သေချင် နေတာလား...
Vol. 44 Ch. 647
#ဘာသာပြန် = စနိုးဝှိုက်
ရှန်ဟိုင်း တိရစ္ဆာန် ရုံတွင်..။
"ယူလန် ငါ့အနားကို အရမ်းကြီး ကပ်နေတာက သိပ်မဆင်မပြေဘူးနော်.."
လင်းဖန် သူ့လက်မောင်းနားမှာ ကပ်တွယ်နေတဲ့ ယူလန် ကိုကြည့်ပြီး ပြောလိုက်တာပါ..။
"ဟီးဟီး.."
ဝူယူလန် ပျော်ရွှင်စွာ ပြုံးလိုက်တယ်..။
"နောက်ပိုင်း အသားကျသွားမှာပါ..။ဘေးပတ်လည်ကို ကြည့်လိုက်ဦး .။လူတိုင်း လည်း အဲလိုပဲ လုပ်နေကြတာလေ..။ထပ်ပြောရရင် မိန်းမလှလေး တစ်ယောက် နဲ့ ဒီလို သွားခွင့်ရတာကို အစ်ကိုလင်း ဂုဏ်ယူနေရမှာ.."
လင်းဖန် ပြုံးပြီး ခေါင်းခါယမ်းလိုက်တယ်..။
"မင်း ငါ့ကို အသားယူနေတာပဲ ဖြစ်ရမယ်..။ဟုတ်တယ်မလား..ငါ့ကို တစ်ခြားလူတွေ လုပ်တာပဲလို့တော့ မပြောနဲ့.."
ဝူယူလန် ဘာမှ ပြန်မပြောပဲ..လင်းဖန် ရဲ့ လက်မောင်းကို သာ ဖက်ထားခဲ့ပါတယ်..။
ဒီတစ်ကြိမ်မှာ ဝူယူလန်က သေချာ ဝတ်စားထားတာကြောင့် အတော်ကို လှပနေခဲ့တာပါ..။သူမရဲ့ ဆံပင်အရှည်ကို အနောက်ဘက်မှာ သေသပ်စွာ ချထားခဲ့တယ်..။သူမ ရဲ့ တောက်ပတဲ့..မျက်လုံးတွေက ပြုံးလိုက်တဲ့ အချိန်မှာ..လဝန်လေးတွေ လိုပဲ..ဆွဲဆောင် မူရှိလှပါတယ်..။
တစ်ချို့ လူငယ်လေးတွေ ဆိုရင် သူမကို မသိမသာ ခိုးကြည့်ပြီး..သဘောကျနေခဲ့ကြတယ်..။
ဘယ်လောက် လှလိုက်လဲ...
လုံးဝကို ပြီးပြည့်စုံ နေတာပဲ..
အသားအရည်လေးက နှင်းလို ဖြူဖွေးနေတာပဲ..
လှလိုက်တဲ့ အပြုံး...
သူမသာ..ငါ့ကောင်မလေး ဖြစ်လိုက်ရင်တော့...
ဒါက ခိုးကြည့်တဲ့ လူငယ်လေးတွေ တွေးနေတဲ့ အတွေးတွေ ဖြစ်နိုင်ပါတယ်..။သို့ပေမယ့် သူတို့က ဒီမိန်းကလေးက လင်းဖန် ရဲ့ ကောင်မဘေး ဆိုတာကို သိထားကြပြီးသားပါ..။
လင်းဖန် ဝူယူလန် ရဲ့..ခေါင်းကို ပုတ်လိုက်ပြီး..
"အထဲဝင်ကြရအောင်.."
ဝူယူလန်ဟာ ပျော်ရွှင်နေခဲ့တယ်..။ဒါက သူမနဲ့ အစ်ကိုလင်းတို့ ပထမဆုံး အကြိမ် အပြင်ကို အတူထွက်ကြတာ ဖြစ်ပြီး တစ်ခြား အပိုလူတွေလည်း မပါလာခဲ့ပါဘူး..။
လင်းဖန် အပြင်ကို အလည်အပတ် ထွကိလာမှ စိတ်ပေါ့ပါးသွားခဲ့တယ်..။မိန်းမလှလေး တစ်ယောက် နဲ့ လျောက်လည်ရတဲ့ ခံစားချက်က တကယ်ကောင်းမွန်တာပါ..။
"ဝိုး..အစ်ကိုလင်..မျောက်တွေကို သွားကြည့်ရအောင်.."
ဝူယူလန် လင်းဖန်ကို ဆွဲခေါ်သွားပြီး ပြောလိုက်တာပါ..။သူမ ပုံစံက အတော်ကို တက်ကြွနေခဲ့ပါတယ်..။
လင်းဖန် ပြန်ပြောလိုက်တယ်..။
"မင်းကို ကြည့်ဦး...။ဘာလို့ ဒီလောက်ထိ တက်ကြွနေရတာလဲ..။မင်းက သူတို့နဲ့တောင် တူနေပြီ.."
ဝူယူလန် ပြုံးပြီး လင်းဖန် ရဲ့လက်မောင်းကို ဖတ်လိုက်တယ်..။သူမ ချစ်ဖို့ ကောင်းစွာ ပြောလိုက်ပါတယ်..။
"အစ်ကိုလင်း..ဘယ်လိုပြောလိုက်တာလဲ..။ညီမက မျောက်မှ မဟုတ်တာ.."
"ချစ်စရာလေးပဲ.."
လင်းဖန် ရယ်မောလိုက်တယ်..။
"ငါ မင်းကို ပထမဆုံး စတွေ့တုန်းက အချိန်ကို မှတ်မိပါသေးတယ်..။အဲ့တုန်းက ဒီီလို မဟုတ်ပါဘူး..။မင်းက ငါ့ကို ဝိုက်ဘိုမှာတောင် ရန်တွေ့နေသေးတယ်.."
"ဘယ်တုန်းက အဲလိုလုပ်လို့လဲ.."
ဝူယူလန် အတိတ်ကို ပြန်တွေးမိတဲ့ အချိန်မှာ ရှက်ရွံ့သွားခဲ့ပါတယ်..။
"ညီမ ဒီလိုလုပ်တာက အစ်ကိုလင်းက ညီမ အဖေကို တိုက်ခိုက်နေလို့လေ..။လက်ရှိအချိန်မှာ အစ်ကိုလင်း တစ်ခြားလူနဲ့ တိုက်ခိုက်ရင်လည်း အစ်ကိုလင်း ဖက်က ငြင်းခုန်ပေးမှာပဲ.."
လင်းဖန် ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး..။
"ဆက်ကြည့်လိုက်ရအောငိ.."
သူ ဝူယူလန် နဲ့ ပျော်ရွှင်ဖို့ လိုက်လာမှတော့..စိတ်လွတ်လွတ် လပ်လပ် နဲ့ ပျော်ရွှင်သင့်ပါတယ်..။
သူတို့ ရှေ့ကို ဆက်သွားတဲ့ အချိန်မှာ လူတွေ ပိုများလာခဲ့တယ်..။သူတို့ ရှေ့ကို တိုးရတာ ပိုပိုပြီး နှေးလာခဲ့ပါတယ်..။
ယင်းနောက် ရှေ့နားက လူတွေ တွန်းတာခံနေရတဲ့ လူငယ်လေးဟာ ဝူယူလန် နားကို ယိမ်းယိုင်လာခဲ့ပါတယ်..။လင်းဖန် လက်ကို အလျင်အမြန် ရှေ့ထုတ်လိုက်ပြီး..တားဆီးလိုက်ပါတယ်..။ယင်းနောက် သူ ပြုံးလိုက်ပြီး..
"ညီအစ်ကို..လူတွေက အဲလောက်အထိလဲ မကြပ်ပါဘူး..။ဒါမျိုးကို ရည်ရွယ်ချက် ရှိရှိ မလုပ်သင့်ဘူးလေ.."
လူငယ်လေးဟာ..ဒါကိုကြားတဲ့ အချိန်မှာ ရှကိရွံ့သွားခဲ့တယ်.. ။သူ ဝူယူလန်ကို သတိထားမိနေတာ ကြာပါပြီ..။ဒီလို မိန်းမလှလေးတစ်ယောက်က တိရစ္ဆာန် ရုံကို ရောက်နေလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။သူက လူကြပ်နေတုန်းမှာ သူမကို ထိတွေ့ချင်ခဲ့တာပါ..။သို့ပေမယ့် မိန်းမလှလေး ဘေးက လူက သူ့ရဲ့ လှည့်ကွက်ကို တွေ့သွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
ဝူယူလန် ..မျက်မှောက်ကျုတ်ပြီး လူငယ်လေးကို စိုက်ကြည့်လိုက်တယ်..။
လင်းဖန် ပြောလိုက်တယ်..။
"ယူလန် ငါ့ရဲ့ ညာဘက်ကို လာခဲ့.."
ဝူယူလန် ခေါင်းညိမ့်ပြီး ညာဘက်ကို လျောက်လာခဲ့ပါတယ်.. ။တစ်စုံတစ်ယောက် ရဲ့ကာကွယ်မူအောက်မှာ နေရတာက တကယ်ကို ကောင်းမွန်တာပါ.။သူမ တစ်ယောက်တည်းသာဆို မတွေးရဲစရာပါပဲ..။
…
တိရစ္ဆာန် ရုံ အပြင်ဘက်တွင်..။
မိသားစု သုံးယောက်ဟာ တိရစ္ဆာန် ရုံကို လမ်းလျောက်လာ နေခဲ့ကြတယ်..။
"အဖေ..သား ခနနေကြရင်..ပန်ဒါ အကြီးကြီးကို ကြည့်ရမှာလား.."
ကောင်လေးက စိတ်လှုပ်ရှားစွာ မေးလိုက်တာပါ..။
သက်လတ်ပိုင်း အရွယ်လူကြီးရဲ့ မျက်နှာဟာ နီရဲနေပြီး သူ့ကြည့်ရတာ အနည်းငယ် မူးနေခဲ့တယ်..။
"သား..သားရောက်တဲ့ အခါကြရင် တွေ့လိမ့်မယ်.."
သက်လတ်ပိုင်း အရွယ် အမျိုးသမီးဟာ ပြောလိုက်တယ်..။
"ကျွန်မ ရှင့်ကို နေ့လည်ပိုင်း မသောက်ပါနဲ့ လို့ ပြောထားတာတောင် သောက်လာသေးတယ်.."
"ဒါအဆင်ပြေပါတယ်..။ငါ အများကြီး မသောက်ထားပါဘူး..။မင်း ကလေးကို အရင် ခေါ်သွားလိုက်..။ငါ VIP နေရာကနေ သွားလိုက်မယ်..။ဒီက လက်မှတ်တွေက အတော် စျေးကြီးတယ်.."
ကျို့ရွှန်ဂျန် ပြောလိုက်တာပါ..။
"ဘာလို့ ရှောင်ဖို့ပဲ ကြိုးစားနေတာလဲ..။ဒီတိုင်း လက်မှတ် တစ်ခု ဝယိလိုက်ပါလား.."
"ခိုးဝင်ပါတယ် ဆိုမှ ဘာလို့ ဝယ်ရဦးမှာလဲ..။ငါတို့ကလေးက ဒီလို လုပ်ဖို့ အတွက် ငယ်သေးလို့..မဟုတ်ရင်..ငါ မင်းတို့ကိုပါ ခေါ်သွားတယ်..။အရင် ဝင်သွားလိုက် ..ငါပြီးမှ လာရှာမယ်.."
ဒါကို ပြောပြီး နောက်မှာ ကျို့ရွှန်းဂျန် ထွက်ခွာသွားပြီး..လျို့ဝှက် နေရာကို ထွက်သွားခဲ့ပါတယ်..။
သူ့ မိန်းမဟာ သူ့ကို ကြည့်နေလိုက်ပြီးမှ ကလေးကို ခေါ်ပြီး လက်မှတ် ဝယ်ဖို့ ထွက်သွားခဲ့တယ်..။
…
ကျို့ရွှန်းဂျန် ရွံ့ထူတဲ့ လမ်းတစ်ခုကို လျောက်သွားခဲ့တယ်..။ယင်းနောက်သူ ချောက်အမြင့် တစ်ခုကို တွေ့လိုက်ရပါတယ်..။ဒါက အတော်ကို နက်ပါတယ်..။သူ သေချာကြည့်လိုက်တဲ့ အချိန်မှာ သစ်ကိုင်းချောက်တစ်ခုက အပေါ်မှာ ကန့်လန့်ရှိနေတာ တွေ့လိုက်ရတယ်..။ဒါက သဘာဝ လှေကားတစ်ခုလို ဖြစ်နေပြီး..တက်သွားဖို့က အရမ်းလွယ်ကူပါတယ်..။
ဒါက သူ ပိုက်ဆံကို စုနိုင်သလောက် စုတယ် လို့ပဲ ခံစားလိုက်ရပါတယ်..။ဒီလိုဆိုရင် သူ တိရစ္ဆာန်ရုံရဲ့ ဝင်ခွင့် လက်မှတ်ကို..ဝယ်စရာ မလိုတော့ပါဘူး..။
ကျို့ရွှန်းဂျန် လမ်းလျောက်ပြီး ဖြတ်သွားခဲ့တယ်..။ခနကြာပြီးနောက်မှာ..သူ လမ်းမှာ ပိတ်ထားတဲ့
သတ္ထု အဝိုင်း အမြင့်ပြားတစ်ခု ကို တွေ့လိုက်ရတယ်..။သို့ပေမယ့် အဲဲဒီမှာ အပေါက်နှစ်ခု ရှိနေခဲ့ပါတယ်.။သူ အလျင်အမြန်ပဲ အထဲကို ဝင်လိုက်တယ်..။
"အတွင်းတွင် ရက်စက်သည့် သားရဲများ ရှိသည်..။အထဲ မဝင်ပါနဲ့.."
ခနလောက် လမ်းလျောက်ပြီး နောက်မှာ..သူ ဆိုင်းဘုတ်ကို မြင်ပြီး ပြုံးလိုက်ပါတယ်..။
"တိရစ္ဆာန် ရုံက လူတွေက လူတွေကို ခြောက်လှန့်တာမှာ တကယ်တော်တာပဲ..။သူတို့ တကယ်ပဲ ဒီလို ဆိုင်းဘုတ်တစ်ခု ထားထား သေးတယ်..။ဘယ်လိုလုပ်ပြီး တုံးအတဲ့..သားရဲတွေက ဒီမှာ ရှိနေမှာလဲ.."
ယင်းနောက် သူဆက်ပြီး လျောက်သွားတဲ့ အချိန်မှာ နောက်ထပ် တူညီတဲ့ ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရတယ်..။
ကျို့ရွှန်းဂျန် အနည်းငယ် သံသယဖြစ်လာခဲ့တယ်..။ယင်းနောက် သူ ဆက်သွားဖို့ ခက်ခဲအောင် လုပ်ထားတဲ့..၃ မီတာ..အမြင့်ရှိတဲ့..နံရံတစ်ခုကို တွေ့လိုက်ရပါတယ်..။သူ အေပါ်ကို ဘယ်လို တက်ရမှာလဲ...။
ယင်းနောက် သူဘေးကို ကြည့်လိုက်တဲ့ အချိန်မှာ သစ်သား လှေကား တစ်ခုကို တွေ့လိုက်ရပါတယ်..။တကယ်လို့ သူသာ ဒီလှေကားကို ထောင်ပြီး..တက်ရင် အပေါ်ကို ရောက်နိုင်မှာပါ..။
"ဟားးဟား..ဘယ်လို တုံးအတဲ့ လူတွေလဲ..။တက်ရမယ့် လှေကားကိုတောင် ဘေးနားမှာ ထားပေးထားသေးတယ်..။ဘယ်နှစ်ယောက်တောင် ဒီနည်းနဲ့ ဝင်ပြီးပြီလဲ မသိဘူး..။
ကျို့ရွှန်းဂျန် သူ့ဟာသူ တွေးလိုက်တယ်..။ဒီလှေကားက လူတွေ တက်ဖို့ လုပ်ထားတယ် ဆိုတာ သိသာ လှပါတယ်..။ယင်းနောက် နံရံကို လှေကားထောင့်ပြီး အပေါ်ကို တက်သွားခဲ့တယ်..။
…
လင်းဖန် နဲ့ ဝူယူလန် တို့ဟာ..ပန်ဒါ အကြီးကြီးကို သွားကြည့်နေကြတာပါ..။ဒါက တကယ်ကို့ နိုင်ငံရဲ့ သင်္ကေတပါပဲ..။အတော်ကို ချစ်ဖို့ ကောင်းတာပါ..။
"အစ်ကိုလင်း..တွန်တွန် က အရမ်း ချစ်ဖို့ကောင်းတာပဲ.."
ဝူယူလန် ပြောလိုက်တာပါ..။
လင်းဖန် ပြောလိုက်တယ်..။
"အင်း..ဒါပေမဲ့ သူမျက်လုံးက အနက်ရောင် အကွင်းက နည်းနည်းကြီးတယ်.."
ဝူယူလန် ပြန်ပြောလိုက်တယ်..။
"တွန်တွန်က ပန်ဒါပဲလေ..ဒီတော့ အနက်ရောင် အဝိုင်းကတော့ ရှိနေမှာပဲ.."
လင်းဖန် ပြုံးလိုက်ပြီး..
"ဟားဟား..ငါတို့ နောက်ထပ် ဘာသွားကြည့်ကြဦးမလဲ.."
ဝူယူလန် တွေးလိုက်တယ်..။
"မသိဘူး..ဒီတိုင်း လျောက်ကြည့်ကြမယ်..။ဘာပဲဖြစ်ဖြစ် တိရစ္ဆာန် ရုံမှာက..ညီမ မတွေးဖူးတဲ့..တိရစ္ဆာန် တွေ အများကြီးလေ..."
"ကောင်းပြီ.."
ယင်းနောက် သူတို့နှစ်ယောက် လမ်းလျောက်ပြီ ဆက်ကြည့်နေခဲ့ပါတယ်..။
သိူ့ပေမယ့် လင်းဖန်ကတော့..တိရစ္ဆာန် တွေနဲ့..ဆက်သွယ်နေခဲ့တယ်..။တစ်ခြားလူတွေက တိရစ္ဆာန် တွေ ့ဘာပြောနေလဲ ဆိုတာကို..နားလည်မှာ မဟုတ်ပေမယ့်..လင်းဖန်ကတော့ သူတိူ့နဲ့ ဆက်သွယ်ဖို့ ဘာပြသနာ မှ ရှိမှာ မဟုတ်ပါဘူး..။
ယင်းနောက် ခပ်ဝေးဝေးကနေ အော်သံတစ်ချို့ကိုကြားလိုက်ကြရပါတယ်..။
ဝူယူလန် သံသယ ဖြစ်စွာ ကြည့်လိုက်တယ်..။
"ဟိုမှာ ဘာဖြစ်တာလဲ.."
"ကြည့်လိုက်ရအောင်.."
လင်းဖန် အဲဲဒီကို ရောက်သွားတဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။လူတစ်ယောက်က ဘယ်လိုလုပ် အဲမှာ ရောက်နေတာလဲ..။လူကြီးတစ်ယောက်ကို ကျား ငါးကောင်က ဝန်းရံထားခဲ့တာပါ..။သူတို့ကြည့်ရတာ လူကြီးကို ခုန်အုပ်တော့မယ့် ပုံပါပဲ..။
လည်ပတ်နေတဲ့ လူတွေဟာ လည်းဒီမြင်ကွင်းကို မြင်ပြီး အော်ဟစ်လိုက်ကြတယ်..။သူတို့ ဒီလို မြင်ကွင်းမျိုး အရင်က မမြင်ခဲ့ဖူး ကြပါဘူး..။
တိရစ္ဆာန် ရုံအလူပ်သမားတွေဟာ မေ့ဆေး ကိရိယာတွေနဲ့..ပြေးလာခဲ့ကြတယ်..။သူတို့ သေနတ်တွေ နဲ့ ပဲ ကျားတွေကို ခြောက်လှန့် နိုင်မှာပါ..။
လည်ပတ်သူတွေကတော့ ဒီမြင်ကွင်းကို မြင်ပြီး အော်ဟစ်နေကြပါတယ်..။
"တစ်ယောက်ယောက် သေတော့မယ်..။မေ့ဆေးသေနတ်တွေ ဘယ်မှာလဲ.."
"သူတို့ သွားယူနေပြီ.. ဒါပေမဲ့ နောက်ကျသွားမယ်လို့ ထင်တာပဲ.."
"ချီပဲ..ကျားတွေက ခုန်အုပ်တော့မယ်..။သူတို့ အာရုံပြောင်းအောင် အမြန်လုပ်ကြဦး.."
အလုပ်သမားတွေဟာ ကြောင်အနေခဲ့ကြတယ်..။ရိုင်ဖယ် တွေကလည်း အသုံးမဝင်ပါဘူး..။သူတို့က ကျားတွေကို ခြောက်လှန်းဖို့ အသံပဲ မြည်နိုင်တာပါ..။ဒီက ကျားတွေက ဒီအသံနဲ့ ယဥ္ပါးနေပြီ ဖြစ်တာကြောင့်..ဂရုမစိုက်ကြတော့ပေ..။
"ဝါး..ဒယ်ဒီ.."
အမျိုးသမီး ဘေးနားမှာ ရှိနေတဲ့ ကလေးဟာ..သူ့အဖေကို မြင်ပြီး အော်ငိုလိုက်တယ်..။
လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။သူ အခြေအနေကို တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်ပါတယ်..။
"ယူလန် ဖုန်းကိုင်ထားဦး.."
လင်းဖန် ပြောလိုက်တာပါ..။
ဝူယူလန် ကြောင်အသွားခဲ့တယ်..။
"အစ်ကိုလင်း ဘာလုပ်မလို့လဲ.."
"သူ့ကို သွားကယ် မှ ရမှာပေါ့.."
လင်းဖန် ချက်ချင်းပဲ..ငါး မီတာ လောက်မြင့်တဲ့ လူသွားလမ်းကနေ..ခုန်ချလိုက်တယ်..။
"ချီးပဲ..တစ်ယောက်ယောက် ခုန်ချသွားပြီ.."
လူအုပ်ကြီးဟာ ကြောင်အသွားပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်ပါတယ်..။ဒီလူက သိသိသာသာ ပဲ..ကိုယ့်ကိုကို သေကြောင်းကြံနေတဲ့ လူတစ်ယောက်ပါ..။