ထားပါ.."
ဒီလို ပြောပြီးတာနဲ့ သူမ လျောက်ထွက်သွားခဲ့ပါတယ်။
ဂျန်မာ သူမရဲ့ နောက်ကျောကိုကြည့်ပြီး အော်ပြောလိုက်တယ်။
"မနက်ဖြန် ဘာဖြစ်မှာလဲ..."
"..မနက်ဖြန်ကျရင်..ငါ တီဆိုင် ကို သတ်မှာ.."
***
နောက်တစ်ရက် မနက်ခင်းမှာတော့ ကင်းထောက်တွေ ၊ ကင်းလှည့်အဖွဲ့တွေကို စေလွှတ်ကခြင်း မရှိတော့ပေ..။အဲဒီအစား လူတိုင်းက လက်နက်တွေကို တပ်ဆင်ထားကြပြီး ပလ္လင်ခန်းကိူ ချီတက်သွားခဲ့ကြပါတယ်။
နစ်ဖီက..အနက်ရောင်နဲ့အဖြူရောင် ကြယ်အလင်း အကာအကွယ် အင်္ကျီကို ဝတ်ဆင်ထားပြီး..တပ်ဖွဲ့ရဲ့ ရှေ့ဆုံးကိူ လျောက်သွားခဲ့တယ်။
သူမရဲ့ ချပ်ဝတ်မှာတော့..တောက်ပနေတဲ့ ကြယ်ပွင့် ခုနှစ်ပွင့်ကို ထွင်းထု ထားခဲ့ပါတယ်။
ခန်းမကြီးကတော့ လွန်ခဲ့တဲ့ သုံးပတ်က သူတို့ထားခဲ့တဲ့ အတိုင်းရှိနေဆဲပါပဲ..။ဒီအတော်အတွင်းမှာ အဖွဲ့သုံးခုရဲ့အဖွဲ့သားတွေက သူတို့လူတွေရဲ့ အလောင်းတွေကို သင်္ဂြိုလ် ပေးဖို့ သယ်သွားခဲ့ကြပေမယ့်
အဖြူရောင် မာဗယ်ကြမ်းပြင်ကတော့..အနီရောင်သွေးတွေနဲ့ အရောင်ခြယ်ထားသလို ဖြစ်နေခဲ့ပါသေးတယ်။
တီဆိုင် နဲ့ သူ့ရဲ့လူတွေကတော့ အစောကတည်းက စောင့်နေကြပြီးပါပြီ..။
လူသန်ကြီးဟာ ပလ္လင်ပေါ်မှာ တက်ထိုင်နေပြီး အမြင့်ကနေ ကြည့်နခဲ့တယ်။သူ့ရဲ့လက်ထဲမှာတော့ သတ်ဖြတ်မူတွေကြောင့် စိုစွတ်နေဆဲဖြစ်နေတဲ့ တင်းပုတ်ကြီး တစ်ခု ရှိနေခဲ့ပါတယ်။
ဆန်နီဟာ စစ်တပ်နှစ်ခုရဲ့ ကွဲပြားမူကို ကြည့်ပြီး မျက်မှောက်ကျုတ်လိုက်တယ်။
သူတို့က ဆုံးရှုံးမူတွေကြားထဲမှာတောင် အစောင့်တစ်ရာကျော်လောက် ကျန်ရှိနေပါသေးတယ်။သူတိူ့က လက်နက်သေချာတပ်ဆင်ထားကြပြီး..မြို့ပြင်နေထိုင်သူတွေထက် အတွေ့အအကြုံပိုရှိယုံသာ မကပဲ အခုဆိုရင် သူတို့ဘက်မှာ ဖမ်းဆီးထားတဲ့လက်မူ ပညာရှင်တွေလည်း ရှိနေကြပါသေးတယ်။သူတို့က လက်နက်တွေ ၊ ကိရိယာ တွေ နဲ့ သေစေနိုင်တဲ့ တီထွင်မူတွေကို ထောက်ပံ့ပေးထားခဲ့ကြပါတယ်။
လက်မူပညာရှင်တွေ ကိုယ်တိုင်ကလည်း သူတို့ရဲ့ ဘေးနားမှာ ရှိနေပြီး တစ်ချို့ကို သံကြိုးတွေနဲ့ချည်နှောင်ထားကာ..တစ်ချို့တွေကတော့ သူတို့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာနေခဲ့ကြပါတယ်။သူတိူ့ရဲ့ မျက်နှာတွေက ဖြူဖျော့ကာ ကြောက်လန့်နေခဲ့ကြတယ်။သူတို့ရဲ့ နေရာက အစောင့်တွေရဲ့ ရှေ့မှာ ရှိနေတာကြောင့်..တိီဆိုင်က ဒီလူတွေကို လူသားတံတိုင်း လုပ်ဖို့အတွက် စီစဥ်ထားခဲ့တဲ့ ပုံပါပဲ..။
အစေခံတွေဟာလည်း အစောင့်တွေရဲ့ နောက်မှာ တိတ်တဆိတ် ရပ်ပြီး ရှိနေခဲ့ကြတယ်။ဒီတိတ်ဆိတ်နေတဲ့ မိန်းကလေးတွေက ရဲတိုက်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ရပြီး တစ်ခြားကိစ္စတွေကိုလည်း လုပ်ဆောင်ကြရပါတယ်။သူတိူ့က ဂန်လောင်သေဆုံးပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ မပါဝင်ကြတာကြောင့် သူတို့ရဲ့ အရေအတွက်က သိပ်ပြီး မလျော့သွားခဲ့ပါဘူး..။သူတို့က တစ်ရာဝန်းကျင်လောက် ရှိနေခဲ့တယ်။
သူတို့ရဲ့ ခေါင်းဆောင် ဆိုင်ရှန် ကတော့..ပလ္လင်ဆီကို သွားတဲ့ လှေကားရဲ့ ခြေရင်းမှာ ရှိနေခဲ့တယ်။သူမကို ကြည့်ရုံနဲ့တင် ဆန်နီက ကျောချမ်းသလို ခံစားရပါတယ်။
ဘာကြောင့်မှန်းမသိပေမယ့် ဒီလှပပြီး ထူးဆန်းတဲ့ မိန်းကလေးက သူ့ကို ကြောက်ရွံ့မူ ဖြစ်ပေါ်စေတာတော့ အမှန်ပါပဲ..။
သာမန်ကြည့်ရင်တော့ နစ်ဖီရဲ့ဘက်မှာက လူအရေအတွက် ပိုများပါတယ်။ဒါက အပြင်ဘက်နေထိုင်သူတွေ ၊ အခကြေးငွေ ပေးပြီးနေထိုင်ခဲ့တဲ့ သူတွေ နဲ့ မုဆိုးတွေ အကုန်လုံး ပေါင်းစပ်ထားခဲ့တာပါ။
သိူ့ပေမယ့် အမှန်တော့ ဒီထဲက တစ်ဝက်လောက်ကပဲ..အစောင့်တွေနဲ့ တိုက်ပွဲမှာ ယှဥ်ပြီးတိုက်ခိုက်ဖို့ အရည်အချင်း ပြည့်မှီပါတယ်။
အနက်ရောင်မြို့တော်ထဲမှာ ဒီနေ့အထိ အသက်ရှင်ကျန်ရစ်နေကြတဲ့ လူသားတွေ အကုန်လုံးက ဒီမှာရောက်နေကြတာပါ..။ဒါက ခြောက်ရာ နီးပါး လောက် သာ ရှိနေခဲ့တယ်။
တစ်ခြားသူတွေကတော့ သေဆုံးသွားခဲ့ကြပါပြီ..။
ပြီးတော့ ဒီနေ့မှာရော ဘယ်နှစ်ယောက်လောက် သေဆုံးကြဦးမှာလဲ..။