အိပ်မက်တွေ ပြည့်မြောက်လာတဲ့ နေရာ
Vol. 21 Ch. 309
နောက်ထပ် ရက်သတ္တပတ် တစ်ခုက လျင်မြန်တဲ့ အရှိန်နှုန်းနဲ့ပဲ ကုန်ဆုံးသွားခဲ့တယ်။
နစ်ဖီ ကတော့ ခမ်းနားတဲ့ အခမ်းအနားတွေ ၊ စိတ်အားထက်သန်တဲ့ မိန့်ခွန်းပြောဆိုမူတွေ မပါဝင်ပဲ ရဲတိုက်ရဲ့ အုပ်ချုပ်သူဖြစ်လာခဲ့ပါတယ်။ဒါက ဘဝရဲ့ ရိုးရှင်းတဲ့ အစိတ်အပိုင်းတစ်ခုလိုမျိုး သူမရဲ့ လုပ်ပိုင်ခွင့်တွေကို ဘယ်သူမှ မေးခွန်းမထုတ်ကြပါဘူး။
တစ်နည်းအားဖြင့်တော့..ဒီလိူဖြစ်နေခဲ့ပါတယ်။
သူမက ရှေးဟောင်းခံတပ်ရဲ့ ပလ္လင်မှာ တစ်ခါမှ မထိုင်တဲ့ အခါမှာတော့ ဆန်နီဟာ အံ့ဩသင့်သွားခဲ့တယ်။ကြီးမားတဲ့ စုဝေးမူတွေ ပြုလုပ်ဖို့ လိူအပ်လာတဲ့ အချိန်ရောက်ရင်တောင်..ပြောင်းလဲနေတဲ့ကြယ်ပပွင့်က ပလ္လင်ဆီကို တက်သွားရတဲ့ လှေကားတွေပေါ်မှာပဲ ထိုင်လေ့ရှိပါတယ်။ဒါက..တောက်ပတဲ့ ရဲတိုက်က သူမ ပိုင်ဆိုင်တဲ့ အရာမဟုတ်ဘူးဆိုတာကို ပြသဖို့ ဒါမှမဟုတ် တောက်ပတဲ့ ရဲတိုက်က သူမရှိနေသင့်နေရာ မဟုတ်ဘူးဆိုတာကို ပြသဖို့ ဖြစ်နိုင်ပါတယ်။
အစကတော့ နစ်ဖီက ဒီလူတွေ အကုန်လုံးကို ကြက်သွေးရောင် ထိပ်ဖျားဆီီကို သွားကြဖို့အတွက် ချက်ချင်း တွန်းအားပေးမယ်လို့ ထင်ထားခဲ့ပေမယ့်..သူမက ဒီအရာကို တစ်ခွန်းမှတောင် ထုတ်မပြောခဲ့ပေ..။သူက သူမကို အစီအစဥ် အကြောင်းမေးတဲ့ အချိန်မှာတော့..သူမက ဆုံးဖြတ်ချက်တွေ မလုပ်ခင်မှာ ဆောင်းယဥ်းစွန်းတန်း အချိန်ရောက်အောင် စောင့်ဖို့လိုကြောင်းသာ ပြန်ဖြေခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် ဒါကလည်း ရက်အနည်းငယ်လောက်သာ လိုတော့တာပါ။အဲ့အချိန်အတွင်းမှာ အသက်ရှင်ကျန်ရစ် ခဲ့တဲ့လူတွေက လုပ်စရာ တွေ အများကြီး ရှိနေခဲ့ပါတယ်။
အခုချိန်..အနက်ရောင်မြို့တော်ထဲမှာ လူ လေးရာလောက် ရှိနေကြပါပြီ..။တစ်လမပြည့်ခင် အချိန်အတွင်းမှာ မေ့ပျောက်ကုန်းမြေပေါ်က လူဦးရေက တစ်ဝက်လောက် လျော့ကျသွားခဲ့ပါတယ်။အပြင်ဘက် ရပ်ကွက်ကို ..လုံးဝ စွန့်ပစ်ခဲ့ပြီ ဆိုရင်တောင်..ရဲတိုက်ကို စောင့်ကြပ်ဖို့အတွင် လူလုံလောက်ယုံသာ ရှိနေခဲ့ပါတယ်။
သို့သော်လည်း..သူတို့က ဇွဲမလျော့ခဲ့ကြပါဘူး။
ရှေးဟောင်းရဲတိုက်ကြီးရဲ့ ခန်းမ တွေနဲ့ ကော်ရစ်ဒါတွေမှာ ရှိတဲ့ အလောင်းတွေ ၊ သွေးတွေကို ရှင်းလင်းပြီးသွားကြပါပြီ..။ရဲတိုက်ထဲကို ဝင်ရောက်လာတဲ့ အိပ်မက်ဆိုးသားရဲတွေက ချက်ချင်းပဲ သတ်ဖြတ်ခံကြရပါတယ်။သူတို့ပြုလုပ်ထားခဲ့တဲ့ ခုခံကာကွယ်တဲ့နေရာတွေကိုလည်း ပြန်လည်ပြင်ဆင်ထားခဲ့တယ်။
နစ်ဖီ ရဲ့ ကင်းသမားတွေက ရဲတိုက်အစောင့်တွေရဲ့ တာဝန်ကိုယူလိုက်ပြီး အပြင်ဘက်က ခြိမ်းခြောက်မူတွေကို ကာကွယ်ပေးခဲ့ကြတယ်။မုဆိုးအဖွဲ့တွေက..အယ်ဖီ နဲ့ ဂျန်မာတို့ရဲ့ ဦးဆောင်မူနဲ့ အပြင်ဘက် နဲ့ ရဲတိုက်အတွင်းက မုဆိုးတွေ ပူးပေါင်းကာ အပျက်အစီး တွေထဲ အမဲလိုက်မူကို ပြန်လည် စတင်ခဲ့ကြပါတယ်။နောက်တစ်ကြိမ်ဆိုသလိုပဲ..လူတိုင်းအတွက် စားသောက်စရာ နဲ့ လုံခြုံမူက ပြန်လည်ရရှိလာခဲ့ကြတယ်။
ထီးနန်း လုတဲ့ သွေးထွက်သံယို တိုက်ပွဲတွေအတွင်းမှာ ကျရှုံးခဲ့တဲ့ လူငယ် ယောက်ျားလေး၊ မိန်းကလေး အတွက် ...ရှင်ကျန်ရစ်သူတွေရဲ့ ရင်ထဲမှာ စိတ်ဒဏ်ရာတွေ ရှိနေသေးပေမယ့်..အရာရာတိုင်းဟာ အရင်က အခြေအနေအတိုင်း တဖြည်းဖြည်း ပြန်လည် ဦးတည်လာနေခဲ့ပါတယ်။
သို့ပေမယ့် ဒီပုံမှန်ဖြစ်စဥ် ရဲ့ နောက်ကွယ်မှာ သူတို့က ဘာမှ မဟုတ်ကြပါဘူး..။ဒီလိုတွေ နေထိုင်နိုင်တဲ့ အကြောင်းပြချက်က ပြောင်းလဲနေတဲ့ကြယ်ပွင့်နဲ့ သူမရဲ့ အရုဏ်ဦး အမြုတေကြောင့်ပါ။
ဆန်းကျယ်တဲ့ အမြုတေမှတ်သားမူကြောင့် အနက်ရောင် မြို့တော်အတွင်းက လူသားတွေဟာ..အိပ်မက်ဆိုးသားရဲတွေကို အရမ်းမစွန့်စားရပဲ အမဲလိုက်နိုင်ယုံတင်မကပဲ..ကျိန်စာသင့် အပျက်အဆီးထဲက ကျရှုံးမူအဆင့် အုပ်ချုပ်သူတွေကိုတောင် စိန်ခေါ်လာနိုင်ကြပါတယ်။ဒါပေါ့..ဒီလောက်ကြောက်ဖို့ကောင်းတဲ့ သတ္တဝါ တွေက..တန်ရာတန်ကြေး မပေးဆပ်ပဲနဲ့ သတ်နိုင်တဲ့ အရာတွေမဟုတ်ပါဘူး..။သို့ပေမယ့် မေ့ပျောက်ကုန်းမြေပေါ်မှာ နှစ်တွေအကြာကြီးနေလာခဲ့တာကြောင့် အတွေ့အကြုံရင့် မုဆိုးတွေက..အများကြီး သိရှိထားကြပါတယ်။အသိပညာတွေပါ ပေါင်းစပ်လိုက်တဲ့ အချိန်မှာတော့..ဘယ်တစ်ခုကို သူတို့က စိန်ခေါ်ပြီး ရှင်သန်နိုင်မလဲ ဆိုတာကို နားလည်နိုင်ခဲ့ကြပါတယ်။
တစ်ကောင်ပြီး တစ်ကောင်ဆိုသလိုပဲ..အင်အားကြီးတဲ့ အိပ်မက်ဆိုးသားရဲတွေ အမဲလိုက်ခံနေကြရတယ်။ရုတ်တရက် အနက်ရောင်မြို့တော်ထဲမှာ လူသားတွေရဲ့ အဆင့်အတန်းက..အင်အားအကြီးဆုံးမဟုတ်သလို..အားအနည်းဆုံးလည်း မဟုတ်တော့ပါဘူး..။
ကျရှုံးမူ အဆင့် သတ္တဝါတွေကို သတ်ရင်း နစ်ဖီက တစ်ချို့အရာတွေကို အောင်မြင်အောင် လုပ်ဆောင်နေခဲ့တာပါ။သူမက ရဲတိုက်ထဲက တစ်ယောက်ချင်းစီတိုင်း မှတ်သားမူ လက်နက်ရရှိအောင် တိတ်တဆိတ်လုပ်ဆောင်နေခဲ့တယ်။တစ်ချို့ မှတ်သားမူတွေဆိုရင် တက်ရောက်မူအဆင့်တွေ ဖြစ်ပြီး..ဒီလ်ို အင်အားကြီးတဲ့ လက်နက်အရေအတွက်က ပိူများပြားလာခဲ့တယ်။
သူမနဲ့ စစ်သည်တော်တွေက..များပြားလှတဲ့ အမြုတေတွေကို ယူဆောင်လာခဲ့ကြပြီး ရဲတိုက်အတွင်းက နေထိုင်သူတွေကို စုပ်ယူစေကာ..ပိုသန်မာလာစေခဲ့ပါတယ်။
ကံတရားရဲ့ လှည့်စားမူ အရ..တောက်ပတဲ့အမျိုးသမီးက သူမရဲ့ နောက်လိုက်တွေကို အခကြေးငွေ ပြန်ပြီး ပေးနေတဲ့ ပုံပေါ်နေခဲ့ပေမယ့် ဒီလို မဟုတ်ပါဘူး..။
သူမရဲ့ ဒီလိုလုပ်ရပ်ကြောင့် သူမ အပေါ်ထားရှိကြတဲ့..လေးစားမူ နဲ့ ချစ်ခင်မူ တွေကို ပိုပြီး တိုးပွားလာခဲ့တယ်။
သို့ပေမယ့် ပိုပြီးအရေးကြီးတာက..သူမက ဒီအမဲလိုက်မူကနေ တဆင့် ဒီလူတွေ အတူတကွ ပေါင်းစည်းပြီး တိုက်ခိုက်တတ်အောင်နဲ့ ကိုယ့်ထက် ပ််ိုအားကောင်းတဲ့ ရန်သူကို ရင်ဆိုင်တတ်အောင် သင်ကြားပေးနေတဲ့ပုံပေါ်ပါတယ်။
ကတ်စီ ရဲ့ လမ်းညွှန်မူနဲ့ ရှင်ကျန်ရစ် နေတဲ့ လက်မူပညာရှင် တွေလည်း အလုပ်ကြိုးစားနေခဲ့တယ်။သူတ်ု့က ..သူတို့ရဲ့ ကျွမ်းကျင်မူ နဲ့ လက်မူပညာ တွေကို အမှောင်မြို့တော် အတွင်းမှာ တိုက်ပွဲဝင်နေကြတဲ့ လူသားတွေရဲ့ လက်နက်တွေ ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အသုံးချနေခဲ့တယ်။ပြီးတော့ အိပ်မက်ကမ္ဘာနဲ့ တိုက်ခိုက်မူ အတွက် ထောက်ပံ့ပေးနေခဲ့ပါတယ်။
အရင်တုန်းက သူတို့ဟာ ရဲတိုက်ထဲမှာရှိတဲ့ လူတွေရဲ့ နေထိုင်မူ ဘဝကို ထိန်းသိမ်းဖို့ နဲ့.ဂန်လောင်ရဲ့ အဖွဲ့ကို လက်နက် တပ်ဆင်နိုင်ဖို့ လုပ်ဆောင်ခဲ့ရပေမယ့်..အခုတော့ သူတို့ရဲ့ တစ်ခုတည်းသော အလုပ်က လူသားတွေ တိုက်ပွဲမှာ လိုအပ်မယ့် အရာတွေကို ဖန်တီးဖို့ပါ။
ဒါက သူတို့က စစ်ပွဲအတွက် ပြင်ဆင်နေရသလိုပါပဲ။
ဆန်နီ အနည်းငယ် သိထားသလောက်ဆိုရင် လက်မူပညာရှင်တွေ လတ်တလောကြိုးစားနေကြတဲ့ ကြီးမားတဲ့ စီမံကိန်းတစ်ချို့ ရှိနေခဲ့ပါတယ်။ဒီအရာတွေကတော့ နစ်ဖီကိုယ်တိုင် တောင်းဆိုထားခဲ့တာပါ။နောက်ဆုံး ကြက်သွေးရောင်ထိပ်ဖျားကို ရောက်ရှိတဲ့အချိန်မှာ ဒီဟာတွေက အသုံးဝင်မလား ဆိုတာကို သူ သံသယ ဖြစ်မိတာတော့ အသေအချာပါပဲ။
....ဒီလိုနဲ့ပဲ..ဆောင်းယဥ်စွန်းတန်း အချိန်က ရောက်လာခဲ့ပါပြီ..။
လွန်ခဲ့တဲ့ တစ်နှစ် အတ်ိအကျ ဒီလိုအချိန်မှာ ဆန်နီက မေ့ပျောက်ကုန်းမြေပေါ်ကို ရောက်ရှိခဲ့ပါတယ်။သူ ဒီလောက်အထိကြာအောင် ရှင်သန်နိုင်ခဲ့တာက တကယ်ကို မယုံနိုင်စရာပါပဲ..။ဒါက သူတို့အကုန်လုံး လုပ်နိုင်ခဲ့တဲ့ အရာပါ။သို့ပေမယ့် အရာအားလုံးကို ခြုံငုံပြီးပြောဖို့ အတွက် တစ်နှစ်ဆိုတဲ့ကာလက
မလုံလောက်သလိုပါပဲ..။
ဒါက တစ်ဘဝစာလောက် ကြာမြင့်ခဲ့သလို ခံစားရပါတယ်။ဘဝပေါင်း များစွာတောင် ဖြစ်နေနိင်သေးတယ်..။
ဒီလို နေမှာပဲ..နောက်တစ်နှစ်ကြာပြီးတဲ့ အချိန်မှာတော့ ..ဆန်နီက ၁၈ နှစ် ပြည့်ပါပြီ..။
သူ့ရဲ့ အရင်တစ်ခေါက် မွေးနေ့ကို မှတ်မိပြီး သူ အနည်းငယ် ပြုံးလိုက်မိတယ်။အဲ့တုန်းက လုံးဝကို သူစိမ်းတစ်ယောက်ဖြစ်တဲ့ ကတ်စီ က ..သူ့ကို မထင်မှတ်ပဲ မွေးနေ့ဆုတောင်း ပေးခဲ့ပါတယ်။သူက နောက်နှစ်မွေးနေ့ကျရင် နိုးထသူ တစ်ယောက်အနေနဲ့ ကော်ဖီထဲကို နို့ နဲ့ သကြား တွေ အများကြီး ထည့်သောက်ပြီး အောင်ပွဲခံဖို့ တောင် စိတ်ကူးယဥ်ခဲ့ပါသေးတယ်။
ဒီ အိပ်မက်တွေက မှန်ကန်လာနိုင်မယ့်ပုံ မရှိတော့ပေ။
အဲဲဒီအစား ဆန်နီက သူ့ရဲ့ အသက် ၁၈ နှစ်ပြည့် မွေးနေ့ကို ခန်းမကြီးတစ်ခုထဲမှာ..အရိပ်ကခုန်မူရဲ့ ခြေလှမ်းတွေကို လေ့ကျင့်ရင်း ကုန်ဆုံးနေခဲ့ရတာကို တွေ့လိုက်ရပါတယ်။ချွေးတွေက သူ့ရဲ့ နူးညံ့ပြီးသန်မာတဲ့ ခန္တာကိုယ်မှာ စီးကျနေခဲ့တယ်။
ဒီရက်တွေထဲမှာ သူက ရောက်ခါနီးနေပြီလို့ခံစားနေခဲ့ရတယ်။နောက်ထပ် အနည်းငယ်လောက်သာ ထပ်ပြီးလေ့ကျင့်မယ်ဆိုရင်..သူ့ ရဲ့ ဆန်းကျယ်တဲ့ စွမ်းရည်ဆက်ခံမူ ပထမအဆင့် က သူ့အပိုင်ဖြစ်လာတော့မှာပါ..။ဒါက နီးကပ်နေခဲ့ပါပြီ။
ဒီနေ့မှာပဲ နောက်ထပ်အရာတစ်ခုဖြစ်လာခဲ့တယ်။
ဆန်နီ လေ့ကျင့်နေတုန်းမှာပဲ အခိုက်အတန့်ရဲ့ ရင်းနှီးညှင်သာတဲ့ အသံက သူ့နားထဲကို တီးတိုးဝင်လာခဲ့ပါတယ်။
[ ..သင့်ရဲ့ အရိပ်က ပြောင်းလဲသွားခဲ့ပါပြီ ]