ကျားဆိုတာက ယဥ်ကျေးတဲ့သတ္တဝါတွေပဲ...
Vol. 44 Ch. 648
#ဘာသာပြန် = စနိုးဝှိုက်
တိရစ္ဆာန်ရုံက အလုပ်သမားတွေဟာ ကြောင်အနေခဲ့ကြတယ်..။အစက တစ်ယောက်တဲ့ ရှိတာ ဖြစ်ျပမယ့် အခုတော့ နှစ်ယောက် ရှိနေခဲ့ပါပြီ..။
ကျားတွေဟာ...လူကြီးကို ခုန်အုပ်ဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်..။ရိုင်ဖယ် သေနတ်သံကြောင့်သာ မဟုတ်ရင်..လူကြီးက အခုချိန်ဆိုရင် သေနေလောက်ပါပြီ..။
"သွားပြီ.."
အလုပ်သမားတစ်ယောက်ဟာ..လက်နှစ်စလုံးကို ခေါင်းပေါ်တင်ပြီး ပြောလိုက်တာပါ..။တကယ်လို့ တိရစ္ဆာရုံမှာသာ လူသေမူ ဖြစ်ပွားရင်..တိရစ္ဆာန်ရုံ အပိတ်ခံရမှာ အသေအချာပါပဲ..။
"ကယ်ပါဦး.."
ကျို့ရွှန်းဂျန် ရဲ့ မျက်နှာမှာ မျက်ရည်တွေ နဲ့ ပြည့်နေခဲ့တယ်..။
"ငါ မှားမှန်း သိပါပြီ..။ငါ..လက်မှတ်လေး တစ်စောင်ဝယ်ဖို့ကို မနှမြောနေသင့်ဘူး..။ကယ်ကြပါဦး.."
သူ သာ အခြေအနေ ဒီလို ဖြစ်လာမှန်း သိရင် VIP လမ်းကို ရှာဖွေပြီးလာမှာ မဟုတ်ပါဘူး..။သိူ့ပေမယ့် အခုမှတော့ နောက်ကျသွားခဲ့ပါပြီ..။
လာပြီး လည်ပတ်သူတွေဟာလည်း..အံ့ဩပြီး မယုံကြည်နိုင် ဖြစ်နေခဲ့ပါတယ်..။
"ဒီငနဲက..သိသိသာသာပဲ..သေချင်နေတာပဲ.."
"ဘယ်လို ဖြစ်နိုင်မှာလဲ..။သူက လေးမီတာ ငါး မီတာ လောက်ရှိတဲ့ အမြင့်က ခုန်ချတာတောင် ဘာမှ မဖြစ်ဘူး..။သူ့ကြည့်ရတာ အေးအေးဆးဆေးပဲလေ.."
"မေ့ဆေး သေနတ်တွေက အခုထိ ရောက်မလာကြသေးဘူးလား..။တကယ်လို့ ကျား ငါးကောင်းလံူး သာ တိုက်ခိုက်လာရင် နောက်ဆက်တွဲက မယုံနိုင်စရာတွေ ဖြစ်သွားလိမ့်မယ်.."
လူစိမ်တစ်ယောက်က..သူတို့ရဲ့ အိမ်ထဲကို ဝင်လာတာ မြင်လိုက်တဲ့ အချိန်မှာ..ကျားတွေဟာ..သတိ ဝိရိယ ရှိသွားခဲ့ကြတယ်..။သူတို့ အော်ဟစ် လိုက်ပြီး လင်းဖန် ဆီကို ဖြည်းဖြည်းချင်း လျောက်လာကြပါတယ်..။သူတို့ကြည့်ရတာ အချိန်မရွေး တိုက်ခိုက် ကြတော့မယ့် အတိုင်းပါပဲ..။
ဝူယူလန် ဆွံ့အနေခဲ့တယ်..။သူမ ကြောက်လန့်မူကြောင့် တုန်လှုပ်နေခဲ့ပါတယ်..။အစ်ကိုလင်းက ဒုက္ခရောက်နေတဲ့လူကို သွားကယ်ဖို့ ခုန်ချသွားလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး..။
အစ်ကို လင်းက အံ့ဩဖို့ ကောင်းတာ သိပေမယ့်လည်း အခု သူတွေ့နေရတာက ကျားတွေပါ..။
လင်းဖန် အေးအေးဆေးဆေး နဲ့ တည်တည်ငြိမ်ငြိမ် လမ်းလျောက်သွားခဲ့တယ်..။ဘာမှမဟုတ် တဲ့ ကျား ငါးကောင် လောက်ကို သူ ကြောက်ရွံ့နေဖို့ မလိူအပ်ပါဘူး..။
သူက ဘယ်သူလဲ..
သူ အင်မော်တယ် အဆင့်တောင် ဖြစ်လာနိုင်တဲ့ မာစတာ လင်း ပါ..။
သို့ပေမယ့် အခြေအနေက အနည်းငယ် တော့ ခက်ခံနိုင်ပါတယ်..။ကျားတွေဟာ..ရင်းနှီးတဲ့ ပုံစံ လုံးဝ မရှိပဲ..တစ်ခြား လူတွေကို ကြည့်သလို ..လင်းဖန်ကိုလည်း သူတို့ရဲ့ အစာအဖြစ် ကြည့်နေခဲ့တယ်။
"ကျား ညီအစ်ကို တို့..ကျေးဇူးပြုပြီး တည်တည်ငြိမ်ငြိမ် နဲ့ ငါ့ကို မျက်နှာသာ ပေး ကြပါ..။မလှုပ်ကြပါနဲ့.."
လင်းဖန် ပြောလိုက်တာပါ..။
လည်ပတ်တဲ့ လူတွေဟာ ကြောင်အသွားခဲ့ကြတယ်..။
"ချီးပဲ..ဒီကောင်ရူးနေတာလား..။သူက တကယ်ကိုကျားတွေကို စကားပြောနေတာပဲ.."
"ကျား ဆိုတဲ့ သတ္တဝါက ကြမ်းတမ်းပြီး ခက်ထန် တယ်လေ..။ငါတော့ နောက်ဆက်တွဲတွေကို တကယ် မမြင်ချင်တော့ဘူး.."
ကျားတွေဟာ လင်းဖန် ကိုလျစ်လျူ ရူထား ခဲ့ကြတယ်..။သူတို့က သူတို့ရဲ့ ကြမ်းတမ်းတဲ့..အကျင့်စရိုက် အတိုင်းပဲ ရှိနေခဲ့ကြပါတယ်..။ပုံမှန်ဆိုရင် သားကောင်တွေက..သူတို့ကို မြင်တာနဲ့ ကြောက်ရွံ့တာကြောင့်..လင်းဖန် တည်ငြိမ်နေတာကို မြင်ပြီး သူတို့..အံ့ဩကြရပါတယ်..။
အစတုန်းက မလှုပ်မယှက် နဲ့ စောင့်ကြည့်နေတဲ့ ကျားသုံးကောင်ကပါ..အခုဆိုရင် လျောက်လာနေခဲ့ပါတယ်..။
လင်းဖန် လက်ဝေ့ယမ်း လိုက်တယ်..။
"ဟေး..ခင်ဗျား..ကျုပ်ဆီကို လာခဲ့..။ကျားတွေကို နောက်ကျော သွားမပေးနဲ့..။ကျုပ်ဆီကို နောက်ပြန် လျောက်လာခဲ့.."
ကျို့ရွှန်းဂျန် ဟာ ကြောက်လန့်လွန်းလို့ ဆွံ့အနေခဲ့တယိ..။အခု တစ်ယောက်ယောက်က သူ့ကို ကယ်တင်ဖို့ ရောက်လာတာကြောင့်..သူ ခြေထောကိတွေကို ဖြည်းဖြည်းချင်း ရွေ့ရင်း လင်းဖန် ဆီကို လျောက်လာခဲ့ပါတယ်..။
ကြည့်နေတဲ့ လူတွေကတော့..အသက်ရူသံတွေတောငိ ရပ်တန့်နေခဲ့ပါပြီ..။
"ဒီလူကြီးတွေ..တော့..ဘယ်တော့ သေမလဲ မသိဘူး.."
"တည်တည်ငြိမ်ငြိမ်ထားကြ..မေ့ဆေး သေနတ်တွေက ရောက်လာတော့မယ်.."
"အဲ့လူတွေ ရောက်ဖို့က ဆယ်မိနစ်လောက် ကြာဦးမှာဆို.."
ကျို့ရွှန်းဂျန် ဟာ လင်းဖန် ဆီကို ရောက်ခါ နီးနီးမှာပဲ ကျားတွေကို ကျောပေးပြီး လင်းဖန် ဆီကို လှည့်ကာ ပြေးလာခဲ့တယိ..။သူရဲ့ လက်ရှိတစ်ခုတည်းသော မျှော်လင့်ချက်က လင်းဖန် ဆီီကို ရောက်ဖို့ ပါပဲ..။
ကျား တစ်ကောင်ဟာ..သူ့ကို ခုန်အုပ်လိုကိပေမယ့်..ကျို့ရွှန်းဂျန်ဟာ ရှောင်လိုက်နိုင်တာကြောင့်..အင်္ကျီသာ စုတ်ပြဲသွားခဲ့ပါတယ်..။မဟုတ်ရင်..သူ့ လည်ပင်းက အပိုင်းပိူင်း အစစ ဖြစ်နေလောက်ပါပြီ..။
သို့ပေမယ့် ကျို့ရွှန်းဂျန် ရဲ့ နောက်ပြန် အနေအထားကြောင့် နောက်ထပ် ကျားတစ်ကောင်ဟာ သူ့ဆီကို ပြေးဝင်လာခဲ့တယ်..။
ကျားတွေ အတွက်ကတော့..သူတို့ရဲ့ သားကောင် သူတို့ကို နောက်ကျော ပေးထားတာက သူတို့အတွက် တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန်ပါပဲ..။
"အာ..ကျားတွေက လူကြီးကို တိုက်ခိုက်နေပြီ.."
"အိုး..မိုင်..တစ်ယောက်ယောက် တော့ သေတော့မယ်.."
"အမြန် သေနတ်သံပေး..သေနတ်သံပေး.."
ဒိုင်း
ဒိုင်း..
သေနတ်သံပေးလိုက်ပေမယ့်..ကျားတွေက ဒီအသံဟာ ခြိမ်းခြောက်ယုံပဲ ဆိုတာ သိတာကြောင့်..ဂရုမစိုက်ကြတော့ပါဘူး..။
ကြည့်နေတဲ့..လူတွေရဲ့ အသံကို ကြားတဲ့ အချိန်မှာ ကျို့ရွှန်းဂျန် ရဲ့ မျက်နှာဟာ ဖြူဖျော့သွားခဲ့တယ်..။တစ်ခုခု မှားနေပြီ ဖြစပြီး သူ မကြာခင် သေရတော့မှာပါ..။
သူ့ရဲ့ ပိုက်ဆံ ချွေတာတတ်တဲ့ စိတ်က ..သူ့ အသက်ကိုပါ..နှုတ်ယူသွားလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး..။ယင်းနောက် သူ ဆက်မပြေးတော့ပဲ မျက်လုံးကို မှိတ်ပြီး..ကျားတွေရဲ့ တိုက်ခိုက်မူကိုသာ စောင့်နေခဲ့တယ်..။
ယင်းနောက် လူအုပ်ကြီးဟာ..အကုန်တိတ်ဆိတ်သွားခဲ့ပြီး ဘာစကားမှ ပြောသံ မကြားရတော့ပါဘူး..။
"ဘာဖြစ်သွားတာလဲ.."
ကျို့ရွှန်းဂျန် ..ဟာ မျက်လုံးပိတ်ထားရင်းကနေ သံသယ ဖြစ်နေခဲ့တာပါ..။ငါ သေသွားတာ လား..။အကုန်လုံးက တိတ်ဆိတ်သွားပေမယ့် ဘာလို့ ဘာအသံမှ မကြားရတာလဲ..။
ယင်းနောက် လူအုပ်ကြီးကတော့..ပါးစပ် အဟောင်းသား တွေနဲ့သာ ဖြစ်ပျက်တာတွေကို ကြည့်နေခဲ့ကြပါတယ်..။
"ချီးပဲ.."
"ငါ ဘာကို မြင်ခဲ့တာလဲ..။ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.."
"ဒီငနဲက ဘယ်သူလဲ..။သူက အတော် အံ့ဩဖို့ကောင်းတာပဲ.."
"ဒါက ကျားတစ်ကောင်လေ..အဲတာကို ဘယ်လိူလုပ် လက်တစ်ဖက် ထဲနဲ့..."
"ကြည့်လိုက်ဦး..မြေကြီးပေါ်မှာ လှုပ်နေတဲ့ ကျားရဲ့ ခြေထောက်က အတော် နာကျင်နေတဲ့ ပုံပဲ.."
တိရစ္ဆာန် ရုံက အလုပ်သမားတွေတောင် မှ ဆွံ့အနေခဲ့ကြတယ်..။
လင်းဖန်ကတော့ ကျားရဲ့ လည်ပင်းကို လက်တစ်ဖက်နဲ့ ညစ် ထားပြီး နောက်တစ်ဖက် နဲ့ ကျားရဲ့ အပေါ်ပိုင်းကို တွန်းထားပါတယ်..။ကျားရဲ့ ခန္တာကိုယ်က ပိုကြီးတာကြောင့် သူ့ရဲ့ ခြောထောက်တွေကတော့ မြေကြီးပေါ်မှာ ရုန်းကန် နေတုန်းပါပဲ..။
"ညီအစ်ကို ကျား..မင်းဘာလုပ်ချင်နေတာလဲ..။မင်းငါတို့ကို ချောင်းမြောင်း တိုက်ခိုက်ချင်နေတာလား..။မင်း ကိုယ့်နေရာကိုယ် သိတာကောင်းလိမ့်မယ်နော်..။မဟုတ်ရင် မင်းကို ခေါင်းပြုတ်သွားတဲ့ အထိ ရိုက်နှက်ရလိမ့်မယ်.."
ချီးပဲ..
လင်းဖန် ရဲ့ ပုံစံက ကျားကို လက်ဖက်တည်းနဲ့ မပြီး တား ဆီးထားခဲ့တဲ့ ပံူစံ ဖြစ်နေခဲ့တယ်..။သို့ပေမယ့် အမှန်တကယ်က လင်းဖန် လက်နှစ်ဖက်လုံး သုံးပြီး ကျားရဲ့ ခေါင်းကို ပါ တားဆီးထားရတာပါ..။
ဘယ်လိုဖြစ်နိုင်မှာလဲ...။ပုံမှန်ဆိုရင်တော့ ဒါက လက်တွေ့ မကျပါဘူး.။
ကျားဟာ အော်ဟစ်လိုက်တယ်..။
"ဒီသားကောင် ကို တိုက်ခိုက်ကြ.."
တစ်ခြား လူတွေ ဆိုရင် တော့ ကျားအော်သံကို ကြားပြီး ကြောက်ရွံ့ကြမှာပါ..။သို့ပေမယ့်..လင်းဖန် ကတော့ ဒီကား ဘာစကား ပြောလိုက်တာလဲ ဆိုတာကို နားလည်ပါတယ်..။သူ ချက်ချင်း ပြန်ပြောလိုက်တယ်..။
"မင်းက အကူအညီတွေ နဲ့ ငါ့ကို တိုက်ခိုက်ချင်တာလား..။ငါ့ကို တိုက်ခိုက်ရင် ဘယ်လိုဖြစ်မလဲ ဆိုတာကို မင်းတို့ကို ပြမယ်. "
တစိခြား ကျား လေးကောင်ဟာ သူတို့ ဘော်ဒါ ရဲ့ တောင်းဆိုသံကို ကျားပြီး အမြန် ခုန်အုပ်ဖို့ ကြိုးစား လာခဲ့ကြတယိ..။သူတို့ ဒီတိုင်း ရပ်ကြည့် မနေနိုင်တော့ပါဘူး..။ဒါကြောင့် လင်းဖန်ကို မြန်နိုင်သမျှ မြန်မြန် တိုက်ခိုက်ဖို့ လုပ်လိုက်ကြပါတယ်..။
"ချီးပဲ..ကျားတွေ အကုန်လုံး တိုက်ခိုက်ကြတော့မယ်.."
"သူတော့ သွားပြီ. "
သိူ့ပေမယ့် ဒီစကားတွေက ကြာရှည်မခံလိုက်ပါဘူး..။လူတိုင်းဟာ ..ပါးစပ်အဟောင်းသားနဲ့ တိတ်ဆိတ်သွားကြပြီး မြေကြီးပေါ် လဲကျမလိုတောင် ဖြစ်သွားကြတယ်..။
"ဟင်..စူ..စူပါမန်း လား..."
"ဘာတွေ ဖြစ်နေတာလဲ တစ်ယောက်ယောက် ပြောကြပါဦး.."
လင်းဖန် ရဲ့ ခွန်အားနဲ့ ဆိုရင် သူ ဒီကျားတွေကို အချက်အနည်းငယ် ပြင်းပြင်းထန်ထန် ရိုက်လိုက်ယုံနဲ့ သေအောင် လုပ်လို့ရပါတယ်..။သို့ပေမယ့် ဒါဆိုရင် သူ ရက်စက်ရာ ကျသွားမှာပါ..။ထပ်ပြောရရင် ကြမ်းတမ်းတယ် ဆိုတာက ကျားတွေရဲ့ သဘာဝ ပါပဲ..။လူကြီးရဲ့ အမှားအတွက် ဘယ်လိုလုပ် ကျားတွေကို အပြစ်တင်နိုင်မှာလဲ..။
ဒါကြောင့် သူကျားတွေ ကို ညှာတာဖို့ ဆုံးဖြတ်လိုက်တာပါ..။
သူ့ဆီကို ဝင်လာတဲ့ ကျားတွေကို လင်းဖန် အလျင်အမြန် ရှောင်တိမ်း ပြီး မူးဝေသွားတဲ့ အထိ ရိုက်နှက်လိုက်တယ်..။
ယင်းနောက် သူ ကျားတစ်ကောင် ပေါ်ကို ခုန်တက်လိုက်ပြီး..
"မင်းတို့ သတိထားနေတာ ကောင်းလိမ့်မယ်..။မဟုတ်ရင် ငါ မင်းတို့ကို ကင်စား ပစ်မှာနော်.."
ကျားတွေက ပုံမှန်အားဖြင့် လူသားတွေ ပြောတာကို နားမလည် ပါဘူး..။သို့ပေမယ့် ဒီ သားကောင် ပြောတဲ့ စကားကိုတော့ သူတို့ ထူးထူးခြားခြား နားလည်နေခဲ့ပါတယ်..။ကျားတွေဟာ..ဒီသားကောင်က သူတို့ကို ပြန် စားမယ် လို့ ပြောတာကို ကြားတဲ့ အချိန်မှာ ကြောက်ရွံ့သွားခဲ့တယ်..။
ဂါး...
လင်းဖန် တက်စီးနေတဲ့ ကျားဟာ လက်လျော့သွားခဲ့တယိ..။သူ့ပုံစံက ကြောက်လန့်နေပြီး..မသေချင်သေးတဲ့ ပုံပါပဲ..။
လင်းဖန် သူ စီးနေတဲ့ ကျားက သိမ်မွေ့သွားတာ ကြည့်ပြီး ခေါင်းကို အသာအယာ ပုတ်လိုက်တယ်..။
"မဆိုးဘူး ဒီလိုမှပေါ့.. ။ဒီမှာပဲ ငြိမ်ငြိမ်နေ.."
တစ်ခြား ကျားတွေဟာလည်း..ကြောက်လန့်ဖို့ ကောင်းတဲ့ သားကောင် ကြောင့် ပိုမို သတိထားသွားခဲ့ကြပါတယ်..။
လင်းဖန် ချက်ချင်း အောက်ကို ပြန်ဆင်းလိုက်ပြီး နောက် ထပ်ကျားနှစ်ကောင်ဆီကို လျောက်သွားလိုက်တယ်..။ယင်းနောက် လင်းဖန် ကျားတစ်ကောင်းကို လည်ပင်းက ဆွဲပြီး မလိုက်ပါတယ်..။ကျားရဲ့ ရှေ့ခြေထောက်တွေကတော့ လေထဲမှာ ရုန်းကန် နေခဲ့တယ်..။သူတို့ရဲ့ ကြမ်းတမ်းတဲ့ မျက်လုံးတွေမှာတော့ အခုဆိုရင် အကြောက်တရားတွေပဲ ရှိနေခဲ့ပါပြီ..။
"ဂါးးး...."
"ဒီ သားကောင်က ဘာလို့ သန်မာနေရ တာလဲ.."
"ငါတို့ ကျား တွေက ဘယ်တော့မှ ကျွန်ပြု မခံနိုင်ဘူး.."
ကျားတစ်ကောင်ဟာ အော်လိုကိတယ်..။သိူ့ပေမယ့် သူ လင်းဖန် ရဲ့ မျက်လုံးကို မြင်လိုက်တဲ့ အချိန်မှာ ခေါင်းငုံသွားခဲ့ပြီး တီးတိုး ပြောလိုက်ပါတယ်..။
"ငါတို့ ကျား တွေဆိုတာ နူးညံ့့တဲ့ သတ္တဝါ လေးတွေပါ.."
…
A Valiant Life 649