← Chapters

မမြင်ရတဲ့ နှောင်ကြိုး

Vol. 21 Ch. 312

မမြင်ရတဲ့ နှောင်ကြိုး

Vol. 21 Ch. 312

ရှေးဟောင်းရဲတိုက်ရဲ့ ကြီးမားတဲ့ ခန်းမထဲမှာ လူပေါင်း ငါးရာခန့် ဟာ တိတ်တဆိတ်ရပ်နေခဲ့ကြတယ်..။နေရဲ့ အလင်းရောင်က ခန်းမကြီးရဲ့ ပြတင်းပေါက်ကနေ ကျဆင်းနေပြီး..လေထုကို တောက်ပပြီး..တက်ကြွအောင် ဖန်တီးပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ် တုန်းက ဒီခန်းမထဲမှာ ဆိုးဝါးတဲ့ လူသတ်ပွဲကြီးဖြစ်ခဲ့တဲ့ လက္ခဏာတစ်ခုမှ မရှိနေခဲ့ပေ..။အလောင်းတွေက ဖယ်ရှားပြီးပြီ ဖြစ်ပြီး..မာဗယ် ကြမ်းခင်းပေါ်က သွေးတွေကိုလည်း ဆေးကြောထားပြီးပါပြီ..။

သို့ပေမယ့် အမှတ်တရ တွေကတော့ ရှိနေတုန်းပါပဲ။

ပလ္လင်ပေါ်ကို သွားတဲ့ လှေကားတွေရဲ့ အပေါ်မှာတော့ ငွေရောင် ဆံပင်နဲ့ မိန်းမငယ်လေးတစ်ယောက် ထိုင်နေခဲ့တယ်။သူမ ရဲ့ ဆင်စွယ်ရောင် မျက်နှာက လွင့်ပါး နေပြီး..သူမရဲ့ ရှင်းလင်းတဲ့ အညိုရောင် မျက်လုံးတွေက..တည်ငြိမ် ၊ လေးလံ နေခဲ့ပါတယ်။ရာနဲ့ချီတဲ့လူတွေဟာ ..သူတို့ရဲ့ အရှင်သခင် မိန်းကလေး စတင် စကားပြော လာမယ့် အချိန်ကို စောင့်နေခဲ့ကြတယ်။

နောက်ဆုံးမှာတော့ ပြောင်းလဲနေတဲ့ကြယ်ပွင့် သက်ပြင်းချလိုက်ပါတယ်။ခနအကြာမှာတော့..သူမရဲ့အသံက..ပလ္လင် ခန်းမထဲမှာ ထွက်ပေါ်လာပါတော့တယ်။

"မေ့ပျောက်ကုန်းမြေပေါ်က အိပ်စက်သူတို့..။လွန်ခဲ့တဲ့ ရက်သတ္တပတ် တုန်းက..ဝင်္ကပါ ထဲမှာ ငါတို့လို ကျိန်စာသင့်နေရာကို အပို့ခံရတဲ့ သူတွေ ရှိနေမလားဆိုပြီး ကင်းထောက်တွေ အများကြီး လွှတ်ခဲ့တယ်။သူတို့ထဲမှာ မင်းတို့အားလုံး သိထားကြပြီးတဲ့

နိုက်တင်ဂေး လည်း အပါအဝင်ပဲ..။သူက ခုနှစ်ရက်လောက်..အချိန်ယူပြီး ရှာဖွေခဲ့ပေမယ့်လည်း ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး..။သူတို့ရဲ့ သွားလာလှုပ်ရှားမူ လက္ခာတွေကိုတောင် မတွေ့ခဲ့ရဘူးလေ..။ဒီနှစ်မှာ..ဘယ်သူမှ ရောက်မလာခဲ့ဘူး.."

လူအုပ်ထဲမှာ အံ့ဩသင့်ဖွယ် တီးတိုးသံတွေက လှိူင်းတစ်ခုလို ဖြစ်ပေါ်လာခဲ့ပါတယ်။ဆန်နီဟာ ခန်းမထဲက လူတွေရဲ့ မျက်နှာကို လိုက်ကြည့်တဲ့ အချိန်မှာတော့ မတူညီတဲ့ အမူအရာတွေကို တွေ့လိုက်ရတယ်။စိတ်ရှုပ်ထွေးမူ ၊ ကြောက်ရွံ့မူ ၊ အံ့ဩမူ တွေပါ..။သိူ့ပေမယ့် ဒါက သူ ထင်ထားသလောက် မဆိုးဝါးပါဘူး..။ဒီအကြောင်းအရာကြောင့် လုံးဝ ကြီး စိတ်ဓာတ်ကျသွားတဲ့သူ မရှိခဲ့ပေ..။

အဲဒီအစား..အားလုံးက နစ်ဖီဘက်ကို မျှော်လင့်ချက်ပြည့်နေတဲ့ မျက်လုံးတွေနဲ့ကြည့်လိုက်ကြတယ်။

သူမက သူတို့ရဲ့ မျှော်လင့်ချက်ပါ။သူတို့နဲ့အတူ ပြောင်းလဲနေတဲ့ကြယ်ပွင့် ရှိနေတဲ့ ကာလပတ်လုံး သူတို့က လုံးဝ စိတ်ဓာတ်ကျ ကြမှာမဟုတ်ပေ..။

သူမရဲ့ လှုပ်ရှားမူတွေကို ရာချီတဲ့ မျက်လုံးတွေက စောင့်ကြည့်နေတာကို ဂရုမစိုက်ပဲ..နစ်ဖီဟာဆက်ပြောလိုက်တယ်။

"မင်းတို့ထဲက အများစုကတော့ ဒါက ဘာကိုဆိုလိုတာလဲ ဆိုတာကို နားလည်ထားကြမှာပဲ..။နားမလည်တဲ့ သူတွေ အတွက် ငါ ရှင်းပြမယ်.."

သူမ ခနလောက်တွေဝေနေပြီးကာမှ..ရှေးဟောင်းရဲတိုက်ရဲ့ နံရံတွေကိုကြည့်လိုက်တယ်။သူမ ပြောလာတဲ့ အချိန်မှာတော့ အသံက ထိုင်းမှိုင်းနေခဲ့ပါတယ်။

"ဒီရဲတိုက်ကြီးက နှစ်ပေါင်းများစွာကြာအောင်..မေ့ပျောက်ကုန်းမြေပေါ်ကို ရောက်လာတဲ့ လူသားတွေ အတွက် ခံတပ်ကြီးအဖြစ် အမူထမ်းခဲ့တယ်။တစ်ချို့လူတွေက သူပေးတဲ့..လုံခြုံမူကို သဘောကျကြတယ်။တစ်ချို့လူတွေက သူ့ရဲ့ နံရံတွေကြောင့် ရှင်သန်ခွင့်ရနေကြတယ်..။ဒါပေမဲ့ ငါတို့ထဲက ဘယ်သူကမှ ဒီရဲတိုက်ကြီး မရှိပဲ ရှင်သန်နိုင်ကြမှာ မဟုတ်ဘူး..။သူက အမှောင်မြို့တော်ထဲက သားရဲတွေ ရန်ကနေ အကာအကွယ် ပေးထားခဲ့တယ်။သူက ငါတို့ကို အမိုးအကာ ပေးထားတယ်။ဒါပေမဲ့ ဒီအမိုးအကာ က အခမဲ့တော့ ရနေတာမဟုတ်ဘူး.."

သူမရဲ့ မျက်နှာပေါ်မှာ နက်မှောင်တဲ့ အမူအရာတစ်ခု ပေါ်လာခဲ့တယ်။

"ဒီရဲတိုက်ကြီးရှိနေဖို့ တစ်ချို့တွေရဲ့ ဝိဥာဥ်တွေ ဆုံးရှုံးရတယ်..။အသက်တွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။နှစ်တိုင်း နှစ်တိုင်းမှာ ဒီ ရဲတိုက်ကြီး တည်ရှိနေဖို့ အတွက် လူရာနဲ့ချီပြီး စတေးနေခဲ့ကြရတယ်။ပြီးတော့ နှစ်တိုင်း နှစ်တိုင်းမှာ..နောက်ထပ် လူရာနဲ့ချီပြီး သူ့ရဲ့ ပါးစပ် ထဲကို ဝင်ရောက်လာခဲ့ကြတယ်.."

ဆန်နီ တိတ်တဆ်ိတ်ပဲ..လှောင်ရယ်လိုက်တယ်။ပြောင်းလဲနေတဲ့ ကြယ်ပွင့်က ဒီရဲတိုက်ကို လူသားတွေကို စားသုံးတဲ့ သတ္တဝါတစ်ကောင်လို ပြောနေခဲ့တာပါ။ဒါက ဝိဥာဥ် စားသုံးသူ နဲ့ မတူညီပါဘူး..။သူ့ရဲ့ အဓိပ္ပါယ် က သိပ်ပြီး ထင်ရှားမူ မရှိပေမယ့် ပလ္လင် ခန်းမ အတွင်းမှာ ရှိနေတဲ့ လူတွေကို သက်ရောက်စေဖို့တော့ လုံလောက်ပါတယ်။သူတို့ကို ကြည့်လိုက်တဲ့ အချိန်မှာတော့ အိပ်စက်သူတွေ အများကြီးက ကျောချမ်းပြီး..မျက်မှောင်ကျုတ်နေတာကို တွေ့လိုက်ရတယ်။

' ..အန္တရာယ်ကို ဝှတ်ထားတယ်..'

အဲ့အချိန်မှာပဲ နစ်ဖီ ဆက်ပြောလိုက်တယ်။

"ဒါပေမဲ့ ဒါတွေ ထပ်ပြီးမရှိတော့ဘူး..။ဒီနှစ်မှာ အနက်ရောင်မြို့တော် ထဲကို ဘယ်သူမှ ရောက်မလာကြတော့သလို ၊ နောက်လည်း ရောက်လာမှာ မဟုတ်ဘူး..။လူသစ်တွေ မရှိရင်တော့ ငါတို့ ခံစားရမယ့် ဆုံးရှုံးမူက ပိုများလာလိမ့်မယ်..။ဒါက..ဒီနံရံကြီးတွေကို ကာကွယ်ဖို့ ဘယ်သူမှ မကျန်တော့တဲ့အထိ ၊ အိပ်မက်ဆိုးသားရဲတွေကို သတ်ဖို့ ဘယ်သူမှ မရှိတော့တဲ့ အထိ ပြီးတော့ ဒီခန်းမကြီးကို လုံခြုံအောင်ထားနိုင်ဖို့ ဘယ်သူမှ မရှိတော့တဲ့အထိ ဖြစ်လာလိမ့်မယ်..။ဒါက အကာအကွယ်ဆိုတာ ထပ်ပြီး မရှိတော့တဲ့ အထိပဲ..။ဒီ အဆုံးသတ်က..."

သူမက ခနလောက် ရပ်တန့်လိုက်ပြီး..တည်ငြိမ်စွာနဲ့ ထိပ်လန့်စရာ အဆုံးသတ်ကို ရည်မှန်းကာ ပြောလိုက်ပါတယ်။

"....မကြာခင် ရောက်လာတော့မယ်.."

သူမရဲ့ စကားလုံးတွေ က အိပ်စက်သူ အုပ်လိုက်ကြီးကို သက်ရောက်သွားခဲ့ပြီး..ခံစားချက် မုန်တိုင်းတွေဖြစ်ပေါ်လာခဲ့ပါတယ်။သူတို့ရဲ့ မျက်လုံးတွေက ပြူးကျယ်ပြီး ဖြူဖျော့သွားခဲ့တယ်။သူတို့ ခံစားနေကြရတဲ့ ကြောက်ရွံ့မူ နဲ့ အံ့ဩသင့်မူက ဆယ်ဆလောက် တိုးလာခဲ့ကြပါတယ်။

သူတို့ ရဲ့ ကမ္ဘာကြီးအပေါ် အမြင်တွေ အတွက် နောက်ဆုံးသံမှိုကို ရိုက်ထည့်လိုက်တဲ့အလား..ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ ပြောလိုက်တယ်။

"ဆိုလိုချင်တာကတော့ တစ်ခုပဲ ရှိတယ်..။ငါတို့ ဒီ ရဲတိုက်ထဲမှာ ဆက်ပြီးနေဖို့ မဖြစ်နိင်တော့ဘူး.."

လူအုပ်ကြားထဲကနေ..အော်သံတွေက ထွက်ပေါ်လာခဲ့ပြီး မယုံကြည်မူ ၊ ထိပ်လန့်မူတွေနဲ့ ပြည့်နေခဲ့ပါတယ်။လူတွေအားလုံးက ပြောစရာ တွေအများကြီး ရှိနေကြပေမယ့် သွေးတွေသာ ဆူပွက်လာခဲ့ကြပါတယ်။

"ငါတို့ ဘာလုပ်ကြမလဲ.."

" ငါတို့ ကိုယ့်ကိုကို ဘယ်လို ကယ်တင်ကြမလဲ"

...ပြီးတော့..

" ငါတို့ကို ကယ်ပါဦး , ပြောင်းလဲနေတဲ့ကြယ်ပွင့် "

ဆန်နီ ပြုံးလိုက်တယ်..။

နစ်ဖီ ခနလောက် တိတ်ဆိတ်နေပြီး..ဒီအော်သံတွေကို သူမကို ဖုံးလွှမ်းခွင့်ပေးလိုက်ပါတယ်။ယင်းနောက် သူမရဲ့ မျက်လုံးထဲမှာ မီးတောက်တွေ တောက်လောင်လာပြီး လူတိုင်းကို တိတ်ဆိတ်စေခဲ့တယ်။သူမရဲ့ အသံက နံရံတွေကြားထဲမှာ နောက်တစ်ကြိမ် ပေါ်ထွက်လာခဲ့ပြီး..လူအုပ်ကြားထဲကို ရောက်လာခဲ့တယ်။

"ဒါပေမဲ့ ဒါက ငါတို့ရဲ့ အဆုံးသတ်မဟုတ်ဘူး..။အရင်တုန်းက ငါ နင်တို့ကို ကတိပေးခဲ့တယ်..။ပြီးတော့ ဒီကတိကို ထိန်းသိမ်းသွားရမယ်.."

သူမက ရုတ်တရက် မတ်တတ်ရပ်လာခဲ့ပြီး..လူအုပ်ကြီးရဲ့ အပေါ်မှာ တောက်ပနေတဲ့ အပျက်အဆီး နတ်သမီးတစ်ပါးလို..လွှမ်းမိုးထားခဲ့ပါတယ်။

"ငါ နဲ့အတူလိုက်ခဲ့..။ငါ့နောက်က လိုက်ခဲ့ကြ..။ငါ တစ်ယောက်ပဲ နင်တို့ကို ကယ်တင်ပေးနိုင်လိမ့်မယ်.."

သူမရဲ့ မီးတောက်က လူရာနဲ့ချီရဲ့ မျက်လုံးတွေထဲမှာ အလင်းပျံနေခဲ့ပြီး..သူတို့ရဲ့ မျက်နှာတွေက အလင်းကြောင့် တောက်ပနေခဲ့ပါတယ်။သူမရဲ့ စကားလုံးတွေက သူတို့ကို အမှောင်ထုထဲကို ဆွဲခေါ်သွားခဲ့ပြီး ထွက်ပေါက်ကို ရှာတွေ့ဖို့ မီးရူးတန်ဆောင် ကို ပေးထားသလို ဖြစ်နေခဲ့တယ်။

ဒါက တော့ ဆွဲဆောင်နိုင်စွမ်းအရှိဆုံး အလင်း နဲ့ မီးရူး တန်ဆောင် တစ်ခုပါ..။

မျှော်လင့်ချက် အလင်း..။

ပြီးတော့ ဒီ မျှော်လင့်ချက်က သူမ နဲ့ ဆက်နွယ်နေခဲ့ပါတယ်။

ပြောင်းလဲနေတဲ့ကြယ်ပွင့်ဟာ..လှေကားကနေတဆင့် ဆင်းသက်လာခဲ့ပြီး သူမ ရဲ့ စကားလုံးတွေက ခန်းမထဲမှာ ပဲ့တင်ထပ်နေခဲ့တယ်..။

"ငါ့နောက်က လိုက်ခဲ့ ၊ ငါက ဒီငရဲကနေ ခေါ်ထုတ်သွားပေးမယ်..။ငါ့နောက်က လိုက်ခဲ့ ၊ မင်းတို့ရဲ့ အိမ်ကို ပြန်မယ့်လမ်းကို ငါ ပြသပေးမယ်..။ဒါပေမဲ့ အမှားတော့ မလုပ်မိစေနဲ့.."

သူမ ရပ်တန့်လိုက်ပြီး အတော်ကြာအောင် ငြိမ်သက်နေခဲ့ပါတယ်။သူမ ပြန်ပြီး ပြောလာတဲ့ အခါမှာတော့ သူမရဲ့ အသံက ပိုတည်ငြိမ်..ပ်ိုအေးစက်ပြီး..

ပ်ို လေးလံ နေခဲ့ပါတယ်။

"အရှေ့မှာ ရှိနေတဲ့ လမ်းက ရှည်လျားပြီး ကြမ်းတမ်းလိမ့်မယ်..။လူတိုင်းက ဒါကို လုပ်နိုင်ကြမှာ မဟုတ်ဘူး..။အားနည်းတဲ့ လူက သေကြရမယ်..။သန်မာတဲ့ လူတွေလည်း သေကြရလိမ့်မယ်..။ပြီးတော့ ကျန်ရစ်နေတဲ့လူတွေကလည်း ပုံမှန်အခြေအနေ မဟုတ်တော့ဘူး..။ဒါပေမဲ့ ငါ ကတိပေးနိုင်တဲ့ အရာတစ်ခုတော့ ရှိတယ်...."

နစ်ဖီ လူအုပ်ထဲကို ဝင်သွားခဲ့ပြီး..သူမရဲ့လှပတဲ့ မျက်လုံးတွေထဲမှာ သန္နိဌာန် ချထားတဲ့ အကြည့်တွေနဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့..လူတွေကို ကြည့်လိုက်ပါတယ်။

"ငါ့ နောက်ကလိုက်ခဲ့..ပြီးရင်..နင်တို့က ဘယ်တော့မှ အစေခံတွေ ဖြစ်လာမှာ မဟုတ်ဘူး.."

ဆန်နီ ကြက်သီးမွေးညှင်းထသွားခဲ့တယ်..။ဒါက သူမက သူ့တစ်ယောက်တည်းကို ဦးတည်ပြီး ပြောနေတဲ့ ခံစားချက်မျိုးပါပဲ..။ခန်းမထဲမှာ ရှိနေတဲ့လူတိုငိးလည်း ဒီတိုင်း တူညီတဲ့အရာမျိုးကို ခံစားကြရမှာပါ။

ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူတို့ရဲ့ စိတ်ဝိဥာဥ်ထဲကို တည့်တည့်စိုက်ကြည့်ပြီး ပြောလိုက်တယ်။

"...ကြောက်စိတ်ရဲ့ ကျေးကျွန်တွေ ၊ ကံကြမ္မာရဲ့ ကျေးကျွန် တွေ ၊ အိပ်မက်ဆိုး အခိုက်အတန့်ရဲ့ ကျေးကျွန်တွေ..။ငါ နဲ့အတူ လိုက်ခဲ့ကြ..။ပြီးတော့ သေတာပဲဖြစ်ဖြစ် ..ရှင်သန်တာပဲဖြစ်ဖြစ်..လူသားတွေရဲ့ ပုံစံအတိုင်း လုပ်ကြမယ်..။ကြောက်ရွံ့နေကြတဲ့ တိရစ္ဆာန်တွေလို မဟုတ်ဘူး.."

သူမက မျက်လုံးကို မှိတ်ကာ အသက်ကို ရူထုတ်လိုက်ပြီး အကြည့်ကို အောက်ချလိုက်တယ်..။နောက်ဆုံးတော့..သူမရဲ့ အသံထဲမှာ စိတ်အားထက်သန် မူတွေ ပျောက်ကွယ်သွားပြီး ပြောလိုက်ပါတယ်။

"ဒါပေမဲ့..ငါ နောက်ကိုလိုက်ခဲ့ဖို့ အတွက် ဘယ်သူ့ကိုမှတော့ တွန်းအားပေးမှာ မဟုတ်ဘူး..။ဘယ်တော့မှပဲ..။နင်တို့ နေခဲ့မှာလား..လိုက်ခဲ့မှာလား ဆိုတာက အားလုံးရဲ့ ကိုယ်ပိုင် ရွေးချယ်မူပဲ..။ကျန်နေခဲ့တဲ့ အတွက်ကြောင့်လည်း အရှက်ရစရာ ရှိလာမှာ မဟုတ်ဘူး..။အတူတူ မလိုက်ခဲ့ချင်တဲ့ သူတွေကတော့ အခုပဲ ဒီခန်းမထဲကနေ ထွက်သွားပေးကြပါ.."

ဆန်နီဟာ အိပ်စက်သူတွေကို ကြည့်လိုက်ပြီး သူတို့ရဲ့ တုန့်ပြန်မူတွေကို ခန့်မှန်းဖို့ ကြိုးစားကြည့်လိုက်တယ်။လူတွေက မျက်နှာပေါ်မှာ သံသယတွေ ၊ကြောက်ရွံ့မူတွေ နဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြပါတယ်။

လူတိုင်းကတော့ ပြောင်းလဲနေတဲ့ကြယ်ပွင့် ကို တမ်းတမ်းစွဲ ဖြစ်နေကြတာ မဟုတ်ပါဘူး..။လူတိုင်းက ရဲရင့်ပြီး သန်မာ နေကြတာ မဟုတ်ပေ..။လူတိုင်းက သေဆုံးဖို့ အတွက် အဆင်သင့်ဖြစ်နေကြတာ မဟုတ်ပါဘူး။

...သို့ပေမယ့် အဆုံးမှာတော့ တစ်ယောက်မှ အပြင်ကို ထွက်မသွားခဲ့ကြပေ..။

နစ်ဖီဟာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ရဲတိုက်ရဲ့ နံရံတွေကို ဖောက်မြင်နေရတဲ့ အလား အနောက်အရပ်ကို လှမ်းပြီးကြည့်လိုက်ပါတယ်။အတော်ကြာပြီးကာမှ သူမ ပြောလိုက်တယ်။

"ကောင်းတယ်..။ငါ ကျေနပ်မိတယ်..။ဒါဆို ဒါက ဆုံးဖြတ်ပြီးသွားပြီ..."

သူမက သူတို့ကို မျက်နှာမူလိုက်တယ်..။ဒေါသထွက်နေတဲ့ အဖြူရောင် မီးတောက်တွေကတော့ သူမရဲ့ မျက်နှာပေါ်မှာ ပေါ်ထွက်နေခဲ့ပါတယ်။

"ဒါဆိုရင်..သဘက်ခါကျရင်..၊ ငါတို့ ရဲတိုက်ကနေ ထွက်ခွာကြမယ်..။သဘက်ခါကျရင်..ငါ တို့ ကြက်သွေးရောင် ထိပ်ဖျားဆီကို ချီတက်ကြမယ်.."

All Chapters