လက်ပါးစေ
Vol. 21 Ch. 308
ရဲတိုက်အစောင့် တပ်ဖွဲ့ ရှင်းလင်းခံရပြီးနောက်မှာတော့ ပင်မ အဖွဲ့သားတွေဟာ..ခန်းမကြီးနဲ့ မဝေးကွာလှတဲ့ အခန်းငယ်တစ်ခုမှာ စုဝေးခဲ့ကြပါတယ်။ဒီအခန်းထဲကနေပြီး..သေဆုံးသွားတဲ့ အစောင့်တွေရဲ့ အလောင်းတွေကနေ တန်ဖိုးရှိတဲ့အရာတွေကို ချွတ်ယူပြီး ဆွဲခေါ်သွားတဲ့ အသံတွေကို ကြားနေခဲ့ရတယ်။ဒီလိုမလုပ်ရင် သူတို့က ဆာလောင်နေတဲ့ အိပ်မက်ဆိုးသားရဲတွေကို ဆွဲဆောင်ထားသလို ဖြစ်နေပါလိမ့်မယ်။
ဒီလိုနဲ့ပဲ..တောက်ပတဲ့ ရဲတိုက်ကြီးရဲ့ အင်အားအကြီးဆုံး မူလ အဖွဲ့ကြီးက ပြိုကွဲသွားခဲ့ပါပြီ..။
လူတိုင်းရဲ့ မျက်နှာပေါ်က အမူအရာကို ကြည့်ချင်းအားဖြင့် ဘယ်သူကမှ နစ်ဖီ နဲ့ အစေခံတွေရဲ့ ဆက်နွယ်မူကို မသိရှိထားခဲ့ပါဘူး..။ကတ်စီကတော့ ချွတ်ယွင်းချက် ဖြစ်နိုင်ပါတယ်။
သို့ပေမယ့် ဘယ်သူကမှ ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို ဒီအကြောင်းနဲ့ ပတ်သက်ပြီး မေးခွန်းမထုတ်ရဲကြပေ။
ကောင်းပြီ..ဆန်နီမှာတော့ ဒီီလို ပြသနာ မရှိပါဘူး..။
သူတို့ရဲ့ ခေါင်းဆောင်ကို သံသယဖြစ်တဲ့ အမူအရာနဲ့မေးလိုက်တယ်။
"ဒီတော့ နင်က ဆိုင်ရှန် နဲ့ဘယ်တုန်းကစပြီး လက်တွဲထားတာလဲ.."
နစ်ဖီ သူ့ကိုကြည့်ပြီး ပုခုံးတွန့်လိုက်တယ်။
"နင် ထွက်သွားပြီး မကြာခင်မှာပဲ.."
သူမရဲ့ မျက်လုံးမှာ အလင်းစက်တွေ ရှိနေခဲ့ပါတယ်။
"ဘာလို့လဲ..အံ့ဩသွားတာလား.."
ဆန်နီ ခနလောက် တိတ်ဆိတ်နေပြီးကာမှ ခေါင်းခါယမ်းလိုက်တယ်။
"ဟင့်အင် အဲလိုမဟုတ်ဘူး..။နင့်ရဲ့ သူလျိုက ခေါင်းဆောင်ပိုင်းက ဆိုတာကို ငါ အစောကတည်းက ခန့်မှန်းမိတယ်..။ဘယ်သူလဲ ဆိုတာကိူသာ မသိတာ။ဒါပေမဲ့ ဂန်လောင် သေဆုံးတာနဲ့ အပေးအယူက ပြီးဆုံးသွားမယ် ဒါမှမဟုတ် နင် သူတို့ကို ဖယ်ရှားပြီးတာနဲ့ နင့်ကို သစ္စာဖောက်လိမ့်မယ်လို့ ထင်ထားခဲ့တာ.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ နက်မှောင်စွာ ပြုံးလိုက်ပြီး..
"သူမ မလုပ်ပါဘူး.."
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး မေးလိုက်တယ်။သူ့အသံက အေးစက်ပြီး တွက်ချက်မူတွေ ရှိနေခဲ့ပါတယ်။
"ဒါဆိုရင် ဒီဟာတွေ စတင်ကတည်းက သူမက နင်နဲ့ဘာလို့ မပူးပေါင်းခဲ့တာလဲ..။ဒီအခြေအနေ ထိ ရောက်အောင် သူမက ဘာလို့ စောင့်နေခဲ့တာလဲ.."
ယင်းနောက် သူက သူမ ပြနိဖြေတော့မယ့် အရာကို လက်ကာပြကာ တားဆီးလိုက်ပြီး..
"တကယ်တော့..ဘာမှပြောစရာမလိုဘူး..။ငါ ခန့်မှန်းကြည့်လို့ရတယ်။တကယ်လို့ အစေခံတွေသာ ပူးပေါင်းလာခဲ့မယ် ဆိုရင် အင်အားစုတွေကြားထဲမှာကွာဟချက်က ကြီးမားသွားလိမ့်မယ်။ဒါက တစ်ခြားခေါင်းဆောင်တွေ အတွက် ဖိအားဖြစ်လာစေပြီး..သူတို့အချင်းချင်း တိုက်ခိုက်မယ့်အစား..ပူးပေါင်းသွားနိုင်တယ်လေ..။ဒါဆိုရင် ငါတို့က တကယ်ပဲ နောက်ဆုံး ရှင်ကျန်တဲ့အထိ အသေအကြေတိုက်ခိုက်ရတော့မယ်..။ဟုတ်တယ်မလား.."
နစ်ဖီ သူ့ကိုကြည့်ပြီး ခေါင်းညိမ့်လ်ိုက်တယ်။
"မှန်တယ်.."
'သူတို့နှစ်ယောက်က တီဆိုင် နဲ့ ဂျန်မာတို့ ပေါင်းစည်းသွားမှာကို တားဆီးထားနိုင်ရုံတင်မကပဲ..ရဲတိုက်ကြီးကိုလည်း တစ်ယောက်မှ မဆုံးရှုံးပဲ သိမ်းပိုက်နိုင်ခဲ့တာပေါ့..။ဘယ်လောက် ဆိုးယုတ်လိုက်လဲ..'
လိမ်ညာတဲ့ နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ဆန်နီ တောင် လေးစားမိသွားတာ အမှန်ပါပဲ..။
သိူ့ပေမယ့် ဒီမှာ ပြသနာ တစ်ခုရှိနေပါသေးတယ်။သူက မျက်မှောင်ပြန်ကျုတ်သွားခဲ့ပြီး..
"ငါ မှတ်မိသလောက်ဆိုရင်..ငါတို့နောက်ဆုံးပြောတုန်းက ဒီ သူလျိုက ယုံကြည်လိူ့ မရဘူးလို့ ပြောတယ်လေ..။နင်က သူပေးတဲ့ အချက်အလက်တွေကိုပဲ ယုံကြည်ထားခဲ့တာ..။ဒါက ဘာလို့ပြောင်းလဲသွားခဲ့တာလဲ..။သူမက အပေးအယူကို နောက်ဆုံးအချိန်အထိ ဆုပ်ကိုင်ထားပါ့မယ်လို့ နင်က ဘယ်လိုလုပ် သေချာသိနေတာလဲ.."
နူးညံ့ပြီး ချိုသာတဲ့ အသံက ရုတ်တရက် သူ့ရဲ့ နောက်ကနေ ထွက်ပေါ်လာခဲ့တယ်။
" ဒါကိုတော့ ကိုယ့်ဟာကို ပဲ ရှင်းပြပါရစေ.."
' သောက်ကျိုးနဲ...'
ကြောင်အတဲ့ အမူအရာနဲ့လှည့်ကြည့်လိူက်တဲ့ အချိန်မှာတော့ ဆန်နီဟာ သူ့ရှေ့မှာ လှပတဲ့ အမျိုးသမီးတစ်ယောက်က ရှိနေတာကို တွေ့လိုက်ရတယ်။အနီးကပ်ကြည့်မှပဲ..သူမက ပိုတောင်လှပနေခဲ့ပြီး..သူမရဲ့ ထူးဆန်းတဲ့ အညိုရောင်အသားအရေ က နေရောင်အောက်မှာ ပိုလင်းလက်နေခဲ့ပါတယ်။
' ငါ နဲ့ ငါ့ရဲ့ အရိပ်တောင် သတိမထားမိပဲ..သူမက ဘယ်လိုလုပ် အနားကို ရောက်လာတာလဲ..'
ဆိုင်ရှန်က အခုလိုမျိုး သူ မသိအောင် လှုပိရှားနိုင်နေတာကို သူလုံးဝ သဘောမကျပါဘူး..။ဒီလိုအရာမျိုးက လုံးဝကို ဖြစ်မလာသင့်ပေ..။
အဲ့အချိန်မှာတော့ အရမ်းလှပတဲ့ အမျိသမီးဟာ သူတို့ကို အရိုအသေ ပေးကာ ပြောလိုက်တယ်။
"ကိုယ့်ကိုကို မိတ်ဆက်ခွင့်ပြုပါ..။ကျွန်မ နာမည်က ဆောင်ဆိုင်ရှန်..."
ရုတ်တရက် ကတ်စတာ ရဲ့ မျက်လုံးတွေ ကျဥ်းမြောင်း သွားခဲ့တယ်။ထူးဆန်းတဲ့ အမူအရာက သူ့မျက်နှာပေါ်မှာ ပေါ်လာခဲ့ပါတယ်။
ဆန်နီ ဒီ ရုတ်တရက် ပြောင်းလဲမူကို လွတ်မသွားခဲ့ပေ..။
'ကောင်းပြီလေ..ငါတို့ရဲ့ ဂုဏ်ယူရတဲ့ ဆက်ခံသူ က ဒီလို တုန့်ပြန်တယ် ဆိုတော့ တစ်ခုပဲ ရှိတော့တယ်။ဒါက ဆက်ဆံသူ ချင်း ကိစ္စတွေပဲ..'
ဆန်နီ ဆိုင်ရှန်ကို အမြင်အသစ်တွေနဲ့ ပြန်ကြည့်လိုက်တယ်။သူမရဲ့ ရိုးရှင်းတဲ့ ချည်သား အင်္ကျီကနေ တောက်ပတဲ့ ငွေရောင် ရင်ထိုး အထိ သေချာလေ့လာလိုက်ပါတယ်။
သူမက ဆက်ခံသူတစ်ယောက်နဲ့ မတူပါဘူး..။အနည်းဆုံးတော့ သူမြင်ဖူးတဲ့ ဆက်ခံသူတွေနဲ့ မတူပေ။
သို့ပေမယ် သူမရဲ့ အသွင်အပြင်မှာ သေးငယ်တဲ့ အချက်အလက်လေးက သူ့ကို တုန့်ဆိုင်းသွားစေခဲ့တယ်..။
သူ့အကြည့်ကို သတိထားမိတဲ့ အလား..ဆိုင်ရှန်က
ယဥ်ကျေးစွာ ပြုံးပြလာခဲ့ပါတယ်။
"အာ..။မဟုတ်ဘူး..ကျွန်မက ကြီးမြတ်တဲ့ ဆောင်ကလန် ရဲ့ စစ်မှန်တဲ့ မျိုးဆက် မဟုတ်ပါဘူး..။ဒါပေမဲ့ ကျွန်မကို ကလန်ခေါင်းဆောင်ကိုယ်တိုင်က ပြုစုပျိုးထောင်ပေးခဲ့တာလေ..။အိပ်မက်ဆိုးအခိုက်တန့်
ကူးစက်ခံရတဲ့ တစ်ခြား မိဘမဲ့ မိန်းကလေးတွေ လိုမျိုးပေါ့..။ဒီတော့ အစစ်အမှန် ကမ္ဘာကိုပြန်ပြီး ဒီအကြွေးကို ပြန်ပေးဆပ်ဖို့က ကျွန်မရဲ့ တာဝန် ဝတ္တရားဖြစ်နေတယ်လေ.."
သူမ ခနလောက်တွေဝေပြီးကာမှ အကြည့်တွေကို အောက်ချလိုက်ပြီး..
"ဒါကြောင့်လည်း..အားလုံးက ကျွန်မရဲ့ အပြုအမူတွေကို ယုံကြည်ထားသင့်တာပါ။အနည်းဆုံးတော့ ကျွန်မရဲ့ ဆန္ဒက အားလုံးနဲ့ ထပ်တူညီမူရှိတယ်ဆိုတာကိုတော့ ယုံကြည်သင့်တယ်လေ..။ကျွန်မ ဂန်လောင်နောက်ကို လိုက်ခဲ့တယ် ဆိုတာကလည်း သူက မေ့ပျောက်ကုန်းမြေပေါ်မှာ အသက်ရှင်အောင် အခွင့်အရေးပေးနိုင်တဲပ တစ်ယောက်တည်းသော သူ မို့လို့ပဲ..။ပြီးတော့ မိန်းကလေး ပြောင်းလဲနေတဲ့ကြယ်ပွင့် နောက်ကို လိုက်တယ် ဆိုတာက..ဒီကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်တဲ့ တစ်ယောက်တည်းသော သူ ဖြစ်နေလို့လေ..။ဒါက ကျွန်မရဲ့ ယုံကြည်မူ ဖြစ်သလို..ကျွန်မ လုပ်မယ့် အရာလည်း ဖြစ်တယ်..။ဘာပဲဖြစ်ဖြစ် သူမက
ကျိုးပျက်ဓား ရဲ့ သမီးတော် တစ်ယောက် မဟုတ်လား.."
အားလုံးက ဘာမှ ဆွေးနွေးတာမျိုး မရှိကြပဲ ကိုင် ကိုသာ ဝိုင်းပြီး ကြည့်လိုက်ကြပါတယ်။ကိုင် က ချောင်းအနည်းငယ် ဆိုးလိုက်ပြီး ရှက်ရွံ့တဲ့လေသံနဲ့ပြောလိုက်တယ်။
"အာ...အင်း..။အကုန်လုံးက အမှန်ပဲ..။သူမက အရမ်းရိုးသားတယ်.."
အယ်ဖီ မျက်ခုံးပင့်တင်လိုက်ပြီး ဆိုင်ရှန်ဘက်ကို လှည့်ပြီး ပုခုံးတွန့်လိုက်တယ်..။
"ကောင်းပြီလေ..ဒါဆိုလည်း အဖွဲ့ကနေ ကြိုဆိုပါတယ်..။အဲလိုထင်တာပဲ.."
တစ်ယောက်ပြီးတစ်ယောက် တစ်ခြား အဖွဲ့ဝင်တွေကလည်း နှုတ်ဆက်လိုက်ကြတယ်။ဆန်နီက နောက်ဆုံးမှ နှုတ်ဆက်တဲ့သူပါ..။
သို့ပေမယ့် လှပတဲ့ အစေခံ ကို နှုတ်ဆက်ဖို့ သူ့အလှည့်ရောက်တဲ့ အချိန်မှာတော့ သူ တိတ်ဆိတ်နေခဲ့တယ်။မကြာခင်မှာပဲ အခန်းထဲမှာ ရှက်ရွံ့ဖွယ် တိတ်ဆိတ်မူ ကြီးစိုးလာခဲ့ပါတယ်။
.
ဆန်နီ ကျန်တဲ့ အဖွဲ့ဝင်တွေကို ကြည့်လိုက်တယ်။
နစ်ဖီ ၊ ကတ်စီ ၊ အယ်ဖီ ၊ ကတ်စတာ ၊ ကိုင် ၊ ဆိုင်ရှန် နဲ့ ..သူ ပါ..။
အားလုံးပေါင်း ခုနှစ်ယောက် ရှိပါတယ်။
ခနအကြာမှာတော့ သူ ဆိုင်ရှန် ဘက်ကို လှည့်ပြီး ခနလောက် စိုက်ကြည့်ပြီးကာမှ နောက်ဆုံးပြောလိုက်တယ်။
"ကြိုဆိုပါတယ်.."
သူမက သူ့ကို ချိုသာတဲ့ အပြုံးနဲ့ပြန်ကြည့်နေခဲ့ပါတယ်။
သို့ပေမယ့် ဆန်နီ စကားပြောတာ မဆုံးသေးပေ..။သူက ဆိုင်ရှန် ရဲ့ဘယ်ဘက်ခြမ်းကို အလျင်အမြန်ကြည့်လိုက်ပြီး ခနလောက်တွေဝေပြီးကာမှ ထပ်ပြောလိုက်ပါတယ်။
"အ်ိုး..ဟုတ်သားပဲ..။ငါ မေ့တော့မလို့..။ငါ မင်းရဲ့ တစ်ခုခုကို တွေ့ထားတယ်..။မင်း ပြုတ်ကျခဲ့တယ်လို့ ထင်တာပဲ.."
ဒီလို ပြောပြီးတာနဲ့ သူ လက်တစ်ဖက်ကို မြှောက်လိုက်ပါတယ်။သူ့ရဲ့ လက်ဖဝါးထဲမှာတော့..ရှုပ်ထွေးတဲ့ ငွေရောင် နားကပ်လေး တစ်ဖက်ရှိနေ ခဲ့ပြီး သူ့ရဲ့ တစ်ဖက်မှာတော့ သွေးတွေ စွန်းပေနေခဲ့တယ်။
ဆိုင်ရှန် ဒါကို အတော်ကြာအောင် ကြည့်နေခဲ့တယ်။ယင်းနောက် သူမရဲ့ အပြုံးက ပိုမိုကြီးမားပြီး လှပလာခဲ့ပါတယ်။
"ကျေးဇူးအများကြီး တင်ပါတယ်...ဆန်နီ ,ဟုတ်တယ်နော်..။ကျွန်မက ပျောက်သွားပြီ ထင်နေတာ.."
သူမရဲ့ သွားတွေကတော့..ပြီးပြည့်စုံနေခဲ့ပြီး..ပုလဲလုံးတွေလို စီရီကာ အဖြူရောင် တောက်ပနေခဲ့ပါတယ်။