ကြက်သွေးရောင်မျှော်စင်အား ဝန်းရံတိုက်ခိုက်ခြင်း - ၁
Vol. 21 Ch. 315
အေးမြတဲ့ မနက်ခင်းမှာတော့..ဧရာမ ကြီးမားတဲ့ ကြက်သွေးရောင် ထိပ်ဖျားကြီးက ဝင်္ကပါထဲမှာ မြင့်တက်လျက်ရှိနေခဲ့တယ်။အဝေးကနေ ကြည့်တဲ့အချိန်မှာ ဒါက ရှေးခေတ် တိုက်တန်တစ်ယောက်က..ကောင်းကင်ပေါ်ကို ထိုးဖောက်နေတဲ့ သွေးစွန်းဓားတစ်ချောင်း နဲ့တောင် တူနေခဲ့ပါတယ်။
ကြက်သွေရောင် သန္တာကျောက်တန်းတွေက သူ့ရဲ့ နံရံတွေပေါ်ကနေပြီး နတ်ဘုရားတွေရဲ့သွေးတွေလို ဆင်းသက်လာကာ..ထိပ်ဖျားရဲ့ အောက်ခြေကနေတဆင့်..မေ့ပျောက်ကုန်းမြေတစ်ခုလုံးကို ဝါးမြိုသွားခဲ့ပါတယ်။မျှော်စင်ကြီး ကိုယ်တိုင်က ကျွန်းတစ်ကျွန်းပေါ်မှာ တည်ရှိနေပုံရပြှး ဘေးပတ်လည်မှာတော့ အနက်ရောင် ဒီရေတွေနဲ့ ဝန်းရံထားခဲ့ပါတယ်။နေက မြင့်တက်လာနေပြီ ဆိုပေမယ့်လည်း ဒီအပိုင်းမှာ ရှိနေတဲ့ ရေထုကတော့ ပျောက်ကွယ်သွားခြင်းမရှိပါဘူး။
အဲဒီအစား သူက အဲဲဒီနေရာမှာပဲ အဆုံးမရှိရွေးရှားနေကာ..ကြီးမားတဲ့ ရေအိုင်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့ပါတယ်။အနက်ရောင် ရေမျက်နှာပြင်ရဲ့ အောက်မှာတော့ ပုံသဏ္ဍာန်ဖော်ပြလို့ မရတဲ့ အရာတွေ ရွေ့လျားနေခဲ့ပြီး..ထိပ်ဖျားနားကို ကပ်ဝံ့တဲ့ သူ မှန်သမျှရဲ့ နှလုံးသားထဲကို ကြောက်ရွံ့မူတွေ ထည့်သွင်းပေးနေခဲ့တယ်။
ဆန်နီ ဟာ အဆုံးမရှိ ကျယ်ပြန့်နေတဲ့ကြက်သွေးရောင် တာဝါကြီးကို ကြည့်ပြီး ဖြူဖျော့သွားခဲ့တယ်..။အနီးကပ်ကြည့်မှပဲ ဒီအရာကြီးက ပို၍ မကောင်းဆိုးဝါးဆန်ကာ ၊ ဖိနိပ်နိုင်စွမ်းရှိပြီး..ကြောက်မက်ဖွယ်ရာ ကောင်းပါတယ်။ဒီဟာကြီးက တကယ်ပဲ လူသားတွေရဲ့လက်နဲ့ ဆောက်လုပ်ခဲ့တဲ့ အရာလား ဆိုတာကိုတောင် သူသံသယဖြစ်လာခဲ့တယ်။အရင်တုန်းက သူတို့ရဲ့ ကယ်တင်ရှင်ဖြစ်ခဲ့တယ် ဆိုတာက ပိုပြီးတောင် ဆိုးပါသေးတယ်။
အခုတော့ ဒီကြက်သွေးရောင် ထိပ်ဖျားကြီးက..လှည့်စားမူ ၊ ကျောချမ်းစရာကောင်းမူ နဲ့ နတ်ဆိုးဆန်မူတွေကိုပဲ ခံစားရစေပါတယ်။ဒီအရာကြီးက..ဘယ်လူသားမှ စိန်ခေါ်ဖို့ အတွက် မျှော်လင့်ချက်မရှိတဲ့ ကြောက်စရာ ထိပ်လန့်မူ စွမ်းအားကို ပေးစွမ်းနေခဲ့တယ်။
ဒါတောင်..ဒီဟာက သူတို့လုပ်မယ့် အရာ အတိအကျပါပဲ..။
သူ တစ်ဖက်ကိုလှည့်လိုက်ပြီး အိပ်စက်သူ စစ်တပ်ကိုကြည့်လိုက်တယ်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ၊ လူ ငါးရာ လောက်က ဒီနေရာကို ရောက်ဖို့အတွက် ဝင်္ကပါထဲမှာ ခရီးထွက်လာခဲ့ကြရတာပါ။တစ်ချို့က လာရာလမ်းမှာတင် သေဆုံးခဲ့ကြပေမယ့်..သူ ထင်သလောက်တော့ အရေအတွက် မများခဲ့ပေ..။ဒီ ခရီးတို အတွက်ကတော့ ကံတရားက သူတို့ဘက်မှာ ရှိနေခဲ့ပါတယ်။
ဒီရက်ပိုင်းတွေမှာ သူတို့က မရေမတွက်နိုင်တဲ့ အိပ်မက်ဆိုးသားရဲတွေကို သတ်ဖြတ်နိုင်ခဲ့ပြီး ပင်လယ်ထဲက သားရဲတွေကိုလည်း ရှောင်ကွင်းနိုင်ခဲ့တယ်။သူတို့က အနက်ရောင်မြို့တော် နဲ့ ကြက်သွေးရောင် ထိပ်ဖျားကြားထဲမှာ ရှိနေတဲ့ ခေါင်းပြတ်ရုပ်ထုကြီးနဲ့ တစ်ခြား ကြောက်မက်ဖွယ်ရာ သားရဲ အများကြီးကို မြင်တွေ့ခဲ့ကြရပါတယ်။
အခုတော့ သူတို့က ပန်းတိုင်းကို ရောက်လုနီးပါး ဖြစ်နေခဲ့ပါပြီ။
လူတွေက တိုက်ပွဲအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့ကြတယ်..။မနက်ခင်းမှာ ကြက်သွေးရောင်ထိပ်ဖျားကို ကြည့်ပြီး ဖြစ်ပေါ်လာတဲ့ ကြောက်ရွံ့မူတွေက..ဆုံးဖြတ်ချက်ပြတ်သားမူ နဲ့ ခိုင်မာမူ တွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။တစ်ချို့က သူတို့ရဲ့ အကာအကွယ် အင်္ကျီနဲ့ လက်နက်တွေကို နောက်ဆုံးတစ်ကြိမ် စစ်ဆေးနေခဲ့ကြတယ်..။တစ်ချို့က အလျင်အမြန်ပဲ လက်လုပ် ခံတပ်တွေကိုဆောက်လုပ်နေခဲ့ကြတယ်။
တစ်ချို့ကတော့ သေဆုံးပြီးပြီ ဖြစ်တဲ့ နတ်ဘုရားတွေထံမှာ သူတို့အသက်ကို ကယ်တင်ဖို့အတွက် ဆုတောင်းတာ ၊ ဝတ်ပြုတာတွေကို လုပ်ဆောင်နေခဲ့ကြတယ်။
အမှန်အတိုင်းပြောရရင် ဆန်နီ တစ်ယောက်ပဲ အလုပ်မရှိပဲ..ကြောင်တောင်တောင် ဖြစ်နေခဲ့တာပါ။
ကောင်းပြီလေ..သူတို့က ဘာတွေမျှော်လင့်နေတာလဲ။နစ်ဖီက တိုက်ပွဲမှာ သူ့ရဲ့အခန်းကဏ္ဍ ကဘာလဲဆိုတာကို အခုထိ မပြောသေးပါဘူး..။ဒါပေါ့..ဒါက သူ့မှာနားထောင် ဖို့ တာဝန်ရှိတယ်လို့ မဆိုလိုပါဘူး..။
သက်ပြင်းတစ်ချက်ချပြီး..သူက မီးပုံ ဘေးနားမှာ စုဝေးနေကြတဲ့ တစ်ခြား အဖွဲ့သားတွေကိုကြည့်လိုက်တယ်။သူတို့က တိုက်ပွဲအတွက် အစီအစဥ် တွေကို ဆွေးနွေးနေကြတာ အကြိမ်တစ်ရာလောက်ရှိနေကြပါပြီ။ဒီနေ့ တော့ လူတိုင်းက စိတ်မပါ လက်မပါနဲ့ သုန်မုန်နေခဲ့ကြတယ်။
တစ်ယောက်ပြီးတစ်ယောက် ဆိုသလိုပဲ ပြင်ဆင်မူတွေကို ပူးပေါင်းဖို့အတွက် ထွက်ခွာသွားခဲ့ကြတယ်။မကြာခင်မှာပဲ ပြောင်းလဲနေတဲ့ကြယ်ပွင့်တစ်ယောက်တည်းသာ ကျန်နေခဲ့ပါတော့တယ်။
အနည်းငယ် တုန့်ဆိုင်းနေပြီးကာမှ ဆန်နီဟာ သူမ ဆီကို ကပ်သွားပြီး ထိုင်လိုက်ကာ မီးပုံကို စိုက်ကြည့်နေခဲ့တယ်။အတော်ကြာပြီးကာမှ သူ ပြောလိုက်ပါတယ်။
"ဒါက အတော်ထူးဆန်းတယ်နော်..။အဲလို မထင်ဘူးလား.."
သူမက သူ့ကိုကြည့်ပြီး မျက်ခုံးပင့်တင်လိုက်တယ်။
နစ်ဖီက ပထမဆုံး စတွေ့တုန်းက အချိန် နဲ့ အတော်လေး ကွဲပြားသွားပြီဖြစ်ပေမယ့်..တစ်ထပ်တည်းလည်း ရှိနေတုန်းပါပဲ..။သူမက ဆင်စွယ်ရောင် အသားအရေ ၊ လှပတဲ့ ငွေရောင်ဆံပင်နဲ့အတူပဲတည်ငြိမ်ပြီး ယုံကြည်မူ ရှိနေဆဲပါ..။သူမက သန်မာပြီး ၊ ယုံကြည်ချက်ပြည့်ဝ နေတုန်းပါ။
သို့ပေမယ့် ဒီရက်တွေမှာတော့ သူမရဲ့ မျက်လုံးတွေက နွမ်းနယ်နေပုံ ရပါတယ်။
" ဘယ်ဟာ က လဲ.."
ဆန်နီ ပုခုံးတွန့်လိုက်ပြီး..
"ဒီတိုင်း အကုန်လုံးပဲ..။တကယ်လို့ တစ်စုံတစ်ယောက်ကသာ လွန်ခဲ့တဲ့ တစ်နှစ်က ငါ့ကို ဒီမြငိကွင်းအကြောင်း ပြောပြရင် ၊ ငါ တကယ်ကို စိတ်ရှုပ်ထွေးမိမှာ..။ဒါတောင်မှ ငါတို့က ဒီမှာ ရောက်နေကြပြီ.."
သူ ခနလောက် တွေဝေပြီးကာမှ..ထပ်ပြောလိုက်တယ်..။
"ငါတို့ အတော်လေးကို ခရီးရောက်လာခဲ့တာပဲ..။ငါတို့ သုံးယောက်.."
သူတို့နှစ်ယောက်စလုံးက..လက်မူ ပညာရှင်တွေကို သူတို့နဲ့ သက်ဆိုင်တဲ့တာဝန်တွေ ရှင်းပြနေရင်း အလုပ်များနေတဲ့ ကတ်စီ ကို လှမ်းကြည့်လိုက်တယ်။သူမ ရဲ့ နူးညံ့တဲ့ လက်က တိတ်တဆိတ် ကခုန်သူရဲ့လက်ကိုင်မှာ ရှိနေခဲ့ပါတယ်။
အတော်ကြာပြီးကာမှ နစ်ဖီက ခေါင်းညိမ့်လိုက်ပြီး..
"ဟုတ်တယ်..။ပြီးတော့ အခုချိန်မှာ ငါတို့က နောက်ဆုံးတစ်လှမ်းကို လှမ်းဖို့ပဲ..ကျန်တော့တယ်.."
သူတို့နှစ်ယောက်က အနည်းငယ်လောက် တိတ်ဆိတ်သွားခဲ့တယ်။ဒီ နောက်ဆုံးခြေလှမ်းက ဘယ်လောက်တောင် ခက်ခဲနိုင်မလဲဆိုတာကို တွေးနေကြတာပါ။
ယင်းနောက် ဆန်နီ သက်ပြင်းချလိုက်ပြီး..
"ဒီတော့..နင် ငါ့ကို ဘာလုပ်စေချင်တာလဲ..။ဒီရက်ပိုင်း နင် ဆက်တိုက် ရှောင်နေပုံ ရရင်တော့..ဒီကိစ္စက အသေးအမွှားလေးတော့ ဖြစ်ပုံမရဘူး.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်က ပြုံးလိုက်ပြီး သူ့ကိုတောက်ပနေတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
"တကယ်ကို အသေးအမွှားလေးပဲ..။တကယ်ပြောတာ.."
ယင်းနောက်..သူမက ကြက်သွေးရောင်ထိပ်ဖျား ကို လှမ်းကြည့်လိုက်ပြီး အနည်းငယ်လောက်တွေဝေပြီးကာမှ ရုတ်တရက် ပြောလိုက်တယ်။
"...ငါ့ကို နင့်ရဲ့ လက်ပေး.."
ဆန်နီ လက်ကမ်းပေးလိုက်တဲ့ အချိန်မှာတော့..သူ့ရဲပအရိပ်အမြုတေ ထဲကို တစ်ခုခု စီးဝင်လာတာကို ခံစားလိုက်ရပါတယ်။သူက အချက်အလက်ကို ထုတ်ပြီး စစ်ဆေးကြည့်လိုက်တယ်။ယင်းနောက် သူ့ရဲ့ မှတ်သားမူ တွေ ကြားထဲမှာတော့..
ကျိန်စာ သော့ : 7
သူမက တစ်နည်းနည်းနဲ့ ကျန်တဲ့ ခြောက်ယောက်ဆီက သော့တွေကို စုစည်းထားတဲ့ ပုံပါပဲ..။ပြီးတော့ အခုချိန်မှာ သူမက ဆန်နီကို လွှဲပေးလိုက်ပါပြီ။
ကြီးမားတဲ့ တာဝါကြီးကို ကြည့်နေရင်းနဲ့ပဲ..နစ်ဖီက ပြောလိုက်တယ်။
"...ငါ နင့်ကို အနက်ရောင်ပင်လယ်ကို ဖျက်ဆီးပစ်စေချင်နေတာ..။ဒါမှမဟုတ် အနည်းဆုံး မောင်းထုတ် နိုင်အောင်ပေါ့.."
ဆန်နီ ပြုံးလိုက်ပြီး..
" တကယ်ကို အသေးအမွှားလေးပဲ..။အတည်ပြောတာ "
***
မကြာခင်မှာပဲ နေလုံးက မြင့်တက်လာခဲ့ပြီး ကြက်သွေးရောင် ရဲတိုက် ရဲ့ဘေးနားမှာ ရှိနေတဲ့ ရေအိုင်က..သေးငယ်သွားခဲ့ပါတယ်။အနီရောင် သန္တာကျောက် ကနေ ဖြစ်တည်လာတဲ့ အနီရောင် တံတား တစ်ချို့က..မေ့ပျောက်ကုန်းမြေ နဲ့ ကျွန်းပေါ်ကို ဆက်သွယ်ပေးထားခဲ့တယ်။
ပြီးတော့..ကျွန်းပေါ်မှာလည်း မရေမတွက်နိုင်တဲ့ အရိပ်တွေက သန္တာကျောက်တွေ ကြားထဲမှာရုတ်တရက် စတင်ရွှေ့လျားလာခဲ့ပါတယ်။သူတို့တွေက တာဝါကြီးကို စောင့်ရှောက်နေကြတဲ့ အိပ်မက်ဆိုးသားရဲကြီးတွေပါ။
ထပ်လန့်စရာ သတ္တဝါ အများကြီးဟာ သူတို့ကြားထဲမှာ ရှိနေခဲ့ကြတယ်။အဲဒီထဲမှာ ကြေးခွံစစ်တပ် အဖွဲ့ဝင်တွေ ဖြစ်တဲ့...ကြေးခွံသားရဲ ၊ ကြေးခွံသားရဲ ခေါင်းဆောင် နဲ့ နတ်ဆိုးတွေ ရှိနေခဲ့ကြတယ်။အဲဒီမှာ အသားစား ကပ်ပါးကောင်တွေ ၊ အဆိပ်တွေကို ထုတ်ပေးနိုင်တဲ့ ကြီးမားတဲ့ ကင်းခြေမြား သားရဲတွေ နဲ့ မြေပြင်ပေါ်မှာ မြွေတွေလိူ တွားသွားနေကြတဲ့ နွယ်ရှင်တွေ အများကြီး ရှိနေခဲ့ပါတယ်။
ပုတ်နေတဲ့ အနက်ရောင် အရ်ိုးပုံတွေနဲ့ ဖွဲ့စည်းထားတဲ့သတ္တဝါ တွေ နဲ့ ချွန်ထက်သော သွား ၊ ကြောက်မက်ဖွယ်ပါးစပ်တွေ ပါရှိတဲ့ ကျောက်တုံးသတ္တဝါ ကြီးတွေလည်း ရှိနေခဲ့တယ်။အဲဒီမှာ လမ်းကြောင်းမှာ ရှိသမျှအရာတိုင်းကို စားသုံးတတ်တဲ့ အင်းဆက် တွေနဲ့ သံအကာအကွယ်တွေ ရှိတဲ့ ကြီးမားတဲ့ ပင့်ကူသားရဲတွေလည်း ရှိနေပါသေးတယ်။
ခန္တာကိုယ်ကနေ အရိုးလှံတွေ ပစ်လွှတ်နိုင်တဲ့ သားရဲတွေ ၊ သူတို့ရဲ့ အကြည့်နဲ့တင် ရန်သူကို ကျောက်တုံးအဖြစ် ပြောင်းလဲ နိုင်တဲ့ သားရဲတွေလည်း အများကြီးပါပဲ။
လတ်ဆတ်တဲ့ အသားထဲကနေ အနီရောင်ပန်းပွင့်တွေ ထွက်နေတဲ့ အလောင်းတွေ နဲ့ ဓားခုတ်ကောင် နဲ့ဆင်တူတဲ့ ကြီးမားတဲ့ သတ္တဝါကြီးတွေလည်း ရှိနေပါသေးတယ်။သူတို့ကို ဖန် နဲ့ သွေးနီရောင် ရွံ့စေတွေ ရောနှောပြီး ပြုလုပ်ထားသလား လို့တောင် ဖငင်မှတ်ရတယ်။
သူတို့အားလုံးက ထူးဆန်းတဲ့ ဟန်ချက်တစ်ခုနဲ့ ရွေ့လျားနေကြပြီး..မတူညီတဲ့ အိပ်မက်ဆ်ိုးသားရဲ မျိုးစိတ်တွေ တွေ့ဆုံကြရင် တိုက်ခိုက်တတ်တဲ့
သဘာဝ ကိုလည်း ဆန့်ကျင်ထားကြပါသေးတယ်။သူတို့က ကြက်သွေးရောင် တယ်ရာ ရဲ့ သိမ်းသွင်းခြင်းကို ခံထားရပြီး ..အခုဆိုရင် ထိပ်ဖျားကို ကာကွယ်ဖို့အတွက် တာဝန်ထမ်းဆောင်နေခဲ့ကြပါတယ်။
ဆိုးဝါးတဲ့ လှိုင်းလုံးတွေလိုပဲ..မွန်းစတားတွေ အုပ်လိုက်ကြီးဟာ..ကြက်သွေးရောင် သန္တာကျောက်တံတားတွေကနေ ပြေးလာကြပြီး..လူသား စစ်တပ်ဆီကို တိုးဝင်လာ နေခဲ့ကြတယ်။
နောက်ဘက် နေရာကနေ ကြည့်နေတဲ့ ဆန်နီဟာ ရှေ့ဆုံးတန်းမှာ ရပ်နေတဲ့ သူတွေရဲ့ ခန္တာကိုယ်တွေ တုန်ရီလာခဲ့ပြီး..မသိစိတ်အရ နောက်ကို ဆုတ်လိုက်ကြတာကို ရှငိးရှင်းလင်းလင်း မြင်လိုက်ရပါတယ်။တစ်စုံတစ်ယောက်က သူ့ရဲ့ လက်နက်ကိုတောင် လွတ်ကျသွားခဲ့တယ်။ခနအကြာမှာတော့ အယ်ဖီ ရဲ့ ကျယ်လောင်တဲ့ အသံက အိပ်စက်သူတွေ ကြားထဲမှာ ထွက်ပေါ်လာခဲ့ပါတယ်။
" နေရာမှာပဲ..ရပ်နေကြ ကောင်စုတ်တွေ ။တကယ်လို့ ထွက်ပြေးရဲတဲ့ သူရှိရင် ငါ ကိုယ်တိုင် သတ်ပစ်မယ် "
ထူးဆန်းစွာပဲ..သူမရဲ့ ဒေါသထွက်နေတဲ့ အသံက သူတို့ရဲ့ ကြောက်ရွံ့နေတဲ့ နှလုံးသားတွေကို တည်ငြိမ်သွားစေခဲ့ပါတယ်။
သို့ပေမယ့် ခနအကြာမှာတော့ ဒီဟာက..နီးကပ်လာတဲ့သားရဲအုပ်ကြီးရဲ့ ဆူညံသံတွေကြားထဲမှာ..နစ်မြုပ်သွားခဲ့တယ်။
....ကြက်သွေးရောင် ထိပ်ဖျားအတွက် တိုက်ပွဲကတော့ စတင်ခဲ့ပါပြီ။