← Chapters

အရိပ် နတ်ဘီလူး..

Vol. 21 Ch. 310

အရိပ် နတ်ဘီလူး..

Vol. 21 Ch. 310

ဆန်နီ ဓားကို အောက်ကိုနိမ့်လိုက်ပြီး..ဘာမှမရှိတဲ့ ခန်းမထဲမှာ အတော်ကြာအောင်..တိတ်ဆိတ်နေခဲ့တယ်။ဝေးကွာလွန်းလှတဲ့ ကြက်သွေးရောင် ထိပ်ဖျားရဲ့ ပုံရိပ်က မနက်ခင်းနေရောင်အောက်မှာ အနီရောင်ခြယ်မှုန်းနေခဲ့ပါတယ်။

သူ့မျက်နှာပေါ်မှာ သိမ်မွေ့တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။

"အာ..ကျေးဇူးပါ အခိုက်အတန့်..။ဘယ်လောက် ကောင်းမွန်တဲ့ မွေးနေ့လက်ဆောင်လဲ.."

အဆုံးမရှိတဲ့စမ်းချောင်းကို ထုတ်ယူပြီး..သူက အရသာ ရှိတဲ့ရေအေးတွေကို အားရပါရ သောက်လိုက်ပါတယ်။ယင်းနောက် ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး တပလင်ခွေ ထိုင်ကာ အသက်ကို ပြင်းပြင်းရူ လိုက်တယ်။

'ကြည့်လိုက်ကြရအောင်..'

သူ့ရဲ့ စိုးရိမ်မူတွေကို အနောက်မှာထားခဲ့ပြီး ဆန်နီ ဝိဥာဥ် ပင်လယ်ထဲကို ဝင်လိုက်ကာ..ခံစားချက်မဲ့နေတဲ့ အရိပ်တွေကို ဖြတ်လျောက်သွားလိုက်ပါတယ်။

အရင်တုန်းက ဆိုရင် သူတိူ့အရေအတွက်က လက်တစ်ဆုပ် စာလောက်ပဲ ရှိခဲ့တာပါ။အခုတော့ ရာနဲ့ချီတဲ့ အရိပ်တွေက..သူ အရိပ်အမြုတေ ဆီကို လျောက်သွားတာကို စောင့်ကြည့်နေခဲ့ကြတယ်။ဒီအရိပ်တွေ ကြားထဲမှာ ရှိနေတဲ့ ထိပ်လန့်စရာ၊ သတ္တဝါ တွေရဲ့ တည်ရှိမူကတင် အားနည်းတဲ့လူတစ်ယောက်ကို မေ့လဲကျသွားစေဖို့ လုံလောက်ပါတယ်။တောင်ဘုရင် က ဒီမှာ ရှိနေခဲ့တယ်။အနက်ရောင်စစ်သည်လည်း ရှိမှာ ရှိနေခဲ့ပါတယ်။ကြောက်စရာ ဆူးချွန်ဆတ်သားကတော့..ငြိမ်သက်နေတဲ့ ရေပြင်ပေါ်မှာ မလှုပ်မယှက်ပဲ နေနေခဲ့တယ်။

ပြီးတော့ လူသားတွေလည်း ရှိပါသေးတယ်။ဟာရု နဲ့ ဟတ်ပါ က ဒီလူတွေကြားထဲမှာ ရှိနေခဲ့တာပါ။

ဆန်နီ သူတို့ကို ဂရုမစိုက်ခဲ့ပေ..။

အရိပ်အမြုတေ အောက်မှာရပ်ပြီး..သူ သက်ပြင်းချကာ အချက်အလက်တွေကို ထုတ်ကြည့်လိုက်တယ်။

အမည် : ဆန်းလပ်စ်

အမည် အစစ်အမှန် : အလင်းမှပျောက်ဆုံးသူ

အဆင့် : အိပ်စက်သူ

အရိပ်အမြုတေ : အသွင်ပြောင်း..

အရိပ်အပိုင်းအစ : [ 977 / 1000 ]

..သူက အရိပ်အပိုင်းအစ တစ်ထောင်ပြည့်ဖို့အတွက် အတော်လေးကို နီးစပ်နေပါပြီ..။တကယ်လို့ ဆန်နီသာ ဆန္ဒရှိမယ် ဆိုရင်..ကြက်သွေးရောင်ထိပ်ဖျားကို သွားမယ့် သူတို့ရဲ့ ခရီစဥ် မတိုင်ခင်မှာ..ဒီဟာကို ပြည့်မြောက်အောင် တွန်းအားပေးလို့ရပါတယ်။သို့ပေမယ့်

ကံတရားအတွက် ရင်ဆိုင်မူ မတိုင်ခင်မှာ မထင်မှတ်ထားတဲ့ အရာတွေက ဝင်ရောက်လာမှာကို သူ စိုးရိမ်နေခဲ့တယ်။

အခုချိန်က ကိုယ့်ကိုကို ခိုင်မာအောင် ပြင်ဆင်ကာ ၊ ရရှိပြီး ..သိရှိပြီး သားတွေကို ပဲ ပိုပြီး ပြီးပြည့်စုံအောင် လုပ်သင့်တယ်လို့ သူ ခံစားနေခဲ့ရတယ်။အခုက အသစ် အသစ်သော အရာတွေကို လေ့လာ သင်ယူနေရမယ့် အချိန်မဟုတ်ပါဘူး။

ဒါတောင်မှ ဒီဆုံးဖြတ်ချက်က သိပ်ပြီးလွယ်ကူနေတာ မဟုတ်ပေ..။

သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ ဆက်ဖတ်လိုက်တယ်။

မှတ်သားမူ များ : [ ငွေရောင်ခေါင်းလောင်း ] [ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော် ] [ သာမန်ကျောက်တုံး ] [ သုံးမြှောင့်ဆူးချွန် ] [ အဆုံးမရှိ စမ်းချောင်း ] [ သွေးပန်းပွင့် ] [ လအမြုတေ ] [ M....ရှေးဟောင်း ]

[ ဝီဗာရဲ့မျက်နှာဖုံး ].

ထပ်တူညီမူ : -

အရိပ်များ : ...

သူ စိတ်ဝင်စားစွာ ဖတ်လိုက်ပြီး..သဘောကျတဲ့ အမူအရာ သူ့မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်။

..[ ဗာမယ် သူတော်စင် ]

... ဗာမယ် လား..

' ဘယ်လောက် ကွက်တိကျလိုက်လဲ '

ထပ်ပြီး အချိန်ဖြုန်းမနေတော့ပဲ..သူက သူ့ရဲ့ အရိပ်ကို အမြုတေ ထဲကနေ ထုတ်ယူလိုက်ပါတယ်။သူမက..မီးခိုးမီးတောက်များနဲ့ သူ့ရှေ့မှာပေါ်လာခဲ့ပြီး ခါတိုင်းလိုပဲ..တိတ်ဆိတ်စွာ ရှိနေခဲ့ပါတယ်။

သို့ပေမယ်ပ ဆန်နီဟာ အကူအညီမဲ့စွာ အံ့ဩသင့်သွားခဲ့တယ်။

သူတော်စင်က အမှန်တကယ်ပဲ ပြောင်းလဲသွားခဲ့တာပါ။သူမက အရပ်ပိုရှည်လာခဲ့ပြီး..အခုဆိုရင် ပိုပြီး ဖိနိပ် နိမ်စွမ်းတွေ ရှိနေခဲ့တယ်။သူမရဲ့ ကျောက်တုန်းပုံစံ အကာအကွယ် ၊ ယခင်က နှမ်းဖက်ကျောက်ကနေ ထွင်းထု ထားပုံရတဲ့ အကာအကွယ်ဟာ အခုဆိုရင် တစ်ခုလုံး မဲနက်နေပြီး ကျောက်မီးသွေးလို ဖြစ်နေခဲ့ပါတယ်။အမှန်ဆိုရင် ဒီအရာက..ကိုင် ရဲ့အကူအညီနဲ့သူဝယ်ယူခဲ့တဲ့ မဟူရာ အကာအကွယ်နဲ့ တူနေခဲ့တာပါ။

သူမရဲ့ အသားအရေကတော့ ချောမွေ့ပြီး ကျောက်သားကဲ့သို့ ဖြူဖွေးနေခဲ့ပါတယ်။အနည်းဆုံးတော့ ဒါက သူမြင်နိုင်တဲ့ မျက်နှာဖုံးရဲ့ အပေါက်နားကနေပါ..။

သူတော်စင်က ပိုသန်မာ..ပို သတိကောင်း ပြီး ..သေစေနိုင်တဲ့ အငွေ့အသက်တွေရှိနေခဲ့တယ်။

သို့ပေမယ် ဒီအရာတွေက ဆန်နီကို အရမ်းအံ့ဩစေတာ မဟုတ်ပါဘူး..။

သူ့ကို အံ့ဩစွားစေတဲ့အရာက အကာအကွယ်အောက်မှာ ဖုံးကွယ်နေတဲ့ အရာပါ။အရိပ်ရဲ့ အတွင်းဘက် သူတော်စင်ရဲ့ခန္တာကိုယ်မှာ ပုံမှန်အားဖြင့် အဆုံးမရှိတဲ့ အနက်ရောင် မီးခဲ နှစ်ခု ရှိနေခဲ့တာပါ။

သို့ပေမယ့် အခုတော့ သုံးခု ရှိနေခဲ့တယ်။

ဆန်နီ သူမကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့ပါတယ်။

' သူမ ရဲ့ အမျိုးအစားက ပိုမြင့်သွားတာလား..'

နောက်ဆုံးတော့ သူ တည်ငြိမ်သွားခဲ့ပြီး အရိပ်ရဲ့ အချက်အလက်ဇယားကို ထုတ်ဖော်လိုက်တယ်။ခနအကြာမှာတော့ သူ့ရဲ့မျှော်လင့်မူတွေက မှန်ကန်တာကို သက်သေပြလာခဲ့ပါတယ်။

အရိပ် : မာဗယ် သူတော်စင်

အရိပ် အဆင့် : နိုးထမူ

အရိပ် အမျိုးအစား : နတ်ဘီလူး

'နတိဆိုး..သူမ က အရိပ် နတ်ဘီလူး ဖြစ်သွားပြီပဲ..'

အရိပ် စွမ်းရည် : [ တိုက်ပွဲမာစတာ ] [ အားထားရသူ ]

[ နတ်ဘုရားအလင်းစက် ]

.

နောက်ထပ် စာကြောင်းက အရင်တုန်းက ဒီမှာ မရှိခဲ့ဖူးပေ..။ဆန်နီ အသက်ကို အောင့်ထားခဲ့တယ်။

အရိပ် စွမ်းဆောင်နိင်မူ : [ လက်နက် ပညာရှင် ] [ မြေအောက်ကမ္ဘာ လက်နက် ]

ဆန်နီ ခနလောက်စဥိးစားနေပြီး..ရယ်ချင်စိတ်ကို ထိန်းထားခဲ့ရတယ်။

သူတော်စင်က သာမန် အိပ်မက်ဆိုး သတ္တဝါ မဟုတ်ဘူးဆိုတာကို သူက အမြဲတမ်းသိနေခဲ့ပါတယ်။ဒါပေမဲ့ သူမက နတ်ဆိုးအဆင့်ကို မရောက်သေးပဲ..လက်တွေ့ စွမ်းဆောင်နိုင်စွမ်း နှစ်ခု ရလာတာကို တွေးကြည့်မိရင်..။ပြီးတော့..တစ်ခုတောင် မဟုတ်ဘူး နှစ်ခု ပါ..။

မျှော်လင့်ချက်တွေနဲ့ အတူပဲ..သူ ဖတ်လိုက်တယ်။

လက်နက်ပညာရှင် စွမ်းဆောင်ရည် ဖော်ပြချက် :

[ အရိပ်သူတော်စင်ဟာ မည်သည့် လက်နက်အမျိုးအစားကို မဆို ကိုင်တွယ်နိင်စွမ်းရှိသည် ]

မြေအောက်ကမ္ဘာ လက်နက် စွမ်းဆောင်ရည် ဖော်ပြချက် : [ အရိပ်သူတော်စင်၏ အကာအကွယ်က သူရဲ့ စွမ်းရည်များကို ဆက်ခံရန်အတွက် အဆောင်မှတ်သားမူ အဖြစ် ပြောင်းလဲနိုင်သည် ]

ဆန်နီ ခနလောက် တိတ်ဆိတ်နေပြီးကာမှ ခေါင်းကို လှည့်ပြီး ငြိမ်သက်နေတဲ့ မွန်းစတားကို ကြည့်လိုက်တယ်..။မဟုတ်ဘူး..မွန်းစတား မဟုတ်ဘူး..။

နတ်ဆိုး..။

ကျေနပ်တဲ့အပြုံးက သူ့မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်။

'အာ ဘယ်လောက် အံ့ဩစရာကောင်းလဲ..'

သူ့ရဲ့ အရိပ်က ပိုပြီး သန်မာလာယုံတင်မကပဲ..သူမကထောက်ပံ့ပေးတဲ့ ဘယ်လိုလက်နက်မျိုးကို မဆို ကိုင်တွယ်နိုင်စွမ်းရှိပါတယ်။ပြီးတော့ အလားတူစွာပဲ သူမရဲ့ အကာအကွယ်ကို..အင်အားကြီးတဲ့ တိုးမြင့်နိုက်စွမ်းတွေ များစွာနဲ့ အားဖြည့်နိုင်တော့မှာပါ။

သူမကို ထောက်ပံ့ပေးနိုင်တဲ့ နည်းလမ်းတွေက အဆုံးမရှိပါပဲ..။အလားအလာရှိတဲ့ ပေါင်းစည်းမူ ၊ လိုက်လျောညီထွေ ရှိမူ တွေ နဲ့...လိုအပ်တာဆိုလို့ သင့်တော်တဲ့ မှတ်သားမူကို ရှာဖွေဖို့ပါပဲ..။

ဆန်နီ ခေါင်းခါယမ်းပြီး ပြုံးလိုက်တယ်။

အရင်တုန်းက သူတော်စင်က စစ်တပ်တစ်ခုကို ကွပ်ကဲ ဖို့အတွက် သင့်တော်တယ်လို့ သူက ထင်ထားခဲ့တာပါ။

သို့ပေမယ့် အခုတော့ သူမှားသွားပြီ ဆိုတာကို နားလည်သွားခဲ့တယ်။

...သူမ ကိုယ်တိုင်ကကို စစ်တပ်တစ်ခုပါ။

***

နာရီ အနည်းငယ်ကြာပြီးနောက်မှာတော့..နစ်ဖီရဲ့အဖွဲ့သားတွေဟာ..အရင် အမဲလိုက်တဲ့ အဆောက်အဦး ရဲ့ခေါင်မိုးပေါ်မှာ စုဝေးနေခဲ့ကြတယ်။ဒါက အပြင်ဘက် ရပ်ကွက်မှာ ရှိနေခဲ့တာပါ..။ဆိုင်ရှန်လည်း ဒီမှာ ရှိနေခဲ့တယ်။ဒါက ဆန်နီကို အနည်းငယ် မသက်မသာဖြစ်စေပါတယ်။သို့ပေမယ့် သူ ဒါကို မျက်နှာပေါ်မှာထုတ်မပြခဲ့ပေ..။

အပြင်ဘက် ရပ်ကွက်ကတော့ ပျက်စီးပြီး ဘာမှ မရှိတော့ပါဘူး..။ဒီနေရာမှာ..စိတ်ပျက်စရာ ဆာလောင်နေတဲ့ လူငယ်လေးတွေ ထပ်ပြီး မရှိကြတော့ပါဘူး..။သူတို့ အကုန်လုံးက ရဲတိုက်ထဲမှာ လုံလုံခြုံခြုံ ရှိနေတာ ဒါမှမဟုတ် သေဆုံးသွားကြပါပြီ။

ဒီမှာတော့ သူတို့ ခုနှစ်ယောက်သာ ရှိနေခဲ့ကြတယ်။သူတို့က ကိုင် ထွက်ခွာမှာကို လာစောင့်ကြည့်ကြတာပါ။

ခန့်ညားတဲ့ လေးသည်တော်က အဆောက်အဦးရဲ့ ထောင့်စွန်းနားမှာ ရပ်နေပြီး..သူ့ရဲ့ ပစ္စည်းတွေကို နောက်ဆုံးတစ်ကြိမ် စစ်ဆေးနေခဲ့တယ်။သူက စတိုင်ကျတဲ့ အကာအကွယ်အင်္ကျီ အသစ် နဲ့ သိုးမွှေးကော်လံ ပါတဲ့ ဂျာကင် တစ်ထည်ကို ဝတ်ဆင်ထားခဲ့ပါတယ်။သူ့ရဲ့ နောက်ကျောမှာတော့ မြားတွေပြည့်နေတဲ့ မြားကျည်ထောက်တစ်ခု နဲ့ အစားအသောက် ၊ ရေ ၊ နဲ့ ခရီးရှည်အတွက် တစ်ခြား လိုအပ်တဲ့ အထောက်အပံ့တွေ ထည့်ထားတဲ့ ကျောပိုးအိတ်တစ်လုံး ရှိနေခဲ့တယ်။

ဆန်နီ ကျန်တာတွေတော့ မသိထားပေမယ့် သူ့နှလုံးသားထဲမှာတော့ လေးလံနေခဲ့ပါတယ်။

သူ့အတွေးတွေကို ဖတ်မိတဲ့အလား..ကိုင် က ပြန်လှည့်လာပြီး ပြုံးလိုက်တယ်။

"တကယ်ပြောတာ...ကောင်လေးတို့ ..စိတ်မပူကြနဲ့။ငါ အဆင်ပြေလိမ့်မယ်..။ဝင်္ကပါထဲမှာ တန်ဖိုးရှိတဲ့ အချိန်တွေကို ကုန်ဆုံးရတာက ငါ့အတွက် ပထမဆုံး မဟုတ်တော့ဘူး..'

ဒီတစ်ကြိမ် နိုက်တင်ဂေး ရဲ့ မစ်ရှင်က အရမ်း အန္တရာယ်များပြီး..အရေးကြီးတာကို သိနေတာကြောင့် ဘယ်သူမှ ပြန်မဖြေခဲ့ပေ..။

သူက အနက်ရောက်မြို့တော်ကနေ ထွက်ခွာပြီး..မေ့ပျောက်ကုန်းမြေပေါ်ကို အခိုက်အတန့်က ပို့လိုက်တဲ့လူသား အသစ်တွေ ရောက်နေလားဆိုတာကို ရှာဖွေရမှာပါ။

ဒီနေ့က ဆောင်းယဥ်စွန်းတန်း ရဲ့ နေ့ရက်ဖြစ်တာကြောင့် အစစ်အမှန်ကမ္ဘာမှာ အိပ်စက်သူ ထောင်နဲ့ ချီက ဖန်သေတ္တာ တွေထဲဝင်ပြီး အိပ်မက်ကမ္ဘာထဲကို လာဖို့ ပြင်ဆင်နေကြပါပြီ။

ဆန်နီ သက်ပြင်းချလိုက်ပြီး..

"..မင်းလို စိတ်တိုစရာ လူတွေကိုသာ ပြန်ခေါ် မလာခဲ့နဲ့.."

ကိုင် ရယ်မောလိုက်ပြီး.

"ဒါတော့ အာမမခံနိုင်ဘူး.."

ဒီလိုပြောပြီးတာနဲ့ သူက အားလုံးကို လက်ဝေ့ယမ်းပြီး နှုတ်ဆက်လိုက်ပါတယ်။

"ကောင်းပြီ..ငါ့ကို ဆုတောင်းပေးကြဦး.."

ခနကြာပြီးမှာတော့ သူက ကောင်းကင်ပေါ်မှာ အနက်ရောင် အစက်အပျောက်လေး အဖြစ်ပြောင်းလဲသွားပြီး မရှိတော့ပေ..။

ကျန်တဲ့ လူခြောက်ယောက်ကတော့ သုန်မှုန်နေတဲ့ မျက်နှာနဲ့ ကောင်းကင်ပေါ်ကို အတော်ကြာအောင်ကြည့်နေခဲ့ကြတယ်။

သူတို့ရဲ့ အနာဂတ်က ကိုင် ရှာဖွေတွေ့ရှိမယ့် အရာ ပေါ်မှာ မူတည်နေခဲ့ပါတယ်။

ဒါက သူတို့နဲ့ မေ့ပျောက်ကုန်းမြေပေါ်မှာ နေထိုင်သူတွေ အားလုံးရဲ့ အနာဂတ်ပါ။

All Chapters