ဒါက နည်းလမ်း မကျဘူး..
Vol. 44 Ch. 649
#ဘာသာပြန် = စနိုးဝှိုက်
"ငါ အိပ်မက်မက် နေတာတော့ မဟုတ်ပါဘူးနော်..။ဟုတ်တယ်မလား.။ဒါက ကျားတွေလေ..."
"ချီးပဲ..အမြန် ဓာတ်ပုံ ရိုက်ထားရမယ်.."
"ဒီ ကျား ငါးကောင်က ဘာဖြစ်နေတာလဲ..။လှုပ်တောင် မလှုပ်ကြတော့ဘူး..။ကျားတော့ ကျားပဲ..ဒါပေမဲ့ ဖွတ်ကျား ဆိုတာ ဒါမျိုးကို ပြောတာ ထင်တယ်.."
"ဒါက ငါတို့..တိရစ္ဆာန်ရုံ ရဲ့ ကျား ဘုရင် မဟုတ်ဘူးလား..။အခုကြမှ ဘယ်လိုဖြစ်ပြီးတည်ငြိမ် နေတာလဲ.."
လာရောက်လည်ပတ် တဲ့ လူတွေဟာ အံ့ဩလွန်းလို့ တစ်ယောက် တစ်ပေါက် ရေရွတ်နေခဲ့ကြပါတယ်..။ဒါက လုံးဝကို မမျှော်လင့်ထားတဲ့ အခြေအနေပါပဲ..။
တိရစ္ဆာန် ရုံက ဝန်ထမ်းတွေလည်း ဆွံ့အ နေခဲ့ကြတယ်..။သူတို့ ဒီမှာ အလုပ်လုပ် လာတာ ကြာပြီ ဖြစ်ပေမယ့်လည်း ဒီိလိူ အဖြစ်အပျက် မျိုးတော့ မမြင်ဖူးကြပါဘူး..။
ဒီ ကျား တွေဟာ..တောထဲမှာ မွေးလာကြတာ မဟုတ်ပေမယ့်..ကြမ်းတမ်း လွန်းတာကြောင့်..သူတို့ ဘယ်တော့မှ..အနားကို မကပ်ရဲခဲ့ ကြပါဘူး..။
ကျို့ရွှန်းဂျင် ကျားတွေ ရှုံးနိမ့်သွာတာကို မြင်ပြီး မြေကြီးပေါ် ပုံကျသွားခဲ့တယ်..။သူ့ သေခြင်းကနေ ကံကောင်းပြီး လွှတ်မြောက်လာတယ် လို့ ခံစားလိုက်ရပါတယ်..။သူ ဘယ်တော့မှ မလိုအပ်ပဲ ပိုက်ဆံ ချွေတာတာ မျိုးတွေ လုပ်တော့မှာ မဟုတ်ပါဘူး..။
သူ ဒီပိုက်ဆံ နည်းနည်းလေး အတွက်နဲ့ အသက်တောင် ပေးဆပ်လိုက်ရတော့မလို့ပါ..၏
*ဖြောင်း ဖြောင်း*
ယင်းနောက် လက်ခုပ်တီးသံတွေ ထွက်ပေါ်လာခဲ့ပါတယ်..။အပေါ်ကနေကြည့်နေကြတဲ့ လူတွေဟာ လင်းဖန်ကို အံ့ဩစွာ ကြည့်နေခဲ့ကြတယ်..။ဒါက သိသိသာသာပဲ..သဘာဝကို ဆန့်ကျင်လောက်အောင် ဆန်းကျယ်လှတာပါ..။
ဝူယူလန် စိတ်သက်သာရာ ရသွားခဲ့တယ်..။တစ်ချိန်တည်းမှာပဲ..သူမ လင်းဖန်ကို အံ့ဩစွာ ကြည့်လိုက်ပါတယ်..။ဒါက သူမ အိပ်မက်ထဲက..အစ်ကိုလင်း ပါပဲ..။သူက အရာရာတိုင်းမှာ ထူးချွန်တဲ့ လူတစ်ယောက်ပါ..။
"ယူလန် မင်း ဒီကို ဆင်းလာချင်လား..။အစ်ကို မင်းကို ကျား ဘယ်လို စီးရလဲဆိုတာကို ပြမယ်.."
အစကတော့ လင်းဖန် အပေါ်ကို ပြန်တက်လာမလိုပါပဲ..။သို့ပေမယ့် ယူလန်ကို မြင်လိုက်တဲ့ အချိန်မှာ..သူမကိုပါ ကျား စီးတဲ့ အတွေ့အကြုံ ကို ရစေချင်ခဲ့ပါတယ်..။
"အာ.."
ဝူယူလန် ကြောင်အသွားခဲ့တယ်..။
"အစ်ကိုလင်း ညီမ ကြောက်တယ်.."
လင်းဖန် ပြုံးလိုက်ပြီး.
"မကြောက်ပါနဲ့..ငါ လည်း ရှိနေတာပဲ..။ဘာများ ဖြစ်နိုင်မှာ မို့လို့လဲ..။လာ ခုန်ချလိုက်..အစ်ကို ဖမ်းထားလိုက်မယ်.."
ဝူယူလန် အောက်ကို ငုံ့ကြည့်လိုက်တဲ့ အချိန်မှာ ပလက်ဖောင်းက အတော်ကို မြင့်တာ တွေ့လိုက်ရပါတယ်..။
သို့ပေမယ့် သူမ အစ်ကိုလင်းကို ယုံကြည်ပါတယ်..။သူမ ပြောလိုက်တယ်..။
"အစ်ကိုလင်း..သေချာ ဖမ်းထားနော်.."
ယင်းနောက် သူမ ခုန်ချလိုက်တယ်..။
လင်းဖန် လက်ကို ဆန့်တန်းပြီး ဝူယူလန်ကို ဖမ်းလိုက်တယ်...။ယင်းနောက် သူ ပြုံးလိုက်ပြီး..
"ဘယ်လိုလဲ..ဒါက စိတ်လှုပ်ရှားဖို့ ကောင်းတယ်မလား..."
လည်ပတ်တဲ့ လူတွေကတော့ သူတို့ လုပ်နေတာတွေကို ကြည့်နေခဲ့တယ်..။
"ချီးပဲ..သူမ တကယ် ခုန်ချသွားတာလား.."
"အဲတာက ကျား တွေနော်..။ဒီ ကျား တွေသာ..ရုတ်တရက် ကြမ်းတမ်းလာပြီ ကိုက်လိုက်ရင် ဘယ်လိူ သေသွား မလဲ မသိပဲ ဖြစ်သွားလိမ့်မယ်.."
ဝန်းထမ်းတွေကတော့ ဆွံ့အနေခဲ့တယ်..။သူတို့ ဘာပြောနိုင်ဦးမှာလဲ..။နောက်တစ်ယောက်က ထပ်ခုန်ချသွားပေမယ့် သူတို့ ဘာမှ မပြောနိုင်ခဲ့ပါဘူး..။တကယ်လို့ တစ်ခုခု ဖြစ်သွားခဲ့ရင် နောက်ဆက်တွဲက..မယုံနိုင်စရာတွေ ဖြစ်လာတော့မှာပါ..။
ကျို့ရွှန်ဂျန်ကတော့ လုံခြုံသွားခဲ့ပါပြီ..။သိူ့ပေမယ့် သူ နံရံကို ဖက်တက်ပြီး..ကျား တွေးကို လှည့်ကြည့်နေခဲ့တယ်။ကျား တွေ သူ့ဆီကို ရုတ်တရက် ရောက်လာမှာကြောင့် သူ..လှုပ်တောင် မလှုပ်ရဲခဲ့ပါဘူး..။
လင်းဖန် ဝူယူလန် ရဲ့ နှုးညံံ့ပြီး သွယ်လျတဲ့ လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး..
"ကျား တွေကို စီးလိုက်ရအောင်..။အရင်တုန်းက မစီး ဖူးဘူး မလား.."
ဝူယူလန် ကျား ငါးကောင်ကို ကြောက်လန့် တကြား ကြည့်လိုက်consequencesတယ်..။
"အစ်ကို လင်း..ညီမတို့ ကျားတွေကို..တကယ် စီးကြမှာလား..။တစ်ခုခု တော့ မဖြစ်လောက်ပါဘူးနော်.."
လင်းဖန် ရယ်မောလိုက်တယ်..။
"စိတ်မပူပါနဲ့ အစ်ကို တစ်ယောက်လုံး ရှိနေတာ ဘာများ ဖြစ်နိုင်ဦးမှာလဲ..။တို့တွေ.. တိရစ္ဆာန် ရုံကို ရောက်လာပြီ ဆိုတော့..ကျား တွေကို စီးကြည့်ရတာ က သိပ်တော့ မဆိုးပါဘူး..။အဲလို မထင်ဘူးလား.."
ဝူယူလန် လင်းဖန် ရဲ့ စကား ကြောင့် ဘာပြောရမှန်း မသိဖြစ်သွားခဲ့တယ်..။သူမ ဘယ်လို ပြန်ဖြေရမလဲ တောင် မသိတော့ပါဘူး..။တိရစ္ဆာန် ရုံရောက်ရင် ကျား စီးရမယ် လို့..သူမ တစ်ခါမှ မကြားဖူးပေ..။
"ဘာလဲ..ငါ့ကို မယုံလို့လား.."
လင်းဖန် ပြုံးပြီး မေးလိုက်တာပါ..။
ဝူယူလန် အလျင်အမြန် ခေါင်းခါယမ်းလိုက်တယ်..။
"မ မဟုတ်ပါဘူး..။ညီမ အစ်ကို့ကို ယုံပါတယ်.."
"ဒါကောင်းတယ်"
လင်းဖန် ရယ်မောလိုက်ပြီး ကျားတစ်ကောင်ကို လက်ညိုးထိုးလိုက်တယ်..။
"မင်း....ဒီနားကို ခနလာခဲ့ဦး.."
ကျားတွေ ထဲက တစ်ကောင်ဟာ လင်းဖန် ခေါ်တာ ခံလိုက်ရတာ ကြောင့် ကြောက်ရွံ့သွားခဲ့တယ်..။ယင်းနောက် သူ့ကို ခေါ်တာ သေချာရဲ့လား လို့ ဘေးနားက အပေါင်းအသင်းတွေကို တစ်ချက် ကြည့်လိုက်ပါတယ်..။
"ဟုတ်တယ် မင်းပဲ..။ဘေးကို လျောက်ကြည့်နေတာ ရပ်ပြီး ခန လာခဲ့ဦး ."
လင်းဖန် ပြောလိုက်တာပါ..။
ကျား ဟာ ..သူတို့နားကို ဖြည်းဖြည်း ချင်းလျောက်လာတာ မြင်ပြီး ဝူယူလန် ကြောင်အသွားခဲ့ပါတယ်..။သူမ လင်းဖန် ရဲ့ ဘေးနားကို ကပ်ပြီး ပုန်းနေခဲ့တယ်..။သူမလို မိန်းကလေးတစ်ယောက်က ဒီလို အရာတွေကို ကြောက်တယ် ဆိုတာ ပုံမှန်ပါပဲ..။
"မကြောက်နဲ့..အစ်ကို ဒီ ကျား တွေကို ပြောပြီး သွားပြီ..။သူတို့က အခုချိန် သေချာ နားထောင်ကြလိမ့်မယ်.."
လင်းဖန် ဝူယူလန် ကို မကြောက်အောင် နှစ်သိမ့်လိုက်ပါတယ်..။
ဝူယူလန် ခေါင်းညိမ့်လိုက်တယ်..။ကျားက သူမတို့နားကို ရောက်လာတဲ့ အချိန်မှာ သူမ ရှေ့ကို ဖြည်းညှင်းစွာ ထွက်လာခဲ့ပါတယ်..။
"လာ..ထိုင်လိုက်..။ကျား က ဒီနား ပတ်လည်ကို လျောက်ခေါ်သွားလိမ့်မယ်.."
လင်းဖန် ပြောလိုက်တယ်..။
"ဒါက..တကယ်လို့ ငါ့မျက်လုံး နဲ့ မြင်ရတာ မဟုတ်ရင် ယုံနိုင်မှာတောင် မဟုတ်ဘူး.."
"ဒါက တကယ်ကို အံ့ဩစရာပဲ.."
…
ဝူယူလန် ဟာ အစကတော့ ပထမ ဆံူး ကျားတစ်ကောင် ပေါ်မှာ စီးရမှာ မို့လို့ ကြောက်နေခဲ့ပါသေးတယ်..။သိူ့ပေမယ့် လင်းဖန်ကပါ သူမ နောက်က တက်လိုက်လာတဲ့ အချိန်မှာ သူမ ထပ်ပြီး မကြောက်ရွံ့တော့ပေ..။
"ကျောကုန်းကို ကိုင်ထား.."
လင်းဖန် ပြောလိုက်တာပါ..။
ဝူယူလန် ခေါင်းညိမ့်လိုက်တယ်..။သူမ ရဲ့ ကြောက်ရွံ့မူ တွေကတော့ စိတ်လှုပ်ရှားမူတွေ အဖြစ်ပြောင်းလဲသွားခဲ့ပါပြီ..။
"အစ်ကိုလင်း. ကျားတွေက လူတွေကို မကိုက် ဘူးလား.."
လင်းဖန် ရယ်မောလိုက်တယ်..။
"သူတို့က မကိုက်ကြတာ မဟုတ်ဘူး..။သူတို့က အခု မကိုက်ရဲကြတာ..."
"ဘာလို့လဲ.."
"ဘာလို့ လဲလို့ မေးနေသေးတယ်..။ဒါက အစ်ကိုလင်း ဖြစ်နေလို့လေ..။သူတိူ့မှာ ဒီထက် အကောင်ရေ ပိုများရင်တောင် ကို်က်ရဲကြမှာ မဟုတ်ဘူး.."
ယင်းနောက် လင်းဖန် ဝူယူလန် ရဲ့ ခါးကို ဖက်ပြီး ပြောလိုက်တယ်..။
"ကျားလေးရေ.. ဒီနေရာကို တစ်ပတ်လောက် သွားလိုက်ရအောင်.."
ကျားဟာ.လင်းဖန် ရဲ့ အသံကို ကြားပြီး စတင် ရွေ့လျား သွားခဲ့တယ်..။
ဝူယူလန်ကတော့ မျက်နှာနီ ရဲနေခဲ့ပြီး တစ်ချိန်တည်းမှာပဲ စိတ်လှုပ်ရှားနေခဲ့ပါတယ်..။
ဒါက တကယ်ကို မမေ့နိုင်စရာ အခိုက်အတန့်ဖြစ်ပြီး အစ်ကိုလင်း နဲ့ ကျားတစ်ကောင် အတူစီးရတဲ့ အခိုက်အတန့်ကို မေ့နိုင်တော့မှာ မဟုတ်ပါဘူး..။
ကြည့်နေကြတဲ့ လူတွေကတော့ အံ့ဩသင့်နေကြပါတယ်..။ဒီနှစ်ယောက် ကျား ကို စီးနေကြတာကို သူတို့ ယုံတောင် မယုံနိုင်ခဲ့ပါဘူး..။ကျား ပုံစံကလည်း ပြောသမျှ နာခံ နေပြီး..ပြသနာ ရှာမယ့်ပုံစံ မရှိပေ..။
ယင်းနောက် တိရစ္ဆာန်ရုံက အလုပ်ငမား တစ်ချို့ဟာ မေ့ဆေးသေနတ်တွေ နဲ့ အမြန် ရောက်လာခဲ့ကြတယ်..။
"ဘေးကို..ဘေးကို.."
သိူ့ပေမယ့်..သူတို့ လူအုပ်ကြီးကို ဖြတ်ကျော်ပြီးတဲ့ အချိန်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့ဩသင့်သွားခဲ့ကြတယ်..။
"ဘာတွေ ဖြစ်နေတာလဲ.."
ကျား က တစ်ယောက်ယောက်ကို ကိုက်လိုက်တယ် လို့ ပြောနေကြတာလေ..။ အကိုက်ခံရတဲ့ လူက ဘယ်ကို ရောက်သွားတာလဲ...။
ဟို..ဟိုလူ နှစ်ယောက်က ကျားကို စီး နေကြတာလား..။ဒါက တော့..မဟုတ်သေးဘူးနော်..။