နောက်ဆုံး
Vol. 21 Ch. 311
စိတ်လှုပ်ရှားတဲ့ မျှော်လင့်ချက်တွေနဲ့ အတူပဲ ရက်အနည်းငယ်က ကုန်ဆုံးသွားခဲ့တယ်။ဆန်နီကတော့ အရင်က လုပ်နေခဲ့တဲ့ အတိုင်းပဲ တူညီတဲ့ အရာကိုသာ လုပ်နေခဲ့ပါတယ်။ရှေ့ဆက်ဖြစ်လာတော့မယ့် အရာတွေအတွက် လေ့ကျင်တာ ၊ စိတ်ပိုင်းဆိုင်ရာ ပြင်ဆငတာတွေပါ..။
သူ့မှာ လုပ်စရာ တွေအများကြီးရှိနေခဲ့ပါတယ်။
ပထမဆုံးအနေနဲ့ သူက နည်းစနစ်တွေကို လေ့ကျင့်ခဲ့ပါတယ်။ဒါက နစ်ဖီ သင်ကြားပေးခဲ့တဲ့ စီးဆင်းနေတဲ့တိုက်ပွဲဟန်ပန်ကို အခြေခံထားတာ ဖြစ်ပြီး..၊ အရိပ်သူတော်စင်ရဲ့ မြေပြင်ဟန်ပန် ကို သူ့ရဲ့ လိုက်လျောညီထွေတဲ့ အုတ်မြစ်ပေါ်ကို ထည့်ပေါင်းထားခဲ့တာပါ။သူ့ရဲ့ ကျွမ်းကျင်မူတွေက ပိုပိုပြီး မြင့်တက်လာခဲ့တယ်။ဒါက သူ့ရဲ့ လက်ရှိနားလည်နိုင်စွမ်းရှိသလောက် မြင့်တက်လာကာ..ခိုင်မာလာခဲ့ပါတယ်။
ဆန်နီ က အရင်ကလို လူသစ်ကလေးတစ်ယောက် မဟုတ်တော့ပေ..။သူက သေစေလောက်တဲ့ တိုက်ပွဲတွေ ရာနဲ့ချီကာ ရှင်ကျန်ရစ်နိုင်ခဲ့ပြီး တိုက်ပွဲတစ်ခုချင်းစီတိုင်းက ပိုသန်မာလာအောင် အတွေ
သို့ပေမယ့် သူ့ရဲ့ နည်းလမ်းကို ပြီးပြည့်စုံအောင် လုပ်ဖို့ ဆိုတာက လွယ်ကူတဲ့ အရာမဟုတ်ပါဘူး..။ဘာလို့လဲ ဆိုတော့..သူက မိမိကိုယ်ကို အရင်ဆုံး နောက်မဆုတ်တတ်တဲ့ သူအဖြစ် ပြုလုပ်ရမှာဖြစ်ပြီး..ဒီမြဲမြံမူကို လိုက်လျောညီထွေမူ ရှိအောင် ပြောင်းလဲပစ်ရမှာပါ။
အခုတော့ ဆန်နီက နောက်ဆုံးမှာ အချိန်တွေ အားလပ်နေပြီဖြစ်တာကြောင့်..သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အကန့်အသတ်တွေ သန်မာလာမူတွေကို ကြည့်ပြီး သူ့ရဲ့ တိုက်ခိုက်မူပုံစံ အသစ်မှာ အသားကျဖို့ ကြိုးစားနေခဲ့ပါတယ်။ဟောလိုး တောင်တန်းကို မသွားခင်တုန်းက သူ့အတွက် မဖြစ်နိုင်ခဲ့တဲ့ အရာတွေက အခုတော့ ဖြစ်နိုင်သွားခဲ့တယ်။ကိုယ်ခံပညာ အပေါ်မှာ ငူချည်းကပ်တဲ့ နည်းလမ်းကလည်း ကွဲပြားသွားခဲ့ပါပြီ။
အားလုံးက ကြိုးစားဖို့လိုအပ်ပြီး ၊ အောင်မြင်ဖို့အတွက်တော့ တွေးတောဆင်ခြင်မူတွေ လိုအပ်ပါတယ်။
ဒုတိယ တစ်ခုကတော့ အရိပ်ကခုန်မူပါ။ဆန်နီကတော့ နားလည်ရခက်တဲ့ ဟန်ပန်ကို လက်တွေ့အသုံးချဖို့အတွက် ဖြည်းဖြည်းချင်းစီ ပုံဖော်နေတဲ့ အဆင့်မှာပဲ ရှိနေပါသေးတယ်။သူက အရိပ်ကခုန်မူ အပေါ်ထားရှိတဲ့..သူ့ရဲ့ အမြင်တွေကို အစစ်အမှန်အခြေအနေ မှာ အသုံးချနိင်ဖို့ ခြေတစ်လှမ်းလောက်သာ လိုတော့တယ်လို့ ခံစားမိပါတယ်။သို့ပေမယ့် သူ့ကြည့်ရတာ အရေးပါတဲ့ အရာတစ်ခုခု လိုအပ်နေသလိုပါပဲ..။သူက နောက်တစ်ကြိမ် တွန်းအား ၊ နောက်ဆုံးအဆင့်ကို ရောက်ရှိနိုင်မယ့် စျာန်ဝင်စားခြင်း အခိုက်အတန့်လေး တစ်ခုကို လိုအပ်နေခဲ့တာပါ။
ဒါတောင်မှ သူ့ရဲ့လေ့ကျင့်မူတွေက အသုံးမဝင်ဖြစ်နေတာ မဟုတ်ပါဘူး..။အဲဒီလို စျာန်ဝင်စားခြငိး အခိုက်အတန့် တစ်ခု မရောက်လာသေးတဲ့ အချိန်မှာဒီလေ့ကျင့်မူတွေက..သူ့ရဲ့ ခန္တာကိုယ်နဲ့ စိတ်ကို အရိပ်တွေလိုမျိုး လိုက်လျောညီထွေဖြစ်အောင်..ပြင်ိဆင်ပေးခဲ့ပါတယ်။နောက်ဆုံး စျန်ဝင်စားခြင်း အခိုက်အတန့်ရောက်ပြီး ထိုးထွင်းဥာဏ်ပေါ်လာတဲ့ အချိန်မှာတော့ ဒါက အဆင်သင့်ဖြစ်နေတော့မှာပါ။
ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေ ပြီးသွားတဲ့ အချိန်တိုင်း သူ့ရဲ့ ခန္တာကိုယ် ကြွက်သွားတွေက နာကျင်ကိုက်ခဲကာ..၊ စိတ်ပင်ပန်းနွမ်းနယ်မူတွေက တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတတ်ပါတယ်။
တတိယ တစ်ခုကတော့ အရေးကြီးဆုံး စမ်းသပ်ချက်ပါပဲ..။သူ့ရဲ့ စိတ်နဲ့ ဝိဥာဥ် ကို အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် အံ့ဩစရာတွေ အတွက် ခံနိုင်ရည် ရှိမယ့်ခံတပ်တစ်ခုလို ကြိိုးစားရပါလိမ့်မယ်။
သူက ..အရာအားလုံးရဲ့ အဆုံးသတ်မှာ လုံးဝအောင်မြင်ရမယ် ဆိုတဲ့ ကြည်လင်ပြတ်သားမူ မျိုးကိုရရှိထားဖို့ လိုအပ်ပါတယ်။ပြီးတော့ အခုက ဒီလို အရာကို ရရှိဖို့ ဆိုတာ မဖြစ်နိုင်တဲ့အရာလို ဖြစ်နေခဲ့တယ်။
လူတစ်ယောက်ရဲ့ ခန္တာကိုယ်နဲ့ စိတ်ကို ပြီးပြည့်စုံတဲပလက်နက် တစ်ခုအဖြစ် ပုံဖော်ရတာက ခက်ခဲပေမယ့်..လူတစ်ယောက်ရဲ့ စိတ်ဝိဥာဥ်ကို ဒီလိူပုံဖော်ရတာက ပိုပြီးတောင် ခက်ခဲပါသေးတယ်။သို့ပေမယ့် ဒီအရာက သူ ကျော်လွှားရမယ့်..အတားအဆီး အတိအကျပါပဲ..။
ဒီလိုနဲ့ပဲ ခြောက်ရက်တာ အချိန်က ကုန်ဆုံးသွားခဲ့တယ်။
...ခုနှစ်ရက်မြောက်နေ့မှာတော့ စွန့်စားခန်းထွက်သွားတဲ့ ကိုင် က ပြန်ရောက်လာခဲ့ပါတယ်။ခန့်ညားတဲ့လေးသည်တော်က ပင်ပန်းပြီး..နွမ်းနယ်နေပုံရတယ်။သူ့ရဲ့ အကာအကွယ် နဲ့ အဝတ်အစားတွေက..အညစ်အကြေး တွေ ၊ ဖုန်မှုန့်တွေနဲ့ ခြောက်သွေ့တဲ့ သွေးတွေ စွန်းထင်းနေခဲ့ပါတယ်။သူ့ရဲ့ ကျောမှာလွယ်သွားခဲ့တဲ့ မြားကျည်ထောက်မှာလည်း မြားတွေ မရှိတော့ပါဘူး..။သူ့ရဲ့ ချည်သား ဂျာကင်အင်္ကျီမှာလည်း ပြတ်ရှရာတွေ ရှိနေခဲ့ပါတယ်။
ဆန်နီ ရဲ့အရိပ်က ရဲတိုက်ရဲ့ အပေါ်ဘက်ကောင်းကင်ကို တစိချိန်လုံးကြည့်နေတဲ့သူပါ..။ဒီတော့ သူပြန်ရောက်လာတာကို သူက ပထမဆုံးသိသွားခဲ့ပါတယ်။
ဆန်နီဟာ..နစ်ဖီ အစည်းအဝေးပြုလုပ်တဲ့ အခန်းငယ်ထဲကို ရောက်လာတဲ့ အချိန်မှာတော့ ..ကိုင်က ရောက်ရှိနေပြီ ဖြစ်ပြီး မီးပုံဘေးနားမှာထိုင်ကာ မြေအိုးခွက်ထဲက ရေကို အမောတကော သောက်နေခဲ့ပါတယ်။အယ်ဖီကတော့ သူ့ဘေးနားမှာရှိနေပြီး အစားအသောက်ထည့် ထားတဲ့ ပန်းကန် တစ်ချပ်ကို ကမ်းပေးနေခဲ့တယ်။
သူ့ကို သတိထားမိတဲ့ ကိုင် က အားနည်းစွာ ပြုံးလိုက်ပြီး..
"ဟေး..ဆန်နီ.."
ဆန်နီ ခနလောက်တွေဝေနေပြီးကာမှ..ချောမောတဲ့ လူငယ်လေး အနားကို လျောက်သွားလိုက်ပြီး သူ့ရဲ့ပခုံးကို ပုတ်လိုက်တယ်။
"ဟေး..ကိုင်..။ပြန် ကြိုဆိုပါတယ်.."
ပြီးတဲ့နောက်မှာတော့ အယ်ဖီ ရော သူရောက ဘာစကားမှ ထပ်မပြောကြတော့ပဲ..သူတို့ရဲ့ သူငယ်ချင်းကို အနားယူခွင့်ပေးထားကာ..တစ်ခြားသူတွေ ရောက်လာတာကို စောင့်နေကြပါတယ်။
တစ်ယောက်ပြီး တစ်ယောက် ဆိုသလိူပဲ..ကတ်စတာ ၊ ကတ်စီ နဲ့ ဆိုင်ရှန်တို့ဟာ အခန်းထဲမှာ ပေါ်လာပြီး ကိုင် ကို နှုတ်ဆက်လိုက်ကြတယ်။နစ်ဖီကတော့ နောက်ဆုံးမှ ဝင်လာတဲ့ တစ်ယောက်ပါ။
သူမက အခန်းထဲက လူတိုင်းကို ကြည့်လိုက်ပြီး..ကိုင် ရဲ့ အနားမှာ ထိုင် လိုက်တယ်..။အတော်ကြာအောင် တွေဝေပြီး နောက်မှာတော့..သူမက သူ့မျက်လုံးကို ကြည့်ပြီး မေးလိုက်ပါတယ်။
"ဘယ်လောက်များလဲ.."
ကိုင် အတော်ကြာအောင် တွေဝေနေပြီးကာမှ သုန်မုန်တဲ့ အမူအရာက သူ့မျက်လုံးထဲမှာ ပေါ်လာခဲ့တယ်။နောက်ဆုံးတော့ သူတစ်ဖက်ကို လှည့်ပြီး သက်ပြင်းချလိုက်ပါတယ်။သူ့ နှုတ်ခမ်းကနေ စကာစလုံး တစ်လုံးသာ ထွက်ပေါ်လာခဲ့တယ်။
"..တစ်ယောက်မှ မရှိဘူး.."
သူ့အသံက အခန်းငယ်လေးထဲမှာ ပဲ့တင်သွားခဲ့ပြီး စုဝေးနေတဲ့ လူတွေရဲ့ မျက်နှာကို နက်မှောင်သွားစေခဲ့ပါတယ်။
"ငါ ဝင်္ကပါထဲမှာ လျောက်သွားပြီး..လတ်တလောမှာ အိပ်စက်သူတွေ ရောက်လာတာ ရှိလားဆိုတာ ရှာဖွေခဲ့တယ်။ဒါပေမဲ့ တစ်ယောက်မှ မရှိဘူး..။အသက်ရှင်နေတာ တစ်ယောက်မှ မရှိဘူး..လတ်တလော သေဆုံးထားတဲ့ အရိုးအသား တွေလည်း မရှိဘူး..။အခိုက်အတန့်က ဒီငရဲ ထဲကို ဒီနှစ်အတွင်းမှာ တစ်ယောက်မှ
မပို့လိုက်ဘူးထင်တယ်..."
'ပြီးတော့ နောက်နှစ်လည်း တစ်ယောက်မှပို့မှာ မဟုတ်ဘူး..။ငါ တွေးမိတဲ့ အတိုင်းဆိုရင်ပေါ့..'
ဆန်နီ သက်ပြင်းချလိုက်တယ်။တစ်ခါတစ်လေမှာ မှားယွင်းသွားတာကလည်း တကယ်ကို ကောင်းမွန်ပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းကတော့..အခိုက်အတန့်က မေ့ပျောက်ကုန်းမြေကို လူ ခုနှစ်ယောက်ပို့လိုက်တယ်။နောက်တစ်နှစ်မှာတော့ နှစ်ဆ ပို့လိုက်ပြဖိး..နောက်နှစ်တွေမှာလည်း ဆက်ပြီး ပို့နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ ဆောင်းယဥ်စွန်းတန်း အချိန်တိုင်း အနက်ရောင်မြို့တော်ကို အိပ်စက်သူတွေ ရာနဲ့ချီပြီး ရောက်လာတတ်ကြပါတယ်။မနှစ်ကတုန်းကတော့..ဆန်နီ ၊ နစ်ဖီ ၊ ကတ်စီ နဲ့ကတ်စတာ တို့လေးယောက်တည်းသာ အနက်ရောင်မြို့တော်ကို ရောက်လာနိုင်ခဲ့ကြတာပါ။
ဝင်္ကပါထဲကို ရောက်သွားခဲ့တဲ့ နောက်ထပ်သုံးယောက်ကတော့..ကျိန်စာသင့်အပျက်အစီး ထဲ မရောက်ခင်မှာပဲ သေဆုံးသွားခဲ့ကြတယ်။
ဒီလို အခြေအနေတွေကြောင့်..တောက်ပတဲ့ ရဲတိုက်မှာ နေထိုင်ခဲ့ကြတဲ့ သူတွေဟာ..အခိုက်အတန့် က အိပ်မက်ကမ္ဘာထဲကို ပို့လိုက်တဲ့ အရေအတွက်ကို စက်ဝန်းတစ်ခုအဖြစ် တွက်ချက်ပြီး သီအိုရီ တစ်ခု ထုတ်ခဲ့ကြပါတယ်။တကယ်လို့ သူတို့တွက်ချက်မူသာ မှန်ကန်မယ်ဆိုရင် ပြီးခဲ့တဲ့ တစ်ပတ်တုန်းက ဝင်္ကပါထဲမှာ အိပ်စက်သူ ၁၄ ယောက် ရောက်နေရမှာပါ။
သို့ပေမယ့် ဆန်နီ ကတော့ ဒီ သီအိုရီ ကို ဘယ်တောပမှ မယုံကြည်ခဲ့ပေ..။
သူတို့စိတ်ထဲမှာတော့..သူတို့လေးယောက်က စက်ဝန်းအသစ်ရဲ့ စတင်သူတွေ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး..။အဲဒီအစား သူတို့က နောက်ဆုံး ဖြစ်
မယ့် သူတွေလို့သာ..အမြဲတမ်းခံစားနေခဲ့ရပါတယ်။
မေ့ပျောက်ကုန်းမြေပေါ်က လူတွေ အတွက် အခိုက်အတန့်က ပေးလိုက်တဲ့ နောက်ဆုံးသော အခွင့်အရေး။
ပြီးတော့ အခုချိန်မှာ သူ မှန်တယ်ဆိုတာကို သိသွားခဲ့ပါပြီ..။
နစ်ဖီ သက်ပြင်းတစ်ချက်ချပြီး ဖြည်းညှင်းစွာ ခေါင်းညိမ့်ကာ..တောက်လောင်နေတဲ့ မီးတောက်ကို စိုက်ကြည့်လိုက်တယ်။လူတိုင်းက တိတ်တဆိတ်..ရပ်နေခဲ့ကြပြီး..သူမ ဆုံးဖြတ်ချက်ချမယ့် အချိန်ကိုသာ စောင့်နေခဲ့ကြတယ်။
နောက်ဆုံးတော့ သူမက သူတို့ကိုတောင် မကြည့်ပဲ ပြောလိုက်ပါတယ်။
"...အားလုံးကို ပလ္လင် ခန်းမ ထဲမှာ စုဝေးကြမယ်လို့ ပြောလိုက်..။ငါ သူတို့ကို စကားပြောမယ်.."
အချိန်ကို ဖြုန်းမနေတော့ပဲ..ကတ်စတာဟာ အနည်းငယ် အရိုအသေ ပေးကာ ထွက်ခွာသွားခဲ့တယ်။အယ်ဖီလည်း သူမကို တစ်ချက်ကြည့်လိုက်ပြီး သူ့နောက်က လိုက်သွားခဲ့ပါတယ်။ကျန်တဲ့ သူတွေလည်း ဒီအတိုင်းပါပဲ။
ဆန်နီကတော့ နောက်ဆုံးမှ ထွက်ခွာသွားတဲ့သူပါ။သူ့ရဲ့ နှလုံးခုန်သံကတော့ ဒရမ် တီးသလို စည်းချက် ညီစွာ ခုန်နေခဲ့ပါပြီ..။