← Chapters

အမှောင်မြို့တော်ကို စွန့်ခွာခြင်း

Vol. 21 Ch. 314

အမှောင်မြို့တော်ကို စွန့်ခွာခြင်း

Vol. 21 Ch. 314

အရာရာပြီးဆုံးသွားပြီးသည့်နောက်တွင် နစ်ဖီသည် သူမ၏ မီးတောက်ကို အသုံးပြုပြီး အသက်ရှင်ကျန်ရစ် ခဲ့သူများကို ကုသပေးခဲ့တယ်။ပြီးတာနဲ့ သူတို့က ဝင်္ကပါကနေ တဆင့် မြို့ထဲကို ပြန်သွားခဲ့ကြပါတယ်။

ဖြစ်နိုင်တာက..အသက်ပြန်ရှင်သန်အောင် လုပ်ပေးမယ့်..တိုင်းရန့် မရှိတော့တာကြောင့်..သူမက ဝင်္ကပါထဲက မွန်းစတား စစ်တပ်ကြီးကို အပြီးတိုင် ဖျက်ဆီးလိုက်ချင်တဲ့ ပုံပါပဲ..။သို့ပေမယ့် အဆုံးမှာတော့ သူတို့က ဘာမှ မတွေ့ပဲ တိတ်ဆိတ်မူကိုသာ တွေ့လိုက်ကြရတယ်။

တစ်ချိန်တုန်းက ဆန်နီ နဲ့ ကျန်တဲ့ အဖွဲ့သားတွေရဲ့ အသက်ကို နုတ်ယူဖို့ ကြိုးစားခဲ့တဲ့ ကြောက်မက်ဖွယ်ရု အရိုးစုတွေက အခုချိန်မှာ မရှိကြတော့ပါဘူး။အပျက်အစီးတွေ အောက်မှာ ရှိနေတဲ့ အနက်ရောင် ဥမင်ထဲမှာ ဖုန်မှုန့်တွေ အဖြစ် တစ်ဖြည်းဖြည်းပြောင်းလဲသွားတော့မယ့် အရိုးပုံကြီးတွေသာ ရှိနေခဲ့တယ်။ကြည့်ရတာတော့ သေဆုံးခြင်းအရှင်သခင် သေဆုံးသွားတာနဲ့..သူ့ရဲ့ အစေခံတွေပါ ပျက်စီးသွားတဲ့ ပုံပါပဲ..။

အတော်ကြာပြီးနောက်မှာတော့..လူသား အဖွဲ့တစ်ဖွဲ့ဟာ ပျက်ဆီးနေတဲ့ မီးပြတိုက်ထဲကနေ ထွက်လာခဲ့ကြတယ်။ပြီးတာနဲ့ တောက်ပတဲ့ ရဲတိုက်ဆီကို ပြန်သွားခဲ့ကြပါတယ်။

သူတို့က အနက်ရောင်မြို့တော်ကို မစွန့်ခွာမှီ နောက်ဆုံးည ကို ရဲတိုက်ထဲမှာ ကုန်ဆုံးကြတော့မှာပါ။

***

ရှေးဟောင်းခံတပ် ထဲက သေးငယ်တဲ့ အခန်းတစ်ခု ထဲမှာတော့..လူခုနှစ်ယောက်က စားပွဲတစ်ခုမှာ ပတ်လည်ဝိုင်းပြီး စုဝေးနေခဲ့ကြတယ်။

သူတို့ကတော့ ဆန်နီ ၊ နစ်ဖီ ၊ ကတ်စီ ၊ ကတ်စတာ ၊ အယ်ဖီ ၊ ကိုင် နဲ့ ဆိုင်ရှန် တို့ပါ။

ရဲတိုက်နံရံတွေရဲ့ အပြင်ဘက်မှာတော့ ပြီးပြည့်စုံတဲ့ ညအချိန်ရဲ့ အမှောင်ထုက ကမ္ဘာကြီးကို ဝါးမြိုသွားခဲ့တယ်။အိပ်မက်ဆ်ိုးသားရဲတွေက ကျိန်စာသင့်အပျက်အစီး တွေကြားထဲမှာ သွားလာနေခဲ့ကြပြီး ၊ သိပ်မဝေးတဲ့နေရာမှာတော့ အနက်ရောင် ရေလှိုင်းတွေက ကြီးမားတဲ့ မြို့ရဲ့ နံရံမျက်နှာပြင်ကို ရိုက်ခတ်လျက်ရှိနေခဲ့ပါတယ်။

အထဲမှာတော့ မှတ်သားမူ မီးအိမ်တစ်ခုရဲ့ အေးစက်တဲ့ အလင်းရောင်က သူတို့ရဲ့ မျက်နှာပေါ်ကို ပျံ့နှံ့နေခဲ့တယ်။

ထူးဆန်းစွာပဲ..လူတိုင်းက ဘာမှပြောစရာ မရှိတဲ့အလား တိတ်ဆိတ်နေခဲ့ပါတယ်။နောက်ဆုံးတော့ ဆန်နီ ဟာ ဒီတိတ်ဆိတ်သန်ကို ကျယ်လောင်စွာ သန်းရင်း ဖြိုခွင်းလိုက်တယ်။

"ငါတို့ ဆက်လုပ်လိုက်ကြမလား..။မနက်ဖြန်က ရှည်လျားတဲ့ နေ့ရက်တစ်ရက် ဖြစ်လာတော့မှာဆိုတော့..ငါတို့ထဲက တစ်ချို့က ကောင်းမွန်စွာ အိပ်စက်ဖို့ လိုအပ်တယ်လေ.."

သူ ကိုင် ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ခနလောက်တွေးကာ ထပ်ပြောလိုက်တယ်။

"တကယ်တော့..ဒီနေ့ပြီးရင်..နေ့ရက်တိုင်းက..ရှည်လျားတော့မှာလေ..။ဒီတော့ ဒီတိုင်း လုပ်လိုက်ကြရအောင်.."

နစ်ဖီ သူ့ကို ခနလောက် စိုက်ကြည့်ပြီးကာမှ သူ့စကားအတိုင်းလိုက်ပြောလိုက်တယ်။

"လုပ်ကြရအောင်.."

ဒီလိုပြောပြီးတာနဲ့ သူတို့က မှတ်သားမူ တွေကို ထုတ်လိုက်ကြပါတယ်။

ဆန်နီရဲ့လက်ထဲမှာ ရိုးရှင်းတဲ့ ဓားတစ်လက်နဲ့ တစ္ဆေ အရိပ်လို ဓားမြောင်တစ်ချောင်းပေါ်လာခဲ့တယ်။

ဆိုင်ရှန် ရဲ့ လက်ထဲမှာ ကျဥ်းမြောင်းတဲ့ ငှက်နှုတ်သီး ပုံစံနဲ့ ခန့်ညားတဲ့ စစ်ပွဲ တူကြီးပေါ်လာခဲ့ပါတယ်။

အယ်ဖီက သူမရဲ့ လှပတဲ့ ကြေးလှံနဲ့ လေးလံတဲ့ အဝိုင်းပုံစံ ဒိုင်းကာကို ထုတ်ယူလိုက်တယ်။

နောက်ဆုံးတော့..ရိုးရှင်းတဲ့ သတ္တုခေါင်းဆောင်းကို ကျောက်မျက်တစ်လုံးနဲ့ အလှဆင်ထားတဲ့ သရဖူတစ်ခုက ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ ခေါင်းပေါ်မှာပေါ်လာခဲ့တယ်။

သူတို့က အမြုတေ မှတ်သားမူ တွေပါ။

အရုဏ်ဦး ၊ ဇင်းနစ် ၊ ဆည်းဆာချိန် ၊ သန်းခေါင်ယံ ၊ နေအလင်း ၊ လအလင်း ...

...ပြီးတော့..ကြယ်အလင်း..။

နောက်ဆုံးမှတ်သားမူက တိုတောင်းတဲ့ အဖြူရောင် ခြုံထည်တစ်ခုဖြစ်ပြီး အယ်ဖီရဲ့ပုခုံးပေါ်မှာ ရှိနေခဲ့တယ်။ဒါက သူမ သေဆုံးခြင်းအရှင်သခင် သတ်ပြီး ရလာခဲ့တဲ့ အမြုတေ ပါ။

အချိန်ခနလောက် ဘယ်သူမှ မလှုပ်ခဲ့ပေ..။ယင်းနောက် အယ်ဖီ ပြောလိုက်တယ်။

"ဒီတော့..အင်း..အခု ဘာလုပ်ကြမလဲ.."

နစ်ဖီ စိတ်ဝင်စားတဲ့ ပုံနဲ့ မျက်မှောင်ကျုတ်လိုက်ပါတယ်။နောက်ဆုံးတော့..အချိန်တစ်ချို့ ကုန်ဆုံးပြီးနောက်မှာ သူ ပြောလိုက်တယ်။

" အနားကပ် လာခဲ့ကြ.."

သူတို့ ဒီလိုလုပ်တဲ့ အချိန်မှာ မထင်မှတ်ထားတဲ့ အရာတစ်ခုက ဖြစ်ပျက်လာခဲ့တယ်။ဆန်နီဟာ သူ့ လက်နက်တွေရဲ့ လက်ကိုင်တွေက ရုတ်တထရက် ပူလာသလို ခံစားလာခဲ့ရပြီး..အဆုံးမရှိတဲ့ အလင်းတန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။တစ်ခြား အမြုတေ တွေကလည်း ဒီလိုပါပဲ..။

အလင်းတန်းတွေက..အခန်းရဲ့ အလယ်ခေါင်တည့်တည့်ကို ဦးတည်ပြီး စုစည်းသွားခဲ့တယ်။ယင်းနောက်

သူတို့က တစ်ခုနဲ့တစ်ခု ပေါင်းစည်းသွားကြပြီး မကြာခင်မှာတော့..အရာဝတ္တု ခုနှစ်ခုက..အလင်းရောင်တွေနဲ့ အတူ လေထဲမှာ လွင့်မျောနေခဲ့ပါတယ်။

ဒီအရာတွေကတော့..တောက်ပတဲ့ သတ္တုနဲ့ထုလုပ်ထားတဲ့ သော့တွေဖြစ်ပြီး သူတို့ရဲ့ မျက်နှာပြင်မှာ ကြယ် ခုနှစ်ပွင့်ကို ထွင်းထုထားခဲ့တယ်။

ဒီဟာက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက သူရဲကောင်းခုနှစ်ယောက် ပြုလုပ်ခဲ့ကြတဲ့ ဆိုးဝါးတဲ့ သစ္စာရဲ့ ကိုယ်ထင်ပြမူပါ..။ဒီသော့တွေကတော့..​အားလုံးကို ဝါးမြိုထားတဲ့ အမှောင်ထုကို မြေအောက်မှာ ချိတ်ပိတ်ထားဖို့ အတွက် အသုံးပြုခဲ့တာဖြစ်နိုင်ပါတယ်။

ရုတ်တရက် သော့ခုနှစိချောင်းက အလင်းရောင်တွေ အဖြစ်ပြောင်းသွားပြီး အခန်းထဲမှာ ရှိနေတဲ့ လူခုနှစ်ယောက် ဆီကို တိုးဝင်သွားခဲ့တယ်။

အလင်းရောင် တစ်ခုက ဆန်နီရဲ့ ရင်ဘတ်ကို ဝင်တိုးပျောက်ကွယ်သွားကာ..သူ့ရဲ့ အမြုတေရဲ့ စုပ်ယူခြင်းကို ခံလိုကိရပါတယ်။

အခိုက်အတန့်ရဲ့ အသံကို သူ့နားထဲမှာ ကြားလိုက်ရတယ်..။

[...သင်က ကျိန်စာ သော့ကို ရရှိထားခဲ့ပါပြီ ]

ဆန်နီ ကျောချမ်းသွားခဲ့တယ်။သူက ဒီကြောက်မက်ဖို့ ကောင်းတဲ့ ကျိန်စာနဲ့ ဘာမှ မပတ်သက်ချင်ပါဘူး။

သို့ပေမယ့် အဆုံးမှာတော့ သူ့မှာရွေးချယ်စရာ မရှိခဲ့ပေ။

အခန်းထဲက ကျန်တဲ့လူတွေကို ကြည့်လိုက်ပြီး၊ ပြောင်းလဲနေတဲ့ကြယ်ပွင့်က ခနလောက်တွေဝေကာ ပြောလိုက်တယ်။

"ငါတို့ အဆင်သင့်ဖြစ်ပြီ.."

***

အရုဏ်ဦး မှိန်ပြပြ အလင်းရောင် အောက်မှာတော့ ရဲတိုက်ရဲ့ ဂိတ်တွေက နောက်ဆုံးတစ်ကြိမ် ပွင့်လာခဲ့တယ်။ရှည်လျားတဲ့ လူတန်းကြီးတစ်ခုက ဂိတ်တွေကနေ ဖြတ်လာခဲ့ပြီး..သူတို့ကို အချိန်အတော်အကြာ အကာအကွယ် ပေးခဲ့တဲ့ ရှေးဟောင်းခံတပ်ကို စွန့်ခွာခဲ့ကြပါတယ်။

သူတို့က ချိတ်ဆွဲထားတဲ့ ဦးခေါင်းတွေကို လုံးဝဂရုမစိုက်ပဲ လျောက်လာခဲ့ကြတယ်။ပဋိပက္ခ တွေအားလုံး ပြီးသွားတာတောင် ဘယ်သူမှ ဒီဦးခေါင်းတွေကို အလုပ်ရှုပ်ခံပြီး မဖြုတ်ခဲ့ကြပါဘူး..။

ဒီအရိုးခေါင်းတွေကို ဖယ်ရှားလိုက်ရင်တောင် လူတွေ ရာနဲ့ချီပြီး အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရတာတွေ ၊ ထောင်နဲ့ ချီပြီး သေဆုံးခဲ့ရတာတွေကို ဘယ်သူမှ မေ့နိူင်ကြမှာမဟုတ်ပေ..။

လူငါးရာခန့်က တောင်ကုန်းပေါ်ကနေ ဆင်းသက်လာကြပြီး အနက်ရောင် မြို့တော်ထဲကို ဝင်ရောက်လာခဲ့ကြတယ်။အိပ်မက်ဆိုးသားရဲ တစ်ချို့က သူတို့ကိုဟတိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်နိုင်ခင် အသတ်ခံခဲ့ကြရပါတယ်။

ဒီလူငါးရာ က အကာအကွယ်မဲ့ လူသားတွေ မဟုတ်ကြပေ..။သူတိူ့က တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေတဲ့ စစ်တပ်တစ်ခုဖြစ်ပြီး ၊ လူသားမျိုးစိတ်ထဲမှာတောင် အင်အားအကြီးမားဆုံး အိပ်စက်သူတွေလို့ ပြောနိုင်ပါတယ်။

သူတို့က အပျက်အစီး ထဲမှာသွားလာရင်း သူတိူ့ကို တားဆီးတဲ့ အရာမှန်သမျှကို ရှင်းလင်းနေခဲ့ကြတယ်။မကြာခင်မှာပဲ..အိပ်စက်သူတွေက အနက်ရောင်မြို့တော်ရဲ့ နယ်စပ်ဖြစ်တဲ့ အနောက်ဘက်ရှေးဟောင်းမြို့ရိုး တွေဆီကို ရောက်လာခဲ့ကြပါတယ်။

အဲဒီမှာ သူတို့ရပ်တန့်လိုက်ကြပြီး အနောက်ဘက်မှာ ကျန်နေခဲ့တဲ့ တောက်ပတဲ့ ရဲတိုက်ကြီးကို ပြန်လှည့်ကြည့်လိုက်ကြတယ်။

..အဲဒီမှာတော့ အနက်ရောင် မီးခိုးလုံးတွေက ရဲတိုက်ရဲ့ ပြတင်းပေါက်တွေကနေတဆင့် ထွက်ပေါ်လာနေခဲ့ပါပြီ..။မကြာခင်မှာပဲ..ရဲတိုက်တစ်ခုလုံးက မီးတွေက လွှမ်းမ်ိုးလာပြီး အဖြူရောင် နံရံတွေကိုပါ ဝါးမြိုသွားခဲ့တယ်။ကြီးမားတဲ့ မာဗယ်ကျောက်တုံးတွေက အပူရှိန်ကြောင့် အက်ကွဲပြီး အရည်ပျော် လာခဲ့ပါတယ်။သေးငယ်တဲ့ တာဝါတွေကတော့ လှုပ်ယမ်းရွေ့လျားပြီး ပြိုကျကုန်ပါတော့တယ်။

မီးတောက်က ရဲတိုက်ကို တဖြည်းဖြည်းချင်းအပျက်အစီးပုံကြီး အဖြစ် အသက်သွင်းနေခဲ့တာပါ။

ဒါက တစ်နည်းအားဖြင့်တော့ လိုက်ဖက်ညီနေခဲ့တယ်။ဘာပဲဖြစ်ဖြစ် အနက်ရောင်မြို့တော်ထဲမှာ ရှိနေတဲ့ တစ်ခြားအရာတွေက အစောကကတည်းက ပျက်စီးနေခဲ့ပြီးသားပါ။

အံ့ဩစရာကောင်းတာက ဒီလို ဖျက်ဆီးပစ်တာက ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ အကြံဥာဏ်မဟုတ်ပါဘူး..။သူမက ရဲတိုက်ကို မီးရှို့ဖို့ ညွှန်ကြားတဲ့သူ မဟုတ်ပေ...။ဒါက လူတိုင်းရဲ့ စိတ်ဝိဥာဥ် ထဲကို ပြန်ဖို့ အိမ် မရှိဘူး ဆိုတာကို ရိုက်ထည့်လိုက်သလိုပါပဲ..။ဆန်နီက နစ်ဖီ ဒီလိုလုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ ထင်ထားခဲ့တာပါ။

သို့ပေမယ့် မဟုတ်ပေ..။ဒါက ကျန်တဲ့လူတွေရဲ့ ဆုံးဖြတ်ချက်ပါပဲ..။

သူတို့က ရှေးဟောင်းခံတပ်ကြီးကို ဖျက်ဆီးပစ်ချင်ခဲ့တာပါ။ဘာလို့လဲဆ်ိုတော့ သူတို့ ဒါကို မုန်းတီးကြပါတယ်။သူတို့က ဒီရှေးဟောင်းခံတပ်ကို သူတို့ အသက်ရှင်ဖို့အတွက် လိုအပ်တာထက်..အနည်းငယ်လောက်သာ လျော့ပြီး မုန်းတီးနေကြတာပါ။

အခု သူတို့ထွက်သွားပြီဆိုတော့ ဒီရဲတိုက်ကြီးရဲ့ တည်ရှိမူကို ဖျက်ဆီးချင်ခဲ့ကြတယ်။ဖြစ်နိုင်တာက ဒီရဲတိုက်ကြီးမရှိတော့ရင် သူတို့ကြုံတွေ့ခဲ့ရတဲ့ အမှောင်ထုထဲက မှတ်ဥာဏ်တွေလည်း ပျောက်ကွယ်သွားတာ ဖြစ်နိုင်ပါတယ်။

အတော်ကြာပြီးတဲ့ နောက်မှာတော့..ပုံပျက်ပြီး သေအံ့ဆဲဆဲဖြစ်နေတဲ့ ရဲတိုက်ကြီးရဲ့ လှုပ်ခါနေတဲ့ ပုံရိပ်က မီးတွေ ၊ မီးခိုးတွေ အောက်မှာ နစ်မြုပ်သွားခဲ့တယ်။ဖြည်းညှင်းစွာပဲ..တိတ်ဆိတ်နေတဲ့ အိပ်စက်သူတွေက မြင်ကွင်းကနေ အကြည့်လွှဲလိုက်ကာ..အဝေးတစ်နေရာကို ကြည့်လိုက်ကြပါတယ်။

သူတို့က အနောက်ကို ကြည့်နေကြတာပါ။

အဲတာက သူတို့သွားနေတဲ့ နေရာပါပဲ။

ကြက်သွေးရောင် ထိပ်ဖျားကို ဝန်းရံ တိုက်ခိုက်ကြဖို့အတွက်ပါ။

တစ်ယောက်ပြီး တစ်ယောက်ဆိုသလိုပဲ အိပ်စက်သူတွေဟာ..မြို့ရိုးပေါ်က ဆင်းလာကြကာ..အမှောင်မြို့တော် ကြီးကို နောက်မှာ ချန်ထားရစ်ခဲ့ကြပါတော့တယ်..။

All Chapters