သတ္တုရိုင်းရှာတွေ့ခြင်း
Vol. 007 Ch. 607
သူမ ထွက်သွားမည်ဟု ဘေဂုံထန်တို့သိလိုက်ချိန်တွင် သူမသည် ခွင့်တိုင်ပြီးသွားပြီဖြစ်သည်။
“ဖက်တီး တောင်းပန်ပါတယ် ငါမင်းစာမေးပွဲကိုတောင် ငါမကြည့်နိုင်တော့ဘူး၊ မင်းတို့ အကောင်းဆုံး လုပ်ရမယ်နော်” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။
“လုပ်မှာပါ” ဖက်တီးကျူသည် တည်ငြိမ်စွာ ပြောလေသည် “ငါတို့ နင့်ကို အတွင်းဂိုဏ်းမှာစောင့်နေမယ်”
“ကောင်းပြီ ငါ ကြယ်ကိုးပွင့်သမုဒ္ဒရာကနေ နင်တို့အတွက် ပစ္စည်းတွေယူခဲ့မယ်” ရှီမာယူယူ ပြောလိုက် သည်။
သူမ နှုတ်ဆက်ပြီးနောက်တွင် ရှီမာယူယူသည် နောက်တစ်အိမ်သွားကာ ရှီမာလိုင်အား သွားနှုတ်ဆက် လေသည်။ ရှီမာလိုင်သည် အလွန်စိုးရိမ်သော်လည်း သူမကို မတားနိုင်ပေ။
သူမ ရွှန်းယွမ်ဆိုင်မှ ထွက်သည်နှင့် ညနေပိုင်းရောက်နေပြီဖြစ်သည်။
“ခင်ဗျားထပ်နေမယ်ဆိုရင်တော့ ကျွန်တော်တို့သဘောတူထားတာ အလဟသဖြစ်ပြီပဲ” ဝူလာလီ ပြော လိုက်သည်။
“ကျွန်တော်က ကိုယ့်စကားကိုယ်တည်တဲ့ ယောကျ်ားပါ” ရှီမာယူယူ ပြောလိုက်သည် “ဘယ်တော့သွား ကြမလဲ”
“အခုပဲ” ဝူလာလီသည် ပြောပြီးသည်နှင့် ဝင်ပေါက်ဖွင့်ကာ သူမအား ဦးဆောင်ခေါ်သွားလေသည်။
ရှီမာယူယူ ပြန်ပေါ်လာသောအခါ သူတို့သည် တောနက်အတွင်း ရပ်နေပြီးဖြစ်သည်။
“ဒါက ကြယ်ကိုးပွင့်သမုဒ္ဒရာတော့မဟုတ်ဘူးမလား” ရှီမာယူယူသည် ကောင်းကင်အထိမြင့်သော သစ်ပင်များကို ကြည့်ပြီးပြောလိုက်သည်။
“မဟုတ်ဘူး ဒါပေမဲ့နီးတော့နီးနေပြီ” ဝူလာလီ ပြောလိုက်သည် “ကျွန်တော်တို့ တောကိုဖြတ်ပြီး တောင် တက်ပြီးရင်တော့ ရောက်ပြီ”
“ဒါဆို ကျွန်တော်တို့ဘာလို့ဒီကိုလာတာလဲ”
“လူတစ်ယောက်ကိုစောင့်ဖို့”
ဝူလာလီသည် ကျောက်တုံးပေါ်ထိုင်ချလိုက်သည်။ သူမပတ်ပတ်လည်တွင် ဝိဉာဉ်စေတီအတွင်းတွင်ပင် မရှိသော ဆေးဖက်ဝင်ပစ္စည်းများမြင်သောအခါ အဆင်ပြေမည်အထင်နှင့် တူးရန် တူးရွင်းပြားထုတ်လိုက်သည်။
“ခင်ဗျားက စမ်းသပ်မလို့လား တကယ်ပဲပစ္စည်းတစ်ခုကို အလဟသမဖြစ်စေဘူးပဲ” ဝူလာလီ လှောင် ရယ်လေသည်။
“ကျွန်တော်က စမ်းသပ်တယ်ဆိုတာတော့မသိဘူး ဒါတွေကို အလဟသမဖြစ်စေချင်လို့” ရှီမာယူယူ သည် ဆေးဖက်ဝင်အပင်များကို တူးပြီးနောက် ဝိဉာဉ်စေတီအတွင်းသို့ မြေသားပင်မကျစေပဲ ပစ်ထည့်လိုက် သည်။
“အဲဒီ ဆေးဖက်ဝင်ပစ္စည်းတွေက ပေါပါတယ် မရှားဘူး”
“အဂ္ဂိရတ်ပညာရှင်ရဲ့ မျက်လုံးထဲမှာတော့ သာမန်ဆေးဖက်ဝင်ပစ္စည်းကလည်း တန်ဖိုးရှိတာပဲ” ရှီမာယူယူသည် ဆက်တူးရာ အချိန်ကုန်သွားလေသည်။
“အာ…”
ဆေးဖက်ဝင်အပင်များတူးနေချိန်တွင် တွင်းပေါက်ထဲတွင် မြေကြီးအား လောင်မြိုက်စေသော သတ္တုရိုင်း တချို့ရှိနေသည်ကို သိလိုက်ရသည်။
“ဘာဖြစ်လို့လဲ” သူမရပ်သွားသည်ကိုမြင်သည်နှင့် ဝူလာလီ မေးလိုက်သည်
“မင်းသားဝူလာ အရင်ကဒီကိုလာဖူးလား” ရှီမာယူယူ မေးလိုက်သည်။
“မလာဖူးဘူး ဘာလို့လဲ”
“ဘာမှမဟုတ်ပါဘူး” ရှီမာယူယူသည် မြေကြီးအားကျွမ်းစေသော သတ္တုရိုင်းများကိုကြည့်လိုက်သည်။ မြေသား၏ အခြေအနေကိုကြည့်ပြီး ထိုသတ္တုရိုင်းများသည် နှစ်ပေါင်းများစွာရှိနေပြီကိုသိနိုင်သည်။ အဲဒါတွေကို ဒီမှာဘယ်သူထားသွားသလဲဆိုသည်ကို သိချင်မိသည်။
ဝူလာလီ လျှောက်လာရာ သတ္တုရိုင်းများကိုတွေ့သောအခါ အံ့သြမိလေသည် “ထူးဆန်းလိုက်တာ ဒီမှာ တကယ်ပဲ သတ္တုရိုင်းတွေရှိနေတာပဲ”
“ဒီမှာ တောင်တွေရှိတယ်လို့ပြောတယ်မလား၊ ဒီမှာဂူလည်းရှိနိုင်တာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး ရှာဖွေသူဝိဉာဉ်သခင်တွေက တောင်တွေကို အရင်ကတည်းကရှာလာခဲ့တာ ဒီမှာ ဂူမရှိ ဘူး” ဝူလာလီပြောလိုက်သည် “ဒီကို အရင်ကလာဖူးတဲ့လူထားခဲ့တာ ဖြစ်မှာပါ”
“မပြောနိုင်ဘူးလေ” ရှီမာယူယူသည် လက်ခံခြင်းရော ငြင်းဆန်ခြင်းရောမရှိပါပေ။ သူမသည် သတ္တုရိုင်း များကို ဂရုတစိုက်တူးကာ မြေသားများကို ဖယ်လိုက်သည်။ အဖြူရောင်ကျောက်သည် ဖြေးညင်းစွာပေါ်လာ သည်။ သတ္တုရိုင်းအပေါ်မှ အကြောများကိုတွေ့လိုက်သောအခါ သူမ အံ့သြသွားသည်။
“ခင်ဗျားအမူအရာကိုကြည့်ရတာ တကယ်ပဲတန်ဖိုးရှိတဲ့ သတ္တုရိုင်းထင်တယ်” ဝူလာလီသည် ယုံကြည် ချက်ရှိစွာပြောလေသည်။
သူသည် လူသားမဟုတ်သော်လည်း လူသားများနှင့် ရင်းနှီးသည်။ သူသည် တိုင်းပြည်အနှံ့သွားလာခဲ့ သည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်ရာ သတ္တုရိုင်းများကို မြင်တွေ့ဖူးသည်။
“ဒီပစ္စည်းရဲ့ အရည်အသွေးကိုတော့ မပြောတတ်ဘူး ဒါပေမဲ့ အထဲမှာတော့ သေချာပေါက်တစ်ခုခုရှိ တယ်” ရှီမာယူယူသည် ယုံကြည်ချက်အပြည့်ဖြင့်မပြောပေ။
“ခင်ဗျားက ရှာဖွေသူဝိဉာဉ်သခင်လား” ဝူလာလီ၏ မျက်ခုံးများ မြင့်တက်သွားလေသည်။
“ဆိုပါတော့” ရှီမာယူယူ ပြောလိုက်သည် “ဒီမှာ… ကျောက် ၁၁တုံးရှိတယ်၊ ကျွန်တော်က ရှာတွေ့တယ် ဆိုပေမယ့် ခင်ဗျားက ၅ခုရှာတွေ့တယ်ဆိုတော့ ကျွန်တော် ၆တုံးယူမယ်၊ ခင်ဗျားလိုချင်တာအရင်ရွေးပါ နောက်မှ ရွေးထားတာကို နောင်တမရနဲ့နော်”
“ကျွန်တော် ညစ်မယ်လို့ထင်နေတာလား” ဝူလာလီပြောလိုက်သည်။
“ခင်ဗျားအပေါ်မှာ မူတည်တာပဲ” ရှီမာယူယူ ပခုံးတွန့်လိုက်သည်။ ကျွမ်းကျင်သူ၏ အရှေ့တွင် ဖြောင့်မတ်တာက အကောင်းဆုံးပဲ။
ဝူလာလီ ပြုံးုလိုက်သည် “ကျွန်တော် ခင်ဗျားကိုအကုန်ပေးပါမယ် ကျွန်တော်က ဒါမျိုးတွေစိတ်မဝင်စား ဘူး”
ရှီမာယူယူသည် သူ့အားမငြင်းဆန်ပဲ တည့်တိုးပြောလေသည် “ခင်ဗျားတို့ ဝိဉာဉ်မိစ္ဆာတွေကလည်း ပို အားကောင်းလာဖို့ ဝိဉာဉ်စွမ်းအင်ကို စုပ်ယူရတာမဟုတ်ဘူးလား”
“ရှားပါတယ်” ဝူလာလီ ပြောလိုက်သည် “မိစ္ဆာမျိုးနွယ်တွေက ကျင့်ကြံတာ သူ့နည်းနဲ့သူရှိတယ်၊ တချို့ ကအဆင့်တက်ဖို့အတွက် ဒါအပေါ်မူတည်တယ်၊ လူသားတွေသာ ဝိဉာဉ်ကျော်အကူအညီနဲ့ အဆင့်ကျော်ကြ တာ”
“တကယ်မလိုချင်ဘူးလား” သူမသည် ခေါင်းမော့ပြီး ကြည့်လိုက်သည်။ သူ့မျက်လုံးများ ကြည်လင်နေ သည်ကို တွေ့သောအခါ သူမ အားရပါးရပြုံးကာ “မလိုချင်တာ ခင်ဗျားနော်၊ နောင်တရမှ မလာခဲ့နဲ့ မပေးနိုင်ဘူး”
“ခင်ဗျားသဘောပါ”
သူမလိုချင်သည်ဟု ရှီမာယူယူသေချာပြီးနောက်တွင် ကျောက်များကို ပျော်ရွှင်စွာ တူးလေသည်။ သူမ လေ့လာသည်များကိုအခြေခံရလျှင် ထိုသတ္တုရိုင်းများသည် အလွန်ရှားပါးသောအရာများဖြစ်သည်။ အရည် အသွေးမြင့်သော ပစ္စည်း တစ်ခု နှစ်ခုပါပါက သူမသည် အဆင့်တက်နိုင်သည်။
သူမသည် သတ္တုရိုင်းများကို လျင်မြန်စွာတူးလိုက်သည်။ သူမ ပွတ်တိုက်သန့်ရှင်းပြီးသားသတ္တုရိုင်းများ ကို ယူပြီး ဝူလာလီ၏ဘေးသို့ ပျော်ရွှင်စွာလျှောက်လာပြီး မေးလေသည် “ကျွန်တော်တို့်က ဘယ်သူ့ကိုစောင့်နေ တာလဲ၊ ဘယ်လောက်ကြအောင်စောင့်ရဦးမှာလဲ၊ ထပ်ပြီးကြာဦးမယ်ဆိုရင် ကျွန်တော် တခြားပစ္စည်းတွေ သွား တူးချင်သေးတယ်”
“ဒီနေရာကလွဲပြီး တခြားနေရာတွေက အရမ်းအန္တရာယ်များတယ်၊ ခင်ဗျားမကြောက်ရင်တော့ သွား လိုက်ပေါ့” ဝူလာလီသည် မျက်လုံးဖွင့်ကာ ပြောလေသည်။
“အင်.. အဲဒါဆိုလည်း ထားလိုက်ပေါ့” ရှီမာယူယူသည် လည်ပင်းပုဝင်သွားသည်။ သူမသည် အားနည်း နေသေးရာ သူမ အသက်ကိုတော့မရင်းသင့်ပေ။
သူမ အားနည်းသည်ဟု တွေးမိလျှင် သက်ပြင်းချရုံသာတတ်နိုင်သည်။ သူမသည် ထို၁နှစ်လုံးတွင် ကျင့်ကြံခြင်းနှင့် လေ့လာခြင်းကိုပြုလုပ်ခဲ့သည်။ အံ့ဖွယ်ဧကရာဇ်အဆင့်မပြောနှင့် အံ့ဖွယ်အရှင်အဆင့်တောင် လက်တစ်ကမ်းလိုသေးသည်။ သူမသာ ဝိဉာဉ်စွမ်းအင်လုံလောက်စွာရှိပါက အဆင့်တက်ရန် ပြဿနာမဖြစ်နိုင် ပေ။
ဟိန်းသံလေးပြောသည်မှာ မှန်သည်။ သူမသည် အဆင့်တက်ခြင်းတွင် အတွေ့အကြုံရှိသဖြင့် အဆင့် တက်ခြင်းအတွင် အတားအဆီးမရှိပေ။ သူမတွင်သာ ဝိဉာဉ်စွမ်းအင် လုံလောက်စွာရှိပါက အဆင့်တက်နိုင်သည်။
သူတို့ တောထဲတွင် ၂ရက်မျှစောင့်ပြီးနောက်တွင် လူနှစ်ယောက်သည် သူတို့အား လာရှာကြလေသည်။ သူတို့အား ဝူလာလီမြင်သောအခါ ခေါင်းရမ်းပြီး အကြည့်များ မှိန်သွားလေသည်။ သူသည် ရှီမာယူယူအား ကြည့် ပြီးပြောလိုက်သည် “နဂါးနန်းတော်ကို ပြန်ဖို့ပြင်ကြမယ်”
နဂါးနန်းတော်ဆိုသော နာမည်သည် ရှီမာယူယူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဓာတ်လိုက်သွားသလိုပင်။ သူမ အသက်ပြန်ရှင်လာသောအခါ နဂါးများနှင့်ပတ်သတ်သော ထူးဆန်းမှုရှိခဲ့သည်။ သူမသည် နဂါးဒဏ္ဍာရီမှားကို နှစ်သက်ခဲ့သည်။ ရှီမန်ယူယူဖြစ်ပြီးနောက်တွင် နဂါးမျိုးနွယ်နှင့်ပတ်သတ်ပြီး သိချင်စိတ်ပိုများခဲ့သည်။ သူမ ကြယ် ကိုးပွင့်သမုဒ္ဒရာမရောက်ခင်ပင် သူတို့သည် သေသွားခဲ့ပြီဖြစ်သည်။
အခု နဂါးနန်းတော်ဟု သွားမည်ဟု သူမကြားလိုက်သောအခါ အလွန်သိချင်စိတ်ပြင်းပြသွားသည်။ တကယ့်နဂါးနန်းတော်နှင့် သူမ ဖန်သားပြင်ပေါ်တွင်မြင်ဖူးသော နဂါးနန်းတော်အစစ်အမှန်ကြားတွင် ကွာခြားမှု ရှိ မရှိကို သူမ သိချင်သည်။
ဝူလာလီသည် ပုလဲလုံးအရွယ်အစားရှိသော နဂါးမျက်လုံးထုတ်ပြီး သူမကိုပေးလိုက်သည် “ဒါက ရေ အောက် ပုလဲလုံးပဲ ခင်ဗျားစားလိုက်ရင် ရေအောက်မှာနေနိုင်မယ်”
ဝူလာလီ ရေအောက်ဆေးလုံးထုတ်လိုက်သည်ကို လူသားနှင့် တူသော အစောင့် ၂ယောက်မြင် သောအခါ မှင်တက်သွားကြလေသည်။ တစ်ယောက်သည် တစ်စုံတစ်ရာပြောမည်အလုပ်တွင် နောက်တစ် ယောက်သည် သူ့အားဆွဲထားလေသည်။
သူမ မည်ကဲ့သို့ ရေအောက်သွားမည်ကို ရှီမာယူယူသိချင်မိသည်။ ဝူလာလီ သူမကို ပေးမည်ဟု မထင် ထားပေ။ သူမသည် ရေအောက်ပုလဲကိုယူပြီး တွေဝေမှုမရှိပဲစားလိုက်သည်။
***