← Chapters

အလင်းရဲ့ ပလ္လင်

Vol. 21 Ch. 307

အလင်းရဲ့ ပလ္လင်

Vol. 21 Ch. 307

တပ်ဖွဲ့ နှစ်ခုဟာ မျက်နှာချင်းဆိုင်ရှိနေခဲ့ကြတယ်။ကြီးမားတဲ့ ခန်းမကြီးရဲ့ ပျက်ဆီးနေတဲ့ နေရာလွတ်က သူတိူ့ကို ခွဲခြားပေးထားခဲ့ပါတယ်။တိတ်ဆိတ်တဲ့လေထုက သွေးဆာ မူ ၊ စိုးရိမ်မူ တွေနဲ့ ပြည့်နှက်နေခဲ့တယ်..။

ဆန်နီဟာ တပ်ဖွဲ့ရဲ့ ထိပ်ဆုံးနေရာကို ဖြည်းဖြည်းချင်း လျောက်သွားခဲ့ပြီး..ဆန့်ကျင်ဘက်ခြမ်းမှာ ရှိနေတဲ့ လက်နက်အပြည့်တပ်ဆင်ထားတဲ့ စစ်သည်တော်ကို တွေကို ရှုပ်ထွေးစွာကြည့်လိုက်ပါတယ်။သူ့အမြင်အရ ကြည့်ရမယ် ဆိုရင်တော့ ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ လူတွေက..ဒီတိုက်ပွဲမှာ ရှင်ကျန်ရစ်နိုင်တဲ့ အခွင့်အရေးက သေးငယ်လှပါတယ်။

သူတို့က ရိုးရှင်းစွာပဲ ရဲတိုက်အစောင့်တွေကို အသာယူနိုင်ချေ မရှိကြပေ..။သူတို့ရဲ့ ခန္တာကိုယ်တွေက ရန်သူရဲ့ ဓားတွေကို သွေးပိုစွန်းစေတာပဲ ရှိမှာပါ..။ဒီနေရာမှာ ရှိနေတဲ့လူတွေက အကုန်သာမန်လူတွေချည်းပဲ ဆိုရင်တောင် သူတို့က ပိုကောင်းတဲ့ လက်နက် တပ်ဆင်ထားတဲ့ တပ်ဖွဲ့တွေကို..အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး..။

ပိုဆိုးတာက..ခန်းမထဲမှာရှိနေတဲ့ သူတို့က အိပ်စက်သူတွေ ဖြစ်နေတဲ့ အချက်က အခြေအနေကို ပိုပြီး ဆိုးဝါးစေပါတယ်။န်ိုးထသူ နှစ်ယောက်ကြားထဲ စွမ်းအား ကွာဟာမူက သာမန် တိုက်ခိုက်ရေးသမား နှစ်ယောက်ထက်ပိုပြီး ကြီးမားပါတယ်။

ဒါတောင်မှ သူက အကြောင်းပြချက်တစ်ချို့ကြောင့် နစ်ဖီ ရှုံးနိမ့်မယ်လို့ မထင်ခဲ့ပေ..။

အစောင့်တွေက မြို့ပြင်နေထိုင်သူတွေထက် ကောင်းမွန်တဲ့ လက်နက်တွေ ၊ အတွေ့အကြုံတွေ ရှိကြပေမယ့် သူတို့ဘက်မှာ ပြောင်းလဲနေတဲ့ကြယ်ပွင့် မရှိပေ..။သူတိူ့မှာ အယ်ဖီ ၊ ကတ်စတာ ၊ ဂျန်မာ တို့လည်း မရှိကြပါဘူး..။ပြီးတော့ သူတို့မှာ ဆန်နီလည်း မရှိပေ..။

သူတို့မှာ ရှ်ိတာဆိုလို့ အကြောက်အလန့်ကင်းတဲ့ ချန်ပီယံ..ဆိုင်ရှန် နဲ့ တီဆိုင် တို့ပဲ ရှိကြတာပါ။

နေ့တစ်နေ့ရဲ့ အဆုံး..တိုက်ပွဲရလာဒ်ကို ဆုံးဖြတ်ဖို့ဆိုရင်..ဒီလို အိပ်စက်သူတွေကြားထဲမှာ ထိုးထွက်နေတဲ့ ထူးချွန်တဲ့သူတွေကပဲ ဆုံးဖြတ်ပေးသွားမှာပါ။အနက်ရောင်မြို့တော်ထဲမှာ ရှင်ကျန်ရစ် နေတဲ့ သူတိုင်းက ချောက်နက်ကြီးတွေလိုပဲ..ထင်ရှားပြီး သန်မာကြပါတယ်။နိုးထသူတွေကြားထဲမှာဆိုရင်..တစ်ကိုယ်တော်စွမ်းရည်တွေဆိုတာက အရမ်းကို အရေးပါတဲ့ အရာပါ။ဒီလို တစ်ကိုယ်တော်စွမ်းရည်ချင်း ယှဥ်ပြိုင်မယ် ဆိုရင်..ပြောင်းလဲနေတဲ့ကြယ်ပွင့် ဘက်က ပိူပြီး သာလွန်ပါတယ်။

ဒီတော့..ဟုတ်ပါတယ်။ဆန်နီကတော့ နစ်ဖီ အနိုင်ရလိမ့်မယ်ဆိုတာကို ယုံကြည်ထားပြီးသားပါ..။

ဒါပေမဲ့ ဒီအတွက် ဘယ်လောက်အထိ ပေးဆပ်ရမှာလဲ..။

ဒီလို မေ့ပျောက်ကုန်းမြေလိူ နေရာမျိုးမှာ လူသားတွေ အတွက် နောက်ဆုတ်ဖို့ နေရာဆိုတာ မရှိပါဘူး..။ဒီတော့..ဒီတိုက်ပွဲမှာ တစ်ဖက်ဖက်က အပြတ်အသတ် ရှုံးနိမ့်သွားမှသာ ပြီးဆုံးသွားပါလိမ့်မယ်။ပြီးတော့ အဖွဲ့တစ်ဖွဲ့က အဆုံးသတ်ခံရတာ နီးကပ်လာလေလေ၊ သူတို့ရဲ့ အဖွဲ့ဝင်တွေက ပိုပြီးပြင်းပြင်းထန်ထန် တိုက်ခိုက်လာလေလေ ပါပဲ..။ဒါက ချောင်ပိတ်ရိုက်ခံရတဲ့ ကြွက်တွေလိုဖြစ်လာတော့မှာပါ။ဒီလို ဖြစ်လာတဲ့ အချိန်ကျရင် သွေးတွေက ဆိုးဆ်ိုးဝါးဝါး ထွက်ပေါ်လာပါလိမ့်မယ်။

ဒီဟာက အသန်မာဆုံးနဲ့ ခံနိုင်ရည်အရှိဆုံး လက်တစ်ဆုပ်စာ လူလောက်ပဲ ကျန်မှ..ရပ်တန့်သွားတော့မှာလား..။

သူ့အတွေးတွေကို ဖတ်မိလိုက်တဲ့အလား..တီဆိုင်ရဲ့ ရယ်သံက ရုတ်တရက် ထွက်လာခဲ့ပြီး..ခန်းမထဲက လူတွေကို သွေးဆာတဲ့ အပြုံးနဲ့ကြည့်နေခဲ့ပါတယ်။

'ဒါက..ဒါက ဒီခွေးသား တကယ် လိုချင်နေတဲ့ အရာလား..'

လူသန်ကြီးဟာ..နစ်ဖီကို တည့်တည့်ကြည့်ကာ ပြုံးလိုက်ပြီး..

"ပြောင်းလဲနေတဲ့ကြယ်ပွင့်..။အာ..ငါတို့ တွေ့ကြပြန်ပြီ..။ဒါပေမဲ့ ..ခနလေး..။နင့် ဘေးနားက ဘယ်သူများလဲ..။အဲတာက ငါ့ မိတ်ဆွေကြီး , ဂျန်မာ လား..။ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလဲ..။သူ့ကိုပါ ဒီကို ခေါ်လာဖို့ နင်ဘယ်လို စဥ်းစားမိသွားတာလဲ..။အခုတော့..ဒီညစ်ပတ်တဲ့ပိုးကောင်ကို ရှာဖို့ ရဲတိုက်တစ်ခုလုံး ပတ်သွားနေစရာ မလိုတော့ဘူး.."

ဒီလို ပြောပြီးတာနဲ့ သူက ပလ္လင်ပေါ်ကနေ ထရပ်လိုက်ပြီး..တင်းပုတ်ကို ပူခုံးပေါ်ကိုတင်ကာ..လှေကားကနေ ဆင်းလာခဲ့ပါတယ်။အနက်ရောင် အလင်းစက်ကလေးတွေကတော့ သူ့ မျက်လုံးထဲမှာတောက်လောင်နေခဲ့တယ်။

"နင် ဒီကို သေဖို့လာတာလား..ပြောင်းလဲနေတဲ့ ကြယ်ပွင့်.."

နစ်ဖီဟာ စိတ်ဝင်စားစွာနဲ့ တီဆိုင် ကိုကြည့်လိုက်တယ်..။

"...မဟုတ်ဘူး..။ငါ နင့်ကို လာသတ်တာ.."

လူသန်ကြီးဟာ ရယ်မောလိုက်တယ်..။မာဗယ် ကြမ်းခင်းပေါ်မှာ ခြေချလိုက်ပြီး..သူက ဆိုင်ရှန် ​ြေးနားမှာ ရပ်တန့်လိုက်ကာ..အံကိုကြိတ်ပြီး ရက်စက်စွာ ပြုံးနေခဲ့ပါတယ်။

သူတို့နှစ်ယောက်စလုံးက တကယ်ကို အကြောက်အလန့်ကင်းနေတဲ့ ပုံပေါ်ပါတယ်။လူသန်ကြီးဟာ..ဖျက်ဆီးမူ နဲ့ ကြမ်းတမ်းမူ တွေ ပြန်ဝင်စားထားသလိုပါပဲ..။မမြင်ရတဲ့ အေခဲ အကာအကွယ်တစ်ချို့ကြောင့် သူ့ရဲ့ အရည်ပြားတွေက အပြာရောင် သန်းနေခဲ့တယ်။ပလ္လင်ခန်းထဲက လေထုက ရုတ်တရက် အေးစက်လာခဲ့ပြီး ..သေးငယ်တဲ့ နှင်းဖတ် လေးတွေက အလင်းရောင် အောက်မှာ ကခုန်နေခဲ့ပါတယ်။

အစေခံတွေရဲ့ ဆန်းကျယ်တဲ့ ခေါင်းဆောင်ဟာ လှပပြီး ထည်ဝါပေမယ့်..ကြောက်မက်ဖွယ် ကောင်းနေဆဲပါ..။

ဆိုင်ရှန် က အရမ်းကို လှပ ၊ အေးစက်ပြီး..တည်ငြိမ်နေခဲ့တယ်။သူမက ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားပေမယ့်..ထူးခြားစွာပဲ..သူမရဲ့ အဝတ်အစားက နူးညံတဲ့ ဝိုင်နီ ရောင်ဖြစ်နေခဲ့ပါတယ်။သူမရဲ့ ရင်ဘတ်မှာ ရှုပ်ထွေးတဲ့ ငွေရောင် ရင်ထိုးကို တပ်ဆင်ထားပြီး..သူမရဲ့ လက်မှာ လက်ကောက်နှစ်ခု ဝတ်ဆင်ထားခဲ့တယ်။

သို့ပေမယ့် သူမရဲ့ ရင်သတ်ရူမောဖွယ်ပုံစံက သူမရဲ့ ထည်ဝါမူနဲ့ အလှတရား မဟုတ်ပါဘူး..။ဒါက သူမရဲ့အသားအရေ ပါ..။ဒါက တိမ်တိုက်တွေလိူ အညိုရောင်ဖြစ်ပြီး..ပိုးချည်လို နူးညှံ့ကာ..မပြီးပြည့်စုံမူတွေအားလုံးနဲ့ သွေဖယ်ထားပါတယ်။

နစ်ဖီလိုပဲ..ဆိုင်ရှန် ရဲ့ အသားအရည်က သူမရဲ့ စွမ်းရည်ကြောင့် ပြောင်းလဲသွားခဲ့တာပါ။သိူ့ပေမယ့် ဒီပြောင်းလဲမူက သူမကို ပိုပြီးတောင် လှပစေပါတယ်။ဒါက သူမကို မယုံနိုင်စရာကောင်းတဲ့ ဆွဲဆောင်မူ နဲ့ လူသားနဲ့မတူတဲ့ လှပမူကို ပေးစွမ်းနေခဲ့တယ်။

ဆိုင်ရှန် ရဲ့အလှတရားက လူတစ်ဦးရဲ့ နှလုံးသားထဲမှာ လိုချင်တက်မက်မူကိုရော ၊ ကြောက်ရွံ့မူကိုရော တစ်ပြိုင်နက်တည်း ဖြစ်စေပါတယ်။

တီဆိုင် နီးကပါလာတဲ့ အချိန်မှာတော့ သူမက လက်နက်ကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး အပြင်ဘက်နေထိုင်သူတွေကို အေးစက်စွာကြည့်နေခဲ့တယ်။အများစုက ကျောချမ်းသွားကြပြီး ချက်ချင်း အကြည့်လွဲလိုက်ကြပါတယ်။

ခနအကြာမှာတော့ ထည်ဝါလှတဲ့ စစ်ပွဲ တူ တစ်လက်က..သူမရဲ့လက်မှာပေါ်လာခဲ့ပါပြီ..။သူ့ရဲ့ ဦးခေါင်းပိုင်းကိုတော့ ငှက်တစ်ကောင်ရဲ့ နှုတ်သီးပုံစံ ထွင်းထုထားခဲ့တယ်။

လူသန်ကြီးဟာ ရယ်မောလိုက်ပြီး..

"ငါ့ကို သတ်မလို့လား..။နင် ကြိုးစားပြီးပြီ မဟူတ်ဘူးလား..။တကယ်လို့ ငါ အမှတ်မမှားဘူးဆိူရင် နောက်ဆုံးတစ်ကြိမ် တိုက်ခိုက်တုန်းက နင်က သွေးကြောင်တဲ့ ခွေးတစ်ကောင်လိူ ထွက်မပြေးခဲ့ဘူးလား..။ဒီနေ့ကြမှ ဘာလို့ ကွဲပြားမယ်လိူ့ ထင်နေရတာလဲ ခွေးမ.."

နစ်ဖီဟာ..ခေါင်းကို မော့လိုက်ပြီး သူ့ရဲ့ လှောင်ပြောင်တဲ့ အကြည့်တွေကို တိတ်တဆိတ်ကြည့်နေခဲ့ပါတယ်။

တီဆိုင် ခေါင်းခါယမ်းလိုက်ပြီး..

"အဲ့အကြည့်တွေ..။ငါက နင့်ရဲ့လှပတဲ့ မျက်နှာပေါ်ကနေ အရင်ကတည်းက ဖယ်ရှားချင်ခဲ့တာ..။ဒီနေ့တော့ ဘယ်လ်ိုတောင်းပန် ရလဲဆိုတာကို ငါ နင့်ကို သင်ပေးမယ်..။ဒီတော့ နင်ဘာပြောမလဲ..။ငါတို့ ဒီ အရှုပ်ထုတ်ကို ရှင်းလိုက်ကြတော့မလား.."

သူ့ရဲ့ အနောက်မှာ ရပ်နေကြတဲ့ အစောင့်တွေဟာ..ရယ်မောပြီး သူတို့ရဲ့လက်နက်တွေကို အသင့်ပြင်လိုက်ကြပါတယ်။ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ နောက်လိုက်တွေကတော့ အံကိုကြိတ်ထားပြီးတိုက်ပွဲအတွက် ပြင်ဆင်လိုက်ကြတယ်။

သွေးထွက်သံယို မြင်ကွင်းတွေက စတင်ပါတော့မယ်..။

နစ်ဖီဟာ သူမရဲ့ ငွေရောင်ဓားကို ထုတ်ကာ တီဆိုင်ကို အေးစက်ပြီး ဂရုမစိုက်တဲ့လေသံနဲ့ပြန်ပြောလိုက်တယ်။

"..စ လိုက်ကြတာပေါ့.."

ခနအတွင်းမှာပဲ အချိန်တွေ နှေးကွေးသွားခဲ့တယ်။

ရက်စက်တဲ့ အပြုံးနဲ့အတူပဲ လူသန်ကြီးဟာ ရှေ့ကိုလျောက်လာခဲ့တယ်..။သူက ပါးစပ်ကို ဖွင့်ပြီး သူ့စစ်သည်တွေကို ညွှန်ကြားဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။

သူ့ရဲ့ နောက်ဘက် ခြေတစ်လှမ်းအကွာမှာတော့ ဆိုင်ရှန် က တိတ်တဆိတ်လိုက်လာနေ ခဲ့ပါတယ်။

...ပြီးတာနဲ့ သူမရဲ့ စစ်ပွဲတူကြီးကို မြှောက်လိုက်ပြီး တီဆိုင်ရဲ့ အနောက်ဘက် ဦးခေါင်းကို တစ်ချက်တည်းနဲ့ ကွဲကြေသွားအောင် ထုလိုက်ပါတော့တယ်။

တစ်ချိန်တည်းမှာပဲ..အစောင့်တွေ နောက်မှာ ရပ်နေကြတဲ့ အစေခံတွေဟာ..မထင်မှတ်ထားတဲ့ လူတွေကို သူတို့ ဝတ်ရုံထဲက ဓားရှည်တွေနဲ့တိုက်ခိုက်လိုက်ကြတယ်။ဒီဓားတွေက မှတ်သားမူတွေ မဟုတ်တာကြောင့် အသုံးပြုဖို့အတွက် အလင်းစက်တွေ ပေါ်လာတဲ့အထိ အချိန်မယူရပါဘူး..။အဲဒီအစား ဒါတွေက

စတီး ၊ အရိုး နဲ့ အနက်ရောင်..သလင်းကျောက်တွေနဲ့သာ ပြုလုပ်ထားခဲ့တယ်။

ခနအကြာမှာတော့ ဒီဓားတွေက အစောင့်တွေရဲ့ အသွေးအသားတွေ ထဲကို ရက်ရက်စက်စက် စိုက်ဝင်သွားခဲ့ကြတယ်။အစေခံတွေက သူတို့ရဲ့ လည်ချောင်း ၊ နှလုံးသားနဲ့ မျက်လုံးတွေကို ချိန်ရွယ်ပြီး ထိုးလိုက်ကြတာပါ..။သွေးတွေက မာဗယ်ကြမ်းပြင်ပေါ်ကို နောက်တစ်ကြိမ် စီးဆင်းသွားခဲ့ပြီး နာကျင်တဲ့အော်သံတွေ ထွက်ပေါ်လာပါတော့တယ်။

တီဆိုင်ရဲ့ စစ်သည်တွေဟာ ဘာတွေဖြစ်နေလဲဆိုတာကို သိလိုက်ကြတဲ့ အချိန်မှာ အရာအားလုံးက နောက်ကျ သွားခဲ့ပါပြီ..။သူတိူ့က ရုတ်တရက် တိုက်ခိုက်မူကို ပြန်လည်တုန့်ပြန်နိုင်စွမ်း မရှိကြတော့ပေ..။

စက္ကန့်အတော်ကြာပြီးနောက်မှာတော့ အရာအားလုံးပြီးဆုံးသွားခဲ့တယ်။သန်မာတဲ့ တိုက်ခိုက်ရေးသမားတစ်ရာကျော်က..သူတို့ရဲ့လက်နက်ကို မြှောက်ချိန်တောင် မရပဲ အသတ်ခံလိုက်ရတာပါ။သူတိူ့ရဲ့ အလောင်းတွေက ကြမ်းပြင်ပေါ်မှာ ထိပ်လန့််မူ ၊ မယုံကြည်နိုင်မူ တွေနဲ့ လဲလျောင်းနေခဲ့ကြတယ်။

တီဆိုင် တစ်ယောက်တည်းသာ အသက်ရှင်နေပါတော့တယ်။

သူ့ရဲ့ ဦးခေါင်းရိုးက ကွဲကြေနေခဲ့ပေမယ့်..ဒေါသထွက်နေတဲ့ အမူအရာနဲ့ ထရပ်ဖို့ကို ကြိုးစားနေတုန်းပါ..။သို့ပေမယ့် သူ့ရဲ့ကြိုးစားမူတွေက တစက္ကန့်စီတိုင်းမှာ အားနည်းလာနေခဲ့တယ်။

ရှုပ်ထွေးပြီး နာကျင်တဲ့ အော်သံက သူ့နှုတ်ခမ်းကနေ ထွက်ပေါ်လာခဲ့ပါတယ်။

အိပ်စက်သူ ရာနဲ့ချီပြီးက သူတို့ရှေ့က မြင်ကွင်းကို ဆွံ့အစွာကြည့်နေခဲ့ကြတယ်။နစ်ဖီ ခန်းမကြီးကို လျောက်သွားပြီး သူ့အနားကို ကပ်သွားခဲ့ပါတယ်။

လူသန်ကြီးရဲ့ နောက်မှာရှိနေတဲ့ ဆိုင်ရှန်က သူမကိုလေးစားသမူနဲ့ အရိုအသေပေးလိုက်တယ်။

" မိန်းကလေး ပြောင်းလဲနေတဲ့ကြယ်ပွင့် "

ဆန်နီဟာ သူမရဲ့ သွေးစွန်းနေတဲ့ တူကို ကြည့်လိူက်တယ်။အရိုးစတွေက သတ္တုရဲ့ မျက်နှာပြင်မှာတောင် ကပ်ပြီး ပါလာနေခဲ့ပါတယ်။သူ့မျက်နှာပေါ်မှာ တစ်ခုခု မှတ်မိသွားတဲ့ အမူအရာပေါ်လာခဲ့ပြီး..

"တူ....မာဆွန် ရဲ့ တူ..."

ဆိုင်ရှန်ရဲ့ လှပတဲ့ လက်မှာကိုင်ထားတာက ခြောက်ခုမြောက် အမြုတေ မှတ်သားမူပါ။ဒါက အနက်ရောင်မြို့တော်ကြီးရဲ့ နံရံတွေကို တည်ဆောက်ခဲ့သူ ၊ လမ်းလျောက်နေတဲ့ ရုပ်ထုကြီး ပိုင်ဆိုင်တဲ့ လက်နက်ဆိုလည်း မမှားပါဘူး..။

နေအလင်း အမြုတေ..။

နစ်ဖီဟာ ချောမောတဲ့ အမျိုးသမီးကို ယဥ်ကျေးစွာခေါင်းညိမ့်ပြလိုက်တယ်။

"လုပ်တာ ကောင်းတယ်.."

နောက်ဆုံးတော့ ရဲတိုက်ထဲကနေ တစ်ချိန်လုံးကူညီပေးနေတဲ့ သူလျိုက ထွက်ပေါ်လာခဲ့ပါပြီ။

ယင်းနောက် သူမက သေခါနီးဖြစ်နေတဲ့ လူသန်ကြီးကို စိုက်ကြည့်လိုက်တယ်။နစ်ဖိီရဲ့ မျက်နှာက မပြောင်းလဲပဲ ရှိနေခဲ့ပြီး သူမရဲ့ အညိုရောင် မျက်လုံးတွေမှာ ဘာ ခံစားချက် မှ ရှိမနေခဲ့ပါဘူး..။ခနလောက်ကြာပြီးကာမှ သူမက ပုံမှန်အတိူင်း ပြောလိုက်တယ်။

"ငါ နင့်ကို သတ်မယ်လို့ ​ကတိပေးထားသားပဲ.."

ဒီလိုပြောပြီးတာနဲ့ သူမက ဓားကို မြှောက်ပြီး တီဆိုင်ရဲ့ နှလုံးသားနေရာကို တိတိကျကျ တစ်ချက်တည်း ထိုးဖောက်လိုက်ပါတယ်။လူသန်ကြီးဟာ တုန်လှုပ်သွားခဲ့ပြီးမှ ငြိမ်သက်သွားပါတော့တယ်။

နစ်ဖီဟာ သူမရဲ့ ဓားကို ပြန်ဆွဲထုတ်လိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်ကာ..သူမရဲ့ အလေးချိန်ကို ဓားနဲ့ တစ်ခနလောက် ထိန်းထားခဲ့ပါတယ်။သူမရဲ့

ခန္တာကိုယ်က အနည်းငယ် တုန်လှုပ်သွားခဲ့တယ်။

ပလ္လင် အတွက် တိုက်ခိုက်ကြတဲ့ စစ်ပွဲက ဒီလိုနဲ့အဆုံးသတ်သွားခဲ့တယ်။

တောက်ပတဲ့ ရဲတိုက်ကြီးကလည်း နောက်ဆုံးတော့ သူ့ရဲ့ ပိုင်ရှင်အသစ်ကို ရှာတွေ့သွားခဲ့ပါပြီ။

All Chapters