← Chapters

မီးသတ်သမားကြီးက ဒီမှာ..

Vol. 44 Ch. 650

မီးသတ်သမားကြီးက ဒီမှာ..

Vol. 44 Ch. 650

#ဘာသာပြန် = စနိုးဝှိုက်

ညအချိန်..။

တိရစ္ဆာန် ရုံမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်က အံ့ဩဖို့ ကောင်းပေမယ့်လည်း တိရစ္ဆာန် ရုံကို အများကြီး မသက်ရောက်ခဲ့ပါဘူး..။

ညစာစားပြီး နောက်မှာ လင်းဖန် ဝူယူလန်ကို အိမ်ပြန်ပို့ခဲ့တယ်..။သူ ဝူယူလန် ဘက်ကို လှည့်လိုက်ပြီး..

"ကောင်းပြီ..အိမ်ကို ပြန်ရောက်ပြီ..။ဒီနေ့ ပျော်ခဲ့ရဲ့လား.."

ဝူယူလန်ကတော့..ပျော်စရာ အခိုက်အတန့်တွေကို ကြုံခဲ့ရပါတယ်..။သူမ ခေါင်းညိမ့်လိုက်ပြီး..

"အင်း..ညီမ ​ပျော်ပါတယ်..။ဒီနေ့က ဘဝတစ်လျောက်လုံး ပျော်စရာအကောင်းဆုံး နေ့တွေထဲက တစ်နေ့ ပဲ.."

လင်းဖန် ပြုံးပြီး သူမ ရဲ့ ခေါင်းကို ပုတ်လိုက်တယ်..။

"ဒါက ဘာမှ မဟုတ်သေးဘူး..။နောက်တစ်ခါ အခွင့်အရေးရရင် ခြင်္သေ့ လို အကောင်ကြီး တွေကို စီးခိုင်းမယ်.."

"တကယ်လား.."

ဝူယူလန် ရဲ့ မျက်လုံးတွေဟာ..ရီဝေသွားခဲ့တယ်..။ရုတ်တရက် သူမ အစ်ကိုလင်း နဲ့ အတူတူ တိရစ္ဆာန်တွေ စီးရတာကို သလောကျသွားသလို ခံစားလိုက်ရပါတယ်..။အစ်ကို လင်းနဲ့ သာ နောက်တစ်ကြိမ် ထပ်စီးရမယ် ဆိုရင် သူမအတွက်ကတော့ လပေါ်ကို တက်ရသလိုပါပဲ..။

လင်းဖန် ကတိ ပေးလိုက်တယ်..။

"ဒါပေါ့..အစ်ကိုလင်းက ညာနေတဲ့ ပုံပေါက်နေလို့လား.."

ဝူယူလန် ပြုံးလိုက်ပြီး ဆန်းကျယ်စွာ ပြောလိုက်တယ်..။

"အစ်ကိုလင်း.မျက်လုံးမှိတ်ထား..။အစ်ကိုလင်းကို အရေးကြီးတဲ့ ဆု ချီးမြင့်မလို့.."

လင်းဖန် ဝူယူလန် ကို ကြည့်လိုက်တယ်..။

"ငါ မင်းရဲ့ လှည့်စားမူကို သိတယ်..။သေချာ ပြောထားမယ် နော်..ငါ့ ပါးကို လာနမ်းလို့တော့ မရဘူး.."

ဝူယူလန် ရှက်သွားခဲ့တယ်..။

"မနမ်းပါဘူး.."

လင်းဖန် ပြုံးလိုက်တယ်..။

"ကောင်းပြီလေ..အခုပဲ မျက်လုံး မှတ်လိုကိမယ်..။ဘာလုပ်မလဲ ကြည့်ရသေးတာပေါ့.."

ဝူယူလန် အစ်ကိုလင်း မျက်လုံး မှတ်သွားတာကို သေချာအောင် ကြည့်ခိုက်တယ်..။သူ နှုတ်ခမ်းကို သိမ်မွေ့စွာ ကိုက်လိုက်ပြီး လင်းဖန် နားကို တိုးသွားခဲ့ပါတယိ..။

* မှမှ *

ယင်းနောက် လင်းဖန် သူ့နှုတ်ခမ်းကို ဝူယူလန်ရဲ့ နှုတ်ခမ်းတွေ လာထိတာကို ခံစားလိုက်ရတယ်..။သူ အမြန် မျက်လုံးဖွင့်လိုက် တဲ့ အချိန်မှာ ဝူယူလန်က ကားတံခါးကို ဖွင့့်ပြီး အောက်ကို ဆင်းနေခဲ့ပါပြီ..။

"ဟေး..မျက်နှာကို မနမ်းရဘူး လို့ ပြောထားတယ်လေ.."

လင်းဖန် အံ့ဩသွားခဲ့တယ်..။

ဝူယူလန် ရှက်ရွံ့သွားခဲ့ပြီ..

"မျက်နှာကို မနမ်းပါဘူး..နှုတ်ခမ်းကိုပဲ နမ်းတာလေ..။ဒါက ညီမရဲ့ ပထမဆုံး အနမ်းပဲ..။ဒါကြောင့် အရေးကြီးတယ်လို့ပြောတာ.."

ယင်းနောက် သူမ ရှက်ရွံ့သွားပြီး အပေါ်ကို ပြေးတက်သွားခဲ့ပါတယ်..။

"အစ်ကိုလင်..သေချာပြန်ဦး..။ညီမ ဒီနေ့ အတော် ပျော်ခဲ့ရတယ်.."

…

လင်းဖန် ပြုံးပြီး ခေါင်းခါယမ်းလိုက်တယ်..။သူ ကားမောင်းပြီး ထွက်သွားခဲ့ပါတယ်..။ဝူယူလန် ရဲ့ ပလေး တာကို ခံရလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး..။သို့ပေမယ့် ဒီခံစားချက်က အတော်ကို ကောင်းပါတယ်..။

သူ့ နှလုံးသားက ကြည်နူးနေခဲ့တယ်..။

ကလင် ကလင်..

ယင်းနောက် ဖုန်းဝင်လာခဲ့တယ်..။

"ဟင်..ထူးဆန်းပါလား..။ဘာလို့ ရူဇီလီက ငါ့ကို ဖုန်းခေါ်နေတာလဲ.."

လင်းဖန် ဖုန်းခေါ်တဲ့ လူကို မြင်ပြီး သိချင်သွားခဲ့တယ်..။ဒါက ဝမ်မင်ယန် ရဲ့ မိန်းကလေးပါ..။ဘာလို့ သူမက ဖုန်းခေါ်နေတာလဲ..။

တကယ်လို့ ဝမ်မင်ယန် သာ သိသွားရင်.. ဇယားတွေ ရှုပ်သွားနိင်တယ် မဟုတ်ဘူးလား...

သို့ပေမယ့် လင်းဖန် ဒီ အတွေးကို အမြန်ပြန်ဖျောက်လိုက်တယ်...။ငါ ဘာတွေ တွေးနေတာလဲ..။သူတို့က အစ်ကို နဲ့ ညီမ ဆက်ဆံ ရေးပဲ ရှိပြတာပါ.။ညီမ တစ်ယောက်က သူ့ကို ဆက်တယ် ဆိုတာ ပုံမှန်ပဲ မဟုတ်ဘူးလား..။ဒါက ဘာပြသနာမှ ရှိမှာ မဟုတ်ပါဘူး..။

သူ ဖုန်းကိုင်လိုက်တယ်..။

လင်းဖန် ပြောလိုက်တယ်..။

"ဇီလီ ဘာဖြစ်လို့လဲ.."

ရူဇီလီ ပြောလိုက်တယ်..။

"အစ်ကိုကြီး ညီမကို လာခေါ်ပေးနိုင်မလား..."

ဒါကို ကြားတဲ့ နောက်မှာ လင်းဖန် ကြောင်အသွားခဲ့တယ်..။ဒါက ရှန်ဟိုင်းပါ..။သူမက ဘာလို့ လာကြိုခိုင်းတာလဲ..။လင်းဖန် သူ့ညီအစ်ကို ရဲ့ မိန်းကလေး နဲ့ အရမ်း ရင်းနှီးပြီး မနေချင်ပေ..။သူက ရှန်ဟိုင်းက အမှန်တရား ဖန် ဖြစ်ပြီး ဝမ်မင်ယန်က သူ့ရဲ့ ညီအစ်ကိုပါ..။သူ ဒါမျိုး အဖြစ်ခံမှာ မဟုတ်ပါဘူး..။

ရူဇီလီ ဟာ သူမရဲ့ မေးခွန်း အနည်းငယ် ထူးဆန်းနေတာကို သတိပြုမိလိုက်တယ်..။ဒါကြောင့် သူမ အလျင်အမြန်ပဲ ထပ်ပြောလိုက်ပါတယ်..။

"အစ်ကို ကြီး..ညီမက အလုပ်အတွက် ပါတီပွဲတစ်ခု ကျင်းပ နေတာ..။အဓိက ရင်းနှီးမြုပ်နှံသူက ဒီရောက်နေပြီး အခြေအနေက နည်းနည်း ရှုပ်ထွေးနေတယ်လေ..။ညီမ ဝမ်မင်ယန်ကို ဖုန်းခေါ်ပေမယ့် သူ စက်ပိတ်ထားတယ်..။ညီမ..."

လင်းဖန် သူမ ဆိုလိုချင်တာကို နားလည် သွားပြီး စကား မဆုံးခင်မှာပဲ မေးလိုက်တယ်..။

"အဲတာ ဘယ်နေရာလဲ..။ဒါက ရှန်ဟိုင်းပဲ..။ဘယ်လို သောက်ရူး မျိုးက ငါ့ရဲ့ ညီမ ကို ခက်ခဲအောင် လုပ်ရဲတာလဲ..။သူက အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်.."

ရူဇီလီဟာ .လင်းဖန် သူမကို ညီမလို့ ခေါ်တာကို ကြားပြီး နွေးထွေးသွားခဲ့တယ်..။ဒါက သူမနဲ့ ဝမ်မင်ယန် ရဲ့ ဆက်ဆံရေးကြောင့် လင်းဖန် ဒိီလိုခေါ်တာကို သူမ သိထားပါတယ်..။

"ဒေါက်ယွဲ့ ဖျော်ဖြေရေး ဟော်တယ်.."

ဒါက လီရူ ဖွင့်ထားတဲ့ ဟော်တယ် မဟုတ်ဘူးလား..။

"ကောင်းပြီ နောက်ဆယ် မိနစ်နေရင် ရောက်လာခဲ့မယ်.."

တစ်ခါတစ်လေမှာ လင်းဖန် သူ့ကိုသူ..မီးသတ်သမား တစ်ယောက်လိုတောင် ခံစားလိုက်ရပါတယ်..။သူက နေရာတိုင်းကို သွားပြီး မီးတွေကို ငြိမ်းသတ်ပေး နေရတာပါ..။

…

ဒေါင်ယွဲ့ ဖျော်ဖြေရေး ဟော်တယ်..။

ပိန်ပါးတဲ့ သက်လတ်ပိုင်း အရွယ်လူကြီး တစ်ယောက်ဟာ ရူဇီလီ ရဲ့ ဘေးနားမှာ ထိုင်နေခဲ့တယ်..။

"ငါ့ညီမ..မင်းကို အကြီးအကဲ ချန်းက အတူသောက်ချင်လို့ ပြောနေတယ်..။ဒီပရောဂျက် တစ်ခုလုံးကို အကြီးအကဲ ချန်းက စပွန်ဆာ ပေးထားတာလေ..။မင်းသူ့ကို မျက်နှာသာ ပေးသင့်တယ်.."

ရူဇီလီ ထိုင်နေပြီး အဝေးကို ကြည့်နေခဲ့တယ်..။

"ကျွန်မ အဲ့ကို သွားမှာ မဟုတ်ဘူး..။သွားချင်ရင် ရှင့်ဟာရှင် သွား..။အကြီးအကဲ ချန်းက ကျိန်းသေ လူကောင်းတစ်ယောက် မဟုတ်ဘူး..။ဒီလူက သူနဲ့သောက်တဲ့ မိန်းကလေး မှန်သမျှကို အသားယူတတ်တယ်.."

သက်လတ်ပိုင်း အရွယ်လူကြီးဟာ အကူညီမဲ့သွားခဲ့တယ်..။ရူဇီလီက ဝမ်မင်ယန် ရဲ့ မိန်းကလေး ဆိုတာကို သူသိထားပြီးသားပါ..။သူတို့ရဲ့ အဆင့်အတန်းအရ သူ ရူဇီလီကို ဘာမှ လုပ်လို့ မရပါဘူး..။သိူ့ပေမယ့် သူတို့ လုပ်ပိုင်ခွင့်တွေ အများကြီး ရှိနေတဲ့ ဒိီအဖိုးကြီးကို လည်း အပြစ်ပြုမိလို့ မရပေ..။

"ဒါဆိုလည်း..စနိုးဝီ အကြီးအကဲ ချန်းနဲ့ အတူတူ သောက်ပေးလိုက်..။အကြီးအကဲ ချန်းက စောင့်နေတာ ကြာပြီ..။သူ့ကို အရင် သွား ဧည့်ခံမှ ရမယ်.."

ရူဇီလီ ရဲ့ ဘေးနားမှာ ထိုင်နေပြီ ရူဇီလီ လောက်လှတဲ့ မိန်းကလေး တစ်ယောက် ရှိနေခဲ့ပါတယ်..။သို့ပေမယ့် သူမရဲ့ အဆင့်အတန်းက ရူဇီလီ နဲ့ မယှဥ္နိုင်ပါဘူး..။

ဒီ အကြီးအကဲ ချန်းက သူနဲ့ လာသောက်တဲ့ လူတွေကို ဆက်ဆံပုံကို မြင်ပြီး သူမ အနည်းငယ် ကြောက်ရွံ့မိပါတယ်..။သို့ပေမယ့် သူမ ငြင်းဆန်လို့လည်း မရပြန်ပါဘူး..။

စနိုးဝီ ဘေးကြပ်နံကြပ် ဖြစ်နေတဲ့ အချိန်မှာ ရူဇီလီ သူမကို တားဆီလိုက်တယ်..။

"စနိုးဝီ နင်သွားစရာမလိုဘူး..။ဒီ ရိုှုးက ပြီးပြီးသွားပြီ..။ဘာလို့ သူ့ကို ဂရုစိုက်နေရဦးမှာလဲ..။အဲ့တုန်းကလည်း နင့်ကို လူတစ်ယောက်က အမြတ်ထုတ်ချင်ခဲ့တာ မလား..။ကံကောင်းလို့သာ နင်လွတ်မြောက်ခဲ့တာလေ..။နင် အခုသာ သွားမယ် ဆိုရင် ကျား ပါးစပ်ထဲကို တင်သွားတဲ့ သားကောင်လို ဖြစ်နေလိမ့်မယ်..။နင် ဘာတစ်ခုမှတောင် ကျန်မှာ မဟုတ်ဘူး.."

သက်လတ်ပိုင်း အရွယ်လူကြီးဟာ ရူဇီလီကို ပြောလိုက်တယ်..။

"ညီမ ရူ..မင်း မသွားဘူးဆိုရင်လည်း စနိုးဝီလေးကို တော့ မင်းအစား သွားခိုင်းလိုက်ပါ..။မဟုတ်ရင် ဒီကိစ္စက ပိုရှုပ်ထွေးသွား လိမ့်မယ်..။ထပ်ပြောရရင် အကြီးအကဲ ချန်းက ရိုးရှင်းတဲ့ လူမဟုတ်ဘူးဆိုတာ သိထားသင့်တယ်လေ..။သူက အလင်းဘက်မှာ ရော အမှောင်ဘက်ခြမ်းမှာရော လုပ်နိုင်စွမ်း ရှိတဲ့လူတစ်ယောက်ပဲ..။တကယ်လို့ မင်းသာ သူ့ကို သွားအပြစ်ပြုမိရင် နောက်ပိုင်း မြောက်ဘက်ခြမ်းကို သွားလို့ရတော့မှာ မဟုတ်ဘူး.."

စနိုးဝီ ဘေးကြပ်နံကြပ် ဖြစ်နေခဲ့တယ်..။

"အစ်မ ရူ..ညီမ အစ်မအစား သွားလိုက်ပါ့မယ်.."

ရူဇီလီ ပြောလိုက်တယ်..။

"မသွားနဲ့..သူ့ကို ဒီတိုင်းထားလိုက်..။ဒါက ပိုက်ဆံ အတွက်ပဲလေ..။ငါတို့ သူတို့ လုပ်သမျှကို ငြိမ်ခံစရာ အကြောင်း မရှိဘူး..။ငါ့ အကိုကြီး ကို ခေါ်ထားပြီးပြီ. ။ဘာမှ မကြောက်နဲ့.."

"အစ်ကိုကြီးလား.."

သက်လတ်ပိုင်းအရွယ်လူကြီး ကြောင်အသွားခဲ့တယ်..။ယင်းနောက် သူ ခေါင်းခါယမ်းလိုက်ပြီး..

"မင်းရဲ့ အစ်ကိုကြီး လာလို့လည်း ဘာထူးမှာလဲ..။ယောက်ျားလေး နှစ်ယောက် တွေ့ရင် ပိုဆိုးလာလိမ့်မယ်.."

ယင်းနောက် အကြီးအကဲ ချန်း လမ်းလျောက်လာခဲ့တယိ..။သူ ဒေါသထွက်နေပေမယ့်. ပုံမှန်အတိုင်းပဲ..ထိန်းထားခဲ့ပါတယ်..။

"အင်း..ဒီ မိန်းမလေး နှစ်ယောက်က ညှိနှိုင်းရခက်နေပါလား..။ငါ. ချန်းဟီ..ဟိုမှာ ထိုင်နေတာ ဒီလောက်ကြာနေပြီကို..။လူတိုင်း အဲ့မှာရောက်နေပြီ ဒါပေမဲ့ မင်းတို့ နှစ်ယောက်ပဲ..။ကြည့်ရတာ ငါ ကိုယ်တိုင်းပဲ မင်းတို့ကို လာဖိတ်မှ ရမယ်ထင်တယ်.."

ချန်းဟီ ပြုံးပြီး ပြောလိုက်တာပါ..။

"အကြီးအကဲ ချန်း..စိတ်မပူပါနဲ့..။ရူဇီလီ နဲ့ စနိုးဝီ တို့က အကြီးအကဲ ချန်းကို ဧည့်ခံဖို့ တိုင်ပင်နေကြတာပါ..။အကြီးအကဲ ချန်း အခုလို ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.."

သက်လတ်ပိုင်းအရွယ်လူကြီးက ပြုံးပြီး ပြောလိုက်တာပါ..။

"အစ်ကို ဂျင် ဘာတွေ ပြောနေတာလဲ..။သူတို့က ဆယ်လီ တွေလေ..။ကျွန်တော် လာခေါ်ရတယ် ဆိုတာက ပုံမှန်ပါပဲ..။ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဒေါ်လာ ၁၀ သန်းလောက်ပဲ ရင်းနှီး မြုပ်နံှ ပေးခဲ့တာကို..။ကျုပ် သူတို့ကို လာခိုင်းလို့ ဘယ်ဖြစ်မလဲ..။ဟုတ်တယ် မလား.."

ချန်းဟီ အထင်သေးစွာ ပြောလိုက်တာပါ..။

စနိုးဝီ မတ်တတ်ရပ်လိုက်တယ်..။

"အကြီးအကဲ ချန် တစ်ခွက်လောက် သောက်ရအောင်.."

သို့ပေမယ့် သူမ အဝေးမှာသာ ရပ်နေပြီး တစ်ခါတည်းသောက် ဖို့ ပြောနေခဲ့တာပါ..။သူမ

ခန္တာကိုယ်ချင်း ထိတွေ့ဖို့ မလုပ်ချင်ပါဘူး..။

ချန်းဟီ ပြုံးပြီး လက်ဝေ့ယမ်းလိုက်တယ်..။

"မင်းအဲ လို သောက်လို့ မရဘူးလေ..။မင်း အနားကို ပိုတိုးလာမှ..ပိုပြီး ရင်းနှီးလာမှာ ပေါ့.."

"ဇီလီ မင်းရော..။လာ ..ကစားပွဲလေး တစ်ခု လုပ်လိုက်ရအောင်..။'လက်ထပ်ထိမ်းမြားခြင်း' ကစား နည်း ဆော့ရင်ရော ဘယ်လိုလဲ ..ဟားဟား.."

ချန်းဟီ ပြောပြီး ရယ်မောလိုက်တယ်..။

သက်လတ်ပိုင်းအရွယ်လူကြီးဟာ စိတ်ပူစွာ ပြောလိုကိတယိ..။

"အကြီးအကဲ ချန်း ..ဇီလီ ရဲ့ ကောင်လေးက ရှန်ဟိုင်း အရှေဘက် ဟန် အုပ်စု ရဲ့ ဝမ်မင်ယန် လေ..။သူ့ကို သိတယ်မလား.."

ချန်းဟီ ဒေါသထွက်သွားခဲ့တယိ..။

"ငါ ဝမ်မင်ယန်ကို သိသားပဲ..။သူက ကုမ္ပဏီလေး တစ်ခုကို အခြေခံပြီး အင်ပါယာ ဖြစ်လာတာလေ..။သူက ငါ့ကို ဘာလုပ်နိုင်မှာလဲ..။ငါက သူ့ကို မယှဥ္နိုက်ဘူးလို့ ပြောချင်နေတာလား..။ငါ ပြောလိုက်မယ်..သူ ဒီမှာ ရှိနေတယ် ဆိုရင်တောင် ငါ့ကို အစ်ကို ချန်း လို့ ခေါ်ရဦးမှာပဲ..။ငါ ဒီလောကကို ဝင်လာပြီး ရှင်သန်နေတုန်းက သူ နှပ်တွဲလောင်းနဲ့ ရွံ့ရုပ်တွေကို ကစားတုန်းပဲ ရှိသေးတယ်..။ထပ်ပြောရရင် သူ့ကောင်မလေး နဲ့ သောက်တာက ဘာမှားနေလို့လဲ..။သူ ငါ့ကို ဘာလုပ်နိုင်မှာ မို့လို့လဲ.."

အရှက်ခွဲတာပဲ..ဒါက အရှက်ခွဲလိုက်တာပဲ...

ရူဇီလီ ဒေါသထွက်လွန်းလို့ မျက်နှာတစ်ခုလံူး နီရဲ သွားခဲ့တယ်..။

All Chapters