← Chapters

ပြောင်းလဲသွားတဲ့ ပထမ ဆု..

Vol. 44 Ch. 646

ပြောင်းလဲသွားတဲ့ ပထမ ဆု..

Vol. 44 Ch. 646

#ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်..။

ဘေဂျင်းတွင်..။

လူငယ် အနုပညာ ဖလား ပြိုင်ပွဲက ပြီးဆုံးသွားပြီး.အနယ်နယ် အရပ်ရပ်က..ပန်ချီတွေဟာ ပို့ဆောင်လာခဲ့ကြပါတယ်..။

ပြိုင်ပွဲကို တရုတ်အနုပညာ အဖွဲ့အစည်းက ကျင်းပတာ ဖြစ်ပြီး..အစိုးရက ထောက်ပံ့ပေးထားတာပါ..။

အဖွဲ့အစည်း၏ ဝင်ပေါက်တွင်..။

အလုပ်သမားတွေဟာ သေတ္တာကြီးတွေကို သယ်ပြီး ရေရွတ်နေခဲ့ကြတယ်..။

"သေတ္တာထဲမှာ ပန်ချီကားတွေ ဘယ်နှစ်ချပ်တောင် ထည့်ထားတာလဲဟ..။ဘာလို့ ဒီလောက်တောင် လေးနေတာလဲ.."

သို့ပေမယ့် သူ အများကြီးတွေးမနေတော့ပါဘူး..။ဒီတိုင်း..စစ်ဆေးတဲ့ အခန်းထဲကိုသာ ထည့်လိုက်ပါတော့တယ်..။

နေရာကျယ်ပြောတဲ့ အခန်းထဲတွင်..လူတွေ အများကြီး စောင့်နေခဲ့တယ်..။

"ဂရုစိုက်ဦး..ဒါက အရမ်းသေးတယ်..။အထဲမှာ ပန်ချီကားတွေ ဘယ်နှစ်ခုတောင်လဲ မသိဘူး.."

အလုပ်သမားဟား..သေတ္တာကို လက်ကမ်း ပေးလိုက်ပြီး သတိပေးလိုက်တာပါ..။

"ဟားဟား..ဘယ်လောက်တောင် လေးနိုင်မှာ မို့လို့လဲ..။လူငယ် အနုပညာဖလား က အလွန်းဆုံးရှိမှ ဇကာတင် အချပ် ၁၀၀ လောက်ပဲ ပါလာမှာလေ..။ဟေး..အလေးကြီး ပါလားဟ.."

နောက်တစ်ဆင့် ပြန်သယ်တဲ့ အလုပ်သမားဟာ..မြေကြီးပေါ် ပြုတ်ကျမလို ဖြစ်သွားခဲ့တယ်..။သူ အလျင်အမြန်ပဲ အောက်ကို ချလိုက်ပြီး သေတ္တာကို ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာ..ပန်ချီကားတွေ အများကြီး ရှိနေတာ တွေ့လိုက်ရပါတယ်..။

"ချီးပဲ..အများကြီး ပါလား.."

နောက်ထပ် အလုပ်သမားတွေဟာ လည်း လာကြည့်လိုက်ပြီး အံ့ဩသင့်သွားခဲ့ကြတယ်..။

"ဒီဟာက အနည်းဆံူး လေးငါးရာ လောက် ရှိတယ်.."

"မပြောကြနဲ့တော့..ခနနေ ဒိုင်တွေ အကဲခတ်တော့မှာ..။သေချာ ပြင်ဆင်ထားလိုက်ကြရအောင်.."

"သွားမယ်.."

ကလေးတွေ ရဲ့ အနုပညာ လက်ရာတွေကတော့ ဆရာတွေလောက် ကောင်းမွန်မှာတော့ မဟုတ်ပါဘူး..။သိူ့ပေမယ့်..တရုတိအနုပညာ အဖွဲ့အစည်းမှာ..ပညာအမွေကို လက်ဆင့်ကမ်းရမယ့် တာဝန် ရှိပါတယ်..။မိဘတွေ သူတို့ကလေးတွေ ကို တရုတ်အနုပညာ သင်ယူခိုင်းစေဖို့ ဆွဲဆောင်နိုင်တာက ဒီလို နည်းလမ်းက အကောင်းဆုံးပါပဲ..။

ဆုအတွက်ကတော့..စိတ်ဓာတ်မြင့်တင်ရေး အတွက် ထားပေးထားတာပါ..။

မနက် ၈ နာရီ..။

အခန်း အပြင်ဘက်ကနေ အသံတစ်ချို့ကို ကြားနေခဲ့ရပါတယ်..။

တရုတ် အနုပညာ အဖွဲ့ အစည်းက ဆရာတွေဟာ ရောက်လာခဲ့ကြတယ်..။သူတိူ့က သိသာစွာပဲ ဒိုင်အဖြစ် အတွေ့အကြုံရှိတဲ့ ဆရာတွေပါ..။သူတို့က အဖွဲ့အစည်းက သာမန်အဖွဲ့ဝင်တွေဖြစ်ပြီး ဒိုင်အဖြစ် လာဆုံးဖြတ်ပေးကြတာပါ..။

သူတိူ့ အခန်းထဲဝင်ပြီး တန်းစီထားတဲ့ ပန်ချီကားတွေကို မြင်တဲ့ အချိန်မှာ အံ့ဩသွားခဲ့ကြတယ်..။

"ဒီနှစ်က ပန်ချီကားတွေ အရမ်းများနေပါလား.."

"ဒါက မဟုတ်သေးဘူးနော်..။တကယ်ကို အများကြီး ပါလား..။လွန်ခဲ့တဲ့ သုံးနှစ်တုန်းကဆိုရင် မြို့တွေ အကုန်လုံး ပေါင်းမှ အချပ်ရေ ၁၀၀ လောက်ပဲ ရှိတာ..။ဒီတစ်ခါက အနည်းဆံူး လေး ငါးရာ လောက် ရှိတယ်..။ဒီတစ်ခေါက်တော့ အားကုန်တဲ့ အထိ စစ်ဆေးရတော့မယ် ထင်တယ်.."

"ဒါအဆင်ပြေပါတယ်..။ကလေးတွေရဲ့ပန်ချီကားက ဘယ်လောက်အထိ ရှုပ်ထွေးမှာ မို့လို့လဲ..။ပန်ချီကားတစ်ချပ်ကို သုံးတစ်စက္ကန့်လောက် ကြည့်တာနဲ့တင် ပြီးတယ်.."

"ဒါအမှန်ပဲ.."

အခန်းထဲကို ရောက်လာတာနဲ့ ဆရာတွေဟာ အချင်းချင်း ဆွေးနွေး နေခဲ့ကြပါတယ်..။ယင်းနောက် သူတို့ ဖောင်တိန်ကို အသုံးပြုပြီး အောင်မြင်တဲ့ ပန်ချီကားတွေကို အမှတ်အသား လုပ်နေခဲ့ကြတယ်..။အဆံူးမှာတော့ သူတို့ တစ်ခေါက်ပြန်ပြီး ဆွေးနွေးလိုက်ကြပါတယ်..။

ယင်းနောက် အဖွဲ့အစည်းက ဆရာတွေဟာ ပန်ချီကားတွေကို တစ်ချပ်ပြီး တစ်ချပ် စတင်ကြည့်လိုက်ကြတယ်..။

"ကောင်းတယ်..ဒီတစ်ခု ကောင်းတယ်..။ကြည့်ရတာ ဒုတိယ ဆုလောက်တော့ ချိတ်မှာပဲ.."

"ငါကတော့ ဒီတစ်ခုက တတိယ ဆုလောက်ရမယ် ထင်တယ်.."

"ဟေး..ဒီနှစ် အရည်အသွေးတွေက အရင်နှစ်ကထက် အများကြီး ပိုကောင်းလာတယ်နော်..။ကြည့်ရတာ ကလေးတွေ ပိုတော်လာကြတယ် ထင်တယ်.."

"ဟုတ်တယိ..ပန်ချီကားတွေက တကယ် အရည်အသွေးကောင်းလာ တယ်..။ထပ်ပြောရရင်..သူတို့က အသက် ၈ နှစ်လောက်ပဲ ရှိကြသေးတယ်လေ..။တကယ် မယုံနိုင်စရာပဲ.."

"သူတို့လေးတွေက ဒီအရွယ်နဲ့တောင် ဒီလောက်တော်နေကြရင်..ကြီးလာတဲ့ အချိန်မှာ တကယ်ကျော်ကြားလာကြမှာပဲ.."

အချိန်တွေဟာ လျင်မြန်စွာ ကုန်သွားခဲ့တယ်..။

ည ၁၀ နာရီ ခွဲနေခဲ့ပါပြီ..။

အဖွဲ့အစည်းက ဆရာတွေဟာ.ရပ်တန့်လိုက်ကြပေမယ့် သူတို့ပုံစံတွေက စိတ်ရှုပ်ထွေးနေတာ သိသာ လှပါတယ်..။

"အကြီးအကဲ ချီ..ဘယ်လိုလုပ်ကြမလဲ.."

သက်လတ်ပိုင်း အရွယ် အမျိုးသမီး တစ်ယောက်က ​မေးလိုက်တာပါ..။

ကျန်တဲ့လူတွေလည်း ကြောင်အနေခဲ့ကြတယ်..။သူတို့ ဘာလုပ်ရမလဲ မသိတော့ပါဘူး..။

"ဒါက မဟုတ်သေးဘူး..။ဒီနှစ်အရည်အသွေးတွေက အရင်နှစ်တွေကနဲ့ ဘာမှ မဆိုင်ဘူး..။ဒီကလေးတွေက ဘယ်လိုဖြစ်ပြီး ငယ်ငယ်လေးနဲ့ တိုးတက်လာကြတာလဲ..။ငါတို့ရဲ့ စည်းမျဥ္းအရ ဆိုရင်..ပထမ ဆုက..၁ ယောက်..ဒုတိယဆုက..၁၀ ယောက်. တတိယဆုက အယောက် ၂၀ နဲ့ နှစ်သိမ့်ဆု က အယောက် ၅၀ ချီးမြင့်ရမှာ..။ဒါပေမဲ့ သူတို့ရဲ့ ပန်ချီကားတွေက..အရည်အသွေး တူညီနေတယ်.."

အကြီးအကဲ ချီက အဖွဲ့အစည်းက အကြီးအကဲ တစ်ယောက်လို့တောင် ပြောလို့ရပါတယ်..။သူက အဆင့်အတန်း တစ်ချ်ို့ရှိတဲ့ လူပါ..။လူတိုင်း သူ့ကို ကြည့်ပြီး ဆုံးဖြတ်ချက်ကို စောင့်နေခဲ့ကြတယ်..။

အကြီးအကဲ ချီ ပြောလိုက်တယ်..။

"ဒါက.."

သူလည်း တွေဝေ နေခဲ့ပါပြီ..။ဒီမှာက ပန်ချီကား စုစုပေါင်း ..၄၈၃ ချပ် ရှ်ိပါတယ်..။အစကတော့ သူတို့ ဆုရမယ့် စာရင်းကို အေးဆေးရွေးနိုင်မယ် ထင်ထားမိပေမယ့် အခုတော့ ဒုက္ခရောက်နေကြပါပြီ..။

ရှန်းဟိုင်းရဲ့ ပန်ချီကား အချပ်ရေ ၃၇၀ ထဲက တစ်ချပ်က သူ့တို့ကို အံ့ဩသင့်စေခဲ့ပါတယ်..။ဆွဲခဲ့တဲ့ ကလေးက အသက်ခြောက်နှစ်ပဲ ရှိသေးပေမယ့်..သူ့ ရဲ့ လက်ရာကတော့ အံ့ဩစရာပါပဲ..။သူ့ရဲ့ စိတ်ထဲမှာတော့..ပထမဆုကို သတ်မှတ်ပြီးထားပါပြီ..။

တစ်ခြားလူတွေကိုပဲ ဒုတိယဆုနဲ့ တတိယ ဆုတွေကို ပေးသွားမှာပဲ..။

သို့ပေမယ့် ပြသနာက..ဒုတိယဆု နဲ့ တတိယဆု အရေအတွက် အကန့်အသတ်ပါပဲ..။ဒါက သူတို့အတွက် ဆုံးဖြတ်ဖို့ ခက်ခဲနေခဲ့တာပါ..။

ရှန်ဟိုင်းက ဘယ်လို ဖြစ်နေတာလဲ..။သူတို့က သိသိသာသာပဲ..တစ်ခြား မြို့တွေကို အခွင့်အရေး လုံးဝ မပေးထားပါဘူး..။သူတို့ ဆုရနိုင်မယ့် နေရာတွေ အကုန်လုံးကို အပြည့်အဝကို လွှမ်းမိုးထားပါတယ်..။ရှန်ဟိုင်းက ကလေး ပန်ချီပညာရှင် တွေရဲ့ ကျွမ်းကျင်မူက တကယ်ကောင်းပြီး အရည်အသွေးလည်း ပိုသာ ပါတယ်..။

"ရှန်ဟိုင်းက ပန်ချီကားတွေ အကုန်လုံးကိုပဲ ဆုပေးလိုက်ရင် ဘယ်လိုလဲ.."

အကြီးအကဲ ချီ ပြောလိုက်တာပါ..။

"ဒါ မကောင်းဘူးနော်..။တစ်ခြားနေရာ တွေကရော ဘယ်လိုလုပ်မလဲ..။တကယ်လို့ အဲလိုသာ..ကြေညာလိုက်ရင် အပြင်းအထန် ဝေဖန် ခံရမှာ.."

အကြီးအကဲ ချီ ထပ်ပြောလိုက်တယ်..။

"ဒါဆို မင်းတို့က ဘယ်လိုလုပ်ချင်လို့လဲ..။ရှန်ဟိုင်းက ပန်ချီကားတွေက တစ်ခြားမြို့တွေထက် သာနေတာ အသိအသာကြီးပဲလေ.."

"ကျွန်တော်တို့..ဆု အ​ေရအတွက် ကို တိုးမြင့်လို့ရမလား..။အဲတာဆို ပြသနာ ရှိလောက်လား.."

"ဒါက အကြံကောင်းပဲ..။တကယ်လို့ ဆုရနိုင်တဲ့ ကလေးတွေကို မပေးနိုင်ခဲ့ရင် ကျွန်တော်တို့လည်း စိတ်မကောင်း ဖြစ်ရလိမ့်မယ်..။ကျွန်တော်တို့ သူ့အကြံအတိုင်း လူပ်သင့်တယ် ထင်တယိ.."

"ပြန်ကြည့်ရအောင်..။ငါတို့ သေချာ အနီးကပ်ကြည့်ပြီး စုတ်ချက် အသေးစိတ်တွေကိုပါ စစ်ဆေးကြရအောင်..။ဆုရမယ့်လူတွေကို..နိုင်ငံတကာ စံညွှန်းတွေ အတိုင်း တင်းတင်းကြပ်ကြပ် ရွေးချယ်ရမယ်.."

"တကယ်လို့ အသေးစိတ် အချက်အလက်တွေကို ကြည့်ရင်..ဒုတိယ နဲ့ တတိယ ဆုတွေက ရွေးဖို့ လွယ်တယ်..။ဒါပေမဲ့ ရှန်ဟိုင်းရဲ့ ပန်ချီကားတွေက ဒုတိယ နဲ့ တတိယ အတွက် အဆင်ပြေပါတယ်..။ဒါပေမဲ့ ဘယ်ပန်ချီကားကို ပထမ နေရာမှာ ထားမှာလဲ.."

အကြီးအကဲ ချီ ပြန်ပြောလိုက်တယ်..။

"ငါ့မှာ ပန်ချီကား နှစ်ချပ် ရှ်ိတယ်..။တစ်ခုက ရှန်ဟိုင်းက တစ်ခုက ဘေဂျင်းက..။ဒါပေမဲ့ ငါထင်တာတော့..တောင်တန်းနဲ့ ရေပြင်တွေက..ပန်းပွင်းနဲ့ ငှက်တွေထက် ပိုကောင်းတယ် ထင်တာပဲ..။ဒါကြောင့် ငါတို့ လီဖက်တီးကို ပထမဆု ပေးရမယ်လို့ ထင်တာပဲ..။မင်းတို့ရော ဘယ်လိုထင်လဲ.."

လူတိုင်းဟာ ဆွေးနွေးလိုက်ကြတယ်..။

"ဟုတ်တယ်..ဒီ ခြောက်နှစ်အရွယ် လီဖက်တီးလေးက အံ့ဩစရာပဲ..။သူ့ရဲ့ အနုပညာ လက်ရာက ..အဓိပ္ပါယ်ရှိပြီး..ပထမ နေရာနဲ့ ထိုက်တန်တယ်..။တစ်ခြားတစ်ယောက်ကို ဒုတိယပေးပြီးပဲ အဆုံးသတ်လိုက်ရအောင်.."

"ရှန်ဟိုင်းက ဒီလို လက်ရာမျိုးတွေ ထွက်လာမယ်လို့ မထင်ထားခဲ့ဘူး.."

"ဘယ်သူ သိမှာလဲ..။ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ တားဂတ်ကို ရောက်သွားပြီလေ..။ဆုတွေကို အမြန်သတ်မှတ်လိုက်ရအောင်..."

"ကလေးတွေိရဲ့ ပန်ချီကားတွေကို ဆုရွေးချယ်ရတာ ဘယ်လောက် နာကျင်စရာကောင်းလဲ ငါသိသွားပြီ.."

"အဲတာက မင်းတစ်ယောက်တည်းမဟုတ်ဘူး..ငါတို့လည်း နာကျင်ရတာပဲလေ.."

ဒင် ဒေါင်..

ယင်းနောက် တစ်စုံတစ်ယောက်ဟာ..တံခါးခေါက်လာခဲ့တယ်..။လူတစ်ယောက်ဟာ လျောက်ဝင်လာခဲ့ပါတယ်..။

အကြီးအကဲ ချီ မေးလိုက်တယ်..။

"ကောင်းလေး ချန်း ဘာလာလုပ်တာလဲ.."

ကောင်လေးချန်းက တရုတ်အနုပညာ အဖွဲ့အစည်း ပြင်ပ ဆက်ဆံရေး အတွက် တာဝန်ရှိတဲ့လူပါ..။သူက ပန်ချီ မဆွဲတတ်ပေမယ့် အဖွဲ့အစည်းက တစ်ခြား လူတွေနဲ့ ဆက်ဆံနေရတာကြောင့် သူ့ကို လိူအပ်ပါတယ်..။

ကောင်လေးချန်ဟာ မျက်မှန်တတ်ထားပြီး ကြည့်ကောင်းတဲ့ လူငယ်တစ်ယောက်ပါ..။တစ်ချိန်တည်းမှာပဲ..သူက..စိတ်အားထက်သန်နေခဲ့တယ်..။

"အကြီးအကဲ ချီ ..ပထမရတဲ့ ပန်ချီကားကို ရွေးပြီးပြီလား.."

အကြီးအကဲ ချီ ခေါင်းညိမ့်လိုက်တယ်..။

"အင်း..သူက ရှန်ဟိုင်းက ရှစ်နှစ်အရွယ် ကလေး ပဲ..။သူက တကယ်ကို အံ့ဩဖို့ ကောင်းတယ်.."

ကောင်လေး ချန် ခနလောက် တွေဝေသွားခဲ့ပြီး..

"ကျွန်တော်တို့ ပထမဆုကို ဘေဂျင်းက ဝမ်ဟောင်ယန် ကို ပေးသင့်တယ်..။ဝမ်ဟောင်ယန် ရဲ့အဖေက ဘေဂျင်းက ခေါင်းဆောင် တစ်ယောက်လေ..။ပြီးတော့ ဝမ်ဟောင်ယန် က အကြီးအကဲ ဝူ ရဲ့ တပည့်လည်း ဖြစ်တယ်..။ကျွန်တော်တို့ သူ့ကို မျက်နှာသာ ပေးရမယ် ထင်တယ်.."

အကြီးအကဲ ချီ အံ့ဩသွားခဲ့တယ်..။

"မင်းပြောချင်တာက..ဝမ်ဟောင်ယန်က အစ်ကို ဝူ ရဲ့ တပည့်လား.."

ကောင်လေး ချန် ခေါင်းညိမ့်လိုက်ပြီး..

"ဟုတ်တယ်..ဒါအမှန်ပဲ..။ဒါကြောင့်..ဝမ်ဟောင်ယန်ကို ပထမဆု ပေးသင့်တယ်လို့ ပြောတာလေ..။တစ်ခြားလူတွေကိုတော့ စည်းမျဥ္းအတိုင်း ရွေးပေါ့.."

"ကောင်လေး ချန်..ဒါက မဟုတ်သေးဘူးနော်..။ငါတို့က အရည်အသွေးကို ကြည့်ပြီးပဲ ရွေးရမှာလေ..။သူတို့က နောက်ခံကြောင် အနိုင်ရတာ မဖြစ်သင့်ဘူး..။ထပ်ပြောရရင် ဝမ်ဟောင်ယန် ရဲ့ လက်ရာက ဒီတစ်ခုကို မယှဥ္နိုင်ဘူး.."-

ကောင်လေး ချန် ခေါင်းခါယမ်းလိုက်တယ်..။

"အကုန်လံူး ဘယ်လိုတွေ တွေးနေကြတာလဲ..။ဒါက ကလေးတွေအတွက် ပြိုင်ပွဲဖြစ်နေတာ ကြောင့်လေ..။ဒါက ကလေးတွေကို ဆုမပေးပဲ နေနေတာမှ မဟုတ်တာ..။ဒီအတွက်နဲ့ တစ်ယောက်ယောက်ကို အပြစ်ပြုမိလို့ ဘယ်ဖြစ်မလဲ..။ထပ်ပြောရရင် ခြောက်နှစ်အရွယ် ကလေးက ပထမ ဆုရရင် ဘဝမြင့်ပြီး မောက်မာသွားနိုင်တယ် မလား..။အရမ်းကြီး မစွန့်စားပဲနဲ့ ၆ နှစ်အရွယ် ကလေးရဲ့ အနာဂတ်ကို လှပအောင် လုပ်ပေးလိုက်ကြရအောင်.."

လူတိုင်း ခေါင်းခါယမ်းလိုက်ကြတယ်..။ဒီကိစ္စက အဆုံးသတ်သွားတဲ့ ပုံပါပဲ..။

အကြီးအကဲ ချီ ထပ်မပြောတော့ပါဘူး..။ဒီ ကိစ္စက အစ်ကို ဝူ ရဲ့ မျက်နှာလည်း ရှိနေပါသေးတယ်..။

"ကောင်းပြီလေ ဒါဆိုလညး.."

ကောင်လေး ချန် ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပြီလေ..ကျွန်တော် မနှောက်ယှက်တော့ပါဘူး..။အိုး ဟုတ်သားပဲ..ကျွန်တော့်ကို ပြီးရင် ဆုရတဲ့ စာရင်းကို ပို့ပေးပါဦး..။ကျွန်တော် ပါတနာ ကုမ္ပဏီကို ဆက်သွယ်ပြီး ဆုအရေအတွက် နဲ့ ဂုဏ်ပြုလက်မှတ် တွေ လုပ်ခိုင်း ရဦးမယ်.."

All Chapters