← Chapters

ကြယ်အလင်း အမြုတေ

Vol. 21 Ch. 313

ကြယ်အလင်း အမြုတေ

Vol. 21 Ch. 313

အမှောင်မြို့တော်ထဲမှာ သူတို့ နေထိုင်တဲ့ နောက်ဆုံးရက် အရောက်မှာတော့ နစ်ဖီဟာ သူမရဲ့ အင်အားကြီး စစ်သည်တော်တွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ငယ်လေးကို နောက်ဆုံးအမဲလိုက်မူ အတွက် ဦးဆောင်ခေါ်သွားခဲ့တယ်..။

အဖွဲ့သားတွေ အားလုံးက သူမရဲ့ နောက်ကနေ လိုက်နေခဲ့ကြပါတယ်။သူတို့တွေထဲက အဖွဲ့သားတစ်ယောက်ဖြစ်တယ် ဆိုတာကို လက်ခံဖို့ ခေါင်းမာနေတဲ့ ဆန်နီ ကသာ..အဖွဲ့ကနေ ကွဲထွက်နေပြီး ၊ ပတ်ဝန်းကျင် အပျက်အဆီးတွေကို ဟိုကြည့် ဒီကြည့်လုပ်နေခဲ့တယ်။

ဂျန်မာ နဲ့ ဆိုင်ရှန် တို့လည်း သူတို့နဲ့ အတူ ရှိနေခဲ့ပါတယ်..။နောက်ထပ် အတွေ့အကြံရှိတဲ့ မုဆိုး ဆယ်ယောက် ဝန်းကျင်ကလည်း သူတို့နဲ့ အတူ ပါလာခဲ့တယ်။သူတို့က..ရဲတိုက် နဲ့ အပြင်ဘင် ရပ်ကွက်က မုဆိုးတွေပါ..။သူတို့ နှစ်ဖွဲ့ရဲ့ ကြားထဲမှာ ကွဲပြားတာ မရှိတော့ ပါဘူး..။

သူတို့ အကုန်လုံးက အခုဆိုရင် ပြောင်းလဲနေတဲ့ကြယ်ပွင့် ရဲ့လူတွေ ဖြစ်နေကြပါပြီ။

သူတို့ လမ်းလျောကိနေတုန်းမှာပဲ ဂျန်မာက ဆန်နီ အနားကို ကပ်လာခဲ့ပြီး သူ့ကို သိချင်စွာကြည့်လိုက်တယ်..။

တီဆိုင် က..နစ်ဖီ ရဲ့ ဓားသွားအောက်မှာ သေဆုံးပြီးသွားတဲ့ နောက်မှာ..ဒီလူက အေးချမ်းမူတစ်ချို့ကို ရသွားပုံပါပဲ..။သို့ပေမယ့် သူ့ မျက်လုံးရဲ့ နက်ရှိုင်းတဲ့ အပိုင်းမှာတော့..အမြဲတမ်း ဝမ်းနည်းမူ အရိပ်အယောင်တွေ ရှိနေတတ်ပါတယ်..။

ဆန်နီ သူ့ကို စိုက်ကြည့်ပြီး မျက်ခုံးပင့်တင်လိုက်တယ်..။

"ဘာဖြစ်လို့လဲ.."

မုဆိုးဟာ အနည်းငယ် ပြုံးလိုက်ပြီး ရင်းနှီးတဲ့ လေသံနဲ့ မေးလာခဲ့ပါတယ်။

"မင်းက ဆန်းလပ်စ် နော်..။ဟုတ်တယ်မလား.."

ဆန်နီ ပုခုံးတွန့်လိုက်တယ်..။

"ဟုတ်တယ်..ကျုပ်ပဲ.."

ဂျန်မာဟာ တိတ်ဆိတ်စွာ သူ့ကိုလေ့လာလိုက်ပြီး စိတ်ဝင်တစား မေးလိုက်ပါတယ်။

"မင်းက မြို့ထဲမှာတစ်ယောက်တည်း လပေါင်းများွာနေခဲ့တယ်လို့ကြားတယ်..။အဲတာ အမှန်ပဲလား.."

'အာ..အဓိပ္ပါယ်ရှိတယ်..'

အရပ်ရှည်တဲ့ မုဆိုးက..မေ့ပျောက်ကုန်းမြေပေါ်မှာ အတွေ့အကြုံ အရှိဆုံး မုဆိုးတစ်ယောက်ပါ..။သူက ကျိန်စာသင့် မြို့ထဲက လမ်းမတွေပေါ်မှာဖြစ်ပွားတဲ့ မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေကြားမှာ ရှင်သန်နိုင်ခဲ့ပါတယ်။ဒီကိစ္စကို သူ သိချင်တယ် ဆိုတာက..သူ့အတွက် တော့ ပုံမှန်ပါပဲ..။

ဆန်နီ သူ့ကို ခေါင်းညိမ့်ပြလိုက်ပြီး..

"သေချာတာပေါ့..။သုံးလ နည်းနည်းစွန်းမယ်လို့ ထင်တာပဲ.."

ဂျန်မာ မေးစေ့ကို ပွတ်ကာ သိချင်စွာ မေးလိုက်တယ်။

"မင်း ဘယ်လို အသက်ရှင်နေနိုင်တာလဲ.."

ဆန်နီ ပြုံးလိုက်တယ်။

သူတကယ်ပဲ ရှင်သန်အောင် နေနိုင်ခဲ့ပါတယ်။

"...ပုန်းအောင်းတာတွေ ၊ သတ်ဖြတ်တာတွေနဲ့ပေါ့..။ရူးသွပ်မူ နည်းနည်း နဲ့ ကံကောင်းမူ အနည်းငယ်လည်း ပါဝင်သေးတယ်.."

ဂျန်မာသူ့ကို စိုက်ကြည့်ပြီးကာမှ ရယ်မောလိုက်တယ်။

"ဒါက တကယ်ကို မှန်ကန်တယ်လို့ ငါထင်တယ်..."

အတော်ကြာပြီးကာမှ သူက ​ရှေ့မှာရှိနေတဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကို ကြည့်လိုက်ပြီး သိချင်စွာ မေးလိုက်ပါတယ်။

"ငါတို့ ဒီနေ့ ဘာကို အမဲလိုက်မှာလဲ ဆ်ိုတာကို မင်းသိထားလား.."

ဆန်နီ သူ့ကို အံ့ဩသင့်စွာကြည့်လိုက်ပြီး..

"သူမက ခင်ဗျားကို မပြောဘူးလား.."

လူကြီးဟာ တွေဝေနေပြီးကာမှ ခေါင်းခါယမ်းလိုက်တယ်..။

"ပြောခဲ့တယိ..။ငါ မယုံနိုင်ဖြစ်နေတာ.."

ဆန်နီ ပြုံးလိုက်ပြီး အကြည့်ကိုလွှဲလိုက်တယ်..။

"အာ..ကျုပ်ခန့်မှန်းကြည့်မယ်..။ခင်ဗျား စိတ်ထဲမှာ ပထမဆုံးရောက်လာတာက ဒီမိန်းကလေး ရူးသွားပြီး လား ဆိုတာမလား..။ကျုပ်ဘာပြောနိုင်မှာလဲ..အဲ့ခံစားချက်ကိုသာ အသားကျအောင် လုပ်ထားတော့.."

အတော်ကြာအောင် တိတ်ဆိတ်ပြီးနောက်မှာတော့

ဂျန်မာ သက်ပြင်းချလိုက်တယ်။

"ဒါပေမဲ့ ငါတို့က အဲတာကို ဘယ်လိုသတ်မှာလဲ.."

'သနားစရာ ငနဲပဲ..'

ဆန်နီသူ့ကို ကြည့်လိုက်ပြီး ခနလောက် တွေဝေပြီးကာမှ ပြောလိုက်တယ်။

"ကျုပ်ခန့်မှန်းတာသာ မှန်မယ် ဆိုရင် ၊ ခင်ဗျားက ကျုပ်ထက်ပိုပြီး သိမှာပါ.."

ဒီလို ပြောပြီးတာ နဲ့ သူတို့ရဲ့ စကားပြောဆိုမူက ပြီးဆုံးသွားခဲ့ပါတယ်။

နေ့လယ်လောက်ရောက်တဲ့ အချိန်မှာတော့ သူတို့က မြို့ရဲ့ အရှေ့ဘက် အစွန်းကို ရောက်လာခဲ့ကြပြီး မြို့ရိုးပေါ်ကို တက်လိုက်ကြပါတယ်။အပေါ်ကနေ ကြည့်လိုက်တဲ့ အချိန်မှာတော့..သူတို့က ကြီးမားတဲ့ ချိုင့်ဝှမ်းကြီးနဲ့ သိပ်မဝေးတဲ့နေရာမှာ ရပ်နေတဲ့ ခေါင်းပြတ်ရုပ်ထုကြီးကို တွေ့လိူက်ရတယ်။သူ့ရဲ့ ကျန်ရှိနေသေးတဲ့ လက်တစ်ဖက်က ကောင်းကင်ပေါ်ကို မြှောက်ထားခဲ့ပါတယ်။

သူတို့ရဲ့ သားကောင်က ရုပ်ထုအောက်က မြေအောက်ခန်းထဲမှာ ပုန်းအောင်းနေခဲ့တာပါ..။

ဒီနေ့မှာတော့..သူတို့က..သေဆုံးမူအရှင်သခင်ကို အမဲဖြတ်ကြပါတော့မယ်။

***​

ရုပ်ထုရဲ့အောက်ဘက် ရွံ့တွေတောမှာတော့ ဒုတိယလက်တစ်ဖက်က ရှိနေခဲ့တယ်..။လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ဒီလက်က ပြုတ်ကျခဲ့တာဖြစ်ပြီး..မြေအောက်ခန်းကို အပေါက်ဖြစ်နေစေခဲ့ပါတယ်။အခုတော့..ဒီအပေါက်က မြေအောက်မှာရှိတဲ့သေဆုံးမူအရှင်သခင် ဆီကို ဦးတည်နေခဲ့တယ်။

လွန်ခဲ့တဲ့ လအနည်းငယ်ကလည်း..ဆန်နီ နဲ့ ကျန်တဲ့ လူတွေက ဝင်္ကပါထဲကနေ လွတ်မြောက်ဖို့ ဒီအပေါက်ကို ဖြတ်သန်းခဲ့ပြီးပါပြီ..။အခုတော့ သူတို့က အမှောင်ထု ထဲကို ပြန်ဆင်းဖို့ ဒီအပေါက်ကို သုံးကြရပါမယ်..။

ဝင်္ကပါတွေရဲ့ ကြီးမြတ်တဲ့ မာစတာက အောက်ဘက်မှာ စောင့်နေခဲ့တယ်။နစ်ဖီက ဒီနေရာကို ပြန်လာဖို့ ရွေးချယ်တာကို ဆန်နီသိပ်တော့ မအံ့ဩပါဘူး..။ဘာပဲဖြစ်ဖြစ်..ဒီ တောင်ကုန်းပုံစံ သတ္တဝါက ခုနှစ်ခုမြောက် အမြုတေ မှတ်သားမူကို ကာကွယ်ထား ပုံရပါတယ်။

သို့ပေမယ့်..သူမ ဘယ်လို သတ်မလဲဆိုတာတော့ သူတကယ် သိချင်မိတာ အမှန်ပါပဲ..။

လူလိုင် အပေါက်နားကို ရောက်တဲ့ အချိန်မှာတော့ ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူ့ကိုကြည့်ပြီး ပြောလိုက်တယ်။

"ဆန်နီ..နင့်ရဲ့ အရိပ်နဲ့ အထဲကအခြေအနေကို ကြည့်ပေးလို့ရလား.."

ပုခုံးတွန့်လိုက်ပြီး သူက အရိပ်ကို အထဲဆီလွှတ်လိူက်တယ်..။သူက ရွံ့တွေတောကနေ လျောဆင်းသွားပြီးအနက်ရောင် အပေါက်ထဲကို ဝင်သွားခဲ့ပါတယ်။ယင်းနောက် ကြီးမားတဲ့ ကျောက်တုံးလက်ကြီးရဲ့လက်ဝါးပေါ်မှာ ပုန်းပြီးကြည့်လိုက်တယ်..။

ကျယ်ပြန့်တဲ့ အဝိုင်းပုံစံ မြေအောက်ခန်းရဲ့ အလယ်မှာ လူသားအရိုးတောင်ကုန်းကြီးက ရှိနေတုန်းပါပဲ..။

သို့ပေမဲ့ ပြီးခဲ့တဲ့ တစ်ခေါက်တွေ့ခဲ့တာနဲ့ စာရင်တော့ အတော်လေးကို ကွာခြားသွားခဲ့ပါပြီ။

မရေမတွက်နိုင်တဲ့ အစိမ်းရောင် နွယ်တွေက သူ့ရဲ့ အရိုးတွေအောက်ကနေ ကြီးပြင်းလာကြပြီး..တစ်ချို့တွေက ပိန်ပါးကာ တစ်ချို့တွေက လူသားခန္တကိုယ်လောက် ရှိပါတယ်။သူတို့က ရှေးဟောင်းအကြွင်းအကျန် တွေကနေ ကြီးပြင်းလာနေကြတာ မဟုတ်ပဲ..အရိုးတွေကြားထဲကနေ ထွက်ပေါ်လာခဲ့တာပါ။ဒါက သူတို့ရဲ့ စားသုံးစရာလိုပါပဲ..။

သေဆုံးမူအရှင်သခင်ကတော့..အားနည်းပုံ ရနေခဲ့တယ်။သူ့ကြည့်ရတာ ဖျားနာနေပုံပေါ်ပြီး ..အားနည်းကာ..ကပ်ပါးကောင်ရဲ့ ဆိုးဝါးတဲ့ ကူးစက်မူကို ခံနေရပါတယ်။

ဆန်နီ သူ့အရိပ်ကို သေချာ အနီးကပ်ကြည့်ခိုင်းလိုက်တဲ့ အချိန်မှာတော့..နောက်ဆုံးမှာ သူ မျှော်လင့်ထားတဲ့အရာကို မြင်လိုက်ရတယ်။

သေးငယ်တဲ့ သစ်သားသေတ္တာလေးက မြေအောက်ခန်းရဲ့ ကြမ်းပြင်မှာ ရှိနေပြီး ပွင့်နေခဲ့ပါတယ်။ဒါက အနက်ရောင်မြို့တော်ကို ပြန်ရောက်ရောက်ချင်း နစ်ဖီက ကတ်စတာကို ပေးခဲ့တဲ့..ဆန်းကျယ်တဲ့ သေတ္တာပါပဲ။

အပြင်ဘက်ရပ်ကွက် ရဲ့ မုဆိုး ပြောပုံအရဆိုရင် ဒီအရာလေးက သူ့ရဲ့ ခေါင်းအုံးနားမှာ မှတ်စုနဲ့အတူ ပေါ်လာခဲ့တာပါ။မှတ်စုကို ရေးထားခဲ့တဲ့ ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ သူလျိုကတော့ ဆိုင်ရှန်ပါပဲ..။ပြီးတော့..ဒီ သေတ္တာလေးကိုတော့ သေဆုံးသွားပြီဖြစ်တဲ့ ကီဒိုက ဖန်တီးထားခဲ့ပါတယ်။

ကီဒို ဆိုတာက လက်မူ ပညာရှင်တွေရဲ့ ခေါင်းဆောင်ပါ။သူမရဲ့ စွမ်းရည်က အပင်တွေကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။

ဒီ အရိုးစားသုံးတဲ့ နွယ်ပင်တွေက..သူမရဲ့ နောက်ဆုံးဖန်တီးမူ နဲ့ နောက်ဆုံးသော လက်ရာ ဆိုရင်လည်း မမှားပေ..။

နစ်ဖီဘက်ကို လှည့်ကြည့်လိုက်ပြီး ဆန်နီ ခနလောက်တွေဝေကာ ပြောလိုက်တယ်။သူ့ရဲ့ စကားလုံးတွေက ဂျန်မာကို သက်ရောက်စေခဲ့ပါတယ်။

"သားရဲက ကီဒိုရဲ့ နွယ်ပင်တွေကြောင့် အတော်လေး သက်ရောက်ခံထားရတယ်..။သူ့ကြည့်ရတာ အတော်အားနည်းနေသလိုပဲ.."

ပြောင်းလဲနေတဲ့ကြယ်ပွင့်က အတော်ကြာအောင် တိတ်ဆိတ်ပြီး တွေဝေနေခဲ့တယ်။ယင်းနောက် သူမ ပြောလိုက်ပါတယ်။

"ငါတို့ အခန်းထဲကို ရောက်တာနဲ့..သေဆုံးမူအရှင်သခင််က ငါတို့ကို တိုက်ခိုက်လိမ့်မယ်..။အခု သူ့ရဲ့ ခွန်အားက လျော့ချခံထားရတာရယ် ၊ အရုဏ်ဦးအမြုတေရဲ့ အကူအညီနဲ့ဆိုရင်..ငါတို့က ဒီတိုက်ခိုက်မူကနေ ရှင်သန်နိုင်မယ်..။ငါတို့က သူ့ကို ဒဏ်ရာရအောင် လုပ်ပြီး နောကိဆုံးမှာ သတ်နိုင်လိမ့်မယ်.."

ခေါင်းပြတ်ရုပ်ထုကြီးရဲ့ အရိပ်အောက်မှာ စုဝေးနေကြတဲ့ မျက်နှာတွေကိုကြည့်ပြီး သူမ ခေါင်းညိမ့်ကာ မြေအောက်ခန်းဆီကို ဦးတည်သွားလိုက်ပါတယ်။

"သွားကြရအောင်.."

***

မကြာခင်မှာတော့ ဆန်နီ သေဆုံးမူအရှင်သခင်ရဲ့တိုက်ခိုက်မူတွေကို နောက်တစ်ကြိမ် ရှောင်တိမ်းဖို့ ကြိုးစားနေခဲ့ရတယ်..။သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အရင်တစ်ခေါက်ကလောက် မခက်ခဲတော့ပါဘူး..။

သူက ပိုသန်မာလာခဲ့ပြီး..ဆိုးဝါးတဲ့ သတ္တဝါကြီးကတော့ အားနည်းလာခဲ့ပါပြီ..။သူ့ရဲ့ မှတ်သားမူတွေကို အရုဏ်ဦး အမြူတေက တိုးမြှင့်ပေးထားသလို ၊ သူတော်စင်ကလည်း အခုဆိုရင် နတ်ဘီလူး တစ်ကောင်ပါ။

တစ်ခြားလူသားတွေကလည်း သူ့ကို ကူညီပြီး တိုက်ခိုက်နေကြပါသေးတယ်။

..ဒီတိုက်ပွဲက ကြောက်စရာကောင်းပြီး အန္တာရာယ်ရှိတာ မဟုတ်ပါဘူး..။အမှန်တကယ်တော့ လုံးဝကို သေနိုင်လောက်တဲ့ တိုက်ပွဲတစ်ခုပါ။

လူသားတွေဟာ ကြီးမားတဲ့ အိပ်မက်ဆိုးသားရဲကြီးကို ဝန်းရံတိုကိခိုက်နေကြပြီး သူ့ရဲ့ ရှည်လျားတဲ့လက်တံတွေကို ရှောင်ရှားနေကြရတယ်။ကိုင် ကတော့ လေထဲကနေပြီး သားရဲကို ဒဏ်ရာတွေ ဆက်တိုက်ပေးနေခဲ့ပါတယ်။

သူတို့ အခုထိရှင်သန်နိုင်နေကြတာက..သေဆုံးမူအရှင်သခင်ရဲ့ တိုက်ခိုက်မူတွေက အရင်ကထက် နှေးကွေးပြီး..ဖျက်ဆီးနိုင်စွမ်း အားနည်းနေလို့ပါ။ပြင်ဆင်မူ တစ်ချို့နဲ့ ဒိုင်းကာတွေကြောင့် အယ်ဖီနဲ့သူတော်စင်တို့က တိုက်ခိုက်မူ တစ်ခု နှစ်ခုကို တောင့်ခံ ထားနိုင်ကြပါတယ်။ကတ်စတာက..သတ္တဝါကြီးကို မရေမတွက်နိုင်တဲ့ ဒဏ်ရာတွေ ဆက်တိုက်ပေးနေတဲ့အချိန်မှာ..ဆိုင်ရှန်က သတ္တဝါကြီးရဲ့လက်တစ်က်က သူမရဲ့ တူနဲ့ ပိုင်းဖြတ်လိုက်ပါတယ်။

နေအလင်း အမြုတေ ရဲ့ တိုက်ခိုက်မူတစ်ချက်ချင်းစီတိုင်းက..သေဆုံးမူအရှင်သခင်ကို အတော်နာကျင်စေတဲ့ ပုံပါပဲ..။

ဒါပေါ့..ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ကြည်လင်နေတဲ့ ဓားလောက် ဘယ်သူကမှ နာကျင်အောင် မစွမ်းဆောင်နိုင်ကြပေ..။

သူတို့တွေ အတူတကွ..တိုက်ခိုက်ရင်း သတ္တဝါကြီးကို ထိခိုက်မူတွေ ဖြစ်နေစေမယ့် သူတို့ အများစုကလည်ူ ဒဏ်ရာရတာတွေ ၊ သေဆုံးမူတွေ ရှိနေခဲ့ပါပြီ..။

ရှည်လျားပြီး ကြမ်းတမ်းတဲ့ တိုက်ပွဲပြီးဆုံးသွားတဲ့ အချိန်မှာတော့..သေဆုံးမူအရှင်သခင်ရဲ့ ခန္တာကိုယ်ပေါ်ကအရိုးတွေက ကွာကျလာပြီး သူ့ရဲ့ အမြုတေ ပေါ်ထွက်လာခဲ့တယ်။

အမြုတေက လူသားတွေရဲ့ ဦးခေါင်းနဲ့ ခဲနေတဲ့သွေးတွေ ပေါင်းစည်းပြီး ဖြစ်တည်နေခဲ့တာပါ။အတော် လုံးဝကို ကြောက်ဖို့ကောင်းကာ ၊ မကောင်းဆိုးဝါးဆန်ပြီး ရွံ့စရာကောင်းနေခဲ့တယ်။သူ့ရဲ့ အတွင်းပိုင်းထဲမှာ တော့ ဘောလုံးတစ်လုံးလို ဖြစ်နေတဲ့ အဖြူရောင် ပိုးကောင်ကြီးရဲ့ ပုံစံကို မြင်နေရပါတယ်။

အဲ့အချိန်မှာပဲ အယ်ဖီက ရုတ်တရက် ရှေ့ကို တက်သွားလိုက်ကာ..သူမရဲ့ ခန္တာကိုယ်ကို လှည့်ပြီး ဆည်ဆာချိန် အမြုတေကို ကျယ်လောင်တဲ့ အော်ဟစ်သံနဲ့ အတူ ပစ်လိုက်ပါတယ်။

ကောင်းကင်ဘုံရဲ့ အလေးချိန်တွေပါဝင်နေတယ်လို့ ပြောထားတဲ့ ဒိုင်းကာက လေထဲမှာ လျင်မြန်တဲ့ အရှိန်နဲ့ လွင့်ပျံသွားခဲ့ပြီး သတ္တဝါကြီးရဲ့ အတွင်းအမြုတေကို ထိမှန်ပြီး ဘောလုံတစ်လုံးလို ကွဲအက်သွားစေခဲ့ပါတယ်။ဒီဟာက ပိုးကောင်ကြီးကို နှစ်ပိုင်းဖြတ်သွားခဲ့ပြီး ..သူ့ခန္တာကိုယ်ကို တစ်ဖက်မှာရှိနေတဲ့ အရိုးတွေနဲ့ ကွဲကွာသွားစေခဲ့တယ်။ယင်းနောက် ဒိုင်းကာ က မြေကြီးပေါ်ကို ပြုတ်ကျသွားခဲ့တယ်။သူ့ရဲ့ သက်ရောက်မူကြောင့် မြေကြီးပေါ်မှာ အက်ကွဲမူတွေ အများကြီးတောင် ဖြစ်ပေါ်လာခဲ့ပါသေးတယ်။

အရိုးတောင်ကြီးက အေးခဲပြီး တုန်ရီသွားခဲ့တယ်။

ယင်းနောက် ဒါက ကွဲကြေသွားခဲ့ပါတယ်။

လူတိုင်းက အယ်ဖီကို အံ့ဩစွာကြည့်လိုက်ပြီး..မျှော်လင့်ချက်တွေက မျက်လုံးထဲမှာ တောက်လောင်သွားခဲ့ပါတယ်။

သူမရဲ မျက်နှာမှာတော့..နက်မှောင်တဲ့ အမူအရာတစ်ခု ရှိနေခဲ့တယ်..။အဲ့အချိန်မှာပဲ..အော်ဟစ်နေတဲ့ မုဆိုးမိန်းကလေးရဲ့ မူလအဖွဲ့ဝင်ဟောင်း တွေက..ဒီနေရာမှာသေဆုံးသွားတယ်ဆိုတာကို ဆန်နီ သတိရလိုက်တယ်..။သူမရဲ့ အဖွဲ့သားတွေကို ဝင်္ကပါထဲက မသေဆုံးနိုင်တဲ့ စစ်တပ် ဒါမှမဟုတ် သေဆုံးမူအရှင်သခင်က သတ်ဖြတ်ခဲ့တာပါ။

ခနအကြာမှာတော့ အယ်ဖီ သက်ပြင်းချကာ တစ်ဖက်က်ို လှည့်လိုက်ပြီး..သူမရဲ့ ခံစားချက်တွေကို တစ်ခြားလူတွေ ဆီကနေ ဖုံးကွယ်ထားလိုက်တယ်။ယင်းနောက် သူမက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး လက်သီးဆုပ်လိုက်ပါတယ်။

ဒါက သူမ သတ်ဖြတ်မူကနေ တဆင့် မှတ်သားမူရလိုက်တယ်ဆိုတာကို တစ်ခြားသူတွေကို အသိပေး

လ်ိုက်တာပါ။

အမြုတေ မှတ်သားမူ တစ်ခု။

နောက်ဆုံးတစ်ခုကို ရထားပြီ။

All Chapters