မင်းရဲ့ လက်ကို ရှေ့ထုတ်လိုက်
Vol. 44 Ch. 651
#ဘာသာပြန် = စနိုးဝှိုက်
ဒီလူက..သူမကို အရှက်ခွဲရုံတင် မကပဲ..သူမရဲ့ ယောက်ျားကိုပါ..အရှက်ခွဲလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။သူမ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ..။ယင်းနောကိ သူမရဲ့ အမူအရာဟာ..အေးစက်သွားပြီး ပြောလိုက်တယ်..။
"အကြီးအကဲ ချန်း ကျေးဇူးပြုပြီး ကိုယ့်စကားလုံးတွေကို သတိထားပါ.."
ချန်းဟီ ခေါင်းခါယမ်းပြီး လှောင်ပြုံး ပြုံးလိုက်တယ်..။
"ဘာလဲ..မင်းက ဒေါသထွက်နေတာလာ..။စူပါစတား ရူ ငါက..အမှန်တရားကို ပြောနေတာလေ..။မင်းမှာ ဝမ်မင်ယန်ရဲ့ ကာကွယ်မူကို ရယူနိုင်ခဲ့လို့..အရည်အချင်း အနည်းငယ် ရှိတာကို ငါသိပါတယ်..။ဒါပေမဲ့ ဝမ်မင်ယန် မင်းကို ကောင်းကောင်းဆက်ဆံ ပေးတယ် ဆိုရင်တောင် မင်းကတော့ ငါ့အတွက်. ဘာမှ အရေးမပါဘူး.."
ဘန်း..
ရုတ်တရက် ချန်းဟီ စားပွဲကို ရိုက်နှက်လိုက်တယ်..။အရာရာအဆင်ပြေပေမယ့်. သူ့ရဲ့ ဒေါသကို မထိန်းချုပ်နိုင်တော့ပါဘူး.။လူတိုင်းဟာ ကြောင်အသွားခဲ့ကြတယ်..။
လူတိုင်းရဲ့ အကြည့်တွေဟာ သူ့ဆီကိုပဲ ရောက်လာခဲ့ပါတယ်..။
ချန်းဟီ ရဲ့ အသံဟာ ပိုပိုပြီး အေးစက်လာခဲ့တယ်..။
"ငါ မင်းကို နောက်ဆုံး အကြိမ်ထပ်မေးလိုက်မယ်..။မင်း ဝိုင်ကို သောက်မှာ လား မသောက်ဘူးလား..
ရူဇီလီ တွေဝေချင်း မရှိပဲ ပြန်ဖြေလိုက်တယ်..။
"မသောက်နိုင်ဘူး.."
ဖြန်း...
မမျှော်လင့်ထားစွာပဲ...ချန်းဟီဟာ လက်ကို ဆန့်ထုတ်ပြီး ဖြတ်ရိုက်လိုက်တာကြောင့် ရူဇီလီ ကြမ်းပြင်ပေါ် လဲကျသွားခဲ့ပါတယ်..။
သက်လတ်ပိုင်း အရွယ်လူကြီးက ဒါရိုက်တာ ပါ..။သူ ဒါကို မြင်တဲ့ အချိန်မှာ ခေါင်းထဲမှာ အချက်ပေးသံတွေ ဆူညံသွားခဲ့တယ်..။သူ အလျင်အမြန်ပဲ ချန်းဟီကို နောက်ဘက်ကို ဆွဲလိုက်ပြီး..
"အကြီးအကဲ ချန်း..ဒေါသမထွက်ပါနဲ့..။ဒေါသမထွက်ပါနဲ့.."
ယွဲ့အာဟာ..ချက်ချင်းပဲ..ရူဇီလီ ရဲ့ ဘေးနားကို ရောက်သွားခဲ့တယ်..။
"အဆင်ပြေရဲ့လား..အစ်မရူ.."
ဆယ်လီ တွေ အတွက် ရင်းနှီးမြုပ်နံှသူတွေရဲ့ အမြတ်ထုတ်မူကို ခံရတယ် ဆိုတာက ပုံမှန် ဖြစ်ရိုးဖြစ်စဥ် တစ်ခုပါပဲ..။
ပြီးတော့..ရင်းနီးမြုပ်နှံသူက ရိုက်နှက်တယ် ဆိုတာကလည်း ဖြစ်နေကျ အရာပါ..။
ယွဲ့အာ ဒါကို ကောင်းကောင်း သိထားပါတယ်..။သူမ အရင်တုန်းက ဆိုရင်လည်း ဒါရိုက်တာရဲ့ အရိုက်အနှက်ကို ခံခဲ့ရဖူး ပါတယ်..။သိူ့ပေမယ့် ဒါက မကျော်ကြားခင်တုန်းက အချိန်က အဖြစ်အပျက်ပါ..။တကယ်လို့ သူမ ကျော်ကြားလာရင် ဒီလို အရာတွေက ဖြစ်လာတော့မှာ မဟုတ်ပါဘူး..။
အခုချိန်မှာက အစ်မ ရူက ကျော်ကြားနေခဲ့ပါပြီ..။သူမကို ရိုက်နှက်ရဲတဲ့လူတွေက ရင်းနှီးမြုပ်နံှသူတွေသာ ဖြစ်ပြီး..ဒါတောင်မှ တောင့်တင်းတဲ့ ရင်းနှီးမြုပ်နံှသူတွေပဲ ရိုက်နှက် ရဲတော့မှာပါ..။သူတို့က သူမ ဘယ်လောက်ကျော်ကြားလဲ ဂရုစိုက်မှာ မဟုတ်ပဲ..ရိုက်နှက်ချင်တဲ့ အချိန် ရိုက်နှက်လိုက်ကြမှာပါ..။သူမတို့ ဒါကို မကျေနပ်ဘူးဆိုရင်တောင် ကျိတ်မှိတ်ခံဖို့သာ တတ်နိုင်ပါတော့တယ်..။
ယွဲ့အာ ချန်းဟီကို စိုက်ကြည့်လိုက်တယ်..။
"ရှင် ဘယ်လိုလုပ်ပြီး သူမကို ရိုက်နှက်ရဲတာလဲ.."
ဒါရိုက်တာကတော့..ချန်းဟီကို ဆွဲထား တုန်းပါပဲ..။
"အကြီးအကဲ ချန်း စိတ်အေးအေးထားပါ..။သူမကို မရိုက်ပါနဲ့..မရိုက်ပါနဲ့.."
ချန်းဟီ အောက်မှာလဲကျ နေတဲ့ ရူဇီလီကို လက်ညိုးထိုးပြီး ပြောလိုက်တယ်..။
"နင်က..ပြည့်တန်ဆာမပဲ..။ငါ ချန်းဟီက..ဒီအထိ ရောက်လာပေမယ့် နင်က မောက်မာနေတယ်ပေါ့..။နင် ဝမ်မင်ယန် အပေါ် မှီခိုနေတိုင်း လုပ်ချင်တာ လုပ်လို့ ရမယ် ထင်မနေနဲ့..။ငါ့မျက်လုံးထဲမှာတော့ နင်က ပြည့်တန်ဆာမ ပဲ..နားလည်လား.."
"ဝမ်မင်ယန်က နင့်အတွက်နဲ့ ငါ့ကို တိုက်ခိုက်ရဲလား ငါစောင့်ကြည့် ချင်သေးတယ်.."
ဘေးနားက..ဝန်းထမ်းတွေနဲ့ သရုပ်ဆောင် တွေဟာ လှုပ်တောင် မလှုပ်ရဲကြပါဘူး..။ဒါက ဒီလို ချမ်းသာတဲ့ လူတွေနဲ့ ကြုံတဲ့ အချိန် သူတို့ အမြဲတမ်း ဝမ်းနည်းရတဲ့ အဖြစ်အပျက်ပါ..။သူတို့က သာမန်လူတွေရဲ့ အမြင်မှာ ကြယ်ပွင့်တွေ ဖြစ်နေရင်တောင် နောက်ကွယ်မှာတော့..မရေမတွက်နိုင်တဲ့ ပြစ်မူတွေကို ကျူးလွန်ခံနေရတဲ့ နစ်နာသူတွေပါပဲ..။
ရူဇီလီ သူမရဲ့ပါးကို လက်ဝါးနဲ့ အုပ်ပြီး ချန်းဟီကို ဒေါသတကြိီး စိုက်ကြည့်လိုက်တယ်..။
ချန်းဟီ ကျိန်ဆဲလိုက်ပါတယ်..။
"မင်း ဘာကြည့်တာလဲ.။ငါ မင်းကို ပြောလိုက်မယ်..ရူဇီလီ မင်းက ငါ့အတွက်တော့ ပြည့်တန်ဆာမပဲ..။ငါ ထပ်မေးမယ်..။နင် သောက်မှာလား မသောက်ဘူးလား..."
ဒါရိုက်တာကတော့ ကြောက်လန့်လွန်းလု့ိ တုန်လှုပ်နေခဲ့ပါပြီ..။
"သူမ သောက်ပါ့မယ် သောက်ပါ့မယ်..."
ယွဲ့အာ..ရူဇီလီရဲ့ ရှေ့မှာ ရပ်ပြီး ပြောလိုက်တယ်..။
"အကြီးအကဲ ချန်း ကျွန်မ အစ်မရူ အစား သောက်ပါ့မယ်.."
"ဖယ်စမ်း..ငါ ဒီလို ပြောနေတာမဟုတ်ဘူး.."
ချန်းဟီ ဒေါသထွက်စွာ ပြောလိုက်တာပါ..။
ရူဇီလီ ရဲ့ မျက်လုံးတွေဟာ ဒေါသကြောင့် နီရဲ နေပြီး ပြောလိုက်တယ်..။
"ငါ မသောက်ဘူး.."
"#%&*x%
ချန်းဟီ ဒေါသပေါက်ကွဲထွက်သွားခဲ့ပါတယ်..။
ဒါရိုက်တာဟာ ချန်းဟီ ရဲ့ ခါးကို ဖက်ထားပြီး အော်လိုက်တယ်..။
"စိတ်အေးအေးထားပါ..အကြီးအကဲ ချန်း..။ဇီလီ..သွားတော့ ဒီမှာ ငါတို့နဲ့ ထားထားခဲ့.."
ယင်းနောက် ဘေးနားက ယောက်ျားလေး သရုပ်ဆောင်တွေကို ကြည့်လိုက်တယ်..။
"မင်းတို့ ဘာရပ်ကြည့်နေတာလဲ..။အကြီးအကဲ ချန်းကို အမြန်လာဆွဲကြလေ.."
ချန်းဟီ ဘေးနားက လူတိုင်းကို စိုက်ကြည့်လိုက်တယ်..။
"ငါ့အနားလာရဲတဲ့ ကောင်တွေ..ဒီလောကမှာ ဆက်ရှိနေဖို့ မစဥ္းစားကြနဲ့.."
ဒါကိုကြားတဲ့ အချိန်မှာ အကုန်ကြောက်လန့်သွားကြပြီး နဂိုနေရာမှာသာ ရပ်နေလိုက်ကြတယ်..။သူတို့ ရူဇီလီ အတွက်နဲ့ အကောင်ကြီးကြီးကို အပြစ်မပြုမိချင်ကြပါဘူး..။
"ချီးပဲ.."
ဒါရိုက်တာ ဟာ ဒါကိုမြင်ပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်တယ်..။
ယွဲ့အာ..ရူဇီလီကို အမြန် ဆွဲထူလိုက်တယ်..။
"အစ်မ ရူ အမြန်သွားကြရအောင်.."
ရူဇီလီ ခေါင်းမာစွာ ရပ်နေခဲ့ပြီး..
"ငါ မသွားဘူး..။မစ္စတာ ချန်း..ရှင့်မှာ အရည်အချင်းရှိရင် သေအောင် ရိုက်လိုက်လေ..။မဟုတ်ရင် ရှငိ ဒီအကျိုးဆက်ကို ပြန်ခံရလိမ့်မယ်.."
ချန်းဟီကတော့ သူ့ကို ဒီလို ဆယ်လီ တစ်ယောက်က စိန်ခေါ်ရဲမယ်လို့ မထင်ထားခဲ့ပါဘူး..။သူ အရင်က လုံးဝ မကြုံခဲ့ဖူးပေ..။
"မင်း..."
* ကျွီ *
အဲ့အချိန်မှာပဲ အခန်းတံခါးဟာ ပွင့်သွားခဲ့တယ်..။
လင်းဖန် ဝင်ပေါက်မှာ ရပ်နေခဲ့တယ်..။အထဲမှာတော့ စားပွဲတွေ အများကြီးပါပဲ..။
"ညီမလေး..မင်းဘယ်မှာလဲ.."
ရူဇီလီ ဒီအသံကို ကြားတဲ့ အချိန်မှာ ကျေနပ်သွားခဲ့တယ်..။
"အစ်ကိုကြီး..ညီမဒီမှာ "
လင်းဖန် အသံလာရာကို လှမ်းကြည့်လိုက်တယ်..။ဒီမှာ ရှုပ်ထွေးနေတာ သူတွေ့လိုက်ရပါတယ်..။ယင်းနောက် သူ မျက်မှောင်ကျုတ်လိုက်တယ်..။ကြည့်ရတာ တစ်ခုခုဖြစ်နေတဲ့ ပုံပါပဲ..။ဒီမှာ အော်ဟစ်နေတဲ့ လူတစ်ယောက်လဲ ရှိနေပါသေးတယ်..။
လူတိုင်းဟာ လင်းဖန်ကို ကြည့်လိုက်ကြတယ်..။တစ်ချို့ ဆယ်လီ တွေဟာ အံ့ဩသွားခဲ့ကြပါတယ်..။သူတု့ိက ဝိုက်ဘိုကို အမြဲတမ်း အာရုံစိုက်ထားကြတာပါ. ။ဒါက မာစတာ လင်း မဟုတ်ဘူးလား..။
မာစတာလင်းက ဒီလောက ထဲက မဟုတ်ပေမယ့်လည်း သူ့ရဲ့ နာမည်က သရုပ်ဆောင် တွေထက် မလျော့ကျ ပါဘူး..။
သူ လုပ်ခဲ့တဲ့ အရာတွေက..အတော်ကို ဆန်းကျယ်ပြီး အံ့ဩဖို့ ကောင်းပါတယ်..။
ရူဇီခီ ရဲ့ အစ်ကိုကြီးက မာစတာလင်း လား..။
ပြီးတော့ မာစတာလင်းက ရူဇီလီကို ညီမလေး လို့ခေါ်တယ်..။ဒါဆို ဝမ်မင်ယန် နဲ့ မာစတာလင်းက ညီအစ်ကို တွေလား...။
ဒါရိုက်တာဟာ ဒါကို မြင်တဲ့ အချိန်မှာ အလျင်အမြန် ပြောလိုက်တယ်..။
"မာစတာလင်း ဒါက အကြီးအကဲ ချန်း ပါ..။ဒီမှာ သူနဲ့ ရူဇီလီ နည်းနည်း ပြသနာလေး ရှိပေမယ့် အခုပြီးသွားပါပြီ.."
လင်းဖန် ရူဇီလီ မျက်နှာကို လက်နဲ့ အုပ်ထားတာမြင်ပြီး မျက်မှောင်ကျုတ်လိုက်တယ်..။
"မျက်နှာက ဘာဖြစ်တာလဲ.."
ရူဇီလီ ရဲ့ သန်မာချင်ယောင် ဆောင်ထားတဲ့ ပုံစံဟာ ပျောက်ကွယ်သွားခဲ့တယ်..။သူမ မျက်ရည်တွေ စီးကျလာပြီး..
"အစ်ကို..ညီမကို ဒီလူက အရက်အတူ သောက်ဖို့ ပြောတာ ညီမက ငြင်းလိုက်လို့..ရိုက်နှက်ခဲ့တာလေ.."
အစကတော့ ဝမ်မင်ယန် နဲ့ လင်းဖန် တို့ မရှိတော့ သူမ တစ်ယောက်တည်း အကာအကွယ် မဲ့နေတာကြောင့် သူမ သန်မာတဲ့ ပုံစံ ဟန်ဆောင် ထားခဲ့တာပါ..။အခု အစ်ကိုလင်း ရောက်လာပြီ ဆိုတော့ အားနည်းတဲ့..သူမလို့ မိန်းကလေးက..ထပ်ပြီး သန်မာချင်ယောင် မဆောင် နိုင်တော့ပါဘူး..။သူမရဲ့ မျက်ရည်တွေဟာ အဆက်မပြတ် စီးကျ လာခဲ့တယ်..။
လင်းဖန် ဒါကို ကြားတဲ့ အချိန်မှာ..သူ ဒေါသထွက်သွားခဲ့တယ်..။ရူဇီလီက သူ့ကို အစ်ကိုကြီးလို့ ခေါ်နေမှတော့ သူ့ရဲ့ မိသားစု တစ်ယောက်လိုပဲ သူ သတ်မှတ်ထားပါတယ်..။သူ့ရဲ့ ညီမလေးကို ဒီလူက ရိုက်နှက်ခဲ့တာပါ..။ဒါက စောက်ရေး မပါတာ မဟုတ်ဘူးလား..။
"ပိန်ပိန်နဲ့လူ..သူ့ကို လွှတ်လိုက်.."
လင်းဖန် ပြောလိုက်တာပါ..။
ဒါရိုက်တာ ပြောလိုက်တယ်..။
"မာစတာလင်း..ဒါက နားလည်မူ လွဲတာပါ..။နားလည်မူ လွဲသွားတာပါ.."
လင်းဖန် ထပ်ပြောလိုက်တယ်..။
"သူ့ကို လွှတ်လိုက်လို့ ပြောနေတယ် မလား..။ကျုပ် နောက် တစ်ခေါက် ထပ်မပြောချင်ဘူး.."
လင်းဖန် ရဲ့ အကြည့်တွေကြောင့် ဒါရိုက်တာဟာ ကြောက်ရွံ့သွားခဲ့တယ်..။ယင်းနောက် သူ ချန်းဟီကို လွှတ်ပေးလိုက်ပါတယ်..။
ချန်းဟီ ချက်ချင်းပဲ လင်းဖန် ရဲ့ ရှေ့ကို လျောက်လာခဲ့့ပြီး..
"မင်းက..ပြည့်တန်ဆာမ ရဲ့...."
ဖြန်း...
လင်းဖန် ချက်ချင်းပဲ..ချန်းဟီ ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တယ်..။ချန်းဟီ ကြောင်အသွားခဲ့ပါတယ်..။သူ မယုံကြည်နိုင်စွာ ပြောလိုက်တယ်..။
"မင်း ငါ့ကို ရိုက်ရဲတယ်လား.."
ဖြန်း...
နောက်တစ်ချက်..။
ချန်းဟီ လင်းဖန် ရဲ့ ရိုက်ချက်တွေကြောင့် နောက်ကို ဆုတ်ဆုတ်သွားခဲ့တယ်..။နောက်ကို ဆုတ်လိုက်တိုင်း ချန်းဟီ နောက်တစ်ချက် ရိုက်ခံနေရပါတယ်..။
ချန်းဟီ သူ့ကိုယ်သူ ရှန်ဟိုင်းက လူငယ်တစ်ယောက် ရိုက်တာ ခံရလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။အဲ့အချိန်မှာတော့ ..သူ့ရဲ့ မျက်လုံး နှစ်ဖက်စလုံး နီရဲနေခဲ့တယ်..။
"မအိမ်လုံး ငါ ဘယ်သူလဲ မင်းသိလား.."
ဖြန်း...
"#$%& .မင်း ဘယ်က ကောင်လဲ.."
ဖြန်း..
တစ်ချက်ရိုက်လို့ အော်ပြီးတာနဲ့ နောက်တစ်ချက်က ဆက်တိုက် ဝင်လာနေခဲ့တယ်..။
လူတိုင်းရဲ့ ပါးစပ်တွေဟာ အောက်ကို ပြုတ်ကျနေခဲ့ပါတယ်..။တစ်နေရာလုံးလဲ တိတ်ဆိတ် နေခဲ့ပါတယ်..။
မာစတာလင်းက ဘာစကားမှ မပြောပဲ ရိုက်နှက် နေလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ပါဘူး..။ထပ်ပြောရရင် ..ဒီရိုက်ချက်တွေက ပြင်းထန်ပါတယ်..။
ချန်းဟီ ရဲ့ ခေါင်းတွေဟာ ချာချာလည် နေခဲ့တယ်..။
လင်းဖန် ပြောလိုက်တယ်..။
"ပြော..ဆက်ပြောဦးလေ.."
"ငါ မင်းအမေ အကြောင်း ပြောမယ်.."
ဖြန်း..
လင်းဖန် ချန်းဟီ ရဲ့ ရှေ့မှာ တည်တည်ငြိမ်ငြိမ်ပဲ ရပ်နေခဲ့တယ်..။
"ပြော..ဆက်ပြောဦးလေ.."
အဲ့အချိန်မှာတော့ လင်းဖန်ရဲ့ တည်ငြိမ်ပြီး မောက်မာတဲ့ အမူအရာက အားလုံးကို အံ့ဩသင့်စေပါတယ်. ။
ဘယ်လောက်တောင်.....
အဲ့အချိန်မှာတော့ ရူဇီလီ ရဲ့ အကြီးဆုံး နောက်ခံက ဝမ်မင်ယန် မဟုတ်ပဲ..ဘာစကားမှ မပြောပဲ ရိုက်နှက် နေတဲ့ အစ်ကိုကြီး ဆိုတာ နားလည်လိုက်ပါပြီ..။
"ထပ်မပြောတော့ဘူးလား..။ကောင်းပြီလေ..ဒါဆိုလည်း စပြီး ဆွေးနွေး လိုက်ရအောင်..။ရူဇီလီက ကျုပ် ညီမပဲ..။သူ့ကို ရိုက်တာက ကျုပ်ကို ရိုက်လိုက်တာနဲ့ အတူတူပဲ..။ခင်ဗျား သူ့ကို ဘယ်လက်နဲ့ ရိုက်လိုက်တာလဲ..။အဲ့လက်ကို ရှေ့ကို ထုတ်လိုက်.."
လင်းဖန် ရဲ့ အသံက တည်ငြိမ်နေပေမဲ့ သူ့ရဲ့ အေးစက်တဲ့ အငွေ့အသက်က လူတိူင်းကို ကြောက်ရွံ့စေခဲ့ပါတယ်..။
တကယ်ကို ကြောက်လန့်စရာပဲ...